ကွတ်ခိုင်မြို့တွင် TNLA နှင့် ကချင်တိုင်းရင်းသားများအကြား ပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် လူထုတွေ့ဆုံပွဲ ပြုလုပ်စေလိုဟုဆို

 6679

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁ဝ

ကွတ်ခိုင်မြို့တွင် TNLA နှင့် ကချင်တိုင်းရင်းသား များအကြား ပွတ်တိုက်မှုများဖြစ်ပေါ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ အလားတူ ဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် လူထုတွေ့ဆုံပွဲ ပြုလုပ်စေလိုကြောင်း ကချင်တမန် အဖွဲ့မှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်က ကချင် အမျိုးသားတော်လှန် ရေးနေ့ကို ကွတ်ခိုင်မြို့တွင် ကျင်းပရန်ပြင်ဆင်နေစဉ် TNLA က တားဆီးနှောက်ယှက်ခြင်း၊ အဆိုပါနေ့ အထိမ်းအမှတ်အဖြစ် ကွတ်ခိုင်မြို့နေ ကချင်တိုင်းရင်းသားများက မိမိတို့ ခြံဝန်းအတွင်း ကချင်အလံကို တစ်နေ့တာ လွှင့်ထူ ထားစဉ် အထက်အမိန့်အရဟုဆိုကာ TNLA က ပိတ်ပင်ခြင်း၊ တားဆီးခြင်း၊ အလံတိုင်ကို ချိုးဖျက်၊ ဆွဲဆုတ်၊ ဖြုတ်ချ၊ ယူဆောင်သွားခြင်း နှင့် အလံ တိုင်ကို ခြေဖြင့်ကန်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ကချင်တမန်အဖွဲ့မှ ဖေဖော်ဝါရီလ ၆ ရက်က ထုတ် ပြန်ခဲ့သည့် ကန့်ကွက်စာတွင် ဖော်ပြထားသည်။

ထို့ပြင် ကွတ်ခိုင်မြို့ကိုTNLA အဖွဲ့က တိုက်ယူထားသည်ဟုပြောဆိုကာ ပြည်သူကို အာဏာရှင် ဆန်ဆန် အမိန့်ပေးဆက်ဆံခြင်း၊ "လက်သုံးချောင်း ထောင်တာလည်း ငါတို့ TNLA အောက်မှာပဲ နေရမယ်"ဟု ပြောဆိုခြင်း၊ လက်နက်မဲ့ပြည်သူများကို သေနတ်မောင်းတင်၊ ချိန်ရွယ်ခြိမ်းခြောက်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်းလည်း စာတွင်ရေးသားထားချက်အရသိရကာ ထိုသို့ ဆောင်ရွက်ခဲ့သည့်အတွက် ကွတ်ခိုင်မြို့နေ ကချင်အမျိုးသားထု တစ်ရပ်လုံးကိုယ်စား ကွတ်ခိုင်ကချင်တမန်အဖွဲ့မှ ကန့်ကွက်ရှုတ်ချကြောင်း စာတွင် ရေးသားထားသည်။

"ကျွန်တော်တို့ ဒေသအနေနဲ့က ဦးဆောင်မယ့် သူတွေက တိုင်းရင်းသား ပေါင်းစုံရှိတဲ့အခါ အားလုံး တွေ့ဆုံဖို့ လိုတယ်။ ကျွန်တော်တို့ ဒေသမှာ အစုအဖွဲ့ လေးတွေလည်း ရှိတယ်။ အားလုံးကို တွေ့ဆုံပြီး ဘယ်လို ပါရမယ်ဆိုတာမျိုး ပြောဖို့ အရေးကြီးတယ် လို့ ယူဆပါတယ်"ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

TNLA အနေဖြင့် ကချင်တိုင်းရင်းသားများ အပါအဝင် ကွတ်ခိုင်မြို့နယ်တွင် နေထိုင်သူ လူမျိုးစုံ နှင့်တွေ့ဆုံစေလိုသည့် သဘောထားရှိပါသလား၊ အဆိုပါ သဘောဖြစ်ပါသလားဟု NP News က ဆက်လက်မေးမြန်းခဲ့ရာ "ရှိပါတယ်။ဟုတ်ပါတယ်"ဟု ထည့်သွင်းပြောကြားသည်။

အဆိုပါ စာကို ထုတ်ပြန်ထားခဲ့သော်လည်း ဖေဖော်ဝါရီလ ၉ ရက် အထိ TNLA ဘက်မှ တစုံတရာ အကြောင်းပြန်ကြားလာခြင်း မရှိသေးကြောင်းလည်း ၎င်းကပြောသည်။

zawgyi version
ကြတ္ခိုင္ၿမိဳ႕တြင္ TNLA ႏွင့္ ကခ်င္တိုင္းရင္းသားမ်ားအၾကား ပြတ္တိုက္မႈမ်ား ျဖစ္ေပၚခဲ့သည့္ ကိစၥႏွင့္ပတ္သက္၍ အလားတူျဖစ္စဥ္မ်ိဳး မျဖစ္ပြားေစရန္ လူထုေတြ႕ဆုံပြဲ ျပဳလုပ္ေစလိုဟုဆို
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁ဝ

ကြတ္ခိုင္ၿမိဳ႕တြင္ TNLA ႏွင့္ ကခ်င္တိုင္းရင္းသား မ်ားအၾကား ပြတ္တိုက္မႈမ်ားျဖစ္ေပၚခဲ့သည့္ ကိစၥႏွင့္ ပတ္သက္၍ အလားတူ ျဖစ္စဥ္မ်ိဳး မျဖစ္ပြားေစရန္ လူထုေတြ႕ဆုံပြဲ ျပဳလုပ္ေစလိုေၾကာင္း ကခ်င္တမန္ အဖြဲ႕မွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၅ ရက္က ကခ်င္ အမ်ိဳးသားေတာ္လွန္ ေရးေန႔ကို ကြတ္ခိုင္ၿမိဳ႕တြင္ က်င္းပရန္ျပင္ဆင္ေနစဥ္ TNLA က တားဆီးေႏွာက္ယွက္ျခင္း၊ အဆိုပါေန႔ အထိမ္းအမွတ္အျဖစ္ ကြတ္ခိုင္ၿမိဳ႕ေန ကခ်င္တိုင္းရင္းသားမ်ားက မိမိတို႔ ၿခံဝန္းအတြင္း ကခ်င္အလံကို တစ္ေန႔တာ လႊင့္ထူ ထားစဥ္ အထက္အမိန႔္အရဟုဆိုကာ TNLA က ပိတ္ပင္ျခင္း၊ တားဆီးျခင္း၊ အလံတိုင္ကို ခ်ိဳးဖ်က္၊ ဆြဲဆုတ္၊ ျဖဳတ္ခ်၊ ယူေဆာင္သြားျခင္း ႏွင့္ အလံ တိုင္ကို ေျချဖင့္ကန္ျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ေၾကာင္း ကခ်င္တမန္အဖြဲ႕မွ ေဖေဖာ္ဝါရီလ ၆ ရက္က ထုတ္ ျပန္ခဲ့သည့္ ကန႔္ကြက္စာတြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ ကြတ္ခိုင္ၿမိဳ႕ကိုTNLA အဖြဲ႕က တိုက္ယူထားသည္ဟုေျပာဆိုကာ ျပည္သူကို အာဏာရွင္ ဆန္ဆန္ အမိန႔္ေပးဆက္ဆံျခင္း၊ "လက္သုံးေခ်ာင္း ေထာင္တာလည္း ငါတို႔ TNLA ေအာက္မွာပဲ ေနရမယ္"ဟု ေျပာဆိုျခင္း၊ လက္နက္မဲ့ျပည္သူမ်ားကို ေသနတ္ေမာင္းတင္၊ ခ်ိန္႐ြယ္ၿခိမ္းေျခာက္ျခင္း စသည္တို႔ကို ေဆာင္႐ြက္ခဲ့ေၾကာင္းလည္း စာတြင္ေရးသားထားခ်က္အရသိရကာ ထိုသို႔ ေဆာင္႐ြက္ခဲ့သည့္အတြက္ ကြတ္ခိုင္ၿမိဳ႕ေန ကခ်င္အမ်ိဳးသားထု တစ္ရပ္လုံးကိုယ္စား ကြတ္ခိုင္ကခ်င္တမန္အဖြဲ႕မွ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း စာတြင္ ေရးသားထားသည္။

"ကြၽန္ေတာ္တို႔ ေဒသအေနနဲ႔က ဦးေဆာင္မယ့္ သူေတြက တိုင္းရင္းသား ေပါင္းစုံရွိတဲ့အခါ အားလုံး ေတြ႕ဆုံဖို႔ လိုတယ္။ ကြၽန္ေတာ္တို႔ ေဒသမွာ အစုအဖြဲ႕ ေလးေတြလည္း ရွိတယ္။ အားလုံးကို ေတြ႕ဆုံၿပီး ဘယ္လို ပါရမယ္ဆိုတာမ်ိဳး ေျပာဖို႔ အေရးႀကီးတယ္ လို႔ ယူဆပါတယ္"ဟု အထက္ပါ တာဝန္ရွိသူက ေျပာသည္။

TNLA အေနျဖင့္ ကခ်င္တိုင္းရင္းသားမ်ား အပါအဝင္ ကြတ္ခိုင္ၿမိဳ႕နယ္တြင္ ေနထိုင္သူ လူမ်ိဳးစုံ ႏွင့္ေတြ႕ဆုံေစလိုသည့္ သေဘာထားရွိပါသလား၊ အဆိုပါ သေဘာျဖစ္ပါသလားဟု NP News က ဆက္လက္ေမးျမန္းခဲ့ရာ "ရွိပါတယ္။ဟုတ္ပါတယ္"ဟု ထည့္သြင္းေျပာၾကားသည္။

အဆိုပါ စာကို ထုတ္ျပန္ထားခဲ့ေသာ္လည္း ေဖေဖာ္ဝါရီလ ၉ ရက္ အထိ TNLA ဘက္မွ တစုံတရာ အေၾကာင္းျပန္ၾကားလာျခင္း မရွိေသးေၾကာင္းလည္း ၎ကေျပာသည္။

Related news

© 2021. All rights reserved.