နှစ်ပါတီ မဲပေးစနစ်ကို အမေရိကန် မဲဆန္ဒရှင်များ အားရကျေနပ်မှု ရှိ-မရှိ (ဘာသာပြန်ဆောင်းပါး)

 492

Htay Oung (NP News) - ဇန်နဝါရီ ၂၆

၂ဝ၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်မှာ စတင်ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအကြိုဟောကိန်းအဖြစ် မဲဆန္ဒရှင်များရဲ့သဘောထားကို ရိုက်တာသတင်းအေဂျင်စီနဲ့ အိုင်ပီအက်စ်ပိုအက်စ် နိုင်ငံစုံစျေးကွက် သုတေသန အုပ်စုတို့က စစ်တမ်းကောက်ယူခဲ့ပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အဲဒီစစ်တမ်းကို အမေရိကန်နိုင်ငံတဝှမ်း အရွယ်ရောက်ပြီးသူ ၁၂၅ဝ တို့နဲ့တွေ့ဆုံမေးမြန်းခဲ့ရာ သမ္မတဟောင်းဒေါ်နယ်ထရမ့်က လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် ကို ၆ ရာခိုင်နှုန်းအသာနဲ့ ဦးဆောင်နေကြောင်းတွေ့ရှိရတယ်လို့ ရိုက်တာ ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်က ရေးသားခဲ့ပါတယ်။

စစ်တမ်းဖြေဆိုသူ ၄ဝ ရာခိုင်နှုန်းက ထရမ့်ကို ထောက်ခံကြပြီး ၃၄ ရာခိုင်နှုန်းက ဘိုင်ဒင်ကို ထောက်ခံပါတယ်။ ကျန်သူတွေကတော့ အခြား သမ္မတလောင်း တစ်ယောက်ယောက် (သို့မဟုတ်) ဆန္ဒမဲပေးဖို့ စိတ်ကူးမရှိသူများ ဖြစ်နေပါတယ်။ စစ်တမ်းရလဒ် အပိုအလိုကို ၃ ရာခိုင်နှုန်းလို့ သတ်မှတ်ထားတဲ့အတွက် မျှော်လင့်ထားသလို ပြတ်သားတဲ့အဖြေရရှိတယ်လို့ မပြောနိုင်ပါဘူး။

ရလဒ်ဟာ ယခုလစောစောပိုင်း စစ်တမ်းကောက်ယူချက်များမှ အပြောင်းအလဲတစ်ခုဖြစ်ပေမယ့် တစ်နိုင်ငံလုံးကို ခြုံငုံပြီး အလွတ်သဘောခန့်မှန်းချက်သာဖြစ်နေပါတယ်။ အဓိကကျတဲ့ပြည်နယ်အချို့မှာ အီလက်တိုရီယယ် ကောလိပ်ရဲ့ အပြီးသတ် မဲရလဒ်အဖြစ် အပြည့်အဝကိုယ်စားပြုနိုင်ခြင်း မရှိပါဘူး။

ဒါ့အပြင် ထရမ့်နဲ့ ဘိုင်ဒင်တို့ကို သက်ဆိုင်ရာနိုင်ငံရေးပါတီများက အခြားယှဥ်ပြိုင် သမ္မတလောင်းအဖြစ် အပြီးသတ် အမည်စာရင်းတင်သွင်းခြင်း မရှိသေးပါဘူး။ တကယ်လို့သာ ထရမ့် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့ရင် ဂရိုဗာ_ကလိဖ်လန်းတို့လို တစ်ဆက်တည်းမဟုတ်ပဲ နောက်တစ်ကြိမ်ထပ်မံ ရွေးကောက်ခံရသူ ဒုတိယမြောက် သမ္မတအဖြစ် မျှော်မှန်းနိုင်ပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ဘိုင်ဒင်ကလည်း ယှဉ်ပြိုင်ဖြစ်ခဲ့ရင် ပြိုင်ဘက်ဟောင်း နှစ်ဦးတို့အကြား ၁၉၅၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် မကျေပွဲဆင်နွှဲခြင်းဖြစ်လာပါလိမ့်မယ်။

စစ်တမ်းအရ အမေရိကန်မဲဆန္ဒရှင် ၆၇ ရာခိုင်နှုန်းတို့ဟာ ယခုရွေးကောက်ပွဲမှာ သမ္မတလောင်းသစ်များကိုသာ တွေ့ မြင်လိုကြပြီး ယခင်လူဟောင်းတွေကို မဲပေးဖို့ စိတ်ကုန်နေကြောင်း တွေ့ရှိရပါတယ်။ ဘိုင်ဒင်နဲ့ထရမ့်တိုရဲ့ စိတ်မကျေပွဲ ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ပွဲကြီးသာဖြစ်နေရင် မဲမပေးပဲနေမယ်လို့ ဖြေဆိုသူ ၁၈ ရာခိုင်နှုန်း ရှိပါ တယ်။

စိတ်ဝင်စားစရာကောင်းတာကတော့ သူတို့နှစ်ဦးရဲ့အခြားသမ္မတလောင်းနဲ့ပတ်သက်ပြီး လူထုဆန္ဒစစ်တမ်းရလဒ် များဖြစ်ပါတယ်။ အမေရိကန်မှာရော ကမ္ဘာမှာပါ နာမည်ကြီးလှတဲ့ ရောဘတ်_အက်ဖ်-ကနေဒီ_ဂျူနီယာ ဟာ (လုပ်ကြံခံရပြီး ကွယ်လွန်သူ) သမ္မတ ဂျွန်_အက်ဖ်_ကနေဒီရဲ့တူအရင်းဖြစ်ပြီး ဒေါ်နယ်ထရမ့်လို ကာကွယ်ဆေး ဆန့်ကျင်ရေး စောင်းပါးရိပ်ခြေ ဦးဆောင်လှုပ်ရှားသူအဖြစ် လူသိများပါတယ်။ ထရမ့်နဲ့ ကနေဒီတို့အကြား စစ်တမ်း ကောက်ယူတဲ့အခါ ၃၆ ရာခိုင်နှုန်းရရှိသူ ကနေဒီထက် ထရမ့်က ၆ မှတ် အသာရရှိပြီး၊ ဘိုင်ဒင်က ၃ဝ ရာခိုင်နှုန်း နဲ့ ကနေဒီက ၈ ရာခိုင်နှုန်းသာ ရရှိခြင်းပဲဖြစ်ပါတယ်။

အမေရိကန်မဲဆန္ဒရှင်တွေဟာ နှစ်ပါတီစနစ်အပေါ် ကျေနပ်မှုမရှိဘဲဖြစ်နေကြပြီး ဖြေဆိုသူ ထက်ဝက်ကျော် ကျော်လောက်က အားအရကြောင်း မှတ်ချက်ပေးကြပါတယ်။ ဝှိုက်တနေးတယ်လာကိုလို ဝါရှင်တန်မှာ လူသိများ ထင်ရှားသူ အကြံပေးပုဂ္ဂိုလ်ကတော့ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလများအတွက် စေ့ဆော်မှုမပါရှိတဲ့အတွက် ပါတီကြီးနှစ်ခုက မဟုတ်သူ သမ္မတလောင်းကို မဲပေးမယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုပါတယ်။

သမ္မတလောင်းတွေရဲ့အသက်အရွယ်ကလည်း လူထုအမြင်မှာ ကဏ္ဍတစ်ခုမှ ပါဝင်နေကြောင်း တွေ့ရပါတယ်။ ဒီမိုကရက်တစ်ထက်၀က်ကျော် အပါအဝင် ဖြေဆိုသူ ၇ဝ ရာခိုင်နှုန်းက ဘိုင်ဒင်ရဲ့လက်ရှိအသက်အရွယ် ၈၁ နှစ် ဆိုတာ သမ္မတအလုပ်အတွက် အိုမင်းလွန်းနေပြီး ပြန်လည်အရွေးခံဖို့ မသင့်တော့ဘူးလို့ ယူဆကြပါတယ်။ အလားတူ ရီပတ်ဘလစ်ကင် သုံးပုံတစ်ပုံ အပါအဝင် ဖြေဆိုသူ ၅၆ ရာခိုင်နှုန်းက အသက် ၇၇ နှစ်ရှိနေပြီဖြစ်တဲ့ ထရမ့်အနေနဲ့ နောက်တစ်ကြိမ် ယှဉ်ပြိုင်ဖို့ မသင့်တော့ဘူးလို့ ယူဆကြပါတယ်။

စစ်တမ်းရလဒ်တွေအရ ရီပတ်ဘလစ်ကင်ပါတီအတွင်း နစ်ကီ_ဟယ်လီဟာ ထရမ့်အတွက် အဓိကစိန်ခေါ်သူ ဖြစ်နေကြောင်း မီးမောင်းထိုးပြသလို ရှိနေပါတယ်။ အသက် ၅၂ နှစ်အရွယ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမျိုးသမီးသံအမတ်ကြီးဟောင်းရဲ့ထင်ရှားကျော်ကြားမှုဟာ မဲဆန္ဒရှင်အချို့အတွက် စိတ်ဝင်စားစရာဖြစ်နေပါ တယ်။ ဖေဖော်ဝါရီ ၂၄ ရက် တောင်ကာရိုလိုင်းနားပြည်နယ် ရီပတ်ဘလီကန်ပါတီသမ္မတလောင်းအမည် စာရင်းတင်သွင်းမယ့်သူများ ယှဉ်ပြိုင်ရာမှာတော့ ဟယ်လီထက်ထရမ့်က သိသိသာသာဦးဆောင်နေကြောင်း တွေ့ကြရပါတယ်။

နောက်ဆုံးပြောရရင် ထရမ့်နဲ့ ဘိုင်ဒင်ထောက်ခံသူအသီးသီးတို့အကြား မဲပေးရန် လှုံ့ဆော်မှာ မတူကွဲပြားကြောင်း စစ်တမ်းက ပြသနေပါတယ်။ ဘိုင်ဒင်ထောက်ခံသူ ၅၉ ရဲ့ မဲပေးရခြင်းဟာ ထရမ့်အပေါ် ခါးခါးသီး ဆန့်ကျင်ဖို့ဖြစ်ပြီး ထရမ့် မဲဆန္ဒရှင် ၃၉ ရာခိုင်နှုန်းကတော့ သူတို့သမ္မတလောင်း၊ သမ္မတလောင်းရဲ့မူဝါဒများနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့သဘောထားများကို ဖော်ပြခဲ့ကြပါတယ်။

စစ်တမ်းဟာ ထရမ့်အအပေါ်စွဲဆိုထားတဲ့ ဥပဒေရေးရာကိစ္စရပ်များကိုလည်း ထိခိုက်စေကြောင်း အရေးတကြီး မှတ်သားဖွယ်ရှိပါတယ်။ ထရမ့်အနေနဲ့ ဥပဒေချိုးဖောက်ရာရောက်ကြောင်း ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ချမှတ် သင့်တယ်လို့ ရီပတ်ဘလစ်ကင် ၅၅ ရာခိုင်နှုန်းက ယုံကြည်ကြပါတယ်။ ဒါပေမယ့် ရီပတ်ဘလီကင်အများစုကြီး ကတော့ ရွေးကောက်ပွဲလိမ်လည်ကြောင်း ဆွယ်တရားဟောပြောခြင်းအတွက် ထရမ့်မှာ အပြစ်ရှိတယ်လို့ မယူဆ ကြပါဘူး။
(အမေရိကန်ဟာ ကမ္ဘာ့စစ်ရေး စီးပွားရေး နံပတ်တစ်နိုင်ငံဖြစ်တဲ့အတွက် ဘယ်သူဘယ်ဝါ သမ္မတဖြစ်မယ်ဆိုတာ နိုင်ငံတကာက စိတ်ဝင်စားကြပါတယ်။
အမေရိကန်နိုင်ငံထူထောင်ပြီးနောက် ရွေးကောက်ပွဲ အငြင်းပွားမှု ၆ ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး ၁၈၂၄၊ ၁၈၇၈၊ ၁၈၁၂၊ ၁၉၆ဝ၊ ၂ဝဝဝ နဲ့ ၂ဝ၂ဝ ပြည့်နှစ်မှာဖြစ်ပါတယ်။

အမေရိကန်တရားဥပဒေများ အားလုံးကို ကျွန်တော် မလေ့လာမိပေမယ့် ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် ဝါရှင်တန်ဒီစီ ကက်ပီတိုဟေးလ် ကွန်ဂရက်အဆောက်အအုံ အကြမ်းဖက်မှုဟာ ထရမ့်ရဲ့လှုံ့ဆော်မှုကြောင့်ဖြစ်ရတယ်လို့ ကျွန်တော် မယုံကြည်ပါ။
ထရမ့် မဲရှုံးရအောင် လျှို့ဝှက်ကြံစည်သူဟာ ကျွန်တော်တို့ မြန်မာများ မေတ္တာတုံး ဂျော့ဆိုးရော့စ်ဖြစ်ကြောင်း ရီပတ်ဘလစ်ကင်တို့ ယုံကြည်ချက်ကို သက်သေမပြနိုင်ပေမယ့် ဟုတ်သလိုလို ရှိခဲ့တာအမှန်ဖြစ်ပါတယ်။ ရွေးကောက်ပွဲမကျင်းပမီ၊ ကျင်းပနေစဉ်နဲ့ ကျင်းပပြီးနောက် အမေရိကန်သတင်းမီဒီယာတို့ရဲ့ရေးသားချက်များဟာ ဘယ်ဟာက အမှန်ဖြစ်ကြောင်း တရားရုံးတော်က ကြားဝင်မဟန့်တားနိုင်မီအထိ ဇဝေဇဝါဖြစ်လောက်အောင် ရှုပ်ထွေးခဲ့ပါတယ်။ ဒီနေ့ သတင်းစားသုံးသူ ရေမီးရှားနေများ ချာလပတ်ရမ်းနေတဲ့ အတိုင်းပါပဲ။
မဲပြားအရေအတွက်ကို ပြန်လည်စစ်ဆေးပြီးနောက် အမှန်ပြောင်းလဲပေးခဲ့ပေမယ့် မဲရလဒ်အပေါ် အကြီးအကျယ် ပြောင်းလဲနိုင်ခြင်းမရှိကြောင်း တွေ့ရပါတယ်။ ဒါပေမယ့် ထရမ့်ကိုယ်စားလှယ်များ ကနဦး ဆင်ခြေပေးတဲ့အတိုင်း သံသယဝင်စရာကောင်းနေပါတယ်။ စာတိုက်မှတဆင့်ပေးပို့တဲ့ ဆန္ဒမဲများကို FBI အနေနဲ့ နောက်ကြောင်းပြန် ခြေရာကောက်ရန် မဖြစ်နိုင်လောက်အောင်ရှိပြီး သူတို့နိုင်ငံ စာတိုက်စနစ်ရဲ့ ဖြောင့်မှန်တာဝန်ကြေပွန်မှုအပေါ်မှာ သာ ပုံချလိုက်ရသလို ရှိပါတယ်။

ဒိုမီနီယံရွေးကောက်ပွဲမဲပေးစနစ်နဲ့ “စမတ်စ်မက် တစ်_အီလက်ထရောနစ်ကုမ္ပဏီ” တို့အပေါ် စွပ်စွဲရေးသားချက် များကြောင့် ထရမ့်ထောက်ခံတဲ့ “ဖောက်စ်_သတင်းဌာန” လည်း အသရေဖျက်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ သတင်းအေဂျင်စီနဲ့ စမတ်စ်မက်တစ်အီလက်ထရောနစ်ကုမ္ပဏီတို့ရဲ့အမှုဟာ ကြားနာနေဆဲဖြစ်ပြီး၊ ဒိုမီနီယံကုမ္ပဏီ အမှုမှာတော့ ဖောက်စ်က ဒေါ်လာ ၇၈၇.၅ သန်း ပေးလျော်ခဲ့ရပါတယ်။ ။ သတင်းဘာသာပြန်သူ)

#ဒေါ်နယ်ထရမ့် #ဂျိုးဘိုင်ဒင် #၂၀၂၄ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲ #ဒိုမီနီယံရွေးကောက်ပွဲမဲပေးစနစ်
#ရောဘတ်_အက်ဖ်-ကနေဒီ_ဂျူနီယာ #စမတ်စ်မက်တစ်_အီလက်ထရောနစ်ကုမ္ပဏီ ဂျော့ဆိုရော့စ်
(Reuters, 25 January 2024,” Trump opens up lead over Biden in rematch many Americans don't want” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ႏွစ္ပါတီ မဲေပးစနစ္ကို အေမရိကန္ မဲဆႏၵရွင္မ်ား အားရေက်နပ္မႈ ရွိ-မရွိ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဇန္နဝါရီ ၂၆

၂ဝ၂၄ ခုႏွစ္ ႏိုဝင္ဘာ ၅ ရက္မွာ စတင္က်င္းပမယ့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲအႀကိဳေဟာကိန္းအျဖစ္ မဲဆႏၵရွင္မ်ားရဲ႕သေဘာထားကို ႐ိုက္တာသတင္းေအဂ်င္စီနဲ႔ အိုင္ပီအက္စ္ပိုအက္စ္ ႏိုင္ငံစုံေစ်းကြက္ သုေတသန အုပ္စုတို႔က စစ္တမ္းေကာက္ယူခဲ့ပါတယ္။ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ အဲဒီစစ္တမ္းကို အေမရိကန္ႏိုင္ငံတဝွမ္း အ႐ြယ္ေရာက္ၿပီးသူ ၁၂၅ဝ တို႔နဲ႔ေတြ႕ဆုံေမးျမန္းခဲ့ရာ သမၼတေဟာင္းေဒၚနယ္ထရမ့္က လက္ရွိသမၼတ ဂ်ိဳးဘိုင္ဒင္ ကို ၆ ရာခိုင္ႏႈန္းအသာနဲ႔ ဦးေဆာင္ေနေၾကာင္းေတြ႕ရွိရတယ္လို႔ ႐ိုက္တာ ယမန္ေန႔ ဇန္နဝါရီလ ၂၅ ရက္က ေရးသားခဲ့ပါတယ္။

စစ္တမ္းေျဖဆိုသူ ၄ဝ ရာခိုင္ႏႈန္းက ထရမ့္ကို ေထာက္ခံၾကၿပီး ၃၄ ရာခိုင္ႏႈန္းက ဘိုင္ဒင္ကို ေထာက္ခံပါတယ္။ က်န္သူေတြကေတာ့ အျခား သမၼတေလာင္း တစ္ေယာက္ေယာက္ (သို႔မဟုတ္) ဆႏၵမဲေပးဖို႔ စိတ္ကူးမရွိသူမ်ား ျဖစ္ေနပါတယ္။ စစ္တမ္းရလဒ္ အပိုအလိုကို ၃ ရာခိုင္ႏႈန္းလို႔ သတ္မွတ္ထားတဲ့အတြက္ ေမွ်ာ္လင့္ထားသလို ျပတ္သားတဲ့အေျဖရရွိတယ္လို႔ မေျပာႏိုင္ပါဘူး။

ရလဒ္ဟာ ယခုလေစာေစာပိုင္း စစ္တမ္းေကာက္ယူခ်က္မ်ားမွ အေျပာင္းအလဲတစ္ခုျဖစ္ေပမယ့္ တစ္ႏိုင္ငံလုံးကို ၿခဳံငုံၿပီး အလြတ္သေဘာခန္႔မွန္းခ်က္သာျဖစ္ေနပါတယ္။ အဓိကက်တဲ့ျပည္နယ္အခ်ိဳ႕မွာ အီလက္တိုရီယယ္ ေကာလိပ္ရဲ႕ အၿပီးသတ္ မဲရလဒ္အျဖစ္ အျပည့္အဝကိုယ္စားျပဳႏိုင္ျခင္း မရွိပါဘူး။

ဒါ့အျပင္ ထရမ့္နဲ႔ ဘိုင္ဒင္တို႔ကို သက္ဆိုင္ရာႏိုင္ငံေရးပါတီမ်ားက အျခားယွဥ္ၿပိဳင္ သမၼတေလာင္းအျဖစ္ အၿပီးသတ္ အမည္စာရင္းတင္သြင္းျခင္း မရွိေသးပါဘူး။ တကယ္လို႔သာ ထရမ့္ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး အႏိုင္ရခဲ့ရင္ ဂ႐ိုဗာ_ကလိဖ္လန္းတို႔လို တစ္ဆက္တည္းမဟုတ္ပဲ ေနာက္တစ္ႀကိမ္ထပ္မံ ေ႐ြးေကာက္ခံရသူ ဒုတိယေျမာက္ သမၼတအျဖစ္ ေမွ်ာ္မွန္းႏိုင္ပါလိမ့္မယ္။ တစ္ခ်ိန္တည္းမွာပဲ ဘိုင္ဒင္ကလည္း ယွဥ္ၿပိဳင္ျဖစ္ခဲ့ရင္ ၿပိဳင္ဘက္ေဟာင္း ႏွစ္ဦးတို႔အၾကား ၁၉၅၆ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ မေက်ပြဲဆင္ႏႊဲျခင္းျဖစ္လာပါလိမ့္မယ္။

စစ္တမ္းအရ အေမရိကန္မဲဆႏၵရွင္ ၆၇ ရာခိုင္ႏႈန္းတို႔ဟာ ယခုေ႐ြးေကာက္ပြဲမွာ သမၼတေလာင္းသစ္မ်ားကိုသာ ေတြ႕ ျမင္လိုၾကၿပီး ယခင္လူေဟာင္းေတြကို မဲေပးဖို႔ စိတ္ကုန္ေနေၾကာင္း ေတြ႕ရွိရပါတယ္။ ဘိုင္ဒင္နဲ႔ထရမ့္တိုရဲ႕ စိတ္မေက်ပြဲ ယွဥ္ၿပိဳင္ၾကမယ့္ ေ႐ြးေကာက္ပြဲႀကီးသာျဖစ္ေနရင္ မဲမေပးပဲေနမယ္လို႔ ေျဖဆိုသူ ၁၈ ရာခိုင္ႏႈန္း ရွိပါ တယ္။

စိတ္ဝင္စားစရာေကာင္းတာကေတာ့ သူတို႔ႏွစ္ဦးရဲ႕အျခားသမၼတေလာင္းနဲ႔ပတ္သက္ၿပီး လူထုဆႏၵစစ္တမ္းရလဒ္ မ်ားျဖစ္ပါတယ္။ အေမရိကန္မွာေရာ ကမာၻမွာပါ နာမည္ႀကီးလွတဲ့ ေရာဘတ္_အက္ဖ္-ကေနဒီ_ဂ်ဴနီယာ ဟာ (လုပ္ႀကံခံရၿပီး ကြယ္လြန္သူ) သမၼတ ဂြၽန္_အက္ဖ္_ကေနဒီရဲ႕တူအရင္းျဖစ္ၿပီး ေဒၚနယ္ထရမ့္လို ကာကြယ္ေဆး ဆန္႔က်င္ေရး ေစာင္းပါးရိပ္ေျခ ဦးေဆာင္လႈပ္ရွားသူအျဖစ္ လူသိမ်ားပါတယ္။ ထရမ့္နဲ႔ ကေနဒီတို႔အၾကား စစ္တမ္း ေကာက္ယူတဲ့အခါ ၃၆ ရာခိုင္ႏႈန္းရရွိသူ ကေနဒီထက္ ထရမ့္က ၆ မွတ္ အသာရရွိၿပီး၊ ဘိုင္ဒင္က ၃ဝ ရာခိုင္ႏႈန္း နဲ႔ ကေနဒီက ၈ ရာခိုင္ႏႈန္းသာ ရရွိျခင္းပဲျဖစ္ပါတယ္။

အေမရိကန္မဲဆႏၵရွင္ေတြဟာ ႏွစ္ပါတီစနစ္အေပၚ ေက်နပ္မႈမရွိဘဲျဖစ္ေနၾကၿပီး ေျဖဆိုသူ ထက္ဝက္ေက်ာ္ ေက်ာ္ေလာက္က အားအရေၾကာင္း မွတ္ခ်က္ေပးၾကပါတယ္။ ဝႈိက္တေနးတယ္လာကိုလို ဝါရွင္တန္မွာ လူသိမ်ား ထင္ရွားသူ အႀကံေပးပုဂၢိဳလ္ကေတာ့ ေ႐ြးေကာက္ပြဲမွာ တစ္သီးပုဂၢလမ်ားအတြက္ ေစ့ေဆာ္မႈမပါရွိတဲ့အတြက္ ပါတီႀကီးႏွစ္ခုက မဟုတ္သူ သမၼတေလာင္းကို မဲေပးမယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖဆိုပါတယ္။

သမၼတေလာင္းေတြရဲ႕အသက္အ႐ြယ္ကလည္း လူထုအျမင္မွာ က႑တစ္ခုမွ ပါဝင္ေနေၾကာင္း ေတြ႕ရပါတယ္။ ဒီမိုကရက္တစ္ထက္၀က္ေက်ာ္ အပါအဝင္ ေျဖဆိုသူ ၇ဝ ရာခိုင္ႏႈန္းက ဘိုင္ဒင္ရဲ႕လက္ရွိအသက္အ႐ြယ္ ၈၁ ႏွစ္ ဆိုတာ သမၼတအလုပ္အတြက္ အိုမင္းလြန္းေနၿပီး ျပန္လည္အေ႐ြးခံဖို႔ မသင့္ေတာ့ဘူးလို႔ ယူဆၾကပါတယ္။ အလားတူ ရီပတ္ဘလစ္ကင္ သုံးပုံတစ္ပုံ အပါအဝင္ ေျဖဆိုသူ ၅၆ ရာခိုင္ႏႈန္းက အသက္ ၇၇ ႏွစ္ရွိေနၿပီျဖစ္တဲ့ ထရမ့္အေနနဲ႔ ေနာက္တစ္ႀကိမ္ ယွဥ္ၿပိဳင္ဖို႔ မသင့္ေတာ့ဘူးလို႔ ယူဆၾကပါတယ္။

စစ္တမ္းရလဒ္ေတြအရ ရီပတ္ဘလစ္ကင္ပါတီအတြင္း နစ္ကီ_ဟယ္လီဟာ ထရမ့္အတြက္ အဓိကစိန္ေခၚသူ ျဖစ္ေနေၾကာင္း မီးေမာင္းထိုးျပသလို ရွိေနပါတယ္။ အသက္ ၅၂ ႏွစ္အ႐ြယ္ ကုလသမဂၢဆိုင္ရာ အေမရိကန္ အမ်ိဳးသမီးသံအမတ္ႀကီးေဟာင္းရဲ႕ထင္ရွားေက်ာ္ၾကားမႈဟာ မဲဆႏၵရွင္အခ်ိဳ႕အတြက္ စိတ္ဝင္စားစရာျဖစ္ေနပါ တယ္။ ေဖေဖာ္ဝါရီ ၂၄ ရက္ ေတာင္ကာ႐ိုလိုင္းနားျပည္နယ္ ရီပတ္ဘလီကန္ပါတီသမၼတေလာင္းအမည္ စာရင္းတင္သြင္းမယ့္သူမ်ား ယွဥ္ၿပိဳင္ရာမွာေတာ့ ဟယ္လီထက္ထရမ့္က သိသိသာသာဦးေဆာင္ေနေၾကာင္း ေတြ႕ၾကရပါတယ္။

ေနာက္ဆုံးေျပာရရင္ ထရမ့္နဲ႔ ဘိုင္ဒင္ေထာက္ခံသူအသီးသီးတို႔အၾကား မဲေပးရန္ လႈံ႕ေဆာ္မွာ မတူကြဲျပားေၾကာင္း စစ္တမ္းက ျပသေနပါတယ္။ ဘိုင္ဒင္ေထာက္ခံသူ ၅၉ ရဲ႕ မဲေပးရျခင္းဟာ ထရမ့္အေပၚ ခါးခါးသီး ဆန္႔က်င္ဖို႔ျဖစ္ၿပီး ထရမ့္ မဲဆႏၵရွင္ ၃၉ ရာခိုင္ႏႈန္းကေတာ့ သူတို႔သမၼတေလာင္း၊ သမၼတေလာင္းရဲ႕မူဝါဒမ်ားနဲ႔ပတ္သက္ၿပီး အျပဳသေဘာေဆာင္တဲ့သေဘာထားမ်ားကို ေဖာ္ျပခဲ့ၾကပါတယ္။

စစ္တမ္းဟာ ထရမ့္အအေပၚစြဲဆိုထားတဲ့ ဥပေဒေရးရာကိစၥရပ္မ်ားကိုလည္း ထိခိုက္ေစေၾကာင္း အေရးတႀကီး မွတ္သားဖြယ္ရွိပါတယ္။ ထရမ့္အေနနဲ႔ ဥပေဒခ်ိဳးေဖာက္ရာေရာက္ေၾကာင္း ျပစ္မႈထင္ရွားလွ်င္ ေထာင္ဒဏ္ ခ်မွတ္ သင့္တယ္လို႔ ရီပတ္ဘလစ္ကင္ ၅၅ ရာခိုင္ႏႈန္းက ယုံၾကည္ၾကပါတယ္။ ဒါေပမယ့္ ရီပတ္ဘလီကင္အမ်ားစုႀကီး ကေတာ့ ေ႐ြးေကာက္ပြဲလိမ္လည္ေၾကာင္း ဆြယ္တရားေဟာေျပာျခင္းအတြက္ ထရမ့္မွာ အျပစ္ရွိတယ္လို႔ မယူဆ ၾကပါဘူး။
(အေမရိကန္ဟာ ကမာၻ႔စစ္ေရး စီးပြားေရး နံပတ္တစ္ႏိုင္ငံျဖစ္တဲ့အတြက္ ဘယ္သူဘယ္ဝါ သမၼတျဖစ္မယ္ဆိုတာ ႏိုင္ငံတကာက စိတ္ဝင္စားၾကပါတယ္။
အေမရိကန္ႏိုင္ငံထူေထာင္ၿပီးေနာက္ ေ႐ြးေကာက္ပြဲ အျငင္းပြားမႈ ၆ ႀကိမ္ ျဖစ္ပြားခဲ့ဖူးၿပီး ၁၈၂၄၊ ၁၈၇၈၊ ၁၈၁၂၊ ၁၉၆ဝ၊ ၂ဝဝဝ နဲ႔ ၂ဝ၂ဝ ျပည့္ႏွစ္မွာျဖစ္ပါတယ္။

အေမရိကန္တရားဥပေဒမ်ား အားလုံးကို ကြၽန္ေတာ္ မေလ့လာမိေပမယ့္ ၂ဝ၂၁ ခုႏွစ္ ဇန္နဝါရီ ၆ ရက္ ဝါရွင္တန္ဒီစီ ကက္ပီတိုေဟးလ္ ကြန္ဂရက္အေဆာက္အအုံ အၾကမ္းဖက္မႈဟာ ထရမ့္ရဲ႕လႈံ႕ေဆာ္မႈေၾကာင့္ျဖစ္ရတယ္လို႔ ကြၽန္ေတာ္ မယုံၾကည္ပါ။
ထရမ့္ မဲရႈံးရေအာင္ လွ်ိဳ႕ဝွက္ႀကံစည္သူဟာ ကြၽန္ေတာ္တို႔ ျမန္မာမ်ား ေမတၱာတုံး ေဂ်ာ့ဆိုးေရာ့စ္ျဖစ္ေၾကာင္း ရီပတ္ဘလစ္ကင္တို႔ ယုံၾကည္ခ်က္ကို သက္ေသမျပႏိုင္ေပမယ့္ ဟုတ္သလိုလို ရွိခဲ့တာအမွန္ျဖစ္ပါတယ္။ ေ႐ြးေကာက္ပြဲမက်င္းပမီ၊ က်င္းပေနစဥ္နဲ႔ က်င္းပၿပီးေနာက္ အေမရိကန္သတင္းမီဒီယာတို႔ရဲ႕ေရးသားခ်က္မ်ားဟာ ဘယ္ဟာက အမွန္ျဖစ္ေၾကာင္း တရား႐ုံးေတာ္က ၾကားဝင္မဟန္႔တားႏိုင္မီအထိ ဇေဝဇဝါျဖစ္ေလာက္ေအာင္ ရႈပ္ေထြးခဲ့ပါတယ္။ ဒီေန႔ သတင္းစားသုံးသူ ေရမီးရွားေနမ်ား ခ်ာလပတ္ရမ္းေနတဲ့ အတိုင္းပါပဲ။
မဲျပားအေရအတြက္ကို ျပန္လည္စစ္ေဆးၿပီးေနာက္ အမွန္ေျပာင္းလဲေပးခဲ့ေပမယ့္ မဲရလဒ္အေပၚ အႀကီးအက်ယ္ ေျပာင္းလဲႏိုင္ျခင္းမရွိေၾကာင္း ေတြ႕ရပါတယ္။ ဒါေပမယ့္ ထရမ့္ကိုယ္စားလွယ္မ်ား ကနဦး ဆင္ေျခေပးတဲ့အတိုင္း သံသယဝင္စရာေကာင္းေနပါတယ္။ စာတိုက္မွတဆင့္ေပးပို႔တဲ့ ဆႏၵမဲမ်ားကို FBI အေနနဲ႔ ေနာက္ေၾကာင္းျပန္ ေျခရာေကာက္ရန္ မျဖစ္ႏိုင္ေလာက္ေအာင္ရွိၿပီး သူတို႔ႏိုင္ငံ စာတိုက္စနစ္ရဲ႕ ေျဖာင့္မွန္တာဝန္ေၾကပြန္မႈအေပၚမွာ သာ ပုံခ်လိုက္ရသလို ရွိပါတယ္။

ဒိုမီနီယံေ႐ြးေကာက္ပြဲမဲေပးစနစ္နဲ႔ “စမတ္စ္မက္ တစ္_အီလက္ထေရာနစ္ကုမၸဏီ” တို႔အေပၚ စြပ္စြဲေရးသားခ်က္ မ်ားေၾကာင့္ ထရမ့္ေထာက္ခံတဲ့ “ေဖာက္စ္_သတင္းဌာန” လည္း အသေရဖ်က္မႈနဲ႔ တရားစြဲဆိုခံထားရပါတယ္။ သတင္းေအဂ်င္စီနဲ႔ စမတ္စ္မက္တစ္အီလက္ထေရာနစ္ကုမၸဏီတို႔ရဲ႕အမႈဟာ ၾကားနာေနဆဲျဖစ္ၿပီး၊ ဒိုမီနီယံကုမၸဏီ အမႈမွာေတာ့ ေဖာက္စ္က ေဒၚလာ ၇၈၇.၅ သန္း ေပးေလ်ာ္ခဲ့ရပါတယ္။ ။ သတင္းဘာသာျပန္သူ)

#ေဒၚနယ္ထရမ့္ #ဂ်ိဳးဘိုင္ဒင္ #၂၀၂၄ခုႏွစ္အေမရိကန္သမၼတေ႐ြးေကာက္ပြဲ #ဒိုမီနီယံေ႐ြးေကာက္ပြဲမဲေပးစနစ္
#ေရာဘတ္_အက္ဖ္-ကေနဒီ_ဂ်ဴနီယာ #စမတ္စ္မက္တစ္_အီလက္ထေရာနစ္ကုမၸဏီ ေဂ်ာ့ဆိုေရာ့စ္
(Reuters, 25 January 2024,” Trump opens up lead over Biden in rematch many Americans don't want” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.