ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန် နှင့် ဆန်ကွဲတန်ချိန်(၂)သိန်းကျော်တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ရငွေအနည်းငယ်မြင့်တက်ခဲ့

515

ယွန်း (NP News) - ဖေဖော်ဝါရီ ၅
ယခုနှစ်(၂၀၂၄ ခုနှစ်)၊ ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန်(၂)သိန်းကျော်တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ရငွေအနည်းငယ်တိုး၍ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း ဆန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် (၁၃၇၁၄၄) တန်တင်ပို့နိုင်ခဲ့ပြီး ဆန်ကွဲတင်ပို့မှုသည် မက်ထရစ်တန်ချိန် (၇၆၄၆၁)တန်ရှိခဲ့ရာ စုစုပေါင်း မက်ထရစ်တန်ချိန်(၂၁၃၆၀၅)တန် တင်ပို့နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တင်ပို့မှုများအနက် မက်ထရစ်တန်ချိန်(၂၀၆၅၀၅)တန်ကို ပင်လယ်ရေကြောင်းမှတင်ပို့ခဲ့ပြီး မက်ထရစ်တန်ချိန်(၇၁၀၀)တန်ကို နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
ဇန်နဝါရီလအတွင်း အင်ဒိုနီးရှားနိုင်ငံကို ဆန်တင်ပို့မှုအများဆုံးဖြစ်ခဲ့ပြီး ဖိလစ်ပိုင်၊ ဘာကီနာဖာဆိုပြည်နယ်၊ စပိန်၊ ကို့ဒီဗိုရီပြည်နယ် အပါအဝင် နိုင်ငံပေါင်း (၂၇)နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း အချက်အလက်များတွင်ဖော်ပြထားသည်။
ထို့ပြင် ဆန်ကွဲတင်ပို့မှုတွင်လည်း တရုတ်နိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ပြီး စပိန်၊ ဗီယက်နမ်၊ ဗြိတိန်၊ အင်ဒိုနီးရှား အပါအဝင် နိုင်ငံပေါင်း (၁၃)နိုင်ငံကိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ဇန်နဝါရီလအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၁၁၁) သန်းရရှိခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလတွင်ရရှိခဲ့သည့် ပို့ကုန်ရငွေထက် အနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရသည်။
မြန်မာနိင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ယခု(၂၀၂၃- ၂၀၂၄) ဘဏ္ဍာနှစ်တွင် ကျန်ရှိသည့် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ နှင့် မတ်လတို့တွင် တစ်လလျှင် ဆန်တန်ချိန်(၁)သိန်းခွဲ ဝန်းကျင်သာ တင်ပို့ရန်လျာထားသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဆန်တန်ချိန်(၂)သိန်းကျော်အထိ တင်ပို့နိုင်ခဲ့သည်။
ထို့ပြင် ပြည်တွင်းစားသုံးမှုပိုမိုဖူလုံစေရန်နှင့် ပြည်သူများ ရွေးချယ်ဝယ်ယူမှုများပြားစေရေးအတွက် ပြည်ပသို့ ဆန်တင်ပို့မှုကို ထိန်းညှိသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း ပြည်ပသို့ ပေါင်းဆန်နှင့် ဆန်ကွဲကိုသာ တင်ပို့ရန် စီစဥ်နေကြောင်း သိရသည်။

zawgyi version
ဇန္နဝါရီလအတြင္း ျပည္ပသို႔ ဆန္ ႏွင့္ ဆန္ကြဲတန္ခ်ိန္(၂)သိန္းေက်ာ္တင္ပို႔ႏိုင္ခဲ့ၿပီး ပို႔ကုန္ရေငြအနည္းငယ္ျမင့္တက္ခဲ့
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၅
ယခုႏွစ္(၂၀၂၄ ခုႏွစ္)၊ ဇန္နဝါရီလအတြင္း ျပည္ပသို႔ ဆန္ႏွင့္ ဆန္ကြဲတန္ခ်ိန္(၂)သိန္းေက်ာ္တင္ပို႔ႏိုင္ခဲ့ၿပီး ပို႔ကုန္ရေငြအနည္းငယ္တိုး၍ ရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ (MRF) ထံမွ သိရသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ (MRF) မွ ယေန႔ (ေဖေဖာ္ဝါရီလ ၅ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ အဆိုပါကာလအတြင္း ဆန္တင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ခ်ိန္ (၁၃၇၁၄၄) တန္တင္ပို႔ႏိုင္ခဲ့ၿပီး ဆန္ကြဲတင္ပို႔မႈသည္ မက္ထရစ္တန္ခ်ိန္ (၇၆၄၆၁)တန္ရွိခဲ့ရာ စုစုေပါင္း မက္ထရစ္တန္ခ်ိန္(၂၁၃၆၀၅)တန္ တင္ပို႔ႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
တင္ပို႔မႈမ်ားအနက္ မက္ထရစ္တန္ခ်ိန္(၂၀၆၅၀၅)တန္ကို ပင္လယ္ေရေၾကာင္းမွတင္ပို႔ခဲ့ၿပီး မက္ထရစ္တန္ခ်ိန္(၇၁၀၀)တန္ကို နယ္စပ္ကုန္သြယ္ေရးမွ တင္ပို႔ခဲ့ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
ဇန္နဝါရီလအတြင္း အင္ဒိုနီးရွားႏိုင္ငံကို ဆန္တင္ပို႔မႈအမ်ားဆုံးျဖစ္ခဲ့ၿပီး ဖိလစ္ပိုင္၊ ဘာကီနာဖာဆိုျပည္နယ္၊ စပိန္၊ ကို႔ဒီဗိုရီျပည္နယ္ အပါအဝင္ ႏိုင္ငံေပါင္း (၂၇)ႏိုင္ငံသို႔ တင္ပို႔ခဲ့ေၾကာင္း အခ်က္အလက္မ်ားတြင္ေဖာ္ျပထားသည္။
ထို႔ျပင္ ဆန္ကြဲတင္ပို႔မႈတြင္လည္း တ႐ုတ္ႏိုင္ငံကို အမ်ားဆုံးတင္ပို႔ႏိုင္ခဲ့ၿပီး စပိန္၊ ဗီယက္နမ္၊ ၿဗိတိန္၊ အင္ဒိုနီးရွား အပါအဝင္ ႏိုင္ငံေပါင္း (၁၃)ႏိုင္ငံကိုတင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။ဇန္နဝါရီလအတြင္း ဆန္ႏွင့္ ဆန္ကြဲတင္ပို႔မႈမွ အေမရိကန္ေဒၚလာ(၁၁၁) သန္းရရွိခဲ့ၿပီး ၿပီးခဲ့သည့္ ဒီဇင္ဘာလတြင္ရရွိခဲ့သည့္ ပို႔ကုန္ရေငြထက္ အနည္းငယ္ျမင့္တက္ခဲ့ေၾကာင္း သိရသည္။
ျမန္မာနိင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ယခု(၂၀၂၃- ၂၀၂၄) ဘ႑ာႏွစ္တြင္ က်န္ရွိသည့္ ဇန္နဝါရီလ၊ ေဖေဖာ္ဝါရီလ ႏွင့္ မတ္လတို႔တြင္ တစ္လလွ်င္ ဆန္တန္ခ်ိန္(၁)သိန္းခြဲ ဝန္းက်င္သာ တင္ပို႔ရန္လ်ာထားေသာ္လည္း ၿပီးခဲ့သည့္ ဇန္နဝါရီလတြင္ ဆန္တန္ခ်ိန္(၂)သိန္းေက်ာ္အထိ တင္ပို႔ႏိုင္ခဲ့သည္။
ထို႔ျပင္ ျပည္တြင္းစားသုံးမႈပိုမိုဖူလုံေစရန္ႏွင့္ ျပည္သူမ်ား ေ႐ြးခ်ယ္ဝယ္ယူမႈမ်ားျပားေစေရးအတြက္ ျပည္ပသို႔ ဆန္တင္ပို႔မႈကို ထိန္းညႇိသြားမည္ျဖစ္ၿပီး ေဖေဖာ္ဝါရီလအတြင္း ျပည္ပသို႔ ေပါင္းဆန္ႏွင့္ ဆန္ကြဲကိုသာ တင္ပို႔ရန္ စီစဥ္ေနေၾကာင္း သိရသည္။