မိုဘိုင်းငွေပေးချေမှုမှ ငွေကြေးလိမ်လည်မှု မှုခင်းများဖြေရှင်းရာ၌ ထိရောက်စွာဖြေရှင်းနိုင်ခြင်းမရှိသေးဟု စီမံဘဏ္ဍာဝန်ကြီးဆို

972
ယွန်း (NP News) - ဇန်နဝါရီ ၂၂
မိုဘိုင်းငွေပေးချေမှုမှ ငွေကြေးလိမ်လည်မှု မှုခင်းများဖြေရှင်းရာတွင် Anti-Scan/ Center (လိမ်လည်မှုတိုက်ဖျက်ရေးစင်တာ)များ ဖွင့်လှစ်နိုင်ခြင်းမရှိခြင်းကြောင့် ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိသေးကြောင်း စီမံဘဏ္ဍာဝန်ကြီးက အသိပေးပြောကြားထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယနေ့(ဇန်နဝါရီလ ၂၂ ရက်)၊ နံနက်(၉)နာရီတွင် နေပြည် တော်ရှိ Hilton Hotel တွင် ကျင်းပခဲ့သည့် မိုဘိုင်းငွေပေးချေမှုလမ်းကြောင်းမှတဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိ ပညာပေးဆွေးနွေးပွဲ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ခေတ်မီတိုးတက်နေသည့်နိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အွန်လိုင်းမှတစ်ဆင့် အချို့သောဝိသမလောဘသားများ၏ ဟန် ဆောင်လိမ်ညာ၍ ငွေကြေးရယူမှုများရှိနေပြီး အွန်လိုင်းလိမ်လည်မှုများသည် မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံများတွင်ပါ တိုးပွားလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။
“မိုဘိုင်းငွေပေးချေမှုလမ်းကြောင်းများမှ ငွေကြေးလိမ်လည်မှု မှုခင်းများဖြေရှင်းဆောင်ရွက်တဲ့နေရာမှာ ဒေသတွင်းနိုင်ငံများ နည်းတူ Anti-Scan/ Center လိမ်လည်မှုတိုက်ဖျက်ရေးစင်တာများ ဖွင့်လှစ်နိုင်မှုမရှိသေးတဲ့အတွက် ဒီမှုခင်းတွေကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိသေးတာကိုလည်း တွေ့ရပါတယ်” ဟု စီမံဘဏ္ဍာဝန်ကြီးက သုံးသပ်ပြောကြားထားသည်။
အလားတူ ဆိုက်ဘာမှုခင်းများအပေါ်၌ ရာဇသတ်ကြီးဥပဒေအပြင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ(၂၀၀၄)၊ ဆက်သွယ်ရေးဥပဒေ (၂၀၁၃)တို့နှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဆိုက်ဘာလုံခြုံရေးဥပဒေကိုလည်း ရေးဆွဲလျက်ရှိပြီး မူကြမ်းအဆင့်မှ ဆက်လက်အတည်ပြုနိုင်ရေးကို ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
မိုဘိုင္းေငြေပးေခ်မႈမွ ေငြေၾကးလိမ္လည္မႈ မႈခင္းမ်ားေျဖရွင္းရာ၌ ထိေရာက္စြာေျဖရွင္းႏိုင္ျခင္းမရွိေသးဟု စီမံဘ႑ာဝန္ႀကီးဆို
ယြန္း (NP News) - ဇန္နဝါရီ ၂၂
မိုဘိုင္းေငြေပးေခ်မႈမွ ေငြေၾကးလိမ္လည္မႈ မႈခင္းမ်ားေျဖရွင္းရာတြင္ Anti-Scan/ Center (လိမ္လည္မႈတိုက္ဖ်က္ေရးစင္တာ)မ်ား ဖြင့္လွစ္ႏိုင္ျခင္းမရွိျခင္းေၾကာင့္ ထိေရာက္စြာကိုင္တြယ္ေျဖရွင္းႏိုင္မႈ မရွိေသးေၾကာင္း စီမံဘ႑ာဝန္ႀကီးက အသိေပးေျပာၾကားထားသည္။
စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္က ယေန႔(ဇန္နဝါရီလ ၂၂ ရက္)၊ နံနက္(၉)နာရီတြင္ ေနျပည္ ေတာ္ရွိ Hilton Hotel တြင္ က်င္းပခဲ့သည့္ မိုဘိုင္းေငြေပးေခ်မႈလမ္းေၾကာင္းမွတဆင့္ ေငြေၾကးလိမ္လည္မႈတားဆီးေရး အသိ ပညာေပးေဆြးေႏြးပြဲ၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ေခတ္မီတိုးတက္ေနသည့္ႏိုင္ငံမ်ားအပါအဝင္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၌ အြန္လိုင္းမွတစ္ဆင့္ အခ်ိဳ႕ေသာဝိသမေလာဘသားမ်ား၏ ဟန္ ေဆာင္လိမ္ညာ၍ ေငြေၾကးရယူမႈမ်ားရွိေနၿပီး အြန္လိုင္းလိမ္လည္မႈမ်ားသည္ ျမန္မာႏိုင္ငံတြင္သာမက အျခားႏိုင္ငံမ်ားတြင္ပါ တိုးပြားလ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အြန္လိုင္းလိမ္လည္မႈမ်ားႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ မႈခင္းရဲတပ္ဖြဲ႕ အပါအဝင္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားမွ ပူးေပါင္း၍ ညႇိႏႈိင္းေဆာင္႐ြက္ရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားထားသည္။
“မိုဘိုင္းေငြေပးေခ်မႈလမ္းေၾကာင္းမ်ားမွ ေငြေၾကးလိမ္လည္မႈ မႈခင္းမ်ားေျဖရွင္းေဆာင္႐ြက္တဲ့ေနရာမွာ ေဒသတြင္းႏိုင္ငံမ်ား နည္းတူ Anti-Scan/ Center လိမ္လည္မႈတိုက္ဖ်က္ေရးစင္တာမ်ား ဖြင့္လွစ္ႏိုင္မႈမရွိေသးတဲ့အတြက္ ဒီမႈခင္းေတြကို ထိေရာက္စြာကိုင္တြယ္ေျဖရွင္းႏိုင္မႈ မရွိေသးတာကိုလည္း ေတြ႕ရပါတယ္” ဟု စီမံဘ႑ာဝန္ႀကီးက သုံးသပ္ေျပာၾကားထားသည္။
အလားတူ ဆိုက္ဘာမႈခင္းမ်ားအေပၚ၌ ရာဇသတ္ႀကီးဥပေဒအျပင္ အီလက္ထေရာနစ္ဆက္သြယ္ေဆာင္႐ြက္ေရး ဥပေဒ(၂၀၀၄)၊ ဆက္သြယ္ေရးဥပေဒ (၂၀၁၃)တို႔ႏွင့္ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ဆိုက္ဘာလုံၿခဳံေရးဥပေဒကိုလည္း ေရးဆြဲလ်က္ရွိၿပီး မူၾကမ္းအဆင့္မွ ဆက္လက္အတည္ျပဳႏိုင္ေရးကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။