တရုတ်နဲ့အမေရိကန်တို့တွေ့ဆုံဆွေးနွေးပွဲအတွင်း ထိုင်ဝမ်၊ အီရန်အရေးအပြင် မြန်မာအရေးကိုလည်း ထည့်သွင်း ဆွေးနွေး

1455

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၈
တရုတ်နဲ့အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာအရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုင်ဝမ်အရေး၊ အီရန် နဲ့ မြန်မာ နိုင်ငံရေးကိစ္စတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထိုင်ဝမ်အရေးကိစ္စက တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးကိစ္စဖြစ်ကြောင်း၊ မကြာသေးမီ က ထိုင်ဝမ်မှာပြုလုပ်တဲ့ရွေးကောက်ပွဲဟာ တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့အချက်ကို ပြောင်းလဲလို့ မရနိုင်ကြောင်း ပြောပါတယ်။
တရုတ် နဲ့ အမေရိကန်တို့ဟာ ထိုင်ဝမ်အရေးကိစ္စနဲ့ပတ်သက်ပြီး မကြာသေးမီက တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပြီး အမေရိကန်စစ်သင်္ဘာတွေဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းဝင်ရောက်တာမျိုးတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။ တရုတ်အစိုးရက အမေရိကန်ရဲ့လုပ်ရပ်က အခက်အခဲပြဿနာဖြစ်စေဖို့ နဲ့ ရန်စတဲ့ လုပ်ရပ်တွေဖြစ် ကြောင်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံကို ဟူသီလက်နက်ကိုင်အုပ်စုရဲ့တိုက်ခိုက်မှုတွေကို အဆုံးသတ်နိုင်အောင် အီရန်နိုင်ငံကို တောင်းဆိုပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဂျိတ်ဆူလီဗန် နဲ့ ဝမ်ယိတို့တွေ့ဆုံဆွေးနွေးပွဲဟာ ၂ ရက်အတွင်း အချိန် ၁၂ နာရီကြာမြင့်ခဲ့ကြောင်း သိရပါတယ်။
ဂျိတ်ဆူလီဗန်နဲ့ ဝမ်ယိတို့တွေ့ဆုံဆွေးနွေးချိန်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင့်နဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ကြား အပြန်အလှန်ဖုန်းဆက်ဆွေးနွေးပြောဆိုတာမျိုးတွေ လုပ်ဆောင်ဖို့သဘောတူညီခဲ့ကြောင်း ဆိုပါတယ်။

Zawgyi Version;
တ႐ုတ္နဲ႔အေမရိကန္တို႔ေတြ႕ဆုံေဆြးေႏြးပြဲအတြင္း ထိုင္ဝမ္၊ အီရန္အေရးအျပင္ ျမန္မာအေရးကိုလည္း ထည့္သြင္း ေဆြးေႏြး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၈
တ႐ုတ္နဲ႔အေမရိကန္အစိုးရတာဝန္ရွိသူေတြဟာ ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ျမန္မာအေရးကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။
ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့တဲ့ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီအႀကံေပးျဖစ္သူ ဂ်ိတ္ဆူလီဗန္ဟာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ထိုင္ဝမ္အေရး၊ အီရန္ နဲ႔ ျမန္မာ ႏိုင္ငံေရးကိစၥေတြကို ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ထိုင္ဝမ္အေရးကိစၥက တ႐ုတ္ႏိုင္ငံရဲ႕ျပည္တြင္းေရးကိစၥျဖစ္ေၾကာင္း၊ မၾကာေသးမီ က ထိုင္ဝမ္မွာျပဳလုပ္တဲ့ေ႐ြးေကာက္ပြဲဟာ တ႐ုတ္ႏိုင္ငံရဲ႕အစိတ္အပိုင္းျဖစ္တယ္ဆိုတဲ့အခ်က္ကို ေျပာင္းလဲလို႔ မရႏိုင္ေၾကာင္း ေျပာပါတယ္။
တ႐ုတ္ နဲ႔ အေမရိကန္တို႔ဟာ ထိုင္ဝမ္အေရးကိစၥနဲ႔ပတ္သက္ၿပီး မၾကာေသးမီက တင္းမာမႈအရွိန္ျမင့္တက္လာခဲ့ၿပီး အေမရိကန္စစ္သဘၤာေတြဟာ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းဝင္ေရာက္တာမ်ိဳးေတြလည္း ရွိခဲ့ေၾကာင္း သိရပါတယ္။ တ႐ုတ္အစိုးရက အေမရိကန္ရဲ႕လုပ္ရပ္က အခက္အခဲျပႆနာျဖစ္ေစဖို႔ နဲ႔ ရန္စတဲ့ လုပ္ရပ္ေတြျဖစ္ ေၾကာင္း ေဝဖန္ျပစ္တင္ခဲ့ပါတယ္။
အေမရိကန္အစိုးရဟာ တ႐ုတ္ႏိုင္ငံကို ဟူသီလက္နက္ကိုင္အုပ္စုရဲ႕တိုက္ခိုက္မႈေတြကို အဆုံးသတ္ႏိုင္ေအာင္ အီရန္ႏိုင္ငံကို ေတာင္းဆိုေပးဖို႔ ေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။ ဂ်ိတ္ဆူလီဗန္ နဲ႔ ဝမ္ယိတို႔ေတြ႕ဆုံေဆြးေႏြးပြဲဟာ ၂ ရက္အတြင္း အခ်ိန္ ၁၂ နာရီၾကာျမင့္ခဲ့ေၾကာင္း သိရပါတယ္။
ဂ်ိတ္ဆူလီဗန္နဲ႔ ဝမ္ယိတို႔ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း တ႐ုတ္သမၼတရွီက်င့္ဖ်င့္နဲ႔ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ ၾကား အျပန္အလွန္ဖုန္းဆက္ေဆြးေႏြးေျပာဆိုတာမ်ိဳးေတြ လုပ္ေဆာင္ဖို႔သေဘာတူညီခဲ့ေၾကာင္း ဆိုပါတယ္။