အသံထက်မြန်သည့် ‘smart shell’ ဟုခေါ်သော ကျည်ဆန်ကို တီထွင်ဖန်တီးခဲ့ကြောင်း တရုတ်အစိုးရထုတ်ပြန်ကြေညာ

 2373

Pika (NP News) - ဇန်နဝါရီ ၂၃

တရုတ်ရေတပ်သိပ္ပံပညာရှင်များသည် အသံထက်မြန်ပြီး ပစ်မှတ်ကို တိကျစွာတိုက်ခိုက်နိုင်စွမ်းရှိသော ‘smart shell’ ဟုခေါ်သည့် ကျည်ဆန်ကို တီထွင်ဖန်တီးခဲ့ကြောင်း South China Morning Post (SCMP) က ဖော်ပြခဲ့ သည်။

အဆိုပါကျည်ဆန်သည် အသံထက်(၇)ဆမြန်သည့် အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပြီး ဂြိုလ်တုလမ်းကြောင်းပြစနစ်များကို အသုံးပြုကာ ၎င်း၏ ပျံသန်းမှုအစီအစဉ်ကို ပြောင်းလဲနိုင်စွမ်းရှိကြောင်း တရုတ်အစိုးရက ပြောခဲ့သည်။

ယင်းကျည်ဆန်၏ တိကျသောတိုက်ခိုက်စွမ်းရည်သည် စစ်သင်္ဘောများ (သို့မဟုတ်) ဆိပ်ကမ်းများကဲ့သို့သော ကြီးမားသည့်ပစ်မှတ်များအတွက် အသင့်တော်ဆုံးကျည်ဆန်တစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
အဆိုပါစစ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် အမေရိကန်ရေတပ်က အဆိုပြုထားသော ‘dream shell’ ၏ ဖွံ့ဖြိုးတက်မှုအပေါ်တွင် အခြေခံကာတည်ဆောက်ထားခြင်းဖြစ်ကြောင်း (SCMP) က ဖော်ပြခဲ့သည်။

အမေရိကန်စစ်တပ်သည် ၂ဝ၁၂ ခုနှစ်တွင် အဆိုပါအစီအစဉ်ကို စတင်အဆိုပြုခဲ့ပြီး (၅)နှစ်အတွင်း ‘dream shell’ ကျည်ဆန်ကို စမ်းသပ်ပစ်လွှတ်ရန် ရည်ရွယ်ထားသော်လည်း ၂ဝ၁၇ ခုနှစ်အထိ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း ၂ဝ၂၁ ခုနှစ်တွင် အမေရိကန်စစ်တပ်သည် အဆိုပါလက်နက်စနစ်၏ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို စွန့်လွှတ်ခဲ့ကြောင်း သိရသည်။

အမေရိကန်သည် အဆိုပါနည်းပညာကို ပထမဆုံးစတင်တီထွင်ဖန်တီးခဲ့ခြင်းဖြစ်သော်လည်း ၎င်းတို့သည် အနောက်အုပ်စုသိပ္ပံပညာရှင်များထံမှ မည်သည့်အကူအညီများကိုမှ မရရှိခဲ့ကြောင်း Mach-7 ကျည်ဆန်ကို တီထွင်ဖန်တီးခဲ့သည့်တရုတ်အဖွဲ့က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ရေတပ်အင်ဂျင်နီယာတက္ကသိုလ်မှ Feng Junhing က "ကျွန်တော်တို့မှာ လမ်းညွှန်ချက်တွေ၊ ပဲ့ထိန်းဒုံး ကျည်လမ်းညွှန်စနစ်တွေ မရရှိခဲ့ပါဘူး။ အထူးသဖြင့် ဂြိုလ်တုလမ်းကြောင်းပြစနစ်တွေလည်း မရရှိခဲ့ပါဘူး" ဟု ပြောခဲ့သည်။

အဆိုပါကျည်ဆန်နည်းပညာသည် ထုတ်လုပ်စရိတ်သက်သာသည့်အပြင် ဒုံးကျည်များနှင့်ဆက်စပ်သည့် တာဝေးပစ်တိုက်ခိုက်နိုင်ခြင်းနှင့် တိကျသော တိုက်ခိုက်မှုစွမ်းရည်များကို ထိန်းသိမ်းထားနိုင်သည့်အတွက် စစ်မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရန် မျှော်လင့်ထားကြောင်းလည်း သိရသည်။

Zawgyi Version;
အသံထက္ျမန္သည့္ ‘smart shell’ ဟုေခၚေသာ က်ည္ဆန္ကို တီထြင္ဖန္တီးခဲ့ေၾကာင္း တ႐ုတ္အစိုးရထုတ္ျပန္ေၾကညာ
Pika (NP News) - ဇန္နဝါရီ ၂၃

တ႐ုတ္ေရတပ္သိပၸံပညာရွင္မ်ားသည္ အသံထက္ျမန္ၿပီး ပစ္မွတ္ကို တိက်စြာတိုက္ခိုက္ႏိုင္စြမ္းရွိေသာ ‘smart shell’ ဟုေခၚသည့္ က်ည္ဆန္ကို တီထြင္ဖန္တီးခဲ့ေၾကာင္း South China Morning Post (SCMP) က ေဖာ္ျပခဲ့ သည္။

အဆိုပါက်ည္ဆန္သည္ အသံထက္(၇)ဆျမန္သည့္ အျမန္ႏႈန္းျဖင့္ ပ်ံသန္းႏိုင္ၿပီး ၿဂိဳလ္တုလမ္းေၾကာင္းျပစနစ္မ်ားကို အသုံးျပဳကာ ၎၏ ပ်ံသန္းမႈအစီအစဥ္ကို ေျပာင္းလဲႏိုင္စြမ္းရွိေၾကာင္း တ႐ုတ္အစိုးရက ေျပာခဲ့သည္။

ယင္းက်ည္ဆန္၏ တိက်ေသာတိုက္ခိုက္စြမ္းရည္သည္ စစ္သေဘၤာမ်ား (သို႔မဟုတ္) ဆိပ္ကမ္းမ်ားကဲ့သို႔ေသာ ႀကီးမားသည့္ပစ္မွတ္မ်ားအတြက္ အသင့္ေတာ္ဆုံးက်ည္ဆန္တစ္ခုျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။
အဆိုပါစစ္ေရးနည္းပညာဖြံ႕ၿဖိဳးတိုးတက္မႈသည္ အေမရိကန္ေရတပ္က အဆိုျပဳထားေသာ ‘dream shell’ ၏ ဖြံ႕ၿဖိဳးတက္မႈအေပၚတြင္ အေျခခံကာတည္ေဆာက္ထားျခင္းျဖစ္ေၾကာင္း (SCMP) က ေဖာ္ျပခဲ့သည္။

အေမရိကန္စစ္တပ္သည္ ၂ဝ၁၂ ခုႏွစ္တြင္ အဆိုပါအစီအစဥ္ကို စတင္အဆိုျပဳခဲ့ၿပီး (၅)ႏွစ္အတြင္း ‘dream shell’ က်ည္ဆန္ကို စမ္းသပ္ပစ္လႊတ္ရန္ ရည္႐ြယ္ထားေသာ္လည္း ၂ဝ၁၇ ခုႏွစ္အထိ စမ္းသပ္ပစ္လႊတ္ခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ၂ဝ၂၁ ခုႏွစ္တြင္ အေမရိကန္စစ္တပ္သည္ အဆိုပါလက္နက္စနစ္၏ သုေတသနႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးကို စြန႔္လႊတ္ခဲ့ေၾကာင္း သိရသည္။

အေမရိကန္သည္ အဆိုပါနည္းပညာကို ပထမဆုံးစတင္တီထြင္ဖန္တီးခဲ့ျခင္းျဖစ္ေသာ္လည္း ၎တို႔သည္ အေနာက္အုပ္စုသိပၸံပညာရွင္မ်ားထံမွ မည္သည့္အကူအညီမ်ားကိုမွ မရရွိခဲ့ေၾကာင္း Mach-7 က်ည္ဆန္ကို တီထြင္ဖန္တီးခဲ့သည့္တ႐ုတ္အဖြဲ႕က ေျပာၾကားခဲ့သည္။

တ႐ုတ္ႏိုင္ငံ ေရတပ္အင္ဂ်င္နီယာတကၠသိုလ္မွ Feng Junhing က "ကြၽန္ေတာ္တို႔မွာ လမ္းၫႊန္ခ်က္ေတြ၊ ပဲ့ထိန္းဒုံး က်ည္လမ္းၫႊန္စနစ္ေတြ မရရွိခဲ့ပါဘူး။ အထူးသျဖင့္ ၿဂိဳလ္တုလမ္းေၾကာင္းျပစနစ္ေတြလည္း မရရွိခဲ့ပါဘူး" ဟု ေျပာခဲ့သည္။

အဆိုပါက်ည္ဆန္နည္းပညာသည္ ထုတ္လုပ္စရိတ္သက္သာသည့္အျပင္ ဒုံးက်ည္မ်ားႏွင့္ဆက္စပ္သည့္ တာေဝးပစ္တိုက္ခိုက္ႏိုင္ျခင္းႏွင့္ တိက်ေသာ တိုက္ခိုက္မႈစြမ္းရည္မ်ားကို ထိန္းသိမ္းထားႏိုင္သည့္အတြက္ စစ္ေျမျပင္တြင္ က်ယ္က်ယ္ျပန႔္ျပန႔္အသုံးျပဳႏိုင္ရန္ ေမွ်ာ္လင့္ထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.