ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ်(၅၄) နေအိမ်ကို ဒေါ်လာသန်း ၉ဝ နဲ့ လေလံတင် ရောင်းချမယ်

8064

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၅
မြန်မာစစ်တရားရုံးတစ်ရုံးဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို အမေရိကန်ဒေါ်လာသန်း ၉ဝ နဲ့ ရောင်းချဖို့ လေလံတင်လိုက်တယ်လို့ အဆိုပါကိစ္စနဲ့ နီးစပ်သူများက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်က တပ်မတော်အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အစ်ကိုဖြစ်သူနဲ့ နေအိမ်ပိုင်ဆိုင်မှုအငြင်းပွားခဲ့ပါတယ်။ အဆိုပါအမှုနဲ့ပတ်သက်ပြီး နီးစပ်သူ တစ်ဦးက တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့အိမ်ကို မတ်လ ၂ဝ ရက်မှာ တရားရုံးက လေလံပစ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
"ဝယ်သူရှိလာမယ်ဆိုရင်တော့ အိမ်ကို ရောင်းချသွားမှာပါ။ အဲဒီအိမ်ကို ဝယ်ယူသူ ရှိ/မရှိ ဆိုတာကို တွေ့မြင်ရမှာပါ" လို့ အဆိုပါကိစ္စနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ အဆိုပါ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အိမ်ကို အမေရိကန်သမ္မတဟောင်း အိုဘားမား နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ အပါအဝင် နာမည်ကျော် နိုင်ငံရေးခေါင်းဆောင်များ လာရောက်ခဲ့ဖူးကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကိုဖြစ်သူဟာ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိအိမ်ကို ၎င်းလည်း အမွေပိုင်ဆိုင်ခွင့်ရှိတယ်ဆိုကာ တောင်းဆိုတာတွေရှိခဲ့ပြီး တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ နေအိမ်မှာ ၂ဝ၁၂ ခုနှစ်အထိ နေအိမ်အကျယ်ချုပ် ကျခံခဲ့ဖူးပါတယ်။ အသက် ၇၈ နှစ်အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကိုဖြစ်သူဟာ ၂ဝဝဝ ပြည့်နှစ်မှာ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အိမ်နဲ့ပတ်သက်ပြီး တရားစွဲဆိုခဲ့ကြောင်း၊ အဆိုပါနေအိမ်ဟာ ၎င်းတို့၏မိခင် ဒေါ်ခင်ကြည် အမည်ပေါက်ထားတဲ့ အိမ်ဖြစ်ကြောင်း ဆိုပါတယ်။

Zawgyi Version;
ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၿခံအမွတ္(၅၄) ေနအိမ္ကို ေဒၚလာသန္း ၉ဝ နဲ႔ ေလလံတင္ ေရာင္းခ်မယ္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၅
ျမန္မာစစ္တရား႐ုံးတစ္႐ုံးဟာ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္တစ္ဦးျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေနအိမ္ကို အေမရိကန္ေဒၚလာသန္း ၉ဝ နဲ႔ ေရာင္းခ်ဖို႔ ေလလံတင္လိုက္တယ္လို႔ အဆိုပါကိစၥနဲ႔ နီးစပ္သူမ်ားက ေျပာပါတယ္။
ျမန္မာႏိုင္ငံမွာ ၂ဝ၂၁ ခုႏွစ္က တပ္မေတာ္အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး အစ္ကိုျဖစ္သူနဲ႔ ေနအိမ္ပိုင္ဆိုင္မႈအျငင္းပြားခဲ့ပါတယ္။ အဆိုပါအမႈနဲ႔ပတ္သက္ၿပီး နီးစပ္သူ တစ္ဦးက တကၠသိုလ္ရိပ္သာလမ္းေပၚရွိ ေဒၚေအာင္ဆန္းစုၾကည္ေနထိုင္တဲ့အိမ္ကို မတ္လ ၂ဝ ရက္မွာ တရား႐ုံးက ေလလံပစ္သြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။
"ဝယ္သူရွိလာမယ္ဆိုရင္ေတာ့ အိမ္ကို ေရာင္းခ်သြားမွာပါ။ အဲဒီအိမ္ကို ဝယ္ယူသူ ရွိ/မရွိ ဆိုတာကို ေတြ႕ျမင္ရမွာပါ" လို႔ အဆိုပါကိစၥနဲ႔နီးစပ္သူတစ္ဦးက ေျပာပါတယ္။ အဆိုပါ ေဒၚေအာင္ဆန္းစုၾကည္ေနထိုင္ခဲ့တဲ့ တကၠသိုလ္ရိပ္သာလမ္းေပၚရွိ အိမ္ကို အေမရိကန္သမၼတေဟာင္း အိုဘားမား နဲ႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဟီလာရီကလင္တန္တို႔ အပါအဝင္ နာမည္ေက်ာ္ ႏိုင္ငံေရးေခါင္းေဆာင္မ်ား လာေရာက္ခဲ့ဖူးေၾကာင္း သိရပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အစ္ကိုျဖစ္သူဟာ တကၠသိုလ္ရိပ္သာလမ္းေပၚရွိအိမ္ကို ၎လည္း အေမြပိုင္ဆိုင္ခြင့္ရွိတယ္ဆိုကာ ေတာင္းဆိုတာေတြရွိခဲ့ၿပီး တရား႐ုံးမွာ အမႈရင္ဆိုင္ခဲ့ေၾကာင္း သိရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဟာ တကၠသိုလ္ရိပ္သာလမ္းေပၚရွိ ေနအိမ္မွာ ၂ဝ၁၂ ခုႏွစ္အထိ ေနအိမ္အက်ယ္ခ်ဳပ္ က်ခံခဲ့ဖူးပါတယ္။ အသက္ ၇၈ ႏွစ္အ႐ြယ္ရွိ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အစ္ကိုျဖစ္သူဟာ ၂ဝဝဝ ျပည့္ႏွစ္မွာ တကၠသိုလ္ရိပ္သာလမ္းေပၚရွိ အိမ္နဲ႔ပတ္သက္ၿပီး တရားစြဲဆိုခဲ့ေၾကာင္း၊ အဆိုပါေနအိမ္ဟာ ၎တို႔၏မိခင္ ေဒၚခင္ၾကည္ အမည္ေပါက္ထားတဲ့ အိမ္ျဖစ္ေၾကာင္း ဆိုပါတယ္။