အိမ်သာကျင်းအသစ်တူးဖော်စဉ် ကျင်းဟောင်းဘက်အောက်ခြေမှ မြေပေါက်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦး သေဆုံး

19876

NP News - ဖေဖော်ဝါရီ ၅
အိမ်သာကျင်းအသစ်တူးဖော်စဉ် ကျင်းဟောင်းဘက်အောက်ခြေမှ မြေပေါက်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်)၊ နေ့လည် (၂)နာရီခွဲခန့်တွင် မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရေဝင်ရပ်ရှိ နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရေဝင်ရပ်ရှိ နေအိမ်၌ အမျိုးသား (၂)ဦး အိမ်သာကျင်းအသစ်တူးဖော်နေစဉ် ကျင်းဟောင်းဘက်အောက်ခြေမှ မြေပေါက်မှု ဖြစ်ပွားခြင်းကြောင့် အပေါ်သို့မတတ်နိုင်ဘဲ အောက်စီဂျင်ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အပေါ်တွင်ရှိသော အမျိုးသားတစ်ဦးက ဆင်း၍ ကူညီရာ စုစုပေါင်း အမျိုးသား (၃)ဦး နစ်နေခဲ့သဖြင့် ညောင်ဦးမြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ နှင့် အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက် ကြောင်း သိရသည်။
'ပြောရမယ်ဆိုရင် ကျင်းဟောင်းကပေါက်သွားတာ။ ကျင်းအသစ်နဲ့ ကျင်းဟောင်းကလည်း ကပ်နေတာဆိုတော့။ တစ်ယောက်က အရင်ပြုတ်ကျသွားတာ ကျင်းထဲကို။ တစ်ယောက်က သေသွားတယ်။ နောက်တစ်ယောက်က စိုးရိမ်ရတဲ့ အနေအထားပေါ့" ဟု ညောင်ဦးလူငယ်များ ပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်ရာ အမျိုးသား (၂)ဦး ကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သော်လည်း တစ်ဦးမှာ အောက်စီဂျင်ပြတ်တောက်၍ သေဆုံးသွားခဲ့သဖြင့် ၎င်းရုပ်အလောင်းအား ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

zawgyi version
အိမ္သာက်င္းအသစ္တူးေဖာ္စဥ္ က်င္းေဟာင္းဘက္ေအာက္ေျခမွ ေျမေပါက္မႈျဖစ္ပြားကာ အမ်ိဳးသားတစ္ဦး ေသဆုံး
NP News - ေဖေဖာ္ဝါရီ ၅
အိမ္သာက်င္းအသစ္တူးေဖာ္စဥ္ က်င္းေဟာင္းဘက္ေအာက္ေျခမွ ေျမေပါက္မႈျဖစ္ပြားကာ အမ်ိဳးသားတစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ေဖေဖာ္ဝါရီလ ၅ ရက္)၊ ေန႔လည္ (၂)နာရီခြဲခန႔္တြင္ မႏၲေလးတိုင္း၊ ေညာင္ဦးၿမိဳ႕၊ အမွတ္(၅)ရပ္ကြက္၊ ေရဝင္ရပ္ရွိ ေနအိမ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ ေရဝင္ရပ္ရွိ ေနအိမ္၌ အမ်ိဳးသား (၂)ဦး အိမ္သာက်င္းအသစ္တူးေဖာ္ေနစဥ္ က်င္းေဟာင္းဘက္ေအာက္ေျခမွ ေျမေပါက္မႈ ျဖစ္ပြားျခင္းေၾကာင့္ အေပၚသို႔မတတ္ႏိုင္ဘဲ ေအာက္စီဂ်င္ျပတ္ေတာက္သြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အေပၚတြင္ရွိေသာ အမ်ိဳးသားတစ္ဦးက ဆင္း၍ ကူညီရာ စုစုေပါင္း အမ်ိဳးသား (၃)ဦး နစ္ေနခဲ့သျဖင့္ ေညာင္ဦးၿမိဳ႕နယ္ မီးသတ္စခန္းမွတပ္ဖြဲ႕ဝင္မ်ား ႏွင့္ အမွတ္(၅)အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားမွ ရွာေဖြကယ္ဆယ္ေရးမ်ား ေဆာင္႐ြက္ ေၾကာင္း သိရသည္။
'ေျပာရမယ္ဆိုရင္ က်င္းေဟာင္းကေပါက္သြားတာ။ က်င္းအသစ္နဲ႔ က်င္းေဟာင္းကလည္း ကပ္ေနတာဆိုေတာ့။ တစ္ေယာက္က အရင္ျပဳတ္က်သြားတာ က်င္းထဲကို။ တစ္ေယာက္က ေသသြားတယ္။ ေနာက္တစ္ေယာက္က စိုးရိမ္ရတဲ့ အေနအထားေပါ့" ဟု ေညာင္ဦးလူငယ္မ်ား ပရဟိတအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔ ရွာေဖြကယ္ဆယ္ေရးမ်ားေဆာင္႐ြက္ရာ အမ်ိဳးသား (၂)ဦး ကို အသက္ရွင္လ်က္ကယ္ဆယ္ႏိုင္ခဲ့ေသာ္လည္း တစ္ဦးမွာ ေအာက္စီဂ်င္ျပတ္ေတာက္၍ ေသဆုံးသြားခဲ့သျဖင့္ ၎႐ုပ္အေလာင္းအား ေညာင္ဦးခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ ေပးခဲ့ေၾကာင္း သိရသည္။