(၁)-(၉)-(၃) သို့မဟုတ် ကာ/လုံ ဆုံးဖြတ်ချက်နဲ့ အစည်းအဝေးကို သုံးသပ်ခြင်း

 9337

မျိုးမင်း (မကျည်းလဟာ) (NP News) - ဖေဖော်ဝါရီ ၁ဝ

" (၆) လတစ်ကြိမ် သက်တမ်းတိုးနေတာ ဘယ်အချိန်ကျမှ ရပ်သွားမှာလဲ "
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ(၃၁)ရက် နံနက်ပိုင်းက အစည်းအဝေး ဆုံးဖြတ်ချက်အရ " နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ်(၆)လ တိုးမြှင့်သတ်မှတ်ကြောင်း " ကြေညာချက်အပြီးမှာ ထွက်ပေါ်လာတဲ့ မေးခွန်းတစ်ခုပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရအဖွဲ့ အာဏာရရှိထားတာဟာ ဇန်နဝါရီ(၃၁)ရက်ည ဆိုရင် စုစုပေါင်း(၃)နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီသုံးနှစ်တာ ကာလအတွင်း လူထုကြားမှာ စိတ်ဝင်စားမှု အမြင့်ဆုံးအချိန်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက် ကာ/လုံအစည်းအဝေးပါပဲ။ ကာ/လုံအစည်းအဝေးကနေ နိုင်ငံတော်ပြဿနာတွေ ပြေလည်ရေးအတွက် ဘယ်လိုပုံစံလမ်းကြောင်းအသစ် ထွက်ပေါ်လာမလဲလို့ စိတ်ဝင်စားတစား စောင့်ကြည့်နေကြသူတွေ ဒုနဲ့ဒေး။ သို့သော်လည်း အစည်းအဝေးဆုံးဖြတ်ချက်အပြီးမှာတော့ မဲပြာပုဆိုး လှေကြီးထိုးရိုးရိုး အကွက်တွေပဲ မြင်လိုက်ရပါတယ်။ ဒါကြောင့် မေးခွန်းပေါင်းများစွာဟာလည်း တစ်ဆက်တည်းပေါ်ထွက်လာခဲ့သလို အရိုးရှင်းဆုံးနဲ့ နားအလည်နိုင်ဆုံး မေးခွန်းတစ်ခုအဖြစ် " ဘယ်တော့ကျမှ သက်တမ်းတိုးတာ ရပ်မှာတုန်း " လို့ မေးလိုက်ရတာပါပဲ။ ဒါ့အပြင် သက်တမ်းတိုးခြင်းမတိုးခြင်းထက် ကသောင်းကနင်းဖြစ်နေတဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိုလည်း ဖိဖိစီးစီးလုပ်ပါဦး ဆိုတဲ့ လူထုရဲ့အသံတွေလည်း ကျယ်လောင်လာပါတယ်။

MNDAA ၊ TNLA ၊ AA တို့ရဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကနေ စတင်ခဲ့တဲ့တိုက်ပွဲတွေဟာ ဗိုလ်ချုပ်မှူးကြီးအတွက် နောက်ထပ်(၆)လ သက်တမ်းတိုးရေးမှာ အထောက်အပံ့တွေဖြစ်ခဲ့သလို ရခိုင်ပြည်နယ်အထိ တိုက်ပွဲတွေ ကူးစက်သွားချိန်မှာတော့ ကာ/လုံထဲမှာ ထုတ်ပြစရာအကောင်းဆုံး သက်သေဖြစ်သွားခဲ့ပါတယ်။ နိုင်ငံတော်ဟာ (၆၇၆၅၇၈)စတုရန်းကီလိုမီတာကျယ်ဝန်းပြီး လူဦးရေ(၅၆)သန်းကျော်ရှိနေပေမယ့် ဒီအကျယ်အဝန်းရဲ့ကံကြမ္မာကို (၁)ကီလိုမီတာတောင်မကျယ်သောအခန်းထဲမှာထိုင်ပြီး ဆုံးဖြတ်ခွင့်ရှိသူက(၉)ဦးသာရှိခဲ့ပါတယ်။ ကာ/လုံထဲမှာ ဗိုလ်ချုပ်မှူးကြီး တင်ပြခဲ့တဲ့အချက်တွေအားလုံးဟာ နောက်ထပ်(၆)လသက်တမ်းတိုးဖို့ကို ခိုင်လုံလွန်းလှသောအထောက်အထားတွေဖြစ်နေသလို နိုင်ငံတော်အရေးဆုံးဖြတ်ကြတဲ့အစည်းအဝေးထဲမှာ ဝင်ထိုင်ခွင့်ရသူအားလုံးကလည်း ငြင်းဆိုစရာမရှိကြတော့ပါ။ ထို့နောက် သက်တမ်း(၆) တိုးလေသည်ပေ့ါ။

ကာ/လုံထဲမှာ ဝင်ထိုင်ခွင့်ရခဲ့ကြသူတွေကို ခွဲခြမ်းစိတ်ဖြတ်ကြည့်မယ်ဆိုရင် အခုလိုမျိုး တွေ့ရပါမယ်။ ၁ - ၉ - ၃ လို့ အလွယ်တကူမှတ်လိုက်ပါ။ (၁) ဆိုတာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရည်ညွှန်းပါတယ်။ (၉) ကတော့ အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်းတက်ရောက်ခွင့်ရှိသူ (၁၁)ဦးထဲက (၉)ဦးကို ရည်ညွှန်းပါတယ်။ (၃) ကတော့ တက်ရောက်ခွင့်ရသူ (၉)ဦးထဲက သီးခြားရည်ညွှန်းချင်သူတွေပါပဲ။ ၂၀၂၁ နိုင်ငံရေးပြဿနာအရ နိုင်ငံတော်တာဝန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်ရဲ့လက်ထဲကို ကာ/လုံ ဆုံးဖြတ်ချက်နဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ(၁)ရက် နံနက်ခင်းပိုင်းမှာ ပေးအပ်ခဲ့ကြပါတယ်။ တာဝန်သက်တမ်းက ဥပဒေအရ တစ်နှစ်နဲ့ (၆)လ နှစ်ကြိမ်အထိပါပဲ။ တာဝန်ထမ်းဆောင်မှုဟာလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ(၃၁)ရက် သို့မဟုတ် ဖေဖော်ဝါရီ(၁)ရက် နံနက်ခင်းဆိုရင် နှစ်နှစ်ပြည့်သွားပါတယ်။ သို့သော်လည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ(၁)ရက် နံနက်ခင်းအထိ တိုင်းပြည်ရဲ့အခြေအနေဟာ အရေးပေါ်ကာလကို လွန်မြောက်ခြင်းမရှိခဲ့သလို တာဝန်ထမ်းဆောင်ခွင့်ရတဲ့ ဦးဆောင်ပုဂ္ဂိုလ်တွေကလည်း တာဝန်ပြီးမြောက်ခြင်း မရှိခဲ့ပါဘူး။ နှစ်နှစ်ပြည့်တဲ့အထိ တာဝန်မပြီးမြောက်သေးတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးက ၂၀၂၃ ခုနှစ် ဇန်နဝါရီ(၃၁)ရက်မှာ ကာ/လုံကနေတစ်ဆင့် နောက်ထပ်(၆)လ သက်တမ်းတိုးခွင့်ရစေဖို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၂၅)ကို ထုတ်သုံးသွားခဲ့ရပါတယ်။ ဒီ ပုဒ်မကို ထုတ်သုံးနိုင်စေဖို့အတွက်လည်း အားဖြည့်လောင်စာတွေအဖြစ် NUG-PDF နဲ့ တိုင်းရင်းသားအမည်ခံထားသော လက်နက်ကိုင်ပုန်ကန်သူတွေက ပါရမီဖြည့်ပေးသလိုဖြစ်ခဲ့ကြပါတယ်။ အဲဒီတော့ သာမန်မဟုတ်သည့် အခြေအနေဆိုသော စကားလုံးနဲ့အတူ ပုဒ်မ(၄၂၅)ဟာ လိုအပ်လာရင် ရာသက်ပန်အထိ သုံးလို့ရအောင် တန်ဖိုးကြီးသွားပါတော့တယ်။ ကာ/လုံထဲမှာ ဝင်ထိုင်ခွင့်ရသူတွေကို လေ့လာကြည့်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးသန်းဆွေ(နိုင်ငံခြားရေးဝန်ကြီး)တို့ဟာ ဗိုလ်ချုပ်မှူးကြီးရဲ့စီမံခန့်ခွဲမှုအောက်က ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ယာယီသမ္မတဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ဟာ ၂၀၁၅ ရွေးကောက်ပွဲ လက်ကျန် ခေါင်းဆောင်တွေပါ။ ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် သူတို့သုံးဦးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့အမိန့်တစ်ခုတည်းနဲ့ ထုတ်ပယ်ပစ်လို့ မရပါဘူး။ အလွန်ဆုံးလုပ်နိုင်ရင် ပြစ်မှုဥပဒေတစ်ခုခုနဲ့ ဖမ်းဆီးအမှုဖွင့်တာမျိုးပဲ လုပ်လို့ရနိုင်တာပါ။ အခြားသော တက်ရောက်သူတွေကိုတော့ ဒီကနေ့ အစည်းအဝေးပြီးရင် ညနေစောင်းတာနဲ့ ထုတ်ပယ်ပစ်ခွင့် အခွင့်အာဏာ ရှိပါတယ်။ ဒါကြောင့် (၁)-(၉)-(၃) လို့ ရည်ညွှန်းပြီး ပိုင်းခြားပြတာပါပဲ။
အစည်းအဝေးကို သေချာပိုင်းခြားကြည့်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးဟာ ၂၀၁၅ ရွေးကောက်ပွဲလက်ကျန် နိုင်ငံရေးခေါင်းဆောင်သုံးဦးကို နိုင်ငံတော်အခြေအနေအကြောင်း သေချာနားလည်နိုင်အောင် ရှင်းပြတောင်းခံခွင့်သာ ရှိပြီး အတင်းအကျပ်ဖိအားပေးလို့ မရတာကို တွေ့ရမှာပါ။ ကျန်တဲ့ငါးဦးကိုတော့ အထူးတလည်ရှင်းပြစရာမလိုလောက်ဘဲ တူညီတဲ့အသံကိုသာ ထွက်စေမှာ ဖြစ်ပါတယ်။ ထူးခြားချက်တော့ အကယ်၍ ယာယီသမ္မတဦးမြင့်ဆွေသာ ကာ/လုံအစည်းအဝေးမှာ ကိုယ်တိုင် နှုတ်ထွက်ခွင့်တင်ခဲ့မယ်ဆိုရင် ဆိုတဲ့ ရှုထောင့်ပါပဲ။ ဦးမြင့်ဆွေလိုပဲ အခြားနှစ်ဦးကလည်း နှုတ်ထွက်ခွင့်သာ တင်ခဲ့ရင် ဗိုလ်ချုပ်မှူးကြီးဟာ နိုင်ငံတော်ပြဿနာတွေကို ကာ/လုံကနေ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ဥပဒေဖြစ်တည်မှု ရှုထောင့်အရ စဉ်းစားစရာပါ။ (၇၃)နှစ်အရွယ် ဦးမြင့်ဆွေဟာ အသက်အရွယ်ကြီးရင့်လာပြီဖြစ်သလို သူ့နောက်က ဦးဟင်နရီဗန်ထီးယူကရော တာဝန်ခံရဲပါ့မလား။ ဦးတီခွန်မြတ်ကရော အဆင်ပြေပါ့မလား။ ဒီအချက်တွေကြောင့် ကာ/လုံကနေ ပုဒ်မ(၄၂၅)ကိုကိုင်ပြီး အကြိမ်ကြိမ် သက်တမ်းတိုးရေးဟာ ထင်ထားသလို အဆင်ပြေချောမွေ့နေလိမ့်မယ်လို့ မယူဆပါဘူး။ ဒါဟာ ပုဒ်မ(၄၂၅)ကို နှစ်ပေါင်းများစွာ ဆက်တိုက်ကိုင်စွဲအသုံးပြုဖို့ အခက်အခဲရှိနိုင်တယ်ဆိုတဲ့ ထောက်ပြချက်တစ်ချက်ပါ။ အကန့်အသတ်မရှိတဲ့ပုံစံနဲ့ ပုဒ်မ(၄၂၅)ကို ဆက်တိုက်သုံးစွဲနေခြင်းဟာ ပုဒ်မ(၄၂၅)ကို တန်ဖိုးကျစေနိုင်သလို သုံးစွဲသူတွေကိုပါ ယုံကြည်မှုကင်းမဲ့လာနိုင်စေပါတယ်။ ဒါကြောင့် သာမန်မဟုတ်သော အခြေအနေကနေ သာမန်အခြေအနေပြန်ရောက်လာအောင် တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ အလုပ်လုပ်ပြဖို့ လိုသထက် လိုအပ်နေပါပြီ။ လက်ရှိအချိန်အထိတော့ ပုဒ်မ(၄၂၅)ကို သုံးကြိမ် သုံးထားပါတယ်။

နောက်ထပ်တစ်ချက်ကတော့ လက်နက်ကိုင်ဆူပူ အုံကြွမှုတွေနဲ့ နယ်မြေသိမ်းပိုက်မှုတွေ ကြီးထွားသထက် ကြီးထွားလာရင် (၆)လတစ်ကြိမ် သက်တမ်းတိုးခြင်းဟာ အကန့်အသတ်မရှိ ဖြစ်လာနိုင်သလို ပြည်တွင်းစစ်ပွဲကြီးဟာ ပိုမိုကြီးထွားလာနိုင်ပါတယ်။ တစ်နည်းအားဖြင့် လူထုသန်းပေါင်းများစွာဟာ စစ်ပွဲတွေကြောင့် ဘေးဒုက္ခတွေပိုတွေ့နိုင်သလို တိုင်းပြည်ဟာ အစိတ်စိတ်အမြွာမြွာ ကွဲသွားနိုင်ပါတယ်။ ဒါကြောင့် ယာယီသမ္မတ ဦးမြင့်ဆွေက သတိပေးခဲ့ဖူးတာပါ။ ဒါကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူတွေနဲ့ ခေါင်းဆောင်ဟာ လက်ညိုးတွေ လိုက်ထိုးနေလို့ မရတော့ပါဘူး။ လက်ညိုးဆိုတာ ထိုးချအပြစ်တင်ဖို့ မဟုတ်ဘဲ အမိန့်ပေးတဲ့နေရာမှာပဲ သုံးစွဲသင့်ပါတယ်။ ဒီနေရာမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေချင်တာကတော့ အသက်အရွယ်နဲ့ အချိန်ကာလဟာ အကန့်မရှိ သုံးစွဲခွင့် ရနေတာ မဟုတ်သလို လူငယ်တွေရဲ့အနာဂတ်ဟာလည်း ဆယ်စုနှစ်ချီပြီး ပျောက်ဆုံးသွားဖို့ မသင့်ပါဘူး။ အကယ်၍ ဒီအတိုင်းဖြစ်လာခဲ့ရင် နောင်လာမယ့် အနာဂတ်လူငယ်တွေရဲ့ပါးစပ်ဖျားမှာ၊ နှလုံးသားထဲမှာ လက်ရှိတာဝန်ရှိသူတွေနဲ့ မျိုးဆက်အလိုက်သော မိသားစုဝင်တွေအပေါ် ဥဒါန်းမကြေ ဖြစ်သွားနိုင်ပါတယ်။

ကာ/လုံထဲကို လေ့လာကြည့်ပြီးတဲ့နောက် မြင်မိသမျှထဲ တစ်ချက်တည်းကိုပဲ ထောက်ပြချင်ပါတယ်။ ယာယီသမ္မတဦးမြင့်ဆွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဦးဆောင်တဲ့ ကာ/လုံဟာ နောက်လာမယ့်(၆)လအတွက်လည်း ရှင်းလင်းတဲ့အနာဂတ်ကို မမြင်ရပါဘူး။ ရှင်းလင်းတဲ့သတင်းစကားကို မမြင်ရပါဘူး။ တာဝန်ယူမှု တာဝန်ခံမှုကိုလည်း မမြင်ရပါဘူး။ မမြင်ရခြင်းတွေ များစွာနဲ့ ကာ/လုံကနေ (၆)လသက်တမ်းတိုးတာသာ ကြီးစိုးခဲ့ပြီး လူထုက လိုလားတောင့်တတဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အာမခံကတိစကားနဲ့ လုပ်ရပ်ကို မမြင်ရသေးပါဘူး။ သုံးနှစ်ကျော်လာတဲ့ ကလေးတစ်ယောက်ဟာ သဘာဝကပေးတဲ့ စွမ်းအားနဲ့ စကားပြောခြင်း၊ လမ်းလျှောက်ခြင်းတို့ကို ကောင်းကောင်းလုပ်နိုင်ပါတယ်။ တည်ဆဲ နစက အစိုးရကတော့ သုံးနှစ်သားကျော်လာခဲ့ချိန်အထိ လူထုရဲ့အားမလို အားမရဖြစ်မှုတွေကိုသာ ပွေ့ပိုက်ရရှိနေတယ်လို့ ရှုမြင်မိကြောင်းပါ။

zawgyi version
(၁)-(၉)-(၃) သို႔မဟုတ္ ကာ/လုံ ဆုံးျဖတ္ခ်က္နဲ႔ အစည္းအေဝးကို သုံးသပ္ျခင္း
မ်ိဳးမင္း (မက်ည္းလဟာ) (NP News) - ေဖေဖာ္ဝါရီ ၁ဝ

" (၆) လတစ္ႀကိမ္ သက္တမ္းတိုးေနတာ ဘယ္အခ်ိန္က်မွ ရပ္သြားမွာလဲ "
အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီရဲ႕ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီ(၃၁)ရက္ နံနက္ပိုင္းက အစည္းအေဝး ဆုံးျဖတ္ခ်က္အရ " ႏိုင္ငံတစ္ဝန္းလုံး အေရးေပၚအေျခအေန ေၾကညာထားသည့္ ကာလကို ေနာက္ထပ္(၆)လ တိုးျမႇင့္သတ္မွတ္ေၾကာင္း " ေၾကညာခ်က္အၿပီးမွာ ထြက္ေပၚလာတဲ့ ေမးခြန္းတစ္ခုပါ။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၊ အိမ္ေစာင့္အစိုးရအဖြဲ႕ အာဏာရရွိထားတာဟာ ဇန္နဝါရီ(၃၁)ရက္ည ဆိုရင္ စုစုေပါင္း(၃)ႏွစ္ ရွိခဲ့ၿပီျဖစ္ပါတယ္။ ဒီသုံးႏွစ္တာ ကာလအတြင္း လူထုၾကားမွာ စိတ္ဝင္စားမႈ အျမင့္ဆုံးအခ်ိန္ဟာ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီ ၃၁ ရက္ ကာ/လုံအစည္းအေဝးပါပဲ။ ကာ/လုံအစည္းအေဝးကေန ႏိုင္ငံေတာ္ျပႆနာေတြ ေျပလည္ေရးအတြက္ ဘယ္လိုပုံစံလမ္းေၾကာင္းအသစ္ ထြက္ေပၚလာမလဲလို႔ စိတ္ဝင္စားတစား ေစာင့္ၾကည့္ေနၾကသူေတြ ဒုနဲ႔ေဒး။ သို႔ေသာ္လည္း အစည္းအေဝးဆုံးျဖတ္ခ်က္အၿပီးမွာေတာ့ မဲျပာပုဆိုး ေလွႀကီးထိုး႐ိုး႐ိုး အကြက္ေတြပဲ ျမင္လိုက္ရပါတယ္။ ဒါေၾကာင့္ ေမးခြန္းေပါင္းမ်ားစြာဟာလည္း တစ္ဆက္တည္းေပၚထြက္လာခဲ့သလို အ႐ိုးရွင္းဆုံးနဲ႔ နားအလည္ႏိုင္ဆုံး ေမးခြန္းတစ္ခုအျဖစ္ " ဘယ္ေတာ့က်မွ သက္တမ္းတိုးတာ ရပ္မွာတုန္း " လို႔ ေမးလိုက္ရတာပါပဲ။ ဒါ့အျပင္ သက္တမ္းတိုးျခင္းမတိုးျခင္းထက္ ကေသာင္းကနင္းျဖစ္ေနတဲ့ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးကိုလည္း ဖိဖိစီးစီးလုပ္ပါဦး ဆိုတဲ့ လူထုရဲ႕အသံေတြလည္း က်ယ္ေလာင္လာပါတယ္။

MNDAA ၊ TNLA ၊ AA တို႔ရဲ႕ ရွမ္းျပည္နယ္ ေျမာက္ပိုင္းကေန စတင္ခဲ့တဲ့တိုက္ပြဲေတြဟာ ဗိုလ္ခ်ဳပ္မႉးႀကီးအတြက္ ေနာက္ထပ္(၆)လ သက္တမ္းတိုးေရးမွာ အေထာက္အပံ့ေတြျဖစ္ခဲ့သလို ရခိုင္ျပည္နယ္အထိ တိုက္ပြဲေတြ ကူးစက္သြားခ်ိန္မွာေတာ့ ကာ/လုံထဲမွာ ထုတ္ျပစရာအေကာင္းဆုံး သက္ေသျဖစ္သြားခဲ့ပါတယ္။ ႏိုင္ငံေတာ္ဟာ (၆၇၆၅၇၈)စတုရန္းကီလိုမီတာက်ယ္ဝန္းၿပီး လူဦးေရ(၅၆)သန္းေက်ာ္ရွိေနေပမယ့္ ဒီအက်ယ္အဝန္းရဲ႕ကံၾကမၼာကို (၁)ကီလိုမီတာေတာင္မက်ယ္ေသာအခန္းထဲမွာထိုင္ၿပီး ဆုံးျဖတ္ခြင့္ရွိသူက(၉)ဦးသာရွိခဲ့ပါတယ္။ ကာ/လုံထဲမွာ ဗိုလ္ခ်ဳပ္မႉးႀကီး တင္ျပခဲ့တဲ့အခ်က္ေတြအားလုံးဟာ ေနာက္ထပ္(၆)လသက္တမ္းတိုးဖို႔ကို ခိုင္လုံလြန္းလွေသာအေထာက္အထားေတြျဖစ္ေနသလို ႏိုင္ငံေတာ္အေရးဆုံးျဖတ္ၾကတဲ့အစည္းအေဝးထဲမွာ ဝင္ထိုင္ခြင့္ရသူအားလုံးကလည္း ျငင္းဆိုစရာမရွိၾကေတာ့ပါ။ ထို႔ေနာက္ သက္တမ္း(၆) တိုးေလသည္ေပ့ါ။

ကာ/လုံထဲမွာ ဝင္ထိုင္ခြင့္ရခဲ့ၾကသူေတြကို ခြဲျခမ္းစိတ္ျဖတ္ၾကည့္မယ္ဆိုရင္ အခုလိုမ်ိဳး ေတြ႕ရပါမယ္။ ၁ - ၉ - ၃ လို႔ အလြယ္တကူမွတ္လိုက္ပါ။ (၁) ဆိုတာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ရည္ၫႊန္းပါတယ္။ (၉) ကေတာ့ အစည္းအေဝးကို ဖြဲ႕စည္းပုံအေျခခံဥပေဒပါအတိုင္းတက္ေရာက္ခြင့္ရွိသူ (၁၁)ဦးထဲက (၉)ဦးကို ရည္ၫႊန္းပါတယ္။ (၃) ကေတာ့ တက္ေရာက္ခြင့္ရသူ (၉)ဦးထဲက သီးျခားရည္ၫႊန္းခ်င္သူေတြပါပဲ။ ၂၀၂၁ ႏိုင္ငံေရးျပႆနာအရ ႏိုင္ငံေတာ္တာဝန္ကို ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ တပ္မေတာ္ရဲ႕လက္ထဲကို ကာ/လုံ ဆုံးျဖတ္ခ်က္နဲ႔ ၂၀၂၁ ခုႏွစ္ေဖေဖာ္ဝါရီ(၁)ရက္ နံနက္ခင္းပိုင္းမွာ ေပးအပ္ခဲ့ၾကပါတယ္။ တာဝန္သက္တမ္းက ဥပေဒအရ တစ္ႏွစ္နဲ႔ (၆)လ ႏွစ္ႀကိမ္အထိပါပဲ။ တာဝန္ထမ္းေဆာင္မႈဟာလည္း ၂၀၂၃ ခုႏွစ္ ဇန္နဝါရီ(၃၁)ရက္ သို႔မဟုတ္ ေဖေဖာ္ဝါရီ(၁)ရက္ နံနက္ခင္းဆိုရင္ ႏွစ္ႏွစ္ျပည့္သြားပါတယ္။ သို႔ေသာ္လည္း ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီ(၁)ရက္ နံနက္ခင္းအထိ တိုင္းျပည္ရဲ႕အေျခအေနဟာ အေရးေပၚကာလကို လြန္ေျမာက္ျခင္းမရွိခဲ့သလို တာဝန္ထမ္းေဆာင္ခြင့္ရတဲ့ ဦးေဆာင္ပုဂၢိဳလ္ေတြကလည္း တာဝန္ၿပီးေျမာက္ျခင္း မရွိခဲ့ပါဘူး။ ႏွစ္ႏွစ္ျပည့္တဲ့အထိ တာဝန္မၿပီးေျမာက္ေသးတဲ့အတြက္ ဗိုလ္ခ်ဳပ္မႉးႀကီးက ၂၀၂၃ ခုႏွစ္ ဇန္နဝါရီ(၃၁)ရက္မွာ ကာ/လုံကေနတစ္ဆင့္ ေနာက္ထပ္(၆)လ သက္တမ္းတိုးခြင့္ရေစဖို႔ကို ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ (၄၂၅)ကို ထုတ္သုံးသြားခဲ့ရပါတယ္။ ဒီ ပုဒ္မကို ထုတ္သုံးႏိုင္ေစဖို႔အတြက္လည္း အားျဖည့္ေလာင္စာေတြအျဖစ္ NUG-PDF နဲ႔ တိုင္းရင္းသားအမည္ခံထားေသာ လက္နက္ကိုင္ပုန္ကန္သူေတြက ပါရမီျဖည့္ေပးသလိုျဖစ္ခဲ့ၾကပါတယ္။ အဲဒီေတာ့ သာမန္မဟုတ္သည့္ အေျခအေနဆိုေသာ စကားလုံးနဲ႔အတူ ပုဒ္မ(၄၂၅)ဟာ လိုအပ္လာရင္ ရာသက္ပန္အထိ သုံးလို႔ရေအာင္ တန္ဖိုးႀကီးသြားပါေတာ့တယ္။ ကာ/လုံထဲမွာ ဝင္ထိုင္ခြင့္ရသူေတြကို ေလ့လာၾကည့္မယ္ဆိုရင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း ၊ ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ ဦးသန္းေဆြ(ႏိုင္ငံျခားေရးဝန္ႀကီး)တို႔ဟာ ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕စီမံခန႔္ခြဲမႈေအာက္က ပုဂၢိဳလ္ေတြျဖစ္ပါတယ္။ ယာယီသမၼတဦးျမင့္ေဆြ၊ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ၊ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္တို႔ဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲ လက္က်န္ ေခါင္းေဆာင္ေတြပါ။ ခြဲျခမ္းစိတ္ျဖာၾကည့္မယ္ဆိုရင္ သူတို႔သုံးဦးကို ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သူ႔အမိန႔္တစ္ခုတည္းနဲ႔ ထုတ္ပယ္ပစ္လို႔ မရပါဘူး။ အလြန္ဆုံးလုပ္ႏိုင္ရင္ ျပစ္မႈဥပေဒတစ္ခုခုနဲ႔ ဖမ္းဆီးအမႈဖြင့္တာမ်ိဳးပဲ လုပ္လို႔ရႏိုင္တာပါ။ အျခားေသာ တက္ေရာက္သူေတြကိုေတာ့ ဒီကေန႔ အစည္းအေဝးၿပီးရင္ ညေနေစာင္းတာနဲ႔ ထုတ္ပယ္ပစ္ခြင့္ အခြင့္အာဏာ ရွိပါတယ္။ ဒါေၾကာင့္ (၁)-(၉)-(၃) လို႔ ရည္ၫႊန္းၿပီး ပိုင္းျခားျပတာပါပဲ။
အစည္းအေဝးကို ေသခ်ာပိုင္းျခားၾကည့္မယ္ဆိုရင္ ဗိုလ္ခ်ဳပ္မႉးႀကီးဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲလက္က်န္ ႏိုင္ငံေရးေခါင္းေဆာင္သုံးဦးကို ႏိုင္ငံေတာ္အေျခအေနအေၾကာင္း ေသခ်ာနားလည္ႏိုင္ေအာင္ ရွင္းျပေတာင္းခံခြင့္သာ ရွိၿပီး အတင္းအက်ပ္ဖိအားေပးလို႔ မရတာကို ေတြ႕ရမွာပါ။ က်န္တဲ့ငါးဦးကိုေတာ့ အထူးတလည္ရွင္းျပစရာမလိုေလာက္ဘဲ တူညီတဲ့အသံကိုသာ ထြက္ေစမွာ ျဖစ္ပါတယ္။ ထူးျခားခ်က္ေတာ့ အကယ္၍ ယာယီသမၼတဦးျမင့္ေဆြသာ ကာ/လုံအစည္းအေဝးမွာ ကိုယ္တိုင္ ႏႈတ္ထြက္ခြင့္တင္ခဲ့မယ္ဆိုရင္ ဆိုတဲ့ ရႈေထာင့္ပါပဲ။ ဦးျမင့္ေဆြလိုပဲ အျခားႏွစ္ဦးကလည္း ႏႈတ္ထြက္ခြင့္သာ တင္ခဲ့ရင္ ဗိုလ္ခ်ဳပ္မႉးႀကီးဟာ ႏိုင္ငံေတာ္ျပႆနာေတြကို ကာ/လုံကေန ဘယ္လိုေျဖရွင္းမလဲဆိုတဲ့ ဥပေဒျဖစ္တည္မႈ ရႈေထာင့္အရ စဥ္းစားစရာပါ။ (၇၃)ႏွစ္အ႐ြယ္ ဦးျမင့္ေဆြဟာ အသက္အ႐ြယ္ႀကီးရင့္လာၿပီျဖစ္သလို သူ႔ေနာက္က ဦးဟင္နရီဗန္ထီးယူကေရာ တာဝန္ခံရဲပါ့မလား။ ဦးတီခြန္ျမတ္ကေရာ အဆင္ေျပပါ့မလား။ ဒီအခ်က္ေတြေၾကာင့္ ကာ/လုံကေန ပုဒ္မ(၄၂၅)ကိုကိုင္ၿပီး အႀကိမ္ႀကိမ္ သက္တမ္းတိုးေရးဟာ ထင္ထားသလို အဆင္ေျပေခ်ာေမြ႕ေနလိမ့္မယ္လို႔ မယူဆပါဘူး။ ဒါဟာ ပုဒ္မ(၄၂၅)ကို ႏွစ္ေပါင္းမ်ားစြာ ဆက္တိုက္ကိုင္စြဲအသုံးျပဳဖို႔ အခက္အခဲရွိႏိုင္တယ္ဆိုတဲ့ ေထာက္ျပခ်က္တစ္ခ်က္ပါ။ အကန႔္အသတ္မရွိတဲ့ပုံစံနဲ႔ ပုဒ္မ(၄၂၅)ကို ဆက္တိုက္သုံးစြဲေနျခင္းဟာ ပုဒ္မ(၄၂၅)ကို တန္ဖိုးက်ေစႏိုင္သလို သုံးစြဲသူေတြကိုပါ ယုံၾကည္မႈကင္းမဲ့လာႏိုင္ေစပါတယ္။ ဒါေၾကာင့္ သာမန္မဟုတ္ေသာ အေျခအေနကေန သာမန္အေျခအေနျပန္ေရာက္လာေအာင္ တာဝန္ယူမႈ၊ တာဝန္ခံမႈေတြနဲ႔ အလုပ္လုပ္ျပဖို႔ လိုသထက္ လိုအပ္ေနပါၿပီ။ လက္ရွိအခ်ိန္အထိေတာ့ ပုဒ္မ(၄၂၅)ကို သုံးႀကိမ္ သုံးထားပါတယ္။

ေနာက္ထပ္တစ္ခ်က္ကေတာ့ လက္နက္ကိုင္ဆူပူ အုံႂကြမႈေတြနဲ႔ နယ္ေျမသိမ္းပိုက္မႈေတြ ႀကီးထြားသထက္ ႀကီးထြားလာရင္ (၆)လတစ္ႀကိမ္ သက္တမ္းတိုးျခင္းဟာ အကန႔္အသတ္မရွိ ျဖစ္လာႏိုင္သလို ျပည္တြင္းစစ္ပြဲႀကီးဟာ ပိုမိုႀကီးထြားလာႏိုင္ပါတယ္။ တစ္နည္းအားျဖင့္ လူထုသန္းေပါင္းမ်ားစြာဟာ စစ္ပြဲေတြေၾကာင့္ ေဘးဒုကၡေတြပိုေတြ႕ႏိုင္သလို တိုင္းျပည္ဟာ အစိတ္စိတ္အႁမြာႁမြာ ကြဲသြားႏိုင္ပါတယ္။ ဒါေၾကာင့္ ယာယီသမၼတ ဦးျမင့္ေဆြက သတိေပးခဲ့ဖူးတာပါ။ ဒါကို ကာကြယ္ေစာင့္ေရွာက္ဖို႔ တာဝန္အရွိဆုံးသူေတြနဲ႔ ေခါင္းေဆာင္ဟာ လက္ညိဳးေတြ လိုက္ထိုးေနလို႔ မရေတာ့ပါဘူး။ လက္ညိဳးဆိုတာ ထိုးခ်အျပစ္တင္ဖို႔ မဟုတ္ဘဲ အမိန႔္ေပးတဲ့ေနရာမွာပဲ သုံးစြဲသင့္ပါတယ္။ ဒီေနရာမွာ သက္ဆိုင္ရာ တာဝန္ရွိသူေတြ သိေစခ်င္တာကေတာ့ အသက္အ႐ြယ္နဲ႔ အခ်ိန္ကာလဟာ အကန႔္မရွိ သုံးစြဲခြင့္ ရေနတာ မဟုတ္သလို လူငယ္ေတြရဲ႕အနာဂတ္ဟာလည္း ဆယ္စုႏွစ္ခ်ီၿပီး ေပ်ာက္ဆုံးသြားဖို႔ မသင့္ပါဘူး။ အကယ္၍ ဒီအတိုင္းျဖစ္လာခဲ့ရင္ ေနာင္လာမယ့္ အနာဂတ္လူငယ္ေတြရဲ႕ပါးစပ္ဖ်ားမွာ၊ ႏွလုံးသားထဲမွာ လက္ရွိတာဝန္ရွိသူေတြနဲ႔ မ်ိဳးဆက္အလိုက္ေသာ မိသားစုဝင္ေတြအေပၚ ဥဒါန္းမေၾက ျဖစ္သြားႏိုင္ပါတယ္။

ကာ/လုံထဲကို ေလ့လာၾကည့္ၿပီးတဲ့ေနာက္ ျမင္မိသမွ်ထဲ တစ္ခ်က္တည္းကိုပဲ ေထာက္ျပခ်င္ပါတယ္။ ယာယီသမၼတဦးျမင့္ေဆြနဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တို႔ ဦးေဆာင္တဲ့ ကာ/လုံဟာ ေနာက္လာမယ့္(၆)လအတြက္လည္း ရွင္းလင္းတဲ့အနာဂတ္ကို မျမင္ရပါဘူး။ ရွင္းလင္းတဲ့သတင္းစကားကို မျမင္ရပါဘူး။ တာဝန္ယူမႈ တာဝန္ခံမႈကိုလည္း မျမင္ရပါဘူး။ မျမင္ရျခင္းေတြ မ်ားစြာနဲ႔ ကာ/လုံကေန (၆)လသက္တမ္းတိုးတာသာ ႀကီးစိုးခဲ့ၿပီး လူထုက လိုလားေတာင့္တတဲ့ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ အာမခံကတိစကားနဲ႔ လုပ္ရပ္ကို မျမင္ရေသးပါဘူး။ သုံးႏွစ္ေက်ာ္လာတဲ့ ကေလးတစ္ေယာက္ဟာ သဘာဝကေပးတဲ့ စြမ္းအားနဲ႔ စကားေျပာျခင္း၊ လမ္းေလွ်ာက္ျခင္းတို႔ကို ေကာင္းေကာင္းလုပ္ႏိုင္ပါတယ္။ တည္ဆဲ နစက အစိုးရကေတာ့ သုံးႏွစ္သားေက်ာ္လာခဲ့ခ်ိန္အထိ လူထုရဲ႕အားမလို အားမရျဖစ္မႈေတြကိုသာ ေပြ႕ပိုက္ရရွိေနတယ္လို႔ ရႈျမင္မိေၾကာင္းပါ။

Related news

© 2021. All rights reserved.