ယူကရိန်းနိုင်ငံပြိုကွဲပါက ဒုက္ခသည်(၁ဝ)သန်းခန့် ဂျာမနီနိုင်ငံတွင်းသို့ ထွက်ပြေးလာနိုင်ကြောင်း Welt am Sonntag သတင်းစာ ဖော်ပြ

 634

Pika (NP News) - ဖေဖော်ဝါရီ ၁၂

ယူကရိန်းနိုင်ငံ ပြိုကွဲပါက နောက်ထပ်ဒုက္ခသည်(၁၀)သန်းခန့် ဂျာမနီနိုင်ငံအတွင်းသို့ ထွက်ပြေးလာနိုင်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားပြီး Welt am Sonntag သတင်းစာက ဖော်ပြခဲ့သည်။

ရုရှား နှင့် ပဋိပက္ခအတွင်း ယူကရိန်း၏အခြေအနေများမှာ ဆိုးရွားနေသော်လည်း နောက်ထပ်အဆိုးဆုံးအခြေအနေ များမှာ ယခုနှစ်အတွင်း ဖြစ်လာနိုင်ဖွယ်မရှိဟု ဂျာမနီအစိုးရက ယုံကြည်နေကြောင်း Welt am Sonntag က ဖော်ပြခဲ့သည်။

ရုရှားနှင့်ယူကရိန်းကြား စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်းကတည်းက ယူကရိန်းနိုင်ငံသား(၁ ဒသမ ၁) သန်းခန့် ဂျာမနီ နိုင်ငံအတွင်းသို့ ထွက်ပြေးလာခဲ့ကြကြောင်း ဂျာမနီပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။ ၂ဝ၂၃ ခုနှစ်တွင် လူပေါင်း(၃)သိန်းခွဲကျော်သည် ဂျာမနီနိုင်ငံတွင် ခိုလှုံခွင့်ရရန် လျှောက်ထားခဲ့ကြပြီး ၂ဝ၁၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ကိန်းဂဏန်းဖြစ်ကြောင်း ဖယ်ဒရယ်ရွှေ့ပြောင်းရေး နှင့် ဒုက္ခသည်များဆိုင်ရာရုံး (BAMF) က ပြီးခဲ့သည့် လတွင် သတင်းထုတ်ပြန်ခဲ့သည်။

ယူကရိန်းနိုင်ငံ ပြိုကွဲပါက နိုင်ငံသား(၁ဝ)သန်းခန့်သည် ဂျာမနီနိုင်ငံတွင်းသို့ ထွက်ပြေးလာနိုင်ဖွယ်ရှိသည်ဟု ဂျာမနီ အစိုးရက ခန့်မှန်းထားကြောင်း အမည်မဖော်လိုသောလုံခြုံရေးအရာရှိများ နှင့် လွှတ်တော်အမတ်များ၏ ပြောကြား ချက်ကို ကိုးကားပြီး Die Welt သတင်းစာက ဖော်ပြခဲ့သည်။

အဆိုပါလူအများစုသည် ဂျာမနီနိုင်ငံသို့ရောက်ရှိရန် မျှော်လင့်ချက်ဖြင့် အနောက်ဘက်သို့ ဦးတည်သွားလိမ့်မည်ဖြစ် ကြောင်း Die Welt က ဖော်ပြခဲ့သည်။ အတိုက်အခံ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် Roderich Kiesewetter က "ယူကရိန်းကို ထောက်ပံ့မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့မဟာဗျူဟာကို မပြောင်းလဲဘူးဆိုရင် ယူကရိန်းနိုင်ငံကနေ အစုလိုက်အပြုံလိုက် ထွက်ခွာမှုနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဆီကို စစ်ပွဲပျံ့နှံ့လာမှု အဆိုးရွားဆုံး အခြေအနေတွေဖြစ်လာနိုင်ပါတယ်။ ဒီအဆိုးဆုံးအခြေအနေတွေမှာ ဒုက္ခသည်(၁ဝ)သန်း ယူကရိန်းနိုင်ငံတွင်းက ထွက်ခွာမယ်ဆိုတာက အနိမ့်ဆုံး ခန့်မှန်းချက်တစ်ခုဖြစ်ပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
ယူကရိန္းႏိုင္ငံၿပိဳကြဲပါက ဒုကၡသည္(၁ဝ)သန္းခန႔္ ဂ်ာမနီႏိုင္ငံတြင္းသို႔ ထြက္ေျပးလာႏိုင္ေၾကာင္း Welt am Sonntag သတင္းစာ ေဖာ္ျပ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၂

ယူကရိန္းႏိုင္ငံ ၿပိဳကြဲပါက ေနာက္ထပ္ဒုကၡသည္(၁၀)သန္းခန႔္ ဂ်ာမနီႏိုင္ငံအတြင္းသို႔ ထြက္ေျပးလာႏိုင္ေၾကာင္း တာဝန္ရွိသူမ်ား၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး Welt am Sonntag သတင္းစာက ေဖာ္ျပခဲ့သည္။

႐ုရွား ႏွင့္ ပဋိပကၡအတြင္း ယူကရိန္း၏အေျခအေနမ်ားမွာ ဆိုး႐ြားေနေသာ္လည္း ေနာက္ထပ္အဆိုးဆုံးအေျခအေန မ်ားမွာ ယခုႏွစ္အတြင္း ျဖစ္လာႏိုင္ဖြယ္မရွိဟု ဂ်ာမနီအစိုးရက ယုံၾကည္ေနေၾကာင္း Welt am Sonntag က ေဖာ္ျပခဲ့သည္။

႐ုရွားႏွင့္ယူကရိန္းၾကား စစ္ပြဲျဖစ္ပြားၿပီးေနာက္ပိုင္းကတည္းက ယူကရိန္းႏိုင္ငံသား(၁ ဒသမ ၁) သန္းခန႔္ ဂ်ာမနီ ႏိုင္ငံအတြင္းသို႔ ထြက္ေျပးလာခဲ့ၾကေၾကာင္း ဂ်ာမနီျပည္ထဲေရးဝန္ႀကီးက ေျပာၾကားခဲ့သည္။ ၂ဝ၂၃ ခုႏွစ္တြင္ လူေပါင္း(၃)သိန္းခြဲေက်ာ္သည္ ဂ်ာမနီႏိုင္ငံတြင္ ခိုလႈံခြင့္ရရန္ ေလွ်ာက္ထားခဲ့ၾကၿပီး ၂ဝ၁၆ ခုႏွစ္ေနာက္ပိုင္း အျမင့္ဆုံး ကိန္းဂဏန္းျဖစ္ေၾကာင္း ဖယ္ဒရယ္ေ႐ႊ႕ေျပာင္းေရး ႏွင့္ ဒုကၡသည္မ်ားဆိုင္ရာ႐ုံး (BAMF) က ၿပီးခဲ့သည့္ လတြင္ သတင္းထုတ္ျပန္ခဲ့သည္။

ယူကရိန္းႏိုင္ငံ ၿပိဳကြဲပါက ႏိုင္ငံသား(၁ဝ)သန္းခန႔္သည္ ဂ်ာမနီႏိုင္ငံတြင္းသို႔ ထြက္ေျပးလာႏိုင္ဖြယ္ရွိသည္ဟု ဂ်ာမနီ အစိုးရက ခန႔္မွန္းထားေၾကာင္း အမည္မေဖာ္လိုေသာလုံၿခဳံေရးအရာရွိမ်ား ႏွင့္ လႊတ္ေတာ္အမတ္မ်ား၏ ေျပာၾကား ခ်က္ကို ကိုးကားၿပီး Die Welt သတင္းစာက ေဖာ္ျပခဲ့သည္။

အဆိုပါလူအမ်ားစုသည္ ဂ်ာမနီႏိုင္ငံသို႔ေရာက္ရွိရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ အေနာက္ဘက္သို႔ ဦးတည္သြားလိမ့္မည္ျဖစ္ ေၾကာင္း Die Welt က ေဖာ္ျပခဲ့သည္။ အတိုက္အခံ ခရစ္ယာန္ဒီမိုကရက္တစ္ပါတီမွ လႊတ္ေတာ္အမတ္ Roderich Kiesewetter က "ယူကရိန္းကို ေထာက္ပံ့မႈနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ရဲ႕မဟာဗ်ဴဟာကို မေျပာင္းလဲဘူးဆိုရင္ ယူကရိန္းႏိုင္ငံကေန အစုလိုက္အၿပဳံလိုက္ ထြက္ခြာမႈနဲ႔ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြဆီကို စစ္ပြဲပ်ံ႕ႏွံ႔လာမႈ အဆိုး႐ြားဆုံး အေျခအေနေတြျဖစ္လာႏိုင္ပါတယ္။ ဒီအဆိုးဆုံးအေျခအေနေတြမွာ ဒုကၡသည္(၁ဝ)သန္း ယူကရိန္းႏိုင္ငံတြင္းက ထြက္ခြာမယ္ဆိုတာက အနိမ့္ဆုံး ခန႔္မွန္းခ်က္တစ္ခုျဖစ္ပါတယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.