ဘင်္ဂလားဒေ့ရ်ှတွင် ဗီဇပြောင်းမူကွဲ ကိုရိုနာဗိုင်းရပ်စ်သစ်တွေ့ရှိ၊ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်

 1346

Htay Oung (NP News) - ဇန်နဝါရီ ၂၇

ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ဗီဇပြောင်း မူကွဲကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့လာခြင်းနဲ့အတူ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာတဲ့အတွက် မာ့စ်၀တ်ဆင်ရန် စည်းကမ်းသတ်မှတ်ချက်များကို ပြင်လည်ကျင့်သုံးရတော့မှာဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုတယ်လို့ ဒါကာထရီဗြွန်းသတင်းအေဂျင်စီက ယမန်နေ့(ဇန်နဝါရီလ ၂၆ ရက်)မှာ ရေးသားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ အိုမက်ခရွန် ဗီဇမျိုးရိုးဖြစ်တဲ့ JN.1 တစ်ဆင့်ခံ မူကွဲဗိုင်းရပ်စ်သစ်ကို တွေ့ရှိရပြီး စိတ်၀င်စားဖွယ်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာခဲ့ပါတယ်။ နောက်တစ်လအကြာ ဇန်နဝါရီလ ၁၈ ရက်မှာ အဲဒီ မူကွဲဗိုင်းရပ်စ်ကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွင်းမှာလည်း တွေ့ရှိရကြောင်း အမျိုးသားကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ သုတေသနဆိုင်ရာအင်စတီကျု့ IEDCR က အတည်ပြုခဲ့ပါတယ်။

အဲဒီ မူကွဲဗိုင်းရပ်စ်ဟာ လျင်မြန်စွာ ပျံ့နှံ့ပေမယ့် ရောဂါကြောင့် ဝေဒနာပြင်းထန်မှု နည်းပါးကြောင်း သိရှိရပါတယ်။ (သံသယရှိသူ) ၆ ဦးအနက် ၅ ဦးတိုမှာ မူကွဲဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်က အတည်ပြုလိုက်ခြင်းဖြစ်ပါတယ်။

လိုအပ်မယ်ဆိုရင် စမ်းသပ်စစ်ဆေးရန် နမူနာများပေးပို့ဖို့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများထံ ညွှန်ကြားထားတယ်လို့ IEDCR ဒါရိုက်တာ ဒေါက်တာ တာမီနာရှာရင်းက ပြောပါတယ်။ မတ်စ်မျက်နှာဖုံး ဝတ်ဆင်ခြင်းနဲ့ လူစုလူဝေးကို ရှောင်ကြဉ်ခြင်းတို့ဟာ ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် အမြဲတမ်း မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ သတင်း စကားများဖြစ်ကြောင်း၊ သတင်းကောင်းအနေနဲ့ကတော့ ကာကွယ်ဆေးဟာ ဒီမူကွဲအသစ်အပေါ်မှာလည်း ထိရောက်မှုရှိကြောင်း အစိုးရကာကွယ်ဆေးထိုးလှုပ်ရှားမှုကို ပြန်လည်စတင်နေပြီး ယခင် “ဘူစတာ” “အားမြှင့်ထိုးနှံမှု” ပြီးစီး သူများအတွက် စတုတ္ထအကြိမ် ထိုးနှံမှုဖြစ်ကြောင်း၊ ကိုဗစ်ကပ်ရောဂါ ကျနေရာက်နေ ၂၀၂၀ ခုနှစ် မတ်လ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ပထမဆုံးရောဂါဖြစ်ပွားမှုကို အတည်ပြုခဲ့ပြီးနောက်ပိုင်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူ နှစ်သန်းကျော် စမ်းသပ်တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းတို့အနက် လူပေါင်း ၃၀,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း၊ မက်စ်ဝတ်ဆင်ခြင်းနဲ့ လူစုလူဝေးနီးကပ်မှု ကန့်သတ်ခြင်းမျိုးလို တင်းကျပ်တဲ့ ကျန်းမာရေး လုပ်ငန်းစဉ်များနဲ့ နေရာတိုင်းနီးပါးမှာ စမ်းသပ်ခန်းများကို ထူထောင်ခဲ့ရကြောင်း၊ ဒါပေမယ့် ကပ်ရောဂါ ပြီးဆုံးသွားပြီလို့ လူအများမှတ်ယူထားတဲ့အတွက် အဲဒီ အစဉ် အလာကို ထိန်းသိမ်းနိုင်ခြင်း မရှိခဲကြောင်း၊ ဗိုင်းရပ်စ်မူကွဲအသစ်နဲ့အတူ ကူးစက်ခံရမှုများ ထပ်မံ မြင့်တက်လာနေကြောင်း၊ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၃၄ ခုကို တွေ့ရှိခံပြီး စစ်ဆေးမှုနဲ့ တွေ့ရှိမှုနှုန်းဟာ ၈.၇ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါလက္ခဏာပြ လူနာတွေကို စတင်တွေ့ရှိလာတဲ့အတွက် မက်စ်၀တ်ဆင်တာကို ပြန်စရလိမ့်မယ်လို့ ဆေးဘက်ဆိုင်ရာအထူးကုဆရာ၀န်တစ်ဦးက ပြောပါတယ်။

အဖျားတက်ခြင်း သို့မဟုတ် အခြားရောဂါလက္ခဏာများခံစားရပြီးနောက် အောက်ဆီဂျင်ဓာတ်ပြည့်ဝမှုနှုန်း လျင်မြန်စွာကျဆင်းသွားတာကို သတိပြုမိကြောင်း၊ အဲ့ဒီလူနာတွေ အခု ပြန်နေကာင်းလာပြီး ဘာမှ စိုးရိမ်စရာ မရှိတော့ကြောင်း၊ ဒါပေမယ့် ဗိုင်းရပ်စ်ပျံ့နှံ့နေတဲ့အခြေအနေကို လျစ်လျူမရှုသင့်ဘူးပဲ မက်စ်၀တ်ဆင်တာကို ပြန်ကျင့်သုံးကြဖို့ လိုအပ်တယ်လို့ ဒါကာမြို့ ဂရင်းလိုက်ဖ်ဆေးရုံ တွဲဖက်ပါမောက္ခ ဆရာ၀န်ကြီးက ပြောပါတယ်။

JN.1 မူကွဲဗိုင်းရပ်ကူးစက်မှုဟာ မျိုးရိုးတူ အခြားမျိုးကွဲများထက် ကွဲပြားတဲ့ ရောဂါလက္ခဏာများ ပြသခြင်း ရှိ-မရှိ မသိရသေးပါဘူး၊ ယေဘူယျအားဖြင့် ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်မျိုးရိုး၀င်တို့ရဲ့ ရောဂါလက္ခဏာများဟာ မျိုးကွဲများမှာလည်း ဆင်တူနေတတ်ပါတယ်။ အမေရိကန်ရောဂါထိန်းချုပ်ရေးစင်တာ အဆိုအရ ဝေဒနာခံစားရမှု လက္ခဏာအမျိုးအစားများနဲ့ ပြင်းထန်ပုံတို့ဟာ ရောဂါပိုးကူးစက်စေတဲ့ မူကွဲဗိုင်းရပ်စ်အမျိုးအစားထက် လူ တစ်ဦးချင်းစီရဲ့ ကိုယ်ခံစွမ်းအားနဲ့ အလုံးစုံကျန်းမာရေးအပေါ်မှာ ပိုပြီးမူတည်နေကြောင်း သိရှိရပါတယ်။

၂၀၂၄- ၂၀၂၅-ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ကြိမ်ရေ ၂၅-သန်း ထိုးနှံ့ပေးဖို့ ရည်မှန်းထားပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လှုပ်ရှားမှုအသစ်ကို ကြေညာလိုက်ပါတယ်။

ကိုဗစ်-၁၉ ဆိုင်ရာ အမျိုးသားနည်းပညာကော်မပြက မက်စ်၀တ်ဆင်အသုံးပြုရန် အားလုံးကို ညွှန်ကြားထားကြောင်း၊ လက်ဆေးခြင်းနဲ့ လူစုလူဝေးနီးကပ်မှု ကန့်သတ်ခြင်းမျိုးလို ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်း ရေး စည်းမျဉ်းသတ်မှတ်ချက်များကို ထိန်းသိမ်းရန် ညွှန်ကြားထားတယ်လို့ IEDCR အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မူစတာဟိုစိန်က ပြောပါတယ်။

ရောဂါလက္ခဏာတွေ ရှိရင် စစ်ဆေးကြည့်သင့်တယ်လို့ ဆိုခဲ့ပြီး မူကွဲဗိုင်းရပ်စ်အသစ်ဟာ သဘာဝအားဖြင့် ပျော့ ပျောင်းပေမယ့် သက်ကြီးရွယ်အိုများနဲ့ နာတာရှည်ရောဂါသယ်များမှာ ပြင်းထန်စွာကူးစက်ဖြစ်ပွားနိုင်ကြောင်း၊ အစိုးရအနေနဲ့ နောက်လကစပြီး ကာကွယ်ဆေးထိုးနှံမှုကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကျန်းမာ ရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဦးစားပေး ထိုးနှံသွားဖို့ရှိကြောင်း ရှင်းပြပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ဟာ အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။ တစ်ခါတစ်ရံ အဲ့ဒီပြောင်းလဲမှု တွေဟာ မူကွဲအသစ်များကို ပိုမိုလျင်မြန်စွာ သို့မဟုတ် ထိထိရောက်ရောက် ပျံ့နှံ့စေပါတယ်။ အဲ့ဒီလို ဖြစ်လာခဲ့ ရင် မူကွဲအသစ်ဗိုင်းရပ်စ်ဟာ ပျံ့နှံ့နေဆဲ အခြားမူကွဲဗိုင်းရပ်စ်များနဲ့ ဘုံဆက်နွယ်သွားနိုင်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးစင်တာက ပြောခဲ့ဖူးပါတယ်။

JN.1 မူကွဲ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆက်လက်ကြီးထွားမှုဟာ လူတို့ရဲ့ ခုခံအားစနစ်များကို ရှောင်ရှားနိုင် သို့မဟုတ် ပိုမိုကူးစက်နိုင်တဲ့ အဆင့်တစ်ခုကို ရောက်လာနိုင်ကြောင်း၊ ခုချိန်အထိတော့ JN.1 ဟာ အခြား လက်ရှိပျံ့နှံ့နေဆဲ မူကွဲများနဲ့ နှိုင်းယှဉ်ရင် အန္တရာယ်ပိုများတာကို သက်သေ မပြနိုင်သေးကြောင်း၊ ရောဂါပြင်းထန်မှု တိုးမြင့်လာဖွယ် အရိပ်လက္ခဏာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

(ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားချိန်၊ နိုင်ငံတကာကူးစက်ပျံ့နှံ့မှု၊ ကာကွယ်ဆေးထုတ်လုပ်ခြင်းအမျိုးမျိုးနဲ့ နိုင်ငံအလိုက်ကာကွယ် ဆေး ထိုးနှံပုံသတင်းများကို လက်လှမ်းမီသမျှ အချိန်နဲ့တပြေးညီ ဘာသာပြန်ဖော်ပြခဲ့ဖူးသော ကျွန်တော့်အနေနဖြင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွင်း JN.1 မူကွဲဗိုင်းရပ်စ်ကူးစက်မှုလျှင်မြန်လာကြောင်း သတင်းကြောင့် စိုးရိမ်မကင်း ဖြစ်မိကြောင်း ၀န်ခံလိုပါတယ်။

ထိစပ်နေတဲ့ အိမ်နီးချင်း ၄-နိုင်ငံတို့ဟာ မြန်မာနဲ့ ရေမြေသဘာ၀ နေထိုင်စားသောက်ပုံအလေ့အထ အလွန်နီးစပ်ကြပါတယ်။ အထူးသဖြင့် ရာသီဥတုတူညီ ရေမြေတစ်ဆက်တည်းရှိပြီး လူနေမှုအဆင့်အတန်း သိပ်မကွာတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွင်း ကူးစက်ရောဂါ စတင်ဖြစ်ပွားတဲ့ရက်၊ ကူးစက်နှုန်းထား အတက်အကျ၊ လူအသေ အပျောက်နှုန်းတို့မှာ တစ်ထပ်တည်းနီးပါး တူညီကြောင်း သတိပြုမိပါတယ်။

ဗီဇအုပ်စု အမျိုးမျိုး ကွဲပြားလာပြီး တစ်ဆင့် မူကွဲလာတဲ့ JN.1 ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ ဝေဒနာခံစားရမှု မပြင်းထန်ဘူးဆိုတာ ကာကွယ်ဆေး ထိုးနှံပြီးစီးသူများ ရောဂါအခံ မရှိ၊ ကျန်းမာရေးကောင်းမွန်သူများအတွက်သာ ရာနှုန်းအများစု မှန်ကန်ပါတယ်။ အဲ့ဒါလည်း လုံးမ မဖြစ်ဟု အာမ မခံ၊ ကာကွယ်ဆေးအမျိုးအစားအလိုက် ၉၅% အထိ ကာကွယ်နိုင်ခြင်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာကြီးမှာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါဟာ ပြီးဆုံးခြင်း မရှိသေးပါဘူး၊ ဖျားနာတဲ့အခါ ဝေဒနာ ခံစားရပြီး အလုပ်ပျက် အကိုင်ပျက်ဖြစ်ရမြဲမို့ ဘာရောဂါမှ မဖြစ်ရင် အကောင်းဆုံးပါ။ ဒီအတွက် အပြင်ထွက်တဲ့ အခါ မက်စ်၀တ်ဆင်ခြင်း၊ လက်ကို သန့်ရှင်းအောင်ထားခြင်း၊ လူစုလူဝေးနဲ့ နီးကပ်မှု ကန့်သတ်ခြင်းသာမက ကာကွယ်ဆေးထိုးနှံ့မှု့လည်း ပြန်လည်စတင်သင့်ကြောင်း အကြံပြူလိုပါတယ်။ ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်သည်။)

(Dhaka Tribune., 26 January 2024,” Covid cases are rising as new variant strikes Bangladesh” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ဘဂၤလားေဒ့ရ္ွတြင္ ဗီဇေျပာင္းမူကြဲ ကို႐ိုနာဗိုင္းရပ္စ္သစ္ေတြ႕ရွိ၊ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈ ျမင့္တက္
Htay Oung (NP News) - ဇန္နဝါရီ ၂၇

ဘဂၤလားေဒ့ရ္ွႏိုင္ငံမွာ ဗီဇေျပာင္း မူကြဲကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔လာျခင္းနဲ႔အတူ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈ ျမင့္တက္လာတဲ့အတြက္ မာ့စ္၀တ္ဆင္ရန္ စည္းကမ္းသတ္မွတ္ခ်က္မ်ားကို ျပင္လည္က်င့္သုံးရေတာ့မွာျဖစ္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာဆိုတယ္လို႔ ဒါကာထရီႁဗြန္းသတင္းေအဂ်င္စီက ယမန္ေန႔(ဇန္နဝါရီလ ၂၆ ရက္)မွာ ေရးသားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ အိုမက္ခ႐ြန္ ဗီဇမ်ိဳး႐ိုးျဖစ္တဲ့ JN.1 တစ္ဆင့္ခံ မူကြဲဗိုင္းရပ္စ္သစ္ကို ေတြ႕ရွိရၿပီး စိတ္၀င္စားဖြယ္ျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက ေၾကညာခဲ့ပါတယ္။ ေနာက္တစ္လအၾကာ ဇန္နဝါရီလ ၁၈ ရက္မွာ အဲဒီ မူကြဲဗိုင္းရပ္စ္ကို ဘဂၤလားေဒ့ရ္ွႏိုင္ငံအတြင္းမွာလည္း ေတြ႕ရွိရေၾကာင္း အမ်ိဳးသားကူးစက္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ သုေတသနဆိုင္ရာအင္စတီက်ဳ႕ IEDCR က အတည္ျပဳခဲ့ပါတယ္။

အဲဒီ မူကြဲဗိုင္းရပ္စ္ဟာ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔ေပမယ့္ ေရာဂါေၾကာင့္ ေဝဒနာျပင္းထန္မႈ နည္းပါးေၾကာင္း သိရွိရပါတယ္။ (သံသယရွိသူ) ၆ ဦးအနက္ ၅ ဦးတိုမွာ မူကြဲဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း ေတြ႕ရွိတယ္လို႔ ဘဂၤလားေဒ့ရွ္က အတည္ျပဳလိုက္ျခင္းျဖစ္ပါတယ္။

လိုအပ္မယ္ဆိုရင္ စမ္းသပ္စစ္ေဆးရန္ နမူနာမ်ားေပးပို႔ဖို႔ သက္ဆိုင္တဲ့ ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ားထံ ၫႊန္ၾကားထားတယ္လို႔ IEDCR ဒါ႐ိုက္တာ ေဒါက္တာ တာမီနာရွာရင္းက ေျပာပါတယ္။ မတ္စ္မ်က္ႏွာဖုံး ဝတ္ဆင္ျခင္းနဲ႔ လူစုလူေဝးကို ေရွာင္ၾကဥ္ျခင္းတို႔ဟာ ကိုဗစ္ေရာဂါ ကာကြယ္ေရးအတြက္ အၿမဲတမ္း မရွိမျဖစ္ လိုအပ္တဲ့ က်န္းမာေရးဆိုင္ရာ သတင္း စကားမ်ားျဖစ္ေၾကာင္း၊ သတင္းေကာင္းအေနနဲ႔ကေတာ့ ကာကြယ္ေဆးဟာ ဒီမူကြဲအသစ္အေပၚမွာလည္း ထိေရာက္မႈရွိေၾကာင္း အစိုးရကာကြယ္ေဆးထိုးလႈပ္ရွားမႈကို ျပန္လည္စတင္ေနၿပီး ယခင္ “ဘူစတာ” “အားျမႇင့္ထိုးႏွံမႈ” ၿပီးစီး သူမ်ားအတြက္ စတုတၳအႀကိမ္ ထိုးႏွံမႈျဖစ္ေၾကာင္း၊ ကိုဗစ္ကပ္ေရာဂါ က်ေနရာက္ေန ၂၀၂၀ ခုႏွစ္ မတ္လ ဘဂၤလားေဒ့ရ္ွႏိုင္ငံမွာ ပထမဆုံးေရာဂါျဖစ္ပြားမႈကို အတည္ျပဳခဲ့ၿပီးေနာက္ပိုင္း ဗိုင္းရပ္စ္ကူးစက္ခံထားရသူ ႏွစ္သန္းေက်ာ္ စမ္းသပ္ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

၎တို႔အနက္ လူေပါင္း ၃၀,၀၀၀ နီးပါး ေသဆုံးခဲ့ေၾကာင္း၊ မက္စ္ဝတ္ဆင္ျခင္းနဲ႔ လူစုလူေဝးနီးကပ္မႈ ကန္႔သတ္ျခင္းမ်ိဳးလို တင္းက်ပ္တဲ့ က်န္းမာေရး လုပ္ငန္းစဥ္မ်ားနဲ႔ ေနရာတိုင္းနီးပါးမွာ စမ္းသပ္ခန္းမ်ားကို ထူေထာင္ခဲ့ရေၾကာင္း၊ ဒါေပမယ့္ ကပ္ေရာဂါ ၿပီးဆုံးသြားၿပီလို႔ လူအမ်ားမွတ္ယူထားတဲ့အတြက္ အဲဒီ အစဥ္ အလာကို ထိန္းသိမ္းႏိုင္ျခင္း မရွိခဲေၾကာင္း၊ ဗိုင္းရပ္စ္မူကြဲအသစ္နဲ႔အတူ ကူးစက္ခံရမႈမ်ား ထပ္မံ ျမင့္တက္လာေနေၾကာင္း၊ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကူးစက္မႈအသစ္ ၃၄ ခုကို ေတြ႕ရွိခံၿပီး စစ္ေဆးမႈနဲ႔ ေတြ႕ရွိမႈႏႈန္းဟာ ၈.၇ ရာခိုင္ႏႈန္း ျဖစ္တယ္လို႔ ဆိုပါတယ္။

ကိုဗစ္-၁၉ ေရာဂါလကၡဏာျပ လူနာေတြကို စတင္ေတြ႕ရွိလာတဲ့အတြက္ မက္စ္၀တ္ဆင္တာကို ျပန္စရလိမ့္မယ္လို႔ ေဆးဘက္ဆိုင္ရာအထူးကုဆရာ၀န္တစ္ဦးက ေျပာပါတယ္။

အဖ်ားတက္ျခင္း သို႔မဟုတ္ အျခားေရာဂါလကၡဏာမ်ားခံစားရၿပီးေနာက္ ေအာက္ဆီဂ်င္ဓာတ္ျပည့္ဝမႈႏႈန္း လ်င္ျမန္စြာက်ဆင္းသြားတာကို သတိျပဳမိေၾကာင္း၊ အဲ့ဒီလူနာေတြ အခု ျပန္ေနကာင္းလာၿပီး ဘာမွ စိုးရိမ္စရာ မရွိေတာ့ေၾကာင္း၊ ဒါေပမယ့္ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔ေနတဲ့အေျခအေနကို လ်စ္လ်ဴမရႈသင့္ဘူးပဲ မက္စ္၀တ္ဆင္တာကို ျပန္က်င့္သုံးၾကဖို႔ လိုအပ္တယ္လို႔ ဒါကာၿမိဳ႕ ဂရင္းလိုက္ဖ္ေဆး႐ုံ တြဲဖက္ပါေမာကၡ ဆရာ၀န္ႀကီးက ေျပာပါတယ္။

JN.1 မူကြဲဗိုင္းရပ္ကူးစက္မႈဟာ မ်ိဳး႐ိုးတူ အျခားမ်ိဳးကြဲမ်ားထက္ ကြဲျပားတဲ့ ေရာဂါလကၡဏာမ်ား ျပသျခင္း ရွိ-မရွိ မသိရေသးပါဘူး၊ ေယဘူယ်အားျဖင့္ ကိုဗစ္-၁၉ ကို႐ိုနာဗိုင္းရပ္စ္မ်ိဳး႐ိုး၀င္တို႔ရဲ႕ ေရာဂါလကၡဏာမ်ားဟာ မ်ိဳးကြဲမ်ားမွာလည္း ဆင္တူေနတတ္ပါတယ္။ အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးစင္တာ အဆိုအရ ေဝဒနာခံစားရမႈ လကၡဏာအမ်ိဳးအစားမ်ားနဲ႔ ျပင္းထန္ပုံတို႔ဟာ ေရာဂါပိုးကူးစက္ေစတဲ့ မူကြဲဗိုင္းရပ္စ္အမ်ိဳးအစားထက္ လူ တစ္ဦးခ်င္းစီရဲ႕ ကိုယ္ခံစြမ္းအားနဲ႔ အလုံးစုံက်န္းမာေရးအေပၚမွာ ပိုၿပီးမူတည္ေနေၾကာင္း သိရွိရပါတယ္။

၂၀၂၄- ၂၀၂၅-ခုႏွစ္မွာ ဘဂၤလားေဒ့ရွ္ အစိုးရအေနနဲ႔ ႀကိမ္ေရ ၂၅-သန္း ထိုးႏွံ႔ေပးဖို႔ ရည္မွန္းထားၿပီး ကိုဗစ္-၁၉ ကာကြယ္ေဆးထိုး လႈပ္ရွားမႈအသစ္ကို ေၾကညာလိုက္ပါတယ္။

ကိုဗစ္-၁၉ ဆိုင္ရာ အမ်ိဳးသားနည္းပညာေကာ္မျပက မက္စ္၀တ္ဆင္အသုံးျပဳရန္ အားလုံးကို ၫႊန္ၾကားထားေၾကာင္း၊ လက္ေဆးျခင္းနဲ႔ လူစုလူေဝးနီးကပ္မႈ ကန္႔သတ္ျခင္းမ်ိဳးလို က်န္းမာေရးနဲ႔ တစ္ကိုယ္ေရသန႔္ရွင္း ေရး စည္းမ်ဥ္းသတ္မွတ္ခ်က္မ်ားကို ထိန္းသိမ္းရန္ ၫႊန္ၾကားထားတယ္လို႔ IEDCR အႀကံေပးပုဂၢိဳလ္ ေဒါက္တာ မူစတာဟိုစိန္က ေျပာပါတယ္။

ေရာဂါလကၡဏာေတြ ရွိရင္ စစ္ေဆးၾကည့္သင့္တယ္လို႔ ဆိုခဲ့ၿပီး မူကြဲဗိုင္းရပ္စ္အသစ္ဟာ သဘာဝအားျဖင့္ ေပ်ာ့ ေပ်ာင္းေပမယ့္ သက္ႀကီး႐ြယ္အိုမ်ားနဲ႔ နာတာရွည္ေရာဂါသယ္မ်ားမွာ ျပင္းထန္စြာကူးစက္ျဖစ္ပြားႏိုင္ေၾကာင္း၊ အစိုးရအေနနဲ႔ ေနာက္လကစၿပီး ကာကြယ္ေဆးထိုးႏွံမႈကို တိုးျမႇင့္ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း က်န္းမာ ေရးဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြကို ဦးစားေပး ထိုးႏွံသြားဖို႔ရွိေၾကာင္း ရွင္းျပပါတယ္။

ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားေစတဲ့ ဗိုင္းရပ္စ္ဟာ အခ်ိန္နဲ႔အမွ် ေျပာင္းလဲေနပါတယ္။ တစ္ခါတစ္ရံ အဲ့ဒီေျပာင္းလဲမႈ ေတြဟာ မူကြဲအသစ္မ်ားကို ပိုမိုလ်င္ျမန္စြာ သို႔မဟုတ္ ထိထိေရာက္ေရာက္ ပ်ံ႕ႏွံ႔ေစပါတယ္။ အဲ့ဒီလို ျဖစ္လာခဲ့ ရင္ မူကြဲအသစ္ဗိုင္းရပ္စ္ဟာ ပ်ံ႕ႏွံ႔ေနဆဲ အျခားမူကြဲဗိုင္းရပ္စ္မ်ားနဲ႔ ဘုံဆက္ႏြယ္သြားႏိုင္ေၾကာင္း အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးစင္တာက ေျပာခဲ့ဖူးပါတယ္။

JN.1 မူကြဲ ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ ဆက္လက္ႀကီးထြားမႈဟာ လူတို႔ရဲ႕ ခုခံအားစနစ္မ်ားကို ေရွာင္ရွားႏိုင္ သို႔မဟုတ္ ပိုမိုကူးစက္ႏိုင္တဲ့ အဆင့္တစ္ခုကို ေရာက္လာႏိုင္ေၾကာင္း၊ ခုခ်ိန္အထိေတာ့ JN.1 ဟာ အျခား လက္ရွိပ်ံ႕ႏွံ႔ေနဆဲ မူကြဲမ်ားနဲ႔ ႏႈိင္းယွဥ္ရင္ အႏၲရာယ္ပိုမ်ားတာကို သက္ေသ မျပႏိုင္ေသးေၾကာင္း၊ ေရာဂါျပင္းထန္မႈ တိုးျမင့္လာဖြယ္ အရိပ္လကၡဏာ မေတြ႕ရေသးဘူးလို႔ ဆိုပါတယ္။

(ကိုဗစ္ကပ္ေရာဂါစတင္ျဖစ္ပြားခ်ိန္၊ ႏိုင္ငံတကာကူးစက္ပ်ံ႕ႏွံ႔မႈ၊ ကာကြယ္ေဆးထုတ္လုပ္ျခင္းအမ်ိဳးမ်ိဳးနဲ႔ ႏိုင္ငံအလိုက္ကာကြယ္ ေဆး ထိုးႏွံပုံသတင္းမ်ားကို လက္လွမ္းမီသမွ် အခ်ိန္နဲ႔တေျပးညီ ဘာသာျပန္ေဖာ္ျပခဲ့ဖူးေသာ ကြၽန္ေတာ့္အေနနျဖင့္ ဘဂၤလားေဒ့ရ္ွႏိုင္ငံအတြင္း JN.1 မူကြဲဗိုင္းရပ္စ္ကူးစက္မႈလွ်င္ျမန္လာေၾကာင္း သတင္းေၾကာင့္ စိုးရိမ္မကင္း ျဖစ္မိေၾကာင္း ၀န္ခံလိုပါတယ္။

ထိစပ္ေနတဲ့ အိမ္နီးခ်င္း ၄-ႏိုင္ငံတို႔ဟာ ျမန္မာနဲ႔ ေရေျမသဘာ၀ ေနထိုင္စားေသာက္ပုံအေလ့အထ အလြန္နီးစပ္ၾကပါတယ္။ အထူးသျဖင့္ ရာသီဥတုတူညီ ေရေျမတစ္ဆက္တည္းရွိၿပီး လူေနမႈအဆင့္အတန္း သိပ္မကြာတဲ့ ဘဂၤလားေဒ့ရ္ွႏိုင္ငံအတြင္း ကူးစက္ေရာဂါ စတင္ျဖစ္ပြားတဲ့ရက္၊ ကူးစက္ႏႈန္းထား အတက္အက်၊ လူအေသ အေပ်ာက္ႏႈန္းတို႔မွာ တစ္ထပ္တည္းနီးပါး တူညီေၾကာင္း သတိျပဳမိပါတယ္။

ဗီဇအုပ္စု အမ်ိဳးမ်ိဳး ကြဲျပားလာၿပီး တစ္ဆင့္ မူကြဲလာတဲ့ JN.1 ကို႐ိုနာဗိုင္းရပ္စ္သစ္ဟာ ေဝဒနာခံစားရမႈ မျပင္းထန္ဘူးဆိုတာ ကာကြယ္ေဆး ထိုးႏွံၿပီးစီးသူမ်ား ေရာဂါအခံ မရွိ၊ က်န္းမာေရးေကာင္းမြန္သူမ်ားအတြက္သာ ရာႏႈန္းအမ်ားစု မွန္ကန္ပါတယ္။ အဲ့ဒါလည္း လုံးမ မျဖစ္ဟု အာမ မခံ၊ ကာကြယ္ေဆးအမ်ိဳးအစားအလိုက္ ၉၅% အထိ ကာကြယ္ႏိုင္ျခင္း ျဖစ္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ကမာၻႀကီးမွာ ျဖစ္ပြားေနတဲ့ ကပ္ေရာဂါဟာ ၿပီးဆုံးျခင္း မရွိေသးပါဘူး၊ ဖ်ားနာတဲ့အခါ ေဝဒနာ ခံစားရၿပီး အလုပ္ပ်က္ အကိုင္ပ်က္ျဖစ္ရၿမဲမို႔ ဘာေရာဂါမွ မျဖစ္ရင္ အေကာင္းဆုံးပါ။ ဒီအတြက္ အျပင္ထြက္တဲ့ အခါ မက္စ္၀တ္ဆင္ျခင္း၊ လက္ကို သန္႔ရွင္းေအာင္ထားျခင္း၊ လူစုလူေဝးနဲ႔ နီးကပ္မႈ ကန္႔သတ္ျခင္းသာမက ကာကြယ္ေဆးထိုးႏွံ႔မႈ႕လည္း ျပန္လည္စတင္သင့္ေၾကာင္း အႀကံျပဴလိုပါတယ္။ ။သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္သည္။)

(Dhaka Tribune., 26 January 2024,” Covid cases are rising as new variant strikes Bangladesh” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.