ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယနေ့မှစ၍ အာဏာတည်မည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်

 4776

မြူနစ် (NP News) - ဖေဖော်ဝါရီ ၁၀

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယနေ့(ဖေဖော်ဝါရီလ ၁၀ ရက်)မှစ၍ အာဏာတည်မည်ဖြစ်ကြောင်း နစကမှ အမိန့်ထုတ်ပြန်လိုက်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်သည့်နေ့ရက်သတ်မှတ်ခြင်းကို လက်ရှိနစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးကာ အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်ကာ အာဏာတည်စေရမည်ဖြစ် ကြောင်း ၎င်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ(ခ)အရ သတ်မှတ်လိုက်သည်ဟု အမိန့်ကြော်ငြာစာထုတ်ပြန်ထားသည်။

အဆိုပါဥပဒေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော ဥပဒေတစ်ရပ်ဖြစ်သည်။

စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း ဆိုသည်ဟု ဥပဒေတွင် သတ်မှတ်ထားသည်။

ထို့ပြင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄)လထက်မပို့သော ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟုလည်း ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

zawgyi version
ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊလက္ထက္က ျပ႒ာန္းခဲ့ေသာ ျပည္သူ႔စစ္မႈထမ္းဥပေဒသည္ ယေန႔မွစ၍ အာဏာတည္မည္ျဖစ္ေၾကာင္း အမိန႔္ထုတ္ျပန္

ျမဴနစ္ (NP News) - ေဖေဖာ္ဝါရီ ၁၀

ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊလက္ထက္က ျပ႒ာန္းခဲ့ေသာ ျပည္သူ႔စစ္မႈထမ္းဥပေဒသည္ ယေန႔(ေဖေဖာ္ဝါရီလ ၁၀ ရက္)မွစ၍ အာဏာတည္မည္ျဖစ္ေၾကာင္း နစကမွ အမိန႔္ထုတ္ျပန္လိုက္သည္။

ျပည္သူ႔စစ္မႈထမ္းဥပေဒ အာဏာတည္သည့္ေန႔ရက္သတ္မွတ္ျခင္းကို လက္ရွိနစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က လက္မွတ္ေရးထိုးကာ အမိန႔္ေၾကာ္ျငာစာထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

၂၀၁၀ ျပည့္ႏွစ္တြင္ ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ဖြံ႕ၿဖိဳးေရးေကာင္စီ ဥပေဒအမွတ္၊ ၂၇/၂၀၁၀ ျဖင့္ ျပ႒ာန္းခဲ့ေသာ ျပည္သူ႔စစ္မႈထမ္းဥပေဒသည္ ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၀ ရက္မွစတင္ကာ အာဏာတည္ေစရမည္ျဖစ္ ေၾကာင္း ၎ဥပေဒ ပုဒ္မ ၁၊ ပုဒ္မခြဲ(ခ)အရ သတ္မွတ္လိုက္သည္ဟု အမိန႔္ေၾကာ္ျငာစာထုတ္ျပန္ထားသည္။

အဆိုပါဥပေဒသည္ ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ဖြံ႕ၿဖိဳးေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊလက္ထက္တြင္ ေရးဆြဲျပ႒ာန္းခဲ့ေသာ ဥပေဒတစ္ရပ္ျဖစ္သည္။

စစ္မႈထမ္းရမည့္ အသက္အ႐ြယ္ေရာက္သူ ဆိုသည္မွာ အမ်ိဳးသားျဖစ္လွ်င္ အသက္ ၁၈ ႏွစ္ ျပည့္ၿပီး၍ အသက္ ၃၅ ႏွစ္ မျပည့္ေသးေသာ ႏိုင္ငံသားတိုင္းကို လည္းေကာင္း၊ အမ်ိဳးသမီးျဖစ္လွ်င္ အသက္ ၁၈ ႏွစ္ ျပည့္ၿပီး၍ အသက္ ၂၇ ႏွစ္ မျပည့္ေသးေသာ ႏိုင္ငံသားတိုင္းကိုလည္းေကာင္း ဆိုသည္ဟု ဥပေဒတြင္ သတ္မွတ္ထားသည္။

ထို႔ျပင္ စစ္မႈထမ္းရမည့္ အသက္အ႐ြယ္ေရာက္ရွိေသာ ႏိုင္ငံသားတိုင္းကို (၂၄)လထက္မပို႔ေသာ ကာလအပိုင္းအျခားအတြက္ စစ္မႈထမ္းရန္ ဆင့္ေခၚႏိုင္သည္ဟုလည္း ဥပေဒတြင္ ထည့္သြင္းျပ႒ာန္းထားသည္ကို ေတြ႕ရသည္။

Picture

Wailin Aung

10/02/2024 21:31

ဟုတ်ကဲ့ပါနိုင်ငံသားတိုင်းရဲ့တာဝန်တစ်ခုပါ

Picture

peace peace

11/02/2024 01:37

အမိန့်တွေကလည်း တိကျခိုင်မာရမည်

© 2021. All rights reserved.