သာမန်အခြေအနေမဟုတ်တဲ့ မြန်မာနိုင်ငံမှာ ဆန်ပြတ်လပ်မှုဖြစ်လာခဲ့ရင် ဘာတွေပြင်ဆင်ထားလဲ . . .

 1757

အေဝိုင်အီး ၊ ယွန်း (NP News) - ဖေဖော်ဝါရီ ၁၃
မေး - ပြည်တွင်းမှာ ၂၀၂၄ အတွက် ဆန်ဖူလုံမှုရှိရဲ့ လား။
ဖြေ - အဓိက ကျွန်တော်တို့မြင်တာကတော့ ပြည်တွင်းမှာ စားသုံးတဲ့ဆန်တွေကတော့ ပေါ်ဆန်းအုပ်စု ဆန်တွေ အစားများတယ်။ Export ပို့တဲ့ဆန်တွေ ကတော့ များသောအားဖြင့် ဧည့်မထအုပ်စုများတယ်။ အဲဒီတော့ ပြည်တွင်းစားတဲ့ဆန်တွေနဲ့ ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်မှုနဲ့ ပြည်တွင်းမှာစပါးအထွက်နဲ့က ကျွန်တော်တို့ မြင်တာတော့ ယခင်နှစ်တွေနဲ့ သိပ်ပြီးတော့ကွာခြားမှု မရှိဘူး။ နေရာဒေသတချို့မှာ စပါးရိတ်တဲ့အချိန်မှာ မိုးရွာသွန်းတဲ့အတွက် အနည်းငယ် အထွက်နှုန်းလျော့တာ လေးတွေရှိတယ်။ အနည်းငယ်ပျက်စီးတာလေးတွေရှိ တယ်။ ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ အခက်အခဲဖြစ်တာ လေးတွေရှိတယ်။ ဒါပေမဲ့ အဲဒါတွေကလွဲလို့ ပြန်ကြည့်မယ် ဆိုရင် တစ်နိုင်ငံလုံးရဲ့စပါးအထွက်နဲ့က (၂၀၁၉)(၂၀၂၀)(၂၀၂၁)(၂၀၂၂) ဒီဝန်းကျင်မှာ ပြောင်းလဲတဲ့အနေအထား သိပ်မရှိဘူးပေါ့နော်။ အရမ်းကြီးလည်းလျော့မသွားသလို အရမ်းကြီးလည်းတိုးမလာဘူး။ ဒီသဘောကိုကျွန်တော်တို့ တွေ့ရပါတယ်။ နောက်ဒီအခြေအနေမှာ တစ်ခုကောင်းတာ ကတော့ (၂၀၂၂) မိုးစပါး၊ နွေစပါး (၂၀၂၃) မိုးစပါး၊ နွေစပါး ကို ကြည့်မယ်ဆိုရင် စပါးဈေးကတောက် လျှောက်တက် တယ်။ စပါးဈေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စပြီးတော့ တာဝန်ယူတဲ့အချိန် (၆)သိန်းဝန်းကျင်ကနေပြီး တော့ ဒီနေ့ဆိုရင် ဧည့်မထစပါးဈေးက သိန်း(၂၀)ကျော်မှာ ရှိ တယ်။ ပေါ်ဆန်းစပါးဈေးက သိန်း(၃၀)ကျော်မှာရှိတယ်။ ရွှေဘိုပေါ်ဆန်းဈေးက တင်း(၁၀ဝ)ကို သိန်း(၃၀) သိန်း(၄၀)ဖြစ်သွားတယ်။ အဲဒီတော့ စပါးဈေးကလည်း မြင့်တက်တာဖြစ်တဲ့အတွက် စိုက်လို့ရတဲ့နေရာမှာ တောင်သူတွေကရအောင်စိုက်တယ်။ ရအောင်လုပ်ယူတဲ့ သဘောတော့တွေ့ရတယ်။ နွေစပါးဆိုလည်း ရေရတာ နဲ့ကို စိုက်မယ့် အနေအထားမျိုးရှိတယ်။ ကျွန်တော်တို့ အကြမ်းဖျင်းမြင်တာတော့ စိုက်ပျိုးထုတ်လုပ်မှု စအေအနမည တွေမှာတော့ သိပ်ပြီးတော့ ကြီးကြီးမားမားပြောင်းလဲမှု မရှိဘူး။ ဒါပေမဲ့ ဝယ်ယူမှုပုံစံတွေမှာ ပြောင်းလဲတာတွေ့ရ တယ်။ ဝယ်ယူမှုပုံစံတွေမှာ ကိုဗစ်ကာလမှာ ပြည်သူတွေက စိုးရိမ်တကြီးနဲ့ ဆေးဝါးတွေ၊ ဗြှု တွေ၊ အရက်ပြန်တွေ၊ လက်သန့်ဆေးတွေ ဝယ်ကြတယ်။ ဆန်တို့ဘာတို့လည်း ဝယ်ကြတယ်။ ဆန်ကတော့ ကျွန်တော်တို့မြင်တာ နိုင်ငံတွင်းမှာ မတည်မငြိမ်ဖြစ်တဲ့ဟာတွေရှိတော့ ပြည်သူလူထုရဲ့ သာမာန်မိသားစုတွေက စိုးရိမ်ပူပန်မှု တွေရှိတော့ ဝယ်ယူမှုတွေများတယ်။ ကုန်စည်ဒိုင်မှာ ဝယ်ယူမှုတွေများတယ်။ လက်လီဆိုင်မှာဝယ်ယူမှုတွေ များတယ်။ ပုံမှန်တစ်လကို တစ်အိတ်ဝယ်တဲ့မိသားစုက တစ်လကို နှစ်အိတ်သုံးအိတ်ပိုဝယ်ထားတာမျိုးတွေ တောက်လျှောက်တွေ့နေရတယ်။ ပြည်တွင်းဝယ်ယူမှု များတယ်။ လှောင်လက်တွေကလည်းများတယ်။ လှောင်လက်တွေကလည်း တချို့ကျတော့ ဘဏ်ကနေ ငွေတွေထုတ်ထားတယ် ဘာမှလုပ်ကိုင်စားသောက်ဖို့ မရှိတော့ စပါးတို့၊ ပဲတို့ ဝယ်လှောင်ထားတာတွေများတယ်။ လှောင်ပြီဆိုကတည်းက သူက ဈေးကောင်းရအောင် စောင့်ပြီး ရောင်းတော့မှာဆိုတော့ လှောင်လက်တွေကြောင့်လည်း ဈေးကကြီးတာ ကျွန်တော်တို့တွေ့ရတယ်။ နောက်တစ် ချက်ကတော့ စပါးထွက်ရှိမှုအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုမရှိပေမယ့် ဆန်အထွက်နှုန်းကတော့ နှေးတယ်။ လျှပ်စစ်မီးနဲ့ဆက်စပ်နေတာဖြစ်တဲ့အတွက် ဈေးကွက်ထဲကို ဆန်ရောက်တဲ့အခါမှာ နှေးတာကို တွေ့ရတယ်။ ဒါကတော့ ခြုံငုံပြီးတော့ပြောခြင်းဖြစ်ပါတယ်။ ပြည်ပတင်ပို့တဲ့ အနေအထားအရပြောမယ်ဆိုရင် တင်ပို့ တာက မနှစ်ကတင်ပို့တာထက် တန်ချိန်(၆)သိန်းလောက် ကွာနေတယ်။ ပြီးခဲ့တဲ့နှစ်ကဆို တန်ချိန်(၂)သန်းကျော် တင်ပို့တယ်။ အခု မတ်လ(၃၁)ရက်နေ့ကုန်မယ့် (၂၀၂၃- ၂၄)ဘဏ္ဍာနှစ်မှာဆို ကျွန်တော်တို့ တန်ချိန်(၁)သန်း ကျော်ပဲ တင်ပို့နိုင်သေးတယ်။ မနှစ်ကတင်ပို့မှုနဲ့နှိုင်းယှဉ်ရင် တန်ချိန်(၅)သိန်း၊ (၆)သိန်းလောက် လျော့ကျမယ့် အနေအထားရှိပါတယ်။ ဒါကလည်း ပြည်တွင်းဈေးနှုန်း မြင့်မားတာရယ်၊ နိုင်ငံတကာဈေးနှုန်းမြင့်မားတာရယ် နောက်ပြီး တစ်ဖက်ကလည်း ပြည်တွင်းဈေးနှုန်းမြင့်မား တဲ့အတွက် ပို့ကုန်ကိုထိန်းညှိပြီးတော့ ဆောင်ရွက်တဲ့ အနေအထားလည်းဖြစ်ပါတယ်။ ပြည်တွင်းမှာ ဆန်လက် ကျန်၊ စပါးလက်ကျန် ဖူဖူလုံလုံရှိပါတယ်။ အဓိကကတော့ ကျွန်တော်ပြောတဲ့အချက်တွေကြောင့်ပေါ့။ သိုလှောင်ရုံ အနေအထားတွေ၊ လှောင်လက်တွေ၊ ပြည်သူတွေရဲ့ ဝယ်ယူမှုများတာတွေ မတည်မငြိမ်ဖြစ်မှုအ‌ပေါ်မှာ တချို့ တွေကပစ္စည်းတွေကိုင်ထားတာတွေ ဒါကြောင့် အဓိကဈေးကြီးတဲ့အနေအထားဖြစ်တယ်။ တကယ့် စပါးလက်ကျန်ဆိုရင် အခုမိုးစပါးတင်မဟုတ်ဘူး ပြီးခဲ့တဲ့ နှစ်က မိုးစပါးလက်ကျန်တောင် တချို့ဆန်စက်မှာ ရှိသေးတယ်။ ကျွန်တော်တို့ဆီက ပြည်သူတွေက ဆန်အဟောင်းနဲ့ အသစ်နဲ့ ပေါ်ဆန်းချင်းတူရင်တောင် ဆန်အဟောင်းဆိုရင် (၁၅၀ဝဝဝ)လောက်ရှိမယ် ဆန်အသစ်ဆို(၁၁၀ဝဝဝ)လောက်ရှိမယ်။ ပြီးခဲ့တဲ့နှစ်က ဆန်အ‌ဟောင်းတွေ တချို့ဆန်စက်တွေမှာရှိသေးတယ်။ ကျွန်တော်တို့ခေါ်တာတော့ စပါးဟောင်း ကြိတ်သစ်ပေါ့ အခုမှကြိတ်ထားတဲ့ဟာ။ ဆန်ဖူလုံမှုကတော့ ဖူလုံတယ်၊ ပိုလျှံတယ်၊ လုံလုံလောက်လောက်ရှိတယ်။ ဒါပေမဲ့ ခုနပြောသလို ဈေးကွက်ထဲမှာ အဆင်ပြေအောင်တော့ ထိန်းညှိဆောင်ရွက်ရတဲ့ အနေအထားရှိတယ်။

မေး - တတိယသုံးလပတ်အတွင်းမှာ တိုက်ပွဲဖြစ်တဲ့ နယ်မြေဧရိယာတွေက ပိုကျယ်ပြန့်လာတယ်။ ၂၀၂၄ အထိပါ ကူးစက်လာတာတွေ့ရတယ်။ တိုက်ပွဲဖြစ်တဲ့ နယ်မြေဧရိယာ ပိုပြီးကျယ်ပြန့်လာလေလေ စိုက်ပျိုးရတဲ့ ဧရိယာကျဉ်းလာလေလို့ ကျွန်တော်ကတော့ နားလည် တယ်။ တွက်ချက်ထားတာရော ရှိလား။
ဖြေ - နိုဝင်ဘာနောက်ပိုင်း ရှမ်းမြောက်ဘက်က အနေအထားကတော့ ကျွန်တော်တို့ သေချာလေ့လာ သုံးသပ်နိုင်တဲ့ အနေအထား မရှိသေးဘူး။ စစ်ကိုင်းတိုင်းရဲ့ အနေအထားကို ကြည့်တဲ့အခါမှာ အဖွဲ့အစည်းတွေ အားလုံးက စပါးစိုက်တဲ့တောင်သူတွေကို ငဲ့ညှာမှုကိုသွား တွေ့ရတယ်။ ဒါကတော့ အဖွဲ့အစည်းတွေ အားလုံးပေါ့နော် ဒီဘက်က မြန်မာ့တပ်မတော်အပါအဝင် ကျန်တဲ့ အဖွဲ့အစည်းတွေ အားလုံးကလည်း တတ်နိုင်သမျှ စပါးစိုက်တဲ့ လုပ်ငန်းတွေမထိခိုက်အောင် ကူညီဖေးမ ပေးတာမျိုး အခက်အခဲတွေထဲကနေ ကြမ်းတမ်းမှုတွေ ကြားထဲကနေ နူးညံ့တဲ့အနေအထားလေးတစ်ခုတော့ မြင်ရတယ်ပေါ့နော်။ စပါးသယ်ချင်ရင် သယ်လို့ရတယ်။ ဒါပေမဲ့ တချို့နေရာမှာတော့ မီးလောင်သွားတဲ့နေရာတွေမှာ ပါသွားတာတော့ရှိတယ် သိပ်အများကြီးတော့မဟုတ်ဘူး။ ရွှေဘိုပေါ်ဆန်းဆိုလည်း ကောင်းကောင်းစိုက်လို့ရတယ်။ ကျန်တဲ့နေရာမှာ စိုက်တဲ့ပျိုးတဲ့ဟာတွေလည်း စိုက်လို့ရ တယ်။ ဒေသဖူလုံမှုရှိတယ်။ ဒါပေမဲ့ ကုန်သွယ်မှုမှာတော့ အခက်အခဲရှိတယ်။ ကုန်သွယ်ရောင်းဝယ်တဲ့ နေရာမှာ တော့ အခက်အခဲရှိတယ်။ ဒါကြောင့် အခုလက်ရှိ ရှမ်းပြည်မြောက်ပိုင်းကိုတော့ ကျွန်တော်တို့ သေချာ မလေ့လာရသေးဘူး‌ပေါ့။ ဒီနေရာတွေကတော့ များသောအားဖြင့် ရှမ်းဆန်တွေလည်းစိုက်တာရှိပါတယ်။ များသောအားဖြင့် ရှမ်းဆန်စားတာများတယ်။ ကျွန်တော်တို့ အခုစိုးရိမ်တာကတော့ ရခိုင်ပေါ့။ ရခိုင်က လည်း ဆန်စားများတယ်။ ရခိုင်က မိုးစပါးတစ်ခုတည်းကို အဓိက စိုက်တယ်။ နွေစပါးက မစိုက်သလောက်ကိုရှိတာ။ အဲဒီတော့ အခုရိတ်သိမ်းထားတဲ့ မိုးစပါးတွေဆန်တွေကို လာမယ့်နှစ်အထိ သိုလှောင်ရမှာတွေရှိသေးတော့ ရခိုင်ပြည်နယ်အတွက်တော့ အနည်းငယ်ပူပန်ရတာတွေ ရှိသေးတယ်။ ဈေးနှုန်းတည်ငြိမ်ရေးရော ရှိတဲ့ပစ္စည်း တွေမပျက်စီးဖို့၊ မဖျက်ဆီးဖို့ အဲဒါတွေကိုတော့ စိုးရိမ်ပူပန် တယ်။ ကျန်တဲ့နေရာတွေမှာတော့ အဲဒီလောက်တော့ မရှိဘူးထင်တယ်။
မေး - မြန်မာနိုင်ငံရဲ့ မြေပုံအစိတ်အပိုင်းကို ပြန်ပြီးခွဲ ကြည့်ရင် စိုက်ဧကက (၁၅)သန်းရှိ တယ်ဆိုပါတော့။ အဲဒီရဲ့ ဘယ်လောက်ရာခိုင်နှုန်းက ဧရာဝတီ၊ ဘယ်လောက် ရာခိုင်နှုန်းက ရခိုင်၊ ဘယ်လောက်က စစ်ကိုင်းဆိုပြီး ခွဲခြမ်းစိတ်ဖြာထားတာလေး ရှင်းပြပေးလို့ရမလား။
ဖြေ - ဧရာဝတီတိုင်းဆို မိုးစပါး၊ နွေစပါး ဧက(၅)သန်းကျော်လောက် စိုက်တယ်။ ရန်ကုန်တိုင်းဆို စိုက်ဧက တစ်သန်းကျော်စိုက်တယ်။ ပဲခူးတိုင်းဆို(၂)သန်းကျော် ရှိတယ်။ စစ်ကိုင်းတိုင်းဆိုလည်း (၁)သန်းခွဲ၊(၂) သန်း လောက်ရှိတယ်။ ရခိုင်ပြည်နယ်ဆို (၁)သန်းလောက် ရှိတယ်။ မန္တလေးတိုင်းတို့ဘာတို့ဆို ဧက(၅)သိန်း လောက် စိုက်တယ်။ အကြမ်းဖျင်းပြန်ပြောမယ်ဆိုရင် ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ ရခိုင်၊ စစ်ကိုင်းကတော့ အဓိကကျ တဲ့ ဆန်စပါးစိုက်ပျိုးတဲ့နေရာပေါ့ အထွက်လည်းကောင်း တဲ့နေရာတွေပေါ့။ တစ်ခုပဲရှိတယ်။ နွေစပါးစိုက်ပျိုးတဲ့ အနေအထားပေါ့ ထိုင်းတို့ဘာတို့နဲ့မတူတာက ထိုင်းနိုင်ငံက တစ်နှစ်ကို ဆန်တန် ချိန်(၇)သန်း၊ (၈)သန်း Export လုပ်တယ်။ သူကဆက်တိုက်စိုက်နေတာ။ တစ်နှစ်ကို သုံးသီးလောက်ကိုစိုက်တယ်။ တချို့နေရာမှာဆို (၂)နှစ်ကို (၇)သီးစိုက်တယ်။ ဆက်တိုက်ကို ထွက်နေတာ တွေ့ရတယ်။ ကျွန်တော်တို့ဆီက ဆည်မြောင်းစနစ်တွေ မြစ်ရေစနစ်နဲ့လုပ်တာတွေ ရေရှိရေးဆောင်ရွက်တဲ့ နေရာတွေမှာ အားနည်းချက်တွေရှိတယ်။ အခုဆိုရင် နွေစပါးစိုက်ပျိုးချင်တဲ့ တောင်သူတွေ တော်တော် များတယ်။ ်။ ဒါပေမဲ့ တစ်လုံးထိုးအင်ဂျင်ငှားရဖို့တွေ ပြီးတော့ အဲဒီ အင်ဂျင်မှာသုံးတဲ့ ဒီဇယ်ဝယ်ဖို့တွေရှိတယ် အောက် ခြေ မှာ။ အောက်ခြေပြဿနာတွေက တစ်ယောက်တစ် ယောက် စုလိုက်တဲ့အခါမှာ ကျယ်ပြန့်သွားတယ်။ ဒါကြောင့်မို့ ရေရရှိရေးက အဓိကဖြစ်တယ်။ ရေရတယ် ဆိုတဲ့ နေရာ မှာ မိုးတွင်းကတော့ သိပ်ပြဿနာမဟုတ် ပေမယ့် မိုးတွင်းပြင်ပ စပါးစိုက်ပျိုးမှုလုပ်နိုင်ဖို့အတွက် ကျေးလက်ဒေသမှာ ဒီဇယ်အင်ဂျင်တွေ၊ ဒီဇယ်ရရှိရေးတွေ ဒါတွေကတော်တော်အရေးကြီးတာ တွေ့ရတယ်။ ကျွန်တော်တို့က မိုးစပါးသာ (၁၅)သန်း လောက်စိုက်တာ နွေစပါးကို (၂)သန်းလောက်ပဲစိုက်တယ်။ ဒီထက် ပိုပြီးစိုက်နိုင်လေပိုပြီးတော့ ထုတ်လုပ်မှုမြင့်မားလေ ရောင်းချနိုင်မယ့် အနေအထားများလေ ဖြစ်ပါတယ်။ ဗီယက်နမ်ဆို သုံးသီးစိုက်တယ်လေ။ ထိုင်းဆိုသုံးသီးထက် ပိုတောင်စိုက်သေးတယ်။ စိုက်ဧကတွေမှာတော့ လုံလုံလောက်လောက်ဆက်ပြီး စိုက်တယ်။ အဓိက နေရာတွေကို မထိခိုက်ပါဘူး။
မေး - ခုနရှေ့ကပြောသွားတဲ့အထဲမှာ တစ်ခုစိတ်ဝင် စားတာရှိပါတယ်။ ဘာလဲဆိုတော့ ဆန်ဈေးနှုန်းက စပါးလည်းအဆင်သင့်ရှိတယ်။ ဆန်တွေလည်း အများကြီး ရှိတယ်။ ဒါပေမဲ့ ဆန်ဈေးနှုန်းတွေက တစ်ရှိန်ထိုး တက်ပြီးရင်း တက်လာနေတယ်။ အဲဒီရဲ့ အဓိက ပြဿနာ ရင်းမြစ်ကိုရောတွေ့လား။
ဖြေ - နှစ်ခုရှိတာပေါ့။ တစ်ခုကတော့ နိုင်ငံတကာ ဈေးနှုန်းတွေကလည်း တက်တာကိုး။ နိုင်ငံတကာဈေးနှုန်း ကတက်တာမှ ထိုင်းနိုင်ငံမှာဆို (၁၅)နှစ် တာကာလမှ အမြင့်မားဆုံးအခြေအနေရှိတယ်။ ထိုင်း နိုင်ငံမှာလည်း တက်တယ်။ အဲဒီလိုပဲ ဗီယက်နမ်တို့ ဘာတို့မှာလည်း ဆန်ဈေးတက်တယ်။ ဗီယက်နမ်ဆိုရင် ကျွန်တော်တို့ဆီက ဆန်ကွဲတောင် ပြန်ဝယ်နေရတဲ့ အနေအထားတွေရှိတယ်။ အိန္ဒိယဆိုလည်း ဆန်ဖြူနဲ့ ဆန်ကွဲကို လုံးဝ နထစသမအ ပိတ် ထားတယ်။ အဲဒီတော့ နိုင်ငံတကာ ဈေးကွက်မှာကို ဆန် ဈေးကွက်က (၁၅)နှစ်တာကာလလောက်မှာ အမြင့်မား ဆုံးအနေအထားလောက်ကို ပြန်ဖြစ်လာတယ်။ နိုင်ငံတ ကာ ဈေးကွက် အခြေအနေပေါ့။ နောက်တစ်ချက်က ပြည်တွင်းမှာကျတော့ လျှပ်စစ်မီးကိစ္စတို့ လှောင်လက် တွေများလာတာတို့ ဒီနေရာမှာ ရိုးသားတဲ့ရည်ရွယ်ချက်နဲ့ လှောင်တဲ့သူလည်းရှိသလို ဈေးကစားချင်တဲ့ရည်ရွယ် ချက်နဲ့ လှောင်တဲ့သူတွေလည်း ရှိတယ်။ ဒီအပေါ်မှာ ထိန်းကျောင်းတဲ့ လုပ်ငန်းစဉ်တွေက လည်း ခက်ပါတယ်။ ထိန်း‌ကျောင်းဖို့လိုတယ် ဆိုပေမယ့်လည်း ဒါတွေကို ထိန်း ကျောင်းဖို့ တော်တော်ခက်တာ တွေ့ရတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က နိုင်ငံတော်ကိုလည်း တင်ပြပြီးတော့ ပို့ကုန်တင်ပို့မှုကိုလည်း တော်တော်ကို စိစစ်လျှော့ချပြီး တော့ တင်ပို့တဲ့အနေအထားကို ဆောင် ရွက်တာပေါ့နော်။ တစ်ဖက်ကလည်း လှောင်လက်တွေကို သိုလှောင်ရုံမှတ်ပုံ တင်တို့ဘာတို့ကို အွန်လိုင်းစနစ်နဲ့ လုပ်တာကို လုပ်နေပါ တယ်။ အခုဆိုရင် သိုလှောင်ရုံ (၂၀ဝ)ကျော်လောက် ရောက်လာပြီ။ ဈေးကွက်ထဲမှာ လက်တွေ့မှာ ရှိတဲ့ဟာနဲ့ နှိုင်းယှဉ်ရင် အရမ်းနည်းနေသေးတယ်။ ထပ်ပြီး တော့ ကျယ်ကျယ်ပြန့်ပြန့် ဒီစနစ်ထဲကို ဝင်လာအောင် ထိန်း ကျောင်းဖို့ အချိန်တစ်ခုတော့ယူရမယ်။ နောက်အရေးကြီး ဆုံးကတော့ စပါးသည် (၄)လမှာတစ်ခါစိုက်လို့ရတဲ့ဟာမျိုး ဖြစ်တယ်။ ကျွန်တော်တို့မှာ မြေလည်းရှိတယ်။ ရေလည်း ရှိတယ်။ ရှိတဲ့ရေကိုလယ်ကွင်းထဲရောက်အောင်လို့ ပို့ရ မယ့်အနေအထားတော့ လိုအပ်ချက်ရှိတယ်။ ခက်သလား ဆိုတော့ ခက်တယ်လည်းပြောလို့ရတယ်။ မခက်ဘူးလည်း ပြောလို့ရတယ်။ ဒီပေါ်မှာသက်ဆိုင်ရာအစိုးရထံကနေ ပေါင်းစပ်အကူအညီရယ် ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ရယ် ပူးပေါင်းပါဝင်မှုရယ်၊ တောင်သူလယ်သမားတွေရဲ့ ပူးပေါင်းပါဝင်မှုရယ် သုံးပွင့်ဆိုင်သေချာညှိနှိုင်းပြီးတော့ စိုက်ပျိုးရေရရှိရေးရယ် စိုက်ပျိုးရေးတိုးတက်ဖို့ကိုတော့ လုပ်ရမယ့် အနေအထားတွေသွားတွေ့ရတယ်။ ဒီအချိန်က ဈေးကောင်းရတာဖြစ်တဲ့အတွက် အခွင့်အရေးကောင်း လည်း ဖြစ်တယ်။ အဲဒီတော့ ဒီလိုအခြေအနေမျိုးမှာ တွန်းပြီး တော့ လုပ်ရမယ့်သဘောတော့မြင်တယ်။ အဓိက က ဈေးတက်လာတဲ့ အနေအထားကတော့ demand များလာတာပေါ့။ ဈေးကတော့ နေရာတိုင်းမှာတက်တာ တွေ့ရတယ်။ ဆန်စက်တွေကလည်း ဈေးတက်တယ်။ တစ်ခါတစ်လေကျတော့လည်း Demandကိုက များနေ တာ။ ဆိုင်တွေရဲ့အဝယ်က များလာတယ်။ ပြည်သူလူထုရဲ့ အဝယ်ကများလာတယ်။ Export ကနေပြီးတော့ ဆွဲတာ မျိုးတွေရှိတယ်။ လှောင်လက်တွေက ဆွဲတာမျိုးတွေရှိ တယ်။ ဒီလိုမျိုး demand ရှိလာတာနဲ့အမျှ တစ်ဖက်ကအဲဒီ demand ကိုအချိန်မီ ပံ့ပိုးပေးနိုင်တဲ့ အနေအထားမဖြစ် ခဲ့ရင် ဈေးကတက်လာတယ်။ လျှပ်စစ်မီးလျော့နည်းရရှိမှု ကြောင့် မီးစက်နဲ့လည်ရတယ်၊ ဆန်တစ်အိတ်ကို (၅၀ဝဝ) အပိုငွေကုန်ကျစရိတ်ရှိမယ်၊ (၆၀ဝဝ)အပိုကုန်ကျစရိတ် ရှိမယ်ဆိုရင် စသဖြင့်ပေါ့နော်။ အခြေခံပြည်သူလူထုအ တွက်က ပြန်ကြည့်ရင် မနှစ်ကဒီလိုအချိန်မှာ အကြမ်းဆန် တစ်အိတ်ကို(၄၀ဝဝဝ)ရှိတယ်။ အခု ၂၀၂၄ ဇန်နဝါရီမှာ (၈၀ဝဝဝ)လောက်ရှိသွားတယ်။ ၁၀ဝ ရာခိုင်နှုန်းလောက် နှစ်ဆလောက်တက်သွားတာကို တွေ့ရတယ်။ ဒါကို ကျွန် တော်တို့ တတ်နိုင်သမျှ ဝိုင်းပြီးတော့ ထိန်းညှိရမှာရှိတယ်။ ဖေဖော်ဝါရီလဆိုရင် ပေါင်းဆန်နဲ့ ဆန်ကွဲလောက်ပဲ Export လုပ်ပြီးတော့ ကျန်တဲ့ဆန်တွေကို Export မလုပ် ဘဲနဲ့ထားဖို့ကို တိုင်ပင်ညှိနှိုင်းပြီးတော့ စီစဉ်နေတယ်။ အဓိ ကက Export ကို လျှော့ချရမယ့် အနေအထားမှာရှိတယ်။ ဆန်စပါးက ကျန်တဲ့ ပဲတို့ ဘာတို့နဲ့ မတူဘူးပေါ့။ ကျန်တဲ့ ပဲတို့ ဟင်းသီးဟင်းရွက်တို့ သစ်သီးဝလံတွေက ပြည်တွင်း မှာပဲ စားနေတာတွေဖြစ်တယ်။ တကယ်တမ်းပြောရရင် Export ပို့တဲ့ဆန် ပြည်တွင်းမှာစားလားဆိုတော့ ၇၀ ရာ ခိုင်နှုန်းလောက်က မစားပြန်ဘူး။ နောက်ဆုံး ဆန်တစ် အိတ်က ဒီဆန်က (၈၀ဝဝဝ)၊ (၉၀ဝဝဝ)ရှိတယ်၊ ဒီဆန်က (၆၀ဝဝဝ) ရှိတယ်ဆိုရင် ဈေးကြောင့်ရွေးရင်လည်း ရွေးနိုင်တယ်ပေါ့နော်။ ဆန်ပဲဆိုပြီး နည်းနည်းစဉ်းစားနေတဲ့ အနေအထားတော့ရှိတယ်။ ကျွန်တော်တို့က အလွယ်ဆုံး နည်းလမ်းကတော့ နံပါတ် (၁) ကတော့ Export လျှော့တဲ့ နည်းလမ်း‌ပေါ့။ ဈေးကွက်ထဲကို အရန်ဆန်ထည့်တဲ့ နည်း လမ်း။ အခုဟာက ကျွန်တော်တို့ လှောင်တဲ့လူတွေကို ဖော် ထုတ်ပြီးတော့ လှောင်ထားတဲ့ပစ္စည်းကို ထုတ်ရောင်းဖို့ တွန်းအားပေးတဲ့ နည်းလမ်းပေါ့။ ဒီနည်းလမ်းတွေကို ကျွန်တော်တို့ စပြီးတော့လုပ်နေပါတယ်။
မေး - ဟုတ်ကဲ့ အဲဒါဆို ကျွန်တော် တစ်ခု စိတ်ပူလို့ မေးတာပေါ့နော်။ ဒါက ကျွန်တော်တို့ နောက်ဆုံး အဆိုးဆုံး အချိန် ဖြစ်လာခဲ့ရင်ပေါ့။ စစ်မက်တွေက ကူးကူးလာရင် နောက်ဆုံး ဧရာဝတီပါ ကူးသွားမယ်။ ရခိုင်ကလည်း ဖြစ် နေပြီ။ နောက် စစ်မက်ကူးသွားလို့ စိုက်ရမယ့်အစား လူ တွေက ပြေးနေရရင် အဲဒီအချိန်ကျရင် မြို့ ပြက မရှိ တော့ဘူး။ အကုန်လုံးက ဒီကိုပဲ လာစုကြမှာ၊ အဲဒီကျရင် စားနပ်ရိက္ခာဖူလုံမှုဆိုတဲ့ ပြဿနာ ရင်ဆိုင်ရနိုင်ဖို့ရှိတယ်။ အဲဒီကျရင် ဒါက ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ၊ မြန်မာ နိုင်ငံမှာရှိတဲ့ အရန်ဆန်ဟာ တကယ်တမ်း လုံးဝ ဒီတစ် နှစ်လုံး မထုတ်ဘဲနေမယ်ဆိုရင် နောက် ဘယ်နှနှစ်အထိ စားဖို့ရှိတယ်လို့ ပြောလို့ရမလဲ ။
ဖြေ - အဲဒီလိုတော့ ကျွန်တော်တို့က အများကြီးတော့ မရှိဘူးပေါ့နော်။ အမှန်တကယ်ကတော့ ကျွန်တော်တို့က တစ်ကမ္ဘာလုံးရဲ့ ပုံစံနဲ့ ခြုံပြောရရင် ဆန် စိုက်ပျိုး ထုတ်လုပ် ပြီးတော့ ပိုလျှံတဲ့နိုင်ငံတွေဟာ အရန်ဆန်စနစ်ကို သိပ်ပြီး တော့ Invert မလုပ်ဘူး။ ဥပမာ ဆန် တင်သွင်းစားသုံးတဲ့ နိုင်ငံတွေဆို အရန်ဆန်စနစ်ကို အရမ်းလုပ်ကြတယ်။ သူက တင်သွင်းစားတာကို။ အထူးသဖြင့် ဖိလစ်ပိုင်တို့၊ အင်ဒိုနီးရှားတို့ မလေးရှားတို့ဆို သူက အရန်ဆန်ကို အများကြီးထားရတယ်။ ကျွန်တော်တို့ နိုင်ငံလိုမျိုးကျတော့ ဒါ အခု နိုင်ငံ မတည်မငြိမ်ဖြစ်တာတော့ ထူးခြားတဲ့ ဖြစ်စဉ် ပေါ့နော်။ အရင်ကလည်း ဒီလို မရှိခဲ့တဲ့ အခါကျတော့ အခုလို ဒီလို ဖြစ်တာထက် ကျွန်တော်တို့ဟာ တစ်ပတ်ဆန်၊ နှစ်ပတ်ဆန် ခုနက ပြောသလို သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့အခါမှာ ကျွန်တော်တို့ ၂၄ နာရီအတွင်း၊ ၄၈ နာရီအတွင်း နောက် ၇၂ နာရီအတွင်း ကျွန်တော်တို့ ဖြန့် ဖြူးပေးနိုင်တဲ့ ပမာဏပေါ့။ တစ်ပတ်၊ နှစ်ပတ် ဖြန့်ဖြူး ပေးနိုင်တဲ့ ပမာဏပဲ။ ကျွန်တော်တို့က အရန်ဆန် စနစ်ထဲ မှာ ရှိတာပေါ့။ ဒါပေမဲ့ ပုဂ္ဂလိက သိုလှောင်ရုံတွေမှာတော့ ရှိတာပေါ့။ ပုဂ္ဂလိက သိုလှောင်ရုံတွေ၊ ပုဂ္ဂလိက ဆန်စက် တွေမှာတော့ ကျွန်တော်တို့က ဆန်က လုံလုံ လောက်လောက်ရှိပါတယ်။ ခုနကပြောသလိုပေါ့နော် ကျွန်တော်တို့ တတ်နိုင်သမျှတော့ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ရင်တော့ ကျွန်တော်တို့က ဒါ ဒီအပေါ်မှာ သိပ်မရှိဘူး။ မယူဆဘူး။ ဆန်ကတော့ အဟောင်းစားတဲ့ နိုင်ငံဖြစ်တော့ ဆန် အဟောင်း၊ စပါးအဟောင်း တော်တော် များများကတော့ ရှိပါတယ်။ အမြဲတမ်းက။ ဒါပေမဲ့ ခုနက ပြောသလို ကျွန်တော်တို့ သမားရိုးကျ အရန်ဆန် စနစ်က တော့ ကျွန်တော်ပြောသလိုပေါ့နော်။ ကျွန်တော်တို့ ၂၄ နာရီအတွင်း ၊ ၄၈ နာရီအတွင်း ၊ ၇၂ နာရီအတွင်း သဘာဝ ဘေးအန္တရာယ်ကျလာတဲ့အချိန်တွေမှာ ကျွန်တော်တို့ အသုံးပြုနိုင်မယ့် ပမာဏရှိတယ်။ မြန်မာနိုင်ငံရဲ့ အရေးကြီး ဆုံးဖြစ်တဲ့ ရန်ကုန်ဈေးကွက်နဲ့ မန္တလေးဈေးကွက်ကို နှစ်ပတ် ဒါမှမဟုတ် သုံးပတ် နောက်ဆုံး တစ်လအထိပေါ့။ ကျွန်တော်တို့ တည်ငြိမ်အောင် ထိန်းနိုင်တဲ့ အနေအထားရှိတယ်။ ဒါကတော့ ကျွန်တော်တို့က သာမန် အခြေအနေပေါ့။ နောက် သာမန် အခြေအနေထက် ပိုမိုပြီးတော့ ကျယ်ပြန့်လာမယ့် ကိစ္စရပ်ကိုတော့ ကျွန်တော်တို့ ဒီ တပ်မတော်ရိက္ခာ အစီအစဉ်တို့ ဘာတို့ ရှိတယ်။ တပ်မတော် ရိက္ခာ အစီအစဉ်ကလည်း တပ်မ တော်က‌တော့ ခုနကပြောသလို ဝယ်ယူသိုလှောင် စုဆောင်းမှုကတော့ ပိုပြီးတော့ များတယ်။ များတဲ့အခါ ကျတော့ သူမှာကျတော့ ကျွန်တော်တို့က နာEmergency Reserve ကို အရင်တပ်မတော် အစိုးရ လက်ထက်တည်း က တပ်မတော်အတွက်တင် မဟုတ်ဘူး။ တစ်နိုင်ငံလုံး အတွက် စီစဉ်တာတော့ ရှိတယ်။ အဲဒီလိုဟာမျိုးနဲ့တော့ ပေါင်းစပ်ရမယ်လို့ထင်တယ်။

ကျေးဇူးတင်ပါတယ် အခုလိုဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။

Zawgyi Version;
သာမန္အေျခအေနမဟုတ္တဲ့ ျမန္မာႏိုင္ငံမွာ ဆန္ျပတ္လပ္မႈျဖစ္လာခဲ့ရင္ ဘာေတြျပင္ဆင္ထားလဲ . . .
ေအဝိုင္အီး ၊ ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၃
ေမး - ျပည္တြင္းမွာ ၂၀၂၄ အတြက္ ဆန္ဖူလုံမႈရွိရဲ႕ လား။
ေျဖ - အဓိက ကြၽန္ေတာ္တို႔ျမင္တာကေတာ့ ျပည္တြင္းမွာ စားသုံးတဲ့ဆန္ေတြကေတာ့ ေပၚဆန္းအုပ္စု ဆန္ေတြ အစားမ်ားတယ္။ Export ပို႔တဲ့ဆန္ေတြ ကေတာ့ မ်ားေသာအားျဖင့္ ဧည့္မထအုပ္စုမ်ားတယ္။ အဲဒီေတာ့ ျပည္တြင္းစားတဲ့ဆန္ေတြနဲ႔ ျပည္တြင္းစိုက္ပ်ိဳး ထုတ္လုပ္မႈနဲ႔ ျပည္တြင္းမွာစပါးအထြက္နဲ႔က ကြၽန္ေတာ္တို႔ ျမင္တာေတာ့ ယခင္ႏွစ္ေတြနဲ႔ သိပ္ၿပီးေတာ့ကြာျခားမႈ မရွိဘူး။ ေနရာေဒသတခ်ိဳ႕မွာ စပါးရိတ္တဲ့အခ်ိန္မွာ မိုး႐ြာသြန္းတဲ့အတြက္ အနည္းငယ္ အထြက္ႏႈန္းေလ်ာ့တာ ေလးေတြရွိတယ္။ အနည္းငယ္ပ်က္စီးတာေလးေတြရွိ တယ္။ ပဋိပကၡျဖစ္ေနတဲ့ေနရာေတြမွာ အခက္အခဲျဖစ္တာ ေလးေတြရွိတယ္။ ဒါေပမဲ့ အဲဒါေတြကလြဲလို႔ ျပန္ၾကည့္မယ္ ဆိုရင္ တစ္ႏိုင္ငံလုံးရဲ႕စပါးအထြက္နဲ႔က (၂၀၁၉)(၂၀၂၀)(၂၀၂၁)(၂၀၂၂) ဒီဝန္းက်င္မွာ ေျပာင္းလဲတဲ့အေနအထား သိပ္မရွိဘူးေပါ့ေနာ္။ အရမ္းႀကီးလည္းေလ်ာ့မသြားသလို အရမ္းႀကီးလည္းတိုးမလာဘူး။ ဒီသေဘာကိုကြၽန္ေတာ္တို႔ ေတြ႕ရပါတယ္။ ေနာက္ဒီအေျခအေနမွာ တစ္ခုေကာင္းတာ ကေတာ့ (၂၀၂၂) မိုးစပါး၊ ေႏြစပါး (၂၀၂၃) မိုးစပါး၊ ေႏြစပါး ကို ၾကည့္မယ္ဆိုရင္ စပါးေဈးကေတာက္ ေလွ်ာက္တက္ တယ္။ စပါးေဈးသည္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ စၿပီးေတာ့ တာဝန္ယူတဲ့အခ်ိန္ (၆)သိန္းဝန္းက်င္ကေနၿပီး ေတာ့ ဒီေန႔ဆိုရင္ ဧည့္မထစပါးေဈးက သိန္း(၂၀)ေက်ာ္မွာ ရွိ တယ္။ ေပၚဆန္းစပါးေဈးက သိန္း(၃၀)ေက်ာ္မွာရွိတယ္။ ေ႐ႊဘိုေပၚဆန္းေဈးက တင္း(၁၀ဝ)ကို သိန္း(၃၀) သိန္း(၄၀)ျဖစ္သြားတယ္။ အဲဒီေတာ့ စပါးေဈးကလည္း ျမင့္တက္တာျဖစ္တဲ့အတြက္ စိုက္လို႔ရတဲ့ေနရာမွာ ေတာင္သူေတြကရေအာင္စိုက္တယ္။ ရေအာင္လုပ္ယူတဲ့ သေဘာေတာ့ေတြ႕ရတယ္။ ေႏြစပါးဆိုလည္း ေရရတာ နဲ႔ကို စိုက္မယ့္ အေနအထားမ်ိဳးရွိတယ္။ ကြၽန္ေတာ္တို႔ အၾကမ္းဖ်င္းျမင္တာေတာ့ စိုက္ပ်ိဳးထုတ္လုပ္မႈ စေအအနမည ေတြမွာေတာ့ သိပ္ၿပီးေတာ့ ႀကီးႀကီးမားမားေျပာင္းလဲမႈ မရွိဘူး။ ဒါေပမဲ့ ဝယ္ယူမႈပုံစံေတြမွာ ေျပာင္းလဲတာေတြ႕ရ တယ္။ ဝယ္ယူမႈပုံစံေတြမွာ ကိုဗစ္ကာလမွာ ျပည္သူေတြက စိုးရိမ္တႀကီးနဲ႔ ေဆးဝါးေတြ၊ ျဗႇဳ ေတြ၊ အရက္ျပန္ေတြ၊ လက္သန႔္ေဆးေတြ ဝယ္ၾကတယ္။ ဆန္တို႔ဘာတို႔လည္း ဝယ္ၾကတယ္။ ဆန္ကေတာ့ ကြၽန္ေတာ္တို႔ျမင္တာ ႏိုင္ငံတြင္းမွာ မတည္မၿငိမ္ျဖစ္တဲ့ဟာေတြရွိေတာ့ ျပည္သူလူထုရဲ႕ သာမာန္မိသားစုေတြက စိုးရိမ္ပူပန္မႈ ေတြရွိေတာ့ ဝယ္ယူမႈေတြမ်ားတယ္။ ကုန္စည္ဒိုင္မွာ ဝယ္ယူမႈေတြမ်ားတယ္။ လက္လီဆိုင္မွာဝယ္ယူမႈေတြ မ်ားတယ္။ ပုံမွန္တစ္လကို တစ္အိတ္ဝယ္တဲ့မိသားစုက တစ္လကို ႏွစ္အိတ္သုံးအိတ္ပိုဝယ္ထားတာမ်ိဳးေတြ ေတာက္ေလွ်ာက္ေတြ႕ေနရတယ္။ ျပည္တြင္းဝယ္ယူမႈ မ်ားတယ္။ ေလွာင္လက္ေတြကလည္းမ်ားတယ္။ ေလွာင္လက္ေတြကလည္း တခ်ိဳ႕က်ေတာ့ ဘဏ္ကေန ေငြေတြထုတ္ထားတယ္ ဘာမွလုပ္ကိုင္စားေသာက္ဖို႔ မရွိေတာ့ စပါးတို႔၊ ပဲတို႔ ဝယ္ေလွာင္ထားတာေတြမ်ားတယ္။ ေလွာင္ၿပီဆိုကတည္းက သူက ေဈးေကာင္းရေအာင္ ေစာင့္ၿပီး ေရာင္းေတာ့မွာဆိုေတာ့ ေလွာင္လက္ေတြေၾကာင့္လည္း ေဈးကႀကီးတာ ကြၽန္ေတာ္တို႔ေတြ႕ရတယ္။ ေနာက္တစ္ ခ်က္ကေတာ့ စပါးထြက္ရွိမႈအေပၚမွာ ႀကီးမားတဲ့ သက္ေရာက္မႈမရွိေပမယ့္ ဆန္အထြက္ႏႈန္းကေတာ့ ေႏွးတယ္။ လွ်ပ္စစ္မီးနဲ႔ဆက္စပ္ေနတာျဖစ္တဲ့အတြက္ ေဈးကြက္ထဲကို ဆန္ေရာက္တဲ့အခါမွာ ေႏွးတာကို ေတြ႕ရတယ္။ ဒါကေတာ့ ၿခဳံငုံၿပီးေတာ့ေျပာျခင္းျဖစ္ပါတယ္။ ျပည္ပတင္ပို႔တဲ့ အေနအထားအရေျပာမယ္ဆိုရင္ တင္ပို႔ တာက မႏွစ္ကတင္ပို႔တာထက္ တန္ခ်ိန္(၆)သိန္းေလာက္ ကြာေနတယ္။ ၿပီးခဲ့တဲ့ႏွစ္ကဆို တန္ခ်ိန္(၂)သန္းေက်ာ္ တင္ပို႔တယ္။ အခု မတ္လ(၃၁)ရက္ေန႔ကုန္မယ့္ (၂၀၂၃- ၂၄)ဘ႑ာႏွစ္မွာဆို ကြၽန္ေတာ္တို႔ တန္ခ်ိန္(၁)သန္း ေက်ာ္ပဲ တင္ပို႔ႏိုင္ေသးတယ္။ မႏွစ္ကတင္ပို႔မႈနဲ႔ႏႈိင္းယွဥ္ရင္ တန္ခ်ိန္(၅)သိန္း၊ (၆)သိန္းေလာက္ ေလ်ာ့က်မယ့္ အေနအထားရွိပါတယ္။ ဒါကလည္း ျပည္တြင္းေဈးႏႈန္း ျမင့္မားတာရယ္၊ ႏိုင္ငံတကာေဈးႏႈန္းျမင့္မားတာရယ္ ေနာက္ၿပီး တစ္ဖက္ကလည္း ျပည္တြင္းေဈးႏႈန္းျမင့္မား တဲ့အတြက္ ပို႔ကုန္ကိုထိန္းညႇိၿပီးေတာ့ ေဆာင္႐ြက္တဲ့ အေနအထားလည္းျဖစ္ပါတယ္။ ျပည္တြင္းမွာ ဆန္လက္ က်န္၊ စပါးလက္က်န္ ဖူဖူလုံလုံရွိပါတယ္။ အဓိကကေတာ့ ကြၽန္ေတာ္ေျပာတဲ့အခ်က္ေတြေၾကာင့္ေပါ့။ သိုေလွာင္႐ုံ အေနအထားေတြ၊ ေလွာင္လက္ေတြ၊ ျပည္သူေတြရဲ႕ ဝယ္ယူမႈမ်ားတာေတြ မတည္မၿငိမ္ျဖစ္မႈအ‌ေပၚမွာ တခ်ိဳ႕ ေတြကပစၥည္းေတြကိုင္ထားတာေတြ ဒါေၾကာင့္ အဓိကေဈးႀကီးတဲ့အေနအထားျဖစ္တယ္။ တကယ့္ စပါးလက္က်န္ဆိုရင္ အခုမိုးစပါးတင္မဟုတ္ဘူး ၿပီးခဲ့တဲ့ ႏွစ္က မိုးစပါးလက္က်န္ေတာင္ တခ်ိဳ႕ဆန္စက္မွာ ရွိေသးတယ္။ ကြၽန္ေတာ္တို႔ဆီက ျပည္သူေတြက ဆန္အေဟာင္းနဲ႔ အသစ္နဲ႔ ေပၚဆန္းခ်င္းတူရင္ေတာင္ ဆန္အေဟာင္းဆိုရင္ (၁၅၀ဝဝဝ)ေလာက္ရွိမယ္ ဆန္အသစ္ဆို(၁၁၀ဝဝဝ)ေလာက္ရွိမယ္။ ၿပီးခဲ့တဲ့ႏွစ္က ဆန္အ‌ေဟာင္းေတြ တခ်ိဳ႕ဆန္စက္ေတြမွာရွိေသးတယ္။ ကြၽန္ေတာ္တို႔ေခၚတာေတာ့ စပါးေဟာင္း ႀကိတ္သစ္ေပါ့ အခုမွႀကိတ္ထားတဲ့ဟာ။ ဆန္ဖူလုံမႈကေတာ့ ဖူလုံတယ္၊ ပိုလွ်ံတယ္၊ လုံလုံေလာက္ေလာက္ရွိတယ္။ ဒါေပမဲ့ ခုနေျပာသလို ေဈးကြက္ထဲမွာ အဆင္ေျပေအာင္ေတာ့ ထိန္းညႇိေဆာင္႐ြက္ရတဲ့ အေနအထားရွိတယ္။

ေမး - တတိယသုံးလပတ္အတြင္းမွာ တိုက္ပြဲျဖစ္တဲ့ နယ္ေျမဧရိယာေတြက ပိုက်ယ္ျပန႔္လာတယ္။ ၂၀၂၄ အထိပါ ကူးစက္လာတာေတြ႕ရတယ္။ တိုက္ပြဲျဖစ္တဲ့ နယ္ေျမဧရိယာ ပိုၿပီးက်ယ္ျပန႔္လာေလေလ စိုက္ပ်ိဳးရတဲ့ ဧရိယာက်ဥ္းလာေလလို႔ ကြၽန္ေတာ္ကေတာ့ နားလည္ တယ္။ တြက္ခ်က္ထားတာေရာ ရွိလား။
ေျဖ - ႏိုဝင္ဘာေနာက္ပိုင္း ရွမ္းေျမာက္ဘက္က အေနအထားကေတာ့ ကြၽန္ေတာ္တို႔ ေသခ်ာေလ့လာ သုံးသပ္ႏိုင္တဲ့ အေနအထား မရွိေသးဘူး။ စစ္ကိုင္းတိုင္းရဲ႕ အေနအထားကို ၾကည့္တဲ့အခါမွာ အဖြဲ႕အစည္းေတြ အားလုံးက စပါးစိုက္တဲ့ေတာင္သူေတြကို ငဲ့ညႇာမႈကိုသြား ေတြ႕ရတယ္။ ဒါကေတာ့ အဖြဲ႕အစည္းေတြ အားလုံးေပါ့ေနာ္ ဒီဘက္က ျမန္မာ့တပ္မေတာ္အပါအဝင္ က်န္တဲ့ အဖြဲ႕အစည္းေတြ အားလုံးကလည္း တတ္ႏိုင္သမွ် စပါးစိုက္တဲ့ လုပ္ငန္းေတြမထိခိုက္ေအာင္ ကူညီေဖးမ ေပးတာမ်ိဳး အခက္အခဲေတြထဲကေန ၾကမ္းတမ္းမႈေတြ ၾကားထဲကေန ႏူးညံ့တဲ့အေနအထားေလးတစ္ခုေတာ့ ျမင္ရတယ္ေပါ့ေနာ္။ စပါးသယ္ခ်င္ရင္ သယ္လို႔ရတယ္။ ဒါေပမဲ့ တခ်ိဳ႕ေနရာမွာေတာ့ မီးေလာင္သြားတဲ့ေနရာေတြမွာ ပါသြားတာေတာ့ရွိတယ္ သိပ္အမ်ားႀကီးေတာ့မဟုတ္ဘူး။ ေ႐ႊဘိုေပၚဆန္းဆိုလည္း ေကာင္းေကာင္းစိုက္လို႔ရတယ္။ က်န္တဲ့ေနရာမွာ စိုက္တဲ့ပ်ိဳးတဲ့ဟာေတြလည္း စိုက္လို႔ရ တယ္။ ေဒသဖူလုံမႈရွိတယ္။ ဒါေပမဲ့ ကုန္သြယ္မႈမွာေတာ့ အခက္အခဲရွိတယ္။ ကုန္သြယ္ေရာင္းဝယ္တဲ့ ေနရာမွာ ေတာ့ အခက္အခဲရွိတယ္။ ဒါေၾကာင့္ အခုလက္ရွိ ရွမ္းျပည္ေျမာက္ပိုင္းကိုေတာ့ ကြၽန္ေတာ္တို႔ ေသခ်ာ မေလ့လာရေသးဘူး‌ေပါ့။ ဒီေနရာေတြကေတာ့ မ်ားေသာအားျဖင့္ ရွမ္းဆန္ေတြလည္းစိုက္တာရွိပါတယ္။ မ်ားေသာအားျဖင့္ ရွမ္းဆန္စားတာမ်ားတယ္။ ကြၽန္ေတာ္တို႔ အခုစိုးရိမ္တာကေတာ့ ရခိုင္ေပါ့။ ရခိုင္က လည္း ဆန္စားမ်ားတယ္။ ရခိုင္က မိုးစပါးတစ္ခုတည္းကို အဓိက စိုက္တယ္။ ေႏြစပါးက မစိုက္သေလာက္ကိုရွိတာ။ အဲဒီေတာ့ အခုရိတ္သိမ္းထားတဲ့ မိုးစပါးေတြဆန္ေတြကို လာမယ့္ႏွစ္အထိ သိုေလွာင္ရမွာေတြရွိေသးေတာ့ ရခိုင္ျပည္နယ္အတြက္ေတာ့ အနည္းငယ္ပူပန္ရတာေတြ ရွိေသးတယ္။ ေဈးႏႈန္းတည္ၿငိမ္ေရးေရာ ရွိတဲ့ပစၥည္း ေတြမပ်က္စီးဖို႔၊ မဖ်က္ဆီးဖို႔ အဲဒါေတြကိုေတာ့ စိုးရိမ္ပူပန္ တယ္။ က်န္တဲ့ေနရာေတြမွာေတာ့ အဲဒီေလာက္ေတာ့ မရွိဘူးထင္တယ္။
ေမး - ျမန္မာႏိုင္ငံရဲ႕ ေျမပုံအစိတ္အပိုင္းကို ျပန္ၿပီးခြဲ ၾကည့္ရင္ စိုက္ဧကက (၁၅)သန္းရွိ တယ္ဆိုပါေတာ့။ အဲဒီရဲ႕ ဘယ္ေလာက္ရာခိုင္ႏႈန္းက ဧရာဝတီ၊ ဘယ္ေလာက္ ရာခိုင္ႏႈန္းက ရခိုင္၊ ဘယ္ေလာက္က စစ္ကိုင္းဆိုၿပီး ခြဲျခမ္းစိတ္ျဖာထားတာေလး ရွင္းျပေပးလို႔ရမလား။
ေျဖ - ဧရာဝတီတိုင္းဆို မိုးစပါး၊ ေႏြစပါး ဧက(၅)သန္းေက်ာ္ေလာက္ စိုက္တယ္။ ရန္ကုန္တိုင္းဆို စိုက္ဧက တစ္သန္းေက်ာ္စိုက္တယ္။ ပဲခူးတိုင္းဆို(၂)သန္းေက်ာ္ ရွိတယ္။ စစ္ကိုင္းတိုင္းဆိုလည္း (၁)သန္းခြဲ၊(၂) သန္း ေလာက္ရွိတယ္။ ရခိုင္ျပည္နယ္ဆို (၁)သန္းေလာက္ ရွိတယ္။ မႏၲေလးတိုင္းတို႔ဘာတို႔ဆို ဧက(၅)သိန္း ေလာက္ စိုက္တယ္။ အၾကမ္းဖ်င္းျပန္ေျပာမယ္ဆိုရင္ ဧရာဝတီ၊ ပဲခူး၊ ရန္ကုန္၊ ရခိုင္၊ စစ္ကိုင္းကေတာ့ အဓိကက် တဲ့ ဆန္စပါးစိုက္ပ်ိဳးတဲ့ေနရာေပါ့ အထြက္လည္းေကာင္း တဲ့ေနရာေတြေပါ့။ တစ္ခုပဲရွိတယ္။ ေႏြစပါးစိုက္ပ်ိဳးတဲ့ အေနအထားေပါ့ ထိုင္းတို႔ဘာတို႔နဲ႔မတူတာက ထိုင္းႏိုင္ငံက တစ္ႏွစ္ကို ဆန္တန္ ခ်ိန္(၇)သန္း၊ (၈)သန္း Export လုပ္တယ္။ သူကဆက္တိုက္စိုက္ေနတာ။ တစ္ႏွစ္ကို သုံးသီးေလာက္ကိုစိုက္တယ္။ တခ်ိဳ႕ေနရာမွာဆို (၂)ႏွစ္ကို (၇)သီးစိုက္တယ္။ ဆက္တိုက္ကို ထြက္ေနတာ ေတြ႕ရတယ္။ ကြၽန္ေတာ္တို႔ဆီက ဆည္ေျမာင္းစနစ္ေတြ ျမစ္ေရစနစ္နဲ႔လုပ္တာေတြ ေရရွိေရးေဆာင္႐ြက္တဲ့ ေနရာေတြမွာ အားနည္းခ်က္ေတြရွိတယ္။ အခုဆိုရင္ ေႏြစပါးစိုက္ပ်ိဳးခ်င္တဲ့ ေတာင္သူေတြ ေတာ္ေတာ္ မ်ားတယ္။ ္။ ဒါေပမဲ့ တစ္လုံးထိုးအင္ဂ်င္ငွားရဖို႔ေတြ ၿပီးေတာ့ အဲဒီ အင္ဂ်င္မွာသုံးတဲ့ ဒီဇယ္ဝယ္ဖို႔ေတြရွိတယ္ ေအာက္ ေျခ မွာ။ ေအာက္ေျချပႆနာေတြက တစ္ေယာက္တစ္ ေယာက္ စုလိုက္တဲ့အခါမွာ က်ယ္ျပန႔္သြားတယ္။ ဒါေၾကာင့္မို႔ ေရရရွိေရးက အဓိကျဖစ္တယ္။ ေရရတယ္ ဆိုတဲ့ ေနရာ မွာ မိုးတြင္းကေတာ့ သိပ္ျပႆနာမဟုတ္ ေပမယ့္ မိုးတြင္းျပင္ပ စပါးစိုက္ပ်ိဳးမႈလုပ္ႏိုင္ဖို႔အတြက္ ေက်းလက္ေဒသမွာ ဒီဇယ္အင္ဂ်င္ေတြ၊ ဒီဇယ္ရရွိေရးေတြ ဒါေတြကေတာ္ေတာ္အေရးႀကီးတာ ေတြ႕ရတယ္။ ကြၽန္ေတာ္တို႔က မိုးစပါးသာ (၁၅)သန္း ေလာက္စိုက္တာ ေႏြစပါးကို (၂)သန္းေလာက္ပဲစိုက္တယ္။ ဒီထက္ ပိုၿပီးစိုက္ႏိုင္ေလပိုၿပီးေတာ့ ထုတ္လုပ္မႈျမင့္မားေလ ေရာင္းခ်ႏိုင္မယ့္ အေနအထားမ်ားေလ ျဖစ္ပါတယ္။ ဗီယက္နမ္ဆို သုံးသီးစိုက္တယ္ေလ။ ထိုင္းဆိုသုံးသီးထက္ ပိုေတာင္စိုက္ေသးတယ္။ စိုက္ဧကေတြမွာေတာ့ လုံလုံေလာက္ေလာက္ဆက္ၿပီး စိုက္တယ္။ အဓိက ေနရာေတြကို မထိခိုက္ပါဘူး။
ေမး - ခုနေရွ႕ကေျပာသြားတဲ့အထဲမွာ တစ္ခုစိတ္ဝင္ စားတာရွိပါတယ္။ ဘာလဲဆိုေတာ့ ဆန္ေဈးႏႈန္းက စပါးလည္းအဆင္သင့္ရွိတယ္။ ဆန္ေတြလည္း အမ်ားႀကီး ရွိတယ္။ ဒါေပမဲ့ ဆန္ေဈးႏႈန္းေတြက တစ္ရွိန္ထိုး တက္ၿပီးရင္း တက္လာေနတယ္။ အဲဒီရဲ႕ အဓိက ျပႆနာ ရင္းျမစ္ကိုေရာေတြ႕လား။
ေျဖ - ႏွစ္ခုရွိတာေပါ့။ တစ္ခုကေတာ့ ႏိုင္ငံတကာ ေဈးႏႈန္းေတြကလည္း တက္တာကိုး။ ႏိုင္ငံတကာေဈးႏႈန္း ကတက္တာမွ ထိုင္းႏိုင္ငံမွာဆို (၁၅)ႏွစ္ တာကာလမွ အျမင့္မားဆုံးအေျခအေနရွိတယ္။ ထိုင္း ႏိုင္ငံမွာလည္း တက္တယ္။ အဲဒီလိုပဲ ဗီယက္နမ္တို႔ ဘာတို႔မွာလည္း ဆန္ေဈးတက္တယ္။ ဗီယက္နမ္ဆိုရင္ ကြၽန္ေတာ္တို႔ဆီက ဆန္ကြဲေတာင္ ျပန္ဝယ္ေနရတဲ့ အေနအထားေတြရွိတယ္။ အိႏၵိယဆိုလည္း ဆန္ျဖဴနဲ႔ ဆန္ကြဲကို လုံးဝ နထစသမအ ပိတ္ ထားတယ္။ အဲဒီေတာ့ ႏိုင္ငံတကာ ေဈးကြက္မွာကို ဆန္ ေဈးကြက္က (၁၅)ႏွစ္တာကာလေလာက္မွာ အျမင့္မား ဆုံးအေနအထားေလာက္ကို ျပန္ျဖစ္လာတယ္။ ႏိုင္ငံတ ကာ ေဈးကြက္ အေျခအေနေပါ့။ ေနာက္တစ္ခ်က္က ျပည္တြင္းမွာက်ေတာ့ လွ်ပ္စစ္မီးကိစၥတို႔ ေလွာင္လက္ ေတြမ်ားလာတာတို႔ ဒီေနရာမွာ ႐ိုးသားတဲ့ရည္႐ြယ္ခ်က္နဲ႔ ေလွာင္တဲ့သူလည္းရွိသလို ေဈးကစားခ်င္တဲ့ရည္႐ြယ္ ခ်က္နဲ႔ ေလွာင္တဲ့သူေတြလည္း ရွိတယ္။ ဒီအေပၚမွာ ထိန္းေက်ာင္းတဲ့ လုပ္ငန္းစဥ္ေတြက လည္း ခက္ပါတယ္။ ထိန္း‌ေက်ာင္းဖို႔လိုတယ္ ဆိုေပမယ့္လည္း ဒါေတြကို ထိန္း ေက်ာင္းဖို႔ ေတာ္ေတာ္ခက္တာ ေတြ႕ရတယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က ႏိုင္ငံေတာ္ကိုလည္း တင္ျပၿပီးေတာ့ ပို႔ကုန္တင္ပို႔မႈကိုလည္း ေတာ္ေတာ္ကို စိစစ္ေလွ်ာ့ခ်ၿပီး ေတာ့ တင္ပို႔တဲ့အေနအထားကို ေဆာင္ ႐ြက္တာေပါ့ေနာ္။ တစ္ဖက္ကလည္း ေလွာင္လက္ေတြကို သိုေလွာင္႐ုံမွတ္ပုံ တင္တို႔ဘာတို႔ကို အြန္လိုင္းစနစ္နဲ႔ လုပ္တာကို လုပ္ေနပါ တယ္။ အခုဆိုရင္ သိုေလွာင္႐ုံ (၂၀ဝ)ေက်ာ္ေလာက္ ေရာက္လာၿပီ။ ေဈးကြက္ထဲမွာ လက္ေတြ႕မွာ ရွိတဲ့ဟာနဲ႔ ႏႈိင္းယွဥ္ရင္ အရမ္းနည္းေနေသးတယ္။ ထပ္ၿပီး ေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္ ဒီစနစ္ထဲကို ဝင္လာေအာင္ ထိန္း ေက်ာင္းဖို႔ အခ်ိန္တစ္ခုေတာ့ယူရမယ္။ ေနာက္အေရးႀကီး ဆုံးကေတာ့ စပါးသည္ (၄)လမွာတစ္ခါစိုက္လို႔ရတဲ့ဟာမ်ိဳး ျဖစ္တယ္။ ကြၽန္ေတာ္တို႔မွာ ေျမလည္းရွိတယ္။ ေရလည္း ရွိတယ္။ ရွိတဲ့ေရကိုလယ္ကြင္းထဲေရာက္ေအာင္လို႔ ပို႔ရ မယ့္အေနအထားေတာ့ လိုအပ္ခ်က္ရွိတယ္။ ခက္သလား ဆိုေတာ့ ခက္တယ္လည္းေျပာလို႔ရတယ္။ မခက္ဘူးလည္း ေျပာလို႔ရတယ္။ ဒီေပၚမွာသက္ဆိုင္ရာအစိုးရထံကေန ေပါင္းစပ္အကူအညီရယ္ ပုဂၢလိကလုပ္ငန္းရွင္ေတြ ရယ္ ပူးေပါင္းပါဝင္မႈရယ္၊ ေတာင္သူလယ္သမားေတြရဲ႕ ပူးေပါင္းပါဝင္မႈရယ္ သုံးပြင့္ဆိုင္ေသခ်ာညႇိႏႈိင္းၿပီးေတာ့ စိုက္ပ်ိဳးေရရရွိေရးရယ္ စိုက္ပ်ိဳးေရးတိုးတက္ဖို႔ကိုေတာ့ လုပ္ရမယ့္ အေနအထားေတြသြားေတြ႕ရတယ္။ ဒီအခ်ိန္က ေဈးေကာင္းရတာျဖစ္တဲ့အတြက္ အခြင့္အေရးေကာင္း လည္း ျဖစ္တယ္။ အဲဒီေတာ့ ဒီလိုအေျခအေနမ်ိဳးမွာ တြန္းၿပီး ေတာ့ လုပ္ရမယ့္သေဘာေတာ့ျမင္တယ္။ အဓိက က ေဈးတက္လာတဲ့ အေနအထားကေတာ့ demand မ်ားလာတာေပါ့။ ေဈးကေတာ့ ေနရာတိုင္းမွာတက္တာ ေတြ႕ရတယ္။ ဆန္စက္ေတြကလည္း ေဈးတက္တယ္။ တစ္ခါတစ္ေလက်ေတာ့လည္း Demandကိုက မ်ားေန တာ။ ဆိုင္ေတြရဲ႕အဝယ္က မ်ားလာတယ္။ ျပည္သူလူထုရဲ႕ အဝယ္ကမ်ားလာတယ္။ Export ကေနၿပီးေတာ့ ဆြဲတာ မ်ိဳးေတြရွိတယ္။ ေလွာင္လက္ေတြက ဆြဲတာမ်ိဳးေတြရွိ တယ္။ ဒီလိုမ်ိဳး demand ရွိလာတာနဲ႔အမွ် တစ္ဖက္ကအဲဒီ demand ကိုအခ်ိန္မီ ပံ့ပိုးေပးႏိုင္တဲ့ အေနအထားမျဖစ္ ခဲ့ရင္ ေဈးကတက္လာတယ္။ လွ်ပ္စစ္မီးေလ်ာ့နည္းရရွိမႈ ေၾကာင့္ မီးစက္နဲ႔လည္ရတယ္၊ ဆန္တစ္အိတ္ကို (၅၀ဝဝ) အပိုေငြကုန္က်စရိတ္ရွိမယ္၊ (၆၀ဝဝ)အပိုကုန္က်စရိတ္ ရွိမယ္ဆိုရင္ စသျဖင့္ေပါ့ေနာ္။ အေျခခံျပည္သူလူထုအ တြက္က ျပန္ၾကည့္ရင္ မႏွစ္ကဒီလိုအခ်ိန္မွာ အၾကမ္းဆန္ တစ္အိတ္ကို(၄၀ဝဝဝ)ရွိတယ္။ အခု ၂၀၂၄ ဇန္နဝါရီမွာ (၈၀ဝဝဝ)ေလာက္ရွိသြားတယ္။ ၁၀ဝ ရာခိုင္ႏႈန္းေလာက္ ႏွစ္ဆေလာက္တက္သြားတာကို ေတြ႕ရတယ္။ ဒါကို ကြၽန္ ေတာ္တို႔ တတ္ႏိုင္သမွ် ဝိုင္းၿပီးေတာ့ ထိန္းညႇိရမွာရွိတယ္။ ေဖေဖာ္ဝါရီလဆိုရင္ ေပါင္းဆန္နဲ႔ ဆန္ကြဲေလာက္ပဲ Export လုပ္ၿပီးေတာ့ က်န္တဲ့ဆန္ေတြကို Export မလုပ္ ဘဲနဲ႔ထားဖို႔ကို တိုင္ပင္ညႇိႏႈိင္းၿပီးေတာ့ စီစဥ္ေနတယ္။ အဓိ ကက Export ကို ေလွ်ာ့ခ်ရမယ့္ အေနအထားမွာရွိတယ္။ ဆန္စပါးက က်န္တဲ့ ပဲတို႔ ဘာတို႔နဲ႔ မတူဘူးေပါ့။ က်န္တဲ့ ပဲတို႔ ဟင္းသီးဟင္း႐ြက္တို႔ သစ္သီးဝလံေတြက ျပည္တြင္း မွာပဲ စားေနတာေတြျဖစ္တယ္။ တကယ္တမ္းေျပာရရင္ Export ပို႔တဲ့ဆန္ ျပည္တြင္းမွာစားလားဆိုေတာ့ ၇၀ ရာ ခိုင္ႏႈန္းေလာက္က မစားျပန္ဘူး။ ေနာက္ဆုံး ဆန္တစ္ အိတ္က ဒီဆန္က (၈၀ဝဝဝ)၊ (၉၀ဝဝဝ)ရွိတယ္၊ ဒီဆန္က (၆၀ဝဝဝ) ရွိတယ္ဆိုရင္ ေဈးေၾကာင့္ေ႐ြးရင္လည္း ေ႐ြးႏိုင္တယ္ေပါ့ေနာ္။ ဆန္ပဲဆိုၿပီး နည္းနည္းစဥ္းစားေနတဲ့ အေနအထားေတာ့ရွိတယ္။ ကြၽန္ေတာ္တို႔က အလြယ္ဆုံး နည္းလမ္းကေတာ့ နံပါတ္ (၁) ကေတာ့ Export ေလွ်ာ့တဲ့ နည္းလမ္း‌ေပါ့။ ေဈးကြက္ထဲကို အရန္ဆန္ထည့္တဲ့ နည္း လမ္း။ အခုဟာက ကြၽန္ေတာ္တို႔ ေလွာင္တဲ့လူေတြကို ေဖာ္ ထုတ္ၿပီးေတာ့ ေလွာင္ထားတဲ့ပစၥည္းကို ထုတ္ေရာင္းဖို႔ တြန္းအားေပးတဲ့ နည္းလမ္းေပါ့။ ဒီနည္းလမ္းေတြကို ကြၽန္ေတာ္တို႔ စၿပီးေတာ့လုပ္ေနပါတယ္။
ေမး - ဟုတ္ကဲ့ အဲဒါဆို ကြၽန္ေတာ္ တစ္ခု စိတ္ပူလို႔ ေမးတာေပါ့ေနာ္။ ဒါက ကြၽန္ေတာ္တို႔ ေနာက္ဆုံး အဆိုးဆုံး အခ်ိန္ ျဖစ္လာခဲ့ရင္ေပါ့။ စစ္မက္ေတြက ကူးကူးလာရင္ ေနာက္ဆုံး ဧရာဝတီပါ ကူးသြားမယ္။ ရခိုင္ကလည္း ျဖစ္ ေနၿပီ။ ေနာက္ စစ္မက္ကူးသြားလို႔ စိုက္ရမယ့္အစား လူ ေတြက ေျပးေနရရင္ အဲဒီအခ်ိန္က်ရင္ ၿမိဳ႕ ျပက မရွိ ေတာ့ဘူး။ အကုန္လုံးက ဒီကိုပဲ လာစုၾကမွာ၊ အဲဒီက်ရင္ စားနပ္ရိကၡာဖူလုံမႈဆိုတဲ့ ျပႆနာ ရင္ဆိုင္ရႏိုင္ဖို႔ရွိတယ္။ အဲဒီက်ရင္ ဒါက ဘယ္ေလာက္ထိ ေတာင့္ခံႏိုင္မလဲ၊ ျမန္မာ ႏိုင္ငံမွာရွိတဲ့ အရန္ဆန္ဟာ တကယ္တမ္း လုံးဝ ဒီတစ္ ႏွစ္လုံး မထုတ္ဘဲေနမယ္ဆိုရင္ ေနာက္ ဘယ္ႏွႏွစ္အထိ စားဖို႔ရွိတယ္လို႔ ေျပာလို႔ရမလဲ ။
ေျဖ - အဲဒီလိုေတာ့ ကြၽန္ေတာ္တို႔က အမ်ားႀကီးေတာ့ မရွိဘူးေပါ့ေနာ္။ အမွန္တကယ္ကေတာ့ ကြၽန္ေတာ္တို႔က တစ္ကမာၻလုံးရဲ႕ ပုံစံနဲ႔ ၿခဳံေျပာရရင္ ဆန္ စိုက္ပ်ိဳး ထုတ္လုပ္ ၿပီးေတာ့ ပိုလွ်ံတဲ့ႏိုင္ငံေတြဟာ အရန္ဆန္စနစ္ကို သိပ္ၿပီး ေတာ့ Invert မလုပ္ဘူး။ ဥပမာ ဆန္ တင္သြင္းစားသုံးတဲ့ ႏိုင္ငံေတြဆို အရန္ဆန္စနစ္ကို အရမ္းလုပ္ၾကတယ္။ သူက တင္သြင္းစားတာကို။ အထူးသျဖင့္ ဖိလစ္ပိုင္တို႔၊ အင္ဒိုနီးရွားတို႔ မေလးရွားတို႔ဆို သူက အရန္ဆန္ကို အမ်ားႀကီးထားရတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံလိုမ်ိဳးက်ေတာ့ ဒါ အခု ႏိုင္ငံ မတည္မၿငိမ္ျဖစ္တာေတာ့ ထူးျခားတဲ့ ျဖစ္စဥ္ ေပါ့ေနာ္။ အရင္ကလည္း ဒီလို မရွိခဲ့တဲ့ အခါက်ေတာ့ အခုလို ဒီလို ျဖစ္တာထက္ ကြၽန္ေတာ္တို႔ဟာ တစ္ပတ္ဆန္၊ ႏွစ္ပတ္ဆန္ ခုနက ေျပာသလို သဘာဝ ေဘးအႏၲရာယ္ က်ေရာက္တဲ့အခါမွာ ကြၽန္ေတာ္တို႔ ၂၄ နာရီအတြင္း၊ ၄၈ နာရီအတြင္း ေနာက္ ၇၂ နာရီအတြင္း ကြၽန္ေတာ္တို႔ ျဖန႔္ ျဖဴးေပးႏိုင္တဲ့ ပမာဏေပါ့။ တစ္ပတ္၊ ႏွစ္ပတ္ ျဖန႔္ျဖဴး ေပးႏိုင္တဲ့ ပမာဏပဲ။ ကြၽန္ေတာ္တို႔က အရန္ဆန္ စနစ္ထဲ မွာ ရွိတာေပါ့။ ဒါေပမဲ့ ပုဂၢလိက သိုေလွာင္႐ုံေတြမွာေတာ့ ရွိတာေပါ့။ ပုဂၢလိက သိုေလွာင္႐ုံေတြ၊ ပုဂၢလိက ဆန္စက္ ေတြမွာေတာ့ ကြၽန္ေတာ္တို႔က ဆန္က လုံလုံ ေလာက္ေလာက္ရွိပါတယ္။ ခုနကေျပာသလိုေပါ့ေနာ္ ကြၽန္ေတာ္တို႔ တတ္ႏိုင္သမွ်ေတာ့ တည္ၿငိမ္မႈကို ထိန္းသိမ္းထားႏိုင္ရင္ေတာ့ ကြၽန္ေတာ္တို႔က ဒါ ဒီအေပၚမွာ သိပ္မရွိဘူး။ မယူဆဘူး။ ဆန္ကေတာ့ အေဟာင္းစားတဲ့ ႏိုင္ငံျဖစ္ေတာ့ ဆန္ အေဟာင္း၊ စပါးအေဟာင္း ေတာ္ေတာ္ မ်ားမ်ားကေတာ့ ရွိပါတယ္။ အၿမဲတမ္းက။ ဒါေပမဲ့ ခုနက ေျပာသလို ကြၽန္ေတာ္တို႔ သမား႐ိုးက် အရန္ဆန္ စနစ္က ေတာ့ ကြၽန္ေတာ္ေျပာသလိုေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ၂၄ နာရီအတြင္း ၊ ၄၈ နာရီအတြင္း ၊ ၇၂ နာရီအတြင္း သဘာဝ ေဘးအႏၲရာယ္က်လာတဲ့အခ်ိန္ေတြမွာ ကြၽန္ေတာ္တို႔ အသုံးျပဳႏိုင္မယ့္ ပမာဏရွိတယ္။ ျမန္မာႏိုင္ငံရဲ႕ အေရးႀကီး ဆုံးျဖစ္တဲ့ ရန္ကုန္ေဈးကြက္နဲ႔ မႏၲေလးေဈးကြက္ကို ႏွစ္ပတ္ ဒါမွမဟုတ္ သုံးပတ္ ေနာက္ဆုံး တစ္လအထိေပါ့။ ကြၽန္ေတာ္တို႔ တည္ၿငိမ္ေအာင္ ထိန္းႏိုင္တဲ့ အေနအထားရွိတယ္။ ဒါကေတာ့ ကြၽန္ေတာ္တို႔က သာမန္ အေျခအေနေပါ့။ ေနာက္ သာမန္ အေျခအေနထက္ ပိုမိုၿပီးေတာ့ က်ယ္ျပန႔္လာမယ့္ ကိစၥရပ္ကိုေတာ့ ကြၽန္ေတာ္တို႔ ဒီ တပ္မေတာ္ရိကၡာ အစီအစဥ္တို႔ ဘာတို႔ ရွိတယ္။ တပ္မေတာ္ ရိကၡာ အစီအစဥ္ကလည္း တပ္မ ေတာ္က‌ေတာ့ ခုနကေျပာသလို ဝယ္ယူသိုေလွာင္ စုေဆာင္းမႈကေတာ့ ပိုၿပီးေတာ့ မ်ားတယ္။ မ်ားတဲ့အခါ က်ေတာ့ သူမွာက်ေတာ့ ကြၽန္ေတာ္တို႔က နာEmergency Reserve ကို အရင္တပ္မေတာ္ အစိုးရ လက္ထက္တည္း က တပ္မေတာ္အတြက္တင္ မဟုတ္ဘူး။ တစ္ႏိုင္ငံလုံး အတြက္ စီစဥ္တာေတာ့ ရွိတယ္။ အဲဒီလိုဟာမ်ိဳးနဲ႔ေတာ့ ေပါင္းစပ္ရမယ္လို႔ထင္တယ္။

ေက်းဇူးတင္ပါတယ္ အခုလိုေျဖၾကားေပးလို႔ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.