ကမ္ဘာအေးဘုရားလမ်း ၁ဝ၆ မှတ်တိုင်အနီး၌ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတွင် နှစ်ဦး ဒဏ်ရာရရှိ

 3332

စော (NP News) - ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း ၁ဝ၆ မှတ်တိုင်အနီးတွင် EV ကား နှင့် Hijet တို့ တိုက်မိခဲ့ရာ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီလ ၁ဝ ရက်)၊ ည (၇)နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၁ဝ)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း နှင့် ကန်ရိပ်သာလမ်းထောင့်၊ ၁ဝ၆ မှတ်တိုင်အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ရွှေရုပ်လွှာပရဟိတအသင်းထံမှ သိရသည်။

“EV ကား နဲ့ Hijet ပါ။ ယာဉ်တိုက်မှုစဖြစ်တဲ့ ဖြစ်စဉ်ကိုတော့ မသိဘူး။ accident မှာ ထိခိုက်ဒဏ်ရာရထားတဲ့ လူနာ နှစ်ယောက်ရှိတဲ့အတွက် အဲဒီလူနာနှစ်ယောက်ကို ရန်ကုန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ရွှေရုပ်လွှာ ပရဟိတသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ယာဉ်တိုက်မှုကြောင့် Hijet ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၉ ရက်)၊ ည ၁၂ နာရီဝန်းကျင်အချိန်တွင် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကား(၅)စီးဆင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူ (၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ကမာၻေအးဘုရားလမ္း ၁ဝ၆ မွတ္တိုင္အနီး၌ျဖစ္ပြားခဲ့သည့္ ယာဥ္တိုက္မႈတြင္ ႏွစ္ဦး ဒဏ္ရာရရွိ
ေစာ (NP News) - ေဖေဖာ္ဝါရီ ၁၁

ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ ကမာၻေအးဘုရားလမ္း ၁ဝ၆ မွတ္တိုင္အနီးတြင္ EV ကား ႏွင့္ Hijet တို႔ တိုက္မိခဲ့ရာ အမ်ိဳးသားႏွစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။


ျဖစ္စဥ္မွာ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၁ဝ ရက္)၊ ည (၇)နာရီ ၃ဝ မိနစ္ဝန္းက်င္အခ်ိန္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္ (၁ဝ)ရပ္ကြက္၊ ကမာၻေအးဘုရားလမ္း ႏွင့္ ကန္ရိပ္သာလမ္းေထာင့္၊ ၁ဝ၆ မွတ္တိုင္အနီး၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ ျခင္းျဖစ္ေၾကာင္း ေ႐ႊ႐ုပ္လႊာပရဟိတအသင္းထံမွ သိရသည္။

“EV ကား နဲ႔ Hijet ပါ။ ယာဥ္တိုက္မႈစျဖစ္တဲ့ ျဖစ္စဥ္ကိုေတာ့ မသိဘူး။ accident မွာ ထိခိုက္ဒဏ္ရာရထားတဲ့ လူနာ ႏွစ္ေယာက္ရွိတဲ့အတြက္ အဲဒီလူနာႏွစ္ေယာက္ကို ရန္ကုန္ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ပါတယ္” ဟု ေ႐ႊ႐ုပ္လႊာ ပရဟိတသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ယာဥ္တိုက္မႈေၾကာင့္ Hijet ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ အမ်ိဳးသား (၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ၎တို႔ကို ရန္ကုန္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီလ ၉ ရက္)၊ ည ၁၂ နာရီဝန္းက်င္အခ်ိန္တြင္ ပဲခူးတိုင္း၊ ေတာင္ငူၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ကား(၅)စီးဆင့္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ လူ (၄)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.