ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့၌ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲသာဖြစ်ကြောင်း PNO ပြော

6848
မြူနစ် (NP News) - ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲသာဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မှ ဒုဗိုလ်မှူးကြီးခွန်ထွန်းရွှေက NP News ကို ပြောသည်။

ဆီဆိုင်မြို့ရှိ PNO/PNA ၏ လုံခြုံရေးစခန်းများကို ဇန်နဝါရီလ ၂၄ ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)အဖွဲ့ဝင်များ နှင့် KNDF၊ PDF အဖွဲ့ဝင်များက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
PNO ၏ ထိန်းချုပ်မှုအောက်တွင်ရှိခဲ့သော ဆီဆိုင်မြို့ကို PNLA ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဌာန ဆိုင်ရာရုံးများတွင် PNLA ၏ အလံများ လွှင့်ထူထားသည်ဟုဆိုသော သတင်းများမှာလည်း ပျံ့နှံ့နေလျက်ရှိသည်။
“ဆီဆိုင်မြို့မှာတော့ ခန့်မှန်းခြေ လူဦးရေက ကုန်သလောက်ရှိနေပြီ။ နည်းနည်းလောက်ပဲ ကျန်တော့မှာပေါ့။ စစ်ပွဲဖြစ်ပြီဆို ရင်တော့ လူထုက ပြေးရတော့မှာပေါ့။ လောလောဆယ်တော့ ထိန်းချုပ်လို့ရတယ်လို့ ပြောလို့မရဘူး။ အခုဟာက တိုက်ပွဲတွေက နှစ်ဖက်ပြင်းထန်နေသေးတယ်”ဟု ဒုဗိုလ်မှူးကြီးခွန်ထွန်းရွှေက ပြောသည်။
PNO အနေဖြင့် မည်သည့်ဒေသ၊ မည်သည့်လူမျိုးစုအပေါ်ကိုမျှ ကျူးကျော်အနိုင်ကျင့်ခြင်းမျိုးမရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
“ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးအရ ကိုယ့်နယ်ကို တာဝန်ယူတယ်ပေါ့ ဒါတစ်ချက်ပေါ့။ နောက်တစ်ချက်က သူများကို ဦးစွာရန်စတာတို့၊ ကျူးကျော်တာတို့ မရှိဘူးလေ။ အခုက PNLA က တစ်ဖက်အဖွဲ့အစည်းတွေနဲ့ လာပြီးတော့မှ ကျူးကျော်တာပေါ့။ ထိတွေ့မှုကတော့ အနည်းအများတော့ ရှိတာပေါ့။ ကျွန် တော်တို့ကတော့ သူများနယ်ပယ်၊ သူများဒေသ၊ သူများ လူမျိုးစုအပေါ်မှာအနိုင်ကျင့်ပြီး ပိုင်နက်ကျူးကျော်တာ တစ်ခါမှမရှိပါဘူး”ဟု ဒုဗိုလ်မှူးကြီးခွန်ထွန်းရွှေက ပြောသည်။
ထို့ကြောင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA)အနေဖြင့် ဒေသခံပြည်သူလူထု၏ဘဝများကို ထောက်ထားကာ ၎င်းတို့ မနစ်နာစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောသည်။
လက်ရှိတွင် ဆီဆိုင်မြို့၌ တပ်မတော်၊ PNO/PNA အဖွဲ့နှင့် PNLO/PNLA၊ KNDF၊ PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲ ပြင်းထန်နေလျက်ရှိကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ NP News အနေဖြင့် PNLO/PNLA အဖွဲ့ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်မှုမရရှိသေးပေ။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ နောင်တရားနှင့် ပေါင်းလောင်းမြို့တို့ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအရ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားသည်။

zawgyi version
ရွမ္းျပည္ေတာင္ပိုင္း ဆီဆိုင္ၿမိဳ႕၌ ႏွစ္ဖက္တိုက္ပြဲျပင္းထန္ေနဆဲသာျဖစ္ေၾကာင္း PNO ေျပာ
ျမဴနစ္ (NP News) - ဇန္နဝါရီ ၂၆
ရွမ္းျပည္နယ္ေတာင္ပိုင္း ဆီဆိုင္ၿမိဳ႕တြင္ ႏွစ္ဖက္တိုက္ပြဲ ျပင္းထန္ေနဆဲသာျဖစ္ေၾကာင္း ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO) မွ ဒုဗိုလ္မႉးႀကီးခြန္ထြန္းေ႐ႊက NP News ကို ေျပာသည္။
ဆီဆိုင္ၿမိဳ႕ရွိ PNO/PNA ၏ လုံၿခဳံေရးစခန္းမ်ားကို ဇန္နဝါရီလ ၂၄ ရက္တြင္ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO/PNLA)အဖြဲ႕ဝင္မ်ား ႏွင့္ KNDF၊ PDF အဖြဲ႕ဝင္မ်ားက စတင္ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
PNO ၏ ထိန္းခ်ဳပ္မႈေအာက္တြင္ရွိခဲ့ေသာ ဆီဆိုင္ၿမိဳ႕ကို PNLA ပူးေပါင္းအဖြဲ႕မ်ားက ဝင္ေရာက္တိုက္ခိုက္ၿပီးေနာက္ ဌာန ဆိုင္ရာ႐ုံးမ်ားတြင္ PNLA ၏ အလံမ်ား လႊင့္ထူထားသည္ဟုဆိုေသာ သတင္းမ်ားမွာလည္း ပ်ံ႕ႏွံ႔ေနလ်က္ရွိသည္။
“ဆီဆိုင္ၿမိဳ႕မွာေတာ့ ခန႔္မွန္းေျခ လူဦးေရက ကုန္သေလာက္ရွိေနၿပီ။ နည္းနည္းေလာက္ပဲ က်န္ေတာ့မွာေပါ့။ စစ္ပြဲျဖစ္ၿပီဆို ရင္ေတာ့ လူထုက ေျပးရေတာ့မွာေပါ့။ ေလာေလာဆယ္ေတာ့ ထိန္းခ်ဳပ္လို႔ရတယ္လို႔ ေျပာလို႔မရဘူး။ အခုဟာက တိုက္ပြဲေတြက ႏွစ္ဖက္ျပင္းထန္ေနေသးတယ္”ဟု ဒုဗိုလ္မႉးႀကီးခြန္ထြန္းေ႐ႊက ေျပာသည္။
PNO အေနျဖင့္ မည္သည့္ေဒသ၊ မည္သည့္လူမ်ိဳးစုအေပၚကိုမွ် က်ဴးေက်ာ္အႏိုင္က်င့္ျခင္းမ်ိဳးမရွိေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။
“ကြၽန္ေတာ္တို႔ကေတာ့ ၿငိမ္းခ်မ္းေရးအရ ကိုယ့္နယ္ကို တာဝန္ယူတယ္ေပါ့ ဒါတစ္ခ်က္ေပါ့။ ေနာက္တစ္ခ်က္က သူမ်ားကို ဦးစြာရန္စတာတို႔၊ က်ဴးေက်ာ္တာတို႔ မရွိဘူးေလ။ အခုက PNLA က တစ္ဖက္အဖြဲ႕အစည္းေတြနဲ႔ လာၿပီးေတာ့မွ က်ဴးေက်ာ္တာေပါ့။ ထိေတြ႕မႈကေတာ့ အနည္းအမ်ားေတာ့ ရွိတာေပါ့။ ကြၽန္ ေတာ္တို႔ကေတာ့ သူမ်ားနယ္ပယ္၊ သူမ်ားေဒသ၊ သူမ်ား လူမ်ိဳးစုအေပၚမွာအႏိုင္က်င့္ၿပီး ပိုင္နက္က်ဴးေက်ာ္တာ တစ္ခါမွမရွိပါဘူး”ဟု ဒုဗိုလ္မႉးႀကီးခြန္ထြန္းေ႐ႊက ေျပာသည္။
ထို႔ေၾကာင့္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO/PNA)အေနျဖင့္ ေဒသခံျပည္သူလူထု၏ဘဝမ်ားကို ေထာက္ထားကာ ၎တို႔ မနစ္နာေစေရး ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ဟု ေျပာသည္။
လက္ရွိတြင္ ဆီဆိုင္ၿမိဳ႕၌ တပ္မေတာ္၊ PNO/PNA အဖြဲ႕ႏွင့္ PNLO/PNLA၊ KNDF၊ PDF ပူးေပါင္းအဖြဲ႕မ်ားအၾကား တိုက္ပြဲ ျပင္းထန္ေနလ်က္ရွိေၾကာင္း သိရသည္။
အဆိုပါတိုက္ပြဲအေျခအေနမ်ားႏွင့္ပတ္သက္၍ NP News အေနျဖင့္ PNLO/PNLA အဖြဲ႕ထံ ဖုန္းျဖင့္ ဆက္သြယ္ခဲ့ေသာ္ လည္း ဆက္သြယ္မႈမရရွိေသးေပ။
ရွမ္းျပည္နယ္ေတာင္ပိုင္းရွိ ဆီဆိုင္၊ ဟိုပုံး၊ ပင္ေလာင္း၊ ေနာင္တရားႏွင့္ ေပါင္းေလာင္းၿမိဳ႕တို႔ကို ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံအရ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအျဖစ္ သတ္မွတ္ထားသည္။