နည်းနာသစ်ဖြင့် ချဉ်းကပ်ဖြေရှင်းရန်လိုအပ်နေသည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ(ဘာသာပြန်ဆောင်းပါး)

 101

သန်းထိုက်စိုး (NP News) - ဖေဖော်ဝါရီလ - ၁၄
ကမ္ဘာတွင်စစ်မီးပွားအဖြစ် အချိန်မရွေးထတောက်နိုင်သည့် ကမ္ဘာ့ပြဿနာများမှာ အစ္စရေး-ပါလက်စတိုင်းပြဿနာ၊ ထိုင်ဝမ်ရေလက်ကြားပြဿနာနှင့် ကိုရီးယားကျွန်းဆွယ် ပြဿနာတို့ဖြစ်သည်ဟု နိုင်ငံတကာ စစ်ရေးလေ့လာသူ ပညာရှင်တချို့က သတိပေးထောက်ပြခဲ့ကြဖူးသည်။ အစ္စရေး-ပါလက်စတိုင်း ပြဿနာဆိုလျှင် နိုင်ငံတကာ စာမျက်နှာများတွင် မကြာခဏဆိုသကဲ့သို့ပါရှိနေရာ သတင်း ဖတ်ရသူများအတွက် အထူးအဆန်းပင် မဟုတ်သကဲ့သို့ ဖြစ်နေသည်။ သို့သော် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က တိုက်ခိုက်မှုမှာ ယခင်ဖြစ်စဉ်များနှင့် ကွဲပြားခဲ့သည်။ ထိုသို့ဖြစ်လာခဲ့ခြင်းကပင် တိုက်ခိုက်မှု ပြုလုပ်ခဲ့ သည့် ဟားမတ်စ်တို့၏ ရည်ရွယ်ချက်ဖြစ်သည်ဟုလည်း အရှေ့အလယ်ပိုင်းအရေး လေ့လာသူများက ယူဆကြ သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံကို ဟားမတ်စ်တို့က အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ အစ္စရေး-ပါလက်စတိုင်းပြဿနာဖြေရှင်းရေး ယခင်က တင်ကူး လက်ခံထားခဲ့ကြသည့်အမြင်မှာ မှားယွင်း ကြောင်း အမြင်ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။ ဟားမတ်စ်တို့ အနေဖြင့် အစ္စရေးတို့ကို တိုက်ခိုက်ရာတွင် အစ္စရေးတို့၏ စုစည်းခုခံမှုများကို ရင်ဆိုင်ရခြင်းမရှိဘဲ အဆင့်မြင့် နယ်စပ် လုံခြုံရေးအတားအဆီးများကို အလွယ်တကူပင် ကျော်လွှား နိုင်ခဲ့သည်။ ဟားမတ်စ်တိုက်ခိုက်ရေးသမားများသည် အစ္စ ရေးနိုင်ငံသား ၁၂၀ဝ ကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။ ၂၀ဝ ကျော်ကို ဂါဇာသို့ ပြန်ပေးဆွဲခဲ့ပြီး တိုက်ခိုက်သတ်ဖြတ်မှုများ ကိုလည်း လူမှုမီဒီယာပေါ်တွင် လွှင့်တင်ခဲ့ကြသည်။
အစ္စရေးတို့တွင် အကောင်းဆုံးထောက်လှမ်းရေး မော့ဆက်ရှိနေပါလျက် မည်သည့်အတွက်ကြောင့် အလစ်အငိုက်အတိုက်အခိုက်ခံခဲ့ရသနည်းဟု မေးခွန်းထုတ်ခဲ့ကြသည်။ အစ္စရေးတို့သည် ၎င်းတို့၏ နယ်စပ်နှစ်ဖက်ရှိ အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုများနှင့် ခြိမ်းခြောက် မှုများ အားလုံးကို ကြိုတင်လက်ဦးမှုရယူပြီး ချေမှုန်းနိုင် ခဲ့သည်သာ ဖြစ်သည်။ ဂါဇာကို အနီးကပ် စောင့်ကြည့်ပြီး အချိန်မရွေး စစ်ဆင်ရေးစတင်နိုင်သည့် အသင့်အနေအ ထားတွင် ရှိနေခဲ့သည်။
ဆယ်စုနှစ်ပေါင်းများစွာ ကြာလာခဲ့ပြီဖြစ်သည့် အစ္စရေး-ပါလက်စတိုင်း ပြဿနာသည် စီမံခန့်ခွဲမှု နည်းလမ်းသုံးပြီး ဆေးမြီးတိုဖြင့်သာ ကုသခဲ့ခြင်းဖြစ်ပြီး ဆေးခါးကြီးတိုက်ပြီး ရောဂါပျောက်အောင် ကုသနိုင်ခဲ့ခြင်း မရှိခဲ့ပါ ။ အစ္စရေးတို့အနေဖြင့် ပါလက်စတိုင်းပြဿနာကို တိုက်ရိုက် ဖြေရှင်းခြင်းမရှိဘဲ အိမ်နီးချင်း အာရပ်နိုင်ငံများ နှင့် ငြိမ်းချမ်းရေးယူပြီး သံတမန်ဆက်ဆံရေး ထူထောင်ကာ သွယ်ဝိုက်ဖြေရှင်းရန် ကြိုးပမ်းခြင်း ဖြစ်သည်။ အရှေ့အ လယ်ပိုင်း ငြိမ်းချမ်းရေးမှာ ပါလက်စတိုင်းပြည်သူများ ပါဝင်ခြင်းမရှိဘဲ သို့မဟုတ် ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ခြင်း မရှိဘဲ အောင်မြင်မှု မရနိုင်ဆိုသည်မှာလည်း သေချာသည်။ သို့သော် လက်တွေ့တွင် မဖြစ်နိုင်မှန်းလည်း သိထား ကြသည်။
ပါလက်စတိုင်းရှိ ဗြိတိသျှအုပ်ချုပ်ရေးအဖွဲ့သည် ၁၉၄၇ ခုနှစ်တွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်နိုင်ရေး ကြိုးပမ်းခဲ့သည်။ ကုလသမဂ္ဂအထွေထွေညီလာခံကလည်း ဆုံးဖြတ်ချက်အမှတ် ၁၈၁ ကို ချမှတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်တွင် နယ်မြေနှစ်ခု ခွဲထုတ်ခဲ့ရာ တစ်ဖက်တွင် ဂျူးနယ်မြေဖြစ်ပြီး အခြားတစ်ဖက်မှာ အာရပ်နယ်မြေဖြစ် သည်။ သို့သော် အစ္စရေးတို့က ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ကြေညာခဲ့ရာ အာရပ်အိမ်နီးချင်း ငါးနိုင်ငံက ကျူးကျော် တိုက်ခိုက်ခဲ့ကြရာမှ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲ စတင် ဖြစ်ပွားခဲ့ရာ ယနေ့အထိ ပုံစံအမျိုးမျိုးဖြင့် ငုပ်လိုက်ပေါ်လိုက် ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ အဆုံးသတ်ရေး အတွက် ရွေးချယ်စရာများမှာလည်း တစ်စုံတစ်ရာ ပြောင်း လဲမှုမရှိခဲ့ပါ။ သီအိုရီအရကြည့်ပါကလည်း ဂျော်ဒန်မြစ်နှင့် မြေထဲပင်လယ်ကြားရှိ ကုန်းမြေအားလုံးသိမ်းယူပြီး ရှုံးသည့် ဘက်ကို နှင်ထုတ်ရန် ဖြစ်သည်။ သို့သော်လည်း ရလဒ်မှာ ၂၁ ရာစုရောက်သည်အထိ နိုင်ငံတကာအသိုင်းအဝိုင်းကပါ ကျေနပ်လောက်သည့်အခြေအနေမျိုး ထွက်ပေါ် လာခဲ့ခြင်း မရှိသေးပါ။ တစ်ခုတည်းသောရွေးချယ်စရာမှာ နှစ်ဖက်လုံး တွင် စီးပွားရေးအရ အပြန်အလှန်ဆက်နွှယ်မှုများ (Economically Linked) ပြုလုပ်ပြီး နှစ်နိုင်ငံတည် ထောင်ခြင်းကို နှစ်ဖက်လုံးကလက်ခံရမည်ဟု အပေးအယူ ပြုလုပ်သည့်နည်းပင် ဖြစ်သည်။
နှစ်နိုင်ငံတည်ရှိရေး (two-state solution )ရွေးချယ်မှုကို ၁၉၉၀ ပြည့်နှစ် အစောပိုင်း အောက်စလို သ ဘောတူညီချက်များရရှိပြီး ချက်ချင်းဆိုသကဲ့သို့ စတင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် အဆိုပါအရွေ့သည် ၁၉၉၅ ခုနှစ်တွင် လက်ယာစွန်းအစ္စရေး အမျိုးသားရေးဝါဒီ တစ်ဦးက အစ္စရေးဝန်ကြီးချုပ် Yitzhak Rabin ကို လုပ်ကြံသတ်ဖြတ်ခြင်းနှင့်အတူပျက်ပြယ်သွားခဲ့သည်။ အောက်စလို သဘောတူညီချက် လမ်းပြမြေပုံအတိုင်း ထိန်းသိမ်းရန် ကြိုးပမ်းမှုတချို့ရှိခဲ့သော်လည်း အရာ မထင်ခဲ့ပါ။ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (Palestinian Liberation Organization) ဥက္ကဋ္ဌ ဖြစ်သူ Yasser Arafat သည် အစ္စရေးကို အကြမ်း ဖက်မှုများနှင့် ကြောက်လန့်အောင်ပြုလုပ်ပြီး ဒူးထောက်အရှုံးပေးလာလိမ့်မည်ဟု ယုံကြည်သည့်အတွက် Second Intifada ခေါ် ဒုတိယအကြိမ်မြောက် အကြမ်းဖက်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ ယင်းလှုပ်ရှားမှုမှာ သမိုင်းဝင်အမှားတစ်ခု ကျူးလွန်ခြင်းသာ ဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။ အဆိုပါလှုပ်ရှားမှုကြောင့် တိုးတက်မှု တစ်စုံတစ်ရာ မရှိခဲ့ပါ ။
ထိုအချိန်မှစ၍ အောက်စလိုသဘောတူညီချက်မှာ လည်း အသုံးမဝင်သည့်စက္ကူကျားဖြစ်ရုံသာမက ဝမ်းနည်း ကြေကွဲဖွယ် သတိပေးမှတ်တမ်းတစ်ခုအဖြစ်သာ ကျန်ရစ် ခဲ့သည်။ တစ်ချိန်က ကမ်းလှမ်းခဲ့သည့် ဖြေရှင်းချက်များ သည် ယခုအခါ ပို၍ပို၍ပင် ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။ တစ်ဖက်က အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ပြီး ကျန်တစ်ဖက်က ကျူးကျော်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့ သည်။ နှစ်ဖက်လုံးသည် အကြမ်းဖက်မှုနှင့် ထိပ်တိုက် ရင်ဆိုင်မှုများဆီသို့သာ တိုးပြီးရင်း တိုးလာနေကြသည်။ ယင်းသို့ သံသရာလည်လာခဲ့ကြသည်မှာ အောက်တိုဘာလ ၇ ရက်နေ့ အစ္စရေးအရပ်သား အများအပြား အသတ်ခံခဲ့ရ သည့်အခြေထိ ဆိုက်လာခဲ့ခြင်း ဖြစ်သည်။
နှစ်နိုင်ငံတည်ရှိရေး ဖြေရှင်းချက် two-state solution မည်သို့အလုပ်ဖြစ်နိုင်ပါသနည်း။ ကနဦးအဖြစ် တစ်နိုင်ငံ၏ တရားဝင်ရပ်တည်ပိုင်ခွင့်ကို တစ်နိုင်ငံက လက်ခံပေးရန်ဖြစ်သည်။ သို့သော် အစ္စရေးကို ၎င်း၏ လုံခြုံရေးနှင့်ပတ်သက်၍ အပေးအယူပြုလုပ်ရန် မတောင်း ဆိုနိုင်သကဲ့သို့ ပါလက်စတိုင်းကိုလည်း အနောက်ဘက် ကမ်းခြေတွင် အစ္စရေးအခြေချသူများ နေထိုင်သည့် နေရာကို လက်ခံလိုက်ရန် သို့မဟုတ် လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လိုခြင်းကို စွန့်လွှတ်ရန် လည်း မမျှော်လင့်နိုင်ပါ။
ဂါဇာစစ်ပွဲပြီးဆုံးသွားပါက အရေးကြီးဆုံးပြုလုပ်ရမည့် လုပ်ငန်းစဉ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဗားရှင်းအ သစ်ဖြင့် ပြန်စရန်၊ ယန္တရားပုံမှန်လည်ပတ်နိုင်ခြင်းမရှိသည့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို ပြုပြင်ပြောင်းလဲရန်နှင့် အစ္စရေးခေါင်းဆောင်ပိုင်း ပြောင်းလဲရန် လိုအပ်သည်ဟု ယူဆချက်တချို့ရှိသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာ ဟု၏ လက်ယာစွန်းအစိုးရ ဆက်ရှိနေဦးမည်ဆိုပါက ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရန် ကြိုးပမ်းမှုမှာ အ လုပ်ဖြစ်နိုင်မည် မဟုတ်ဟု ယူဆနေကြခြင်း ဖြစ်သည်။
အသစ်ပြန်စရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းတစ်ခုမှ ကြီးမားသည့် စစ်ရေး၊ နိုင်ငံရေးနှင့် ဘဏ္ဍာရေးအကူအညီများ လိုအပ် မည်ဖြစ်သည်။ သို့သော် ဒေသအမြင်နှင့် ကမ္ဘာ့အမြင်တွင် သိသာသည့် ပြောင်းလဲမှုများရှိနေသည့်အတွက် အမေရိ ကန်နှင့် ဥရောပချည်းသက်သက် အစ္စရေး-ပါလက်စတိုင်း ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ပါ။ ယင်းအတွက် ကမ္ဘာ့ ဇာတ်ခုံတွင် နေရာယူလာသည့် တရုတ်နိုင်ငံပါဝင်ရန် လို အပ်လာမည် ဖြစ်သည်။ ကမ္ဘာ့အရေးအရာများတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရန် လိုအပ်လာပြီ ဖြစ်သည်။ သို့သော် အမျိုးအနွယ်တူများ ဖြစ်သည့် အီရန်ရှိ ရာဒီကယ်သမားများအခြေပြုထားရာ ကွန်ရက်များကို အလယ်အလတ်သမားများ ဖြစ်လာအောင် မစည်းရုံးနိုင်ပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင် နိုင်မည် မဟုတ်ဟုလည်း ဆိုကြသည်။
သမ္မတဘိုင်ဒန်ကမူ အောက်တိုဘာ ၇ ရက်နေ့ မတိုင် မီကအခြေအနေမျိုးပြန်ရောက်ရန် မဖြစ်နိုင်ဘဲ ရှေ့ဆက် သွားရမည်၊ ရှေ့ဆက်မည်ဆိုပါကလည်း နှစ်နိုင်ငံတည်ရှိရေး two-state solution သာရှိသည်ဟု အစ္စရေးခရီး စဉ်အတွင်းက ပြောဆိုခဲ့သည်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ နိုင်ငံတိုင်းတွင် မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိရာ အစ္စရေးတွင်လည်း ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း၊ သို့သော် အစ္စရေးတို့အနေဖြင့် နိုင်ငံတကာဥပဒေကို လေးစားလိုက် နာပြီး အရပ်သားများကို အကာအကွယ်ပေးသင့်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Eli Cohen နှင့် တယ်လီဖုန်း ဆက်သွယ်စကားပြောဆိုစဉ်တွင် ထည့်သွင်းပြောဆိုခဲ့ သည် ဟု Bloomberg report တွင် ဖော်ပြထားသည်။ အစ္စရေးတို့၏ မြေပြင်ထိုးစစ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများ ကြောင့် အိုးအိမ်မဲ့စွန့်ခွာကြရသည့် ပါလက်စတိုင်းလူငယ် များမှာ အစ္စရေးတို့အပေါ် မုန်းတီးနာကြည်းစိတ်များ ထပ်မံ ဖြစ်ပေါ်လာကြဦးမည်မှာသေချာသည်။ အလုပ်လက်မဲ့ ဖြစ်ကာ အကြမ်းဖက် အစွန်းရောက်စိတ်ဖြစ်ရန် တွန်းပို့ သကဲ့သို့လည်း ဖြစ်နေဦးမည်သာ ဖြစ်သည်။ အစ္စရေး-ဟားမတ်စ် စစ်ပွဲဟုပင်ပြောပြော၊ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဟုပင်ဆိုဆို ကြာရှည်ဦးမည်ဖြစ်သည်။
ယခုအခါ အစ္စရေး-ဟားမတ်စ် စစ်ပွဲ၏ နောက် ဆက်တွဲအဖြစ် အီရန်ကျောထောက်နောက်ခံ ပြုထားသည့် ဟူသီသူပုန်တို့က ပင်လယ်နီကို ဖြတ်သန်းသွားလာသည့် အမေရိကန်နှင့် ဗြိတိန် ကုန်တင်သင်္ဘောများကို တိုက်ခိုက် မှုများ ပြုလုပ်နေသည်။ အမေရိကန်နှင့်ဗြိတိန်တို့ကလည်း ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန်တို့၏ ခြေကုပ်စခန်းဟု ယူဆရသည့်နေရာများကို လေကြောင်းဖြင့် တုံ့ပြန်တိုက် ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ ဂါဇာတွင် အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင် ထိုးစစ်ဆင်မှုများသည် အရပ်သားသေကျေမှုများ ရှိခဲ့ရာ တောင်အာဖရိကနိုင်ငံက အစ္စရေးနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်ဖြင့် အပြည် ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် တရားစွဲဆိုမှုများပင် ရှိ လာခဲ့သည်။ အစ္စရေးပြည်သူ အများအပြားကလည်း ဝန် ကြီးချုပ်နေတန်ယာဟုကို နုတ်ထွက်ပေးရန် တောင်း ဆိုမှုများ ရှိလာခဲ့သည်။ ဂါဇာဒေသတွင် အစ္စရေးတို့ ထိုးစစ်စချိန်မှ၍ ယနေ့အထိ ပါလက်စတိုင်း ပြည်သူ ၂၅၀ဝ၀ ကျော် သေဆုံးခဲ့ပြီး ၆၄၀ဝ၀ ကျော် ဒဏ်ရာ ရရှိခဲ့ပြီး ဖြစ်သည်။
၂၁ ရာစု ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးနှင့် ငြိမ်း ချမ်းရေးကို ရယူလိုပါက အစ္စရေး-ပါလက်စတိုင်း ပြဿ နာကိုလည်း လက်တွေ့ကျသည့် နိုင်ငံရေး လိုအပ်ချက် တစ်ရပ်အဖြစ် ခံယူဖြေရှင်းကြရန် လိုနေသည်။ အစ္စရေး-ပါလက်စတိုင်းပြဿနာ မဖြေရှင်းနိုင်သေးပါက ကမ္ဘာ့ ငြိမ်းချမ်းရေးလည်း မမျှော်မှန်းနိုင်သေးပါ။ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခမှာ ပြဿနာဟောင်းဖြစ်ရာ နည်းနာ အသစ်များဖြင့် ချဉ်းကပ်ဖြေရှင်းနိုင်မှသာ ပြေလည်ရေး လမ်းစတွေ့နိုင်လိမ့်မည်ဟု ယူဆရသည်။

Zawgyi Version;
နည္းနာသစ္ျဖင့္ ခ်ဥ္းကပ္ေျဖရွင္းရန္လိုအပ္ေနသည့္ အစၥေရး-ပါလက္စတိုင္း ပဋိပကၡ(ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ေဖေဖာ္ဝါရီလ - ၁၄
ကမာၻတြင္စစ္မီးပြားအျဖစ္ အခ်ိန္မေ႐ြးထေတာက္ႏိုင္သည့္ ကမာၻ႔ျပႆနာမ်ားမွာ အစၥေရး-ပါလက္စတိုင္းျပႆနာ၊ ထိုင္ဝမ္ေရလက္ၾကားျပႆနာႏွင့္ ကိုရီးယားကြၽန္းဆြယ္ ျပႆနာတို႔ျဖစ္သည္ဟု ႏိုင္ငံတကာ စစ္ေရးေလ့လာသူ ပညာရွင္တခ်ိဳ႕က သတိေပးေထာက္ျပခဲ့ၾကဖူးသည္။ အစၥေရး-ပါလက္စတိုင္း ျပႆနာဆိုလွ်င္ ႏိုင္ငံတကာ စာမ်က္ႏွာမ်ားတြင္ မၾကာခဏဆိုသကဲ့သို႔ပါရွိေနရာ သတင္း ဖတ္ရသူမ်ားအတြက္ အထူးအဆန္းပင္ မဟုတ္သကဲ့သို႔ ျဖစ္ေနသည္။ သို႔ေသာ္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၇ ရက္ေန႔က တိုက္ခိုက္မႈမွာ ယခင္ျဖစ္စဥ္မ်ားႏွင့္ ကြဲျပားခဲ့သည္။ ထိုသို႔ျဖစ္လာခဲ့ျခင္းကပင္ တိုက္ခိုက္မႈ ျပဳလုပ္ခဲ့ သည့္ ဟားမတ္စ္တို႔၏ ရည္႐ြယ္ခ်က္ျဖစ္သည္ဟုလည္း အေရွ႕အလယ္ပိုင္းအေရး ေလ့လာသူမ်ားက ယူဆၾက သည္။
၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၇ ရက္ေန႔တြင္ အစၥေရးႏိုင္ငံကို ဟားမတ္စ္တို႔က အၾကမ္းဖက္ တိုက္ခိုက္ခဲ့ရာ အစၥေရး-ပါလက္စတိုင္းျပႆနာေျဖရွင္းေရး ယခင္က တင္ကူး လက္ခံထားခဲ့ၾကသည့္အျမင္မွာ မွားယြင္း ေၾကာင္း အျမင္ဖြင့္ေပးလိုက္သကဲ့သို႔ ျဖစ္ေစခဲ့သည္။ ဟားမတ္စ္တို႔ အေနျဖင့္ အစၥေရးတို႔ကို တိုက္ခိုက္ရာတြင္ အစၥေရးတို႔၏ စုစည္းခုခံမႈမ်ားကို ရင္ဆိုင္ရျခင္းမရွိဘဲ အဆင့္ျမင့္ နယ္စပ္ လုံၿခဳံေရးအတားအဆီးမ်ားကို အလြယ္တကူပင္ ေက်ာ္လႊား ႏိုင္ခဲ့သည္။ ဟားမတ္စ္တိုက္ခိုက္ေရးသမားမ်ားသည္ အစၥ ေရးႏိုင္ငံသား ၁၂၀ဝ ေက်ာ္ကို သတ္ျဖတ္ႏိုင္ခဲ့သည္။ ၂၀ဝ ေက်ာ္ကို ဂါဇာသို႔ ျပန္ေပးဆြဲခဲ့ၿပီး တိုက္ခိုက္သတ္ျဖတ္မႈမ်ား ကိုလည္း လူမႈမီဒီယာေပၚတြင္ လႊင့္တင္ခဲ့ၾကသည္။
အစၥေရးတို႔တြင္ အေကာင္းဆုံးေထာက္လွမ္းေရး ေမာ့ဆက္ရွိေနပါလ်က္ မည္သည့္အတြက္ေၾကာင့္ အလစ္အငိုက္အတိုက္အခိုက္ခံခဲ့ရသနည္းဟု ေမးခြန္းထုတ္ခဲ့ၾကသည္။ အစၥေရးတို႔သည္ ၎တို႔၏ နယ္စပ္ႏွစ္ဖက္ရွိ အၾကမ္းဖက္သမားမ်ား၏ လႈပ္ရွားမႈမ်ားႏွင့္ ၿခိမ္းေျခာက္ မႈမ်ား အားလုံးကို ႀကိဳတင္လက္ဦးမႈရယူၿပီး ေခ်မႈန္းႏိုင္ ခဲ့သည္သာ ျဖစ္သည္။ ဂါဇာကို အနီးကပ္ ေစာင့္ၾကည့္ၿပီး အခ်ိန္မေ႐ြး စစ္ဆင္ေရးစတင္ႏိုင္သည့္ အသင့္အေနအ ထားတြင္ ရွိေနခဲ့သည္။
ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာလာခဲ့ၿပီျဖစ္သည့္ အစၥေရး-ပါလက္စတိုင္း ျပႆနာသည္ စီမံခန႔္ခြဲမႈ နည္းလမ္းသုံးၿပီး ေဆးၿမီးတိုျဖင့္သာ ကုသခဲ့ျခင္းျဖစ္ၿပီး ေဆးခါးႀကီးတိုက္ၿပီး ေရာဂါေပ်ာက္ေအာင္ ကုသႏိုင္ခဲ့ျခင္း မရွိခဲ့ပါ ။ အစၥေရးတို႔အေနျဖင့္ ပါလက္စတိုင္းျပႆနာကို တိုက္႐ိုက္ ေျဖရွင္းျခင္းမရွိဘဲ အိမ္နီးခ်င္း အာရပ္ႏိုင္ငံမ်ား ႏွင့္ ၿငိမ္းခ်မ္းေရးယူၿပီး သံတမန္ဆက္ဆံေရး ထူေထာင္ကာ သြယ္ဝိုက္ေျဖရွင္းရန္ ႀကိဳးပမ္းျခင္း ျဖစ္သည္။ အေရွ႕အ လယ္ပိုင္း ၿငိမ္းခ်မ္းေရးမွာ ပါလက္စတိုင္းျပည္သူမ်ား ပါဝင္ျခင္းမရွိဘဲ သို႔မဟုတ္ ပါလက္စတိုင္းႏိုင္ငံ ထူေထာင္ႏိုင္ျခင္း မရွိဘဲ ေအာင္ျမင္မႈ မရႏိုင္ဆိုသည္မွာလည္း ေသခ်ာသည္။ သို႔ေသာ္ လက္ေတြ႕တြင္ မျဖစ္ႏိုင္မွန္းလည္း သိထား ၾကသည္။
ပါလက္စတိုင္းရွိ ၿဗိတိသွ်အုပ္ခ်ဳပ္ေရးအဖြဲ႕သည္ ၁၉၄၇ ခုႏွစ္တြင္ ဆုံးျဖတ္ခ်က္တစ္ရပ္ ခ်မွတ္ႏိုင္ေရး ႀကိဳးပမ္းခဲ့သည္။ ကုလသမဂၢအေထြေထြညီလာခံကလည္း ဆုံးျဖတ္ခ်က္အမွတ္ ၁၈၁ ကို ခ်မွတ္ခဲ့သည္။ အဆိုပါ ဆုံးျဖတ္ခ်က္တြင္ နယ္ေျမႏွစ္ခု ခြဲထုတ္ခဲ့ရာ တစ္ဖက္တြင္ ဂ်ဴးနယ္ေျမျဖစ္ၿပီး အျခားတစ္ဖက္မွာ အာရပ္နယ္ေျမျဖစ္ သည္။ သို႔ေသာ္ အစၥေရးတို႔က ၁၉၄၈ ခုႏွစ္တြင္ လြတ္လပ္ေရး ေၾကညာခဲ့ရာ အာရပ္အိမ္နီးခ်င္း ငါးႏိုင္ငံက က်ဴးေက်ာ္ တိုက္ခိုက္ခဲ့ၾကရာမွ အစၥေရး-ပါလက္စတိုင္း စစ္ပြဲ စတင္ ျဖစ္ပြားခဲ့ရာ ယေန႔အထိ ပုံစံအမ်ိဳးမ်ိဳးျဖင့္ ငုပ္လိုက္ေပၚလိုက္ ျဖစ္ပြားေနခဲ့ျခင္း ျဖစ္သည္။
အစၥေရး-ပါလက္စတိုင္း ပဋိပကၡ အဆုံးသတ္ေရး အတြက္ ေ႐ြးခ်ယ္စရာမ်ားမွာလည္း တစ္စုံတစ္ရာ ေျပာင္း လဲမႈမရွိခဲ့ပါ။ သီအိုရီအရၾကည့္ပါကလည္း ေဂ်ာ္ဒန္ျမစ္ႏွင့္ ေျမထဲပင္လယ္ၾကားရွိ ကုန္းေျမအားလုံးသိမ္းယူၿပီး ရႈံးသည့္ ဘက္ကို ႏွင္ထုတ္ရန္ ျဖစ္သည္။ သို႔ေသာ္လည္း ရလဒ္မွာ ၂၁ ရာစုေရာက္သည္အထိ ႏိုင္ငံတကာအသိုင္းအဝိုင္းကပါ ေက်နပ္ေလာက္သည့္အေျခအေနမ်ိဳး ထြက္ေပၚ လာခဲ့ျခင္း မရွိေသးပါ။ တစ္ခုတည္းေသာေ႐ြးခ်ယ္စရာမွာ ႏွစ္ဖက္လုံး တြင္ စီးပြားေရးအရ အျပန္အလွန္ဆက္ႏႊယ္မႈမ်ား (Economically Linked) ျပဳလုပ္ၿပီး ႏွစ္ႏိုင္ငံတည္ ေထာင္ျခင္းကို ႏွစ္ဖက္လုံးကလက္ခံရမည္ဟု အေပးအယူ ျပဳလုပ္သည့္နည္းပင္ ျဖစ္သည္။
ႏွစ္ႏိုင္ငံတည္ရွိေရး (two-state solution )ေ႐ြးခ်ယ္မႈကို ၁၉၉၀ ျပည့္ႏွစ္ အေစာပိုင္း ေအာက္စလို သ ေဘာတူညီခ်က္မ်ားရရွိၿပီး ခ်က္ခ်င္းဆိုသကဲ့သို႔ စတင္ခဲ့ၾကျခင္း ျဖစ္သည္။ သို႔ေသာ္ အဆိုပါအေ႐ြ႕သည္ ၁၉၉၅ ခုႏွစ္တြင္ လက္ယာစြန္းအစၥေရး အမ်ိဳးသားေရးဝါဒီ တစ္ဦးက အစၥေရးဝန္ႀကီးခ်ဳပ္ Yitzhak Rabin ကို လုပ္ႀကံသတ္ျဖတ္ျခင္းႏွင့္အတူပ်က္ျပယ္သြားခဲ့သည္။ ေအာက္စလို သေဘာတူညီခ်က္ လမ္းျပေျမပုံအတိုင္း ထိန္းသိမ္းရန္ ႀကိဳးပမ္းမႈတခ်ိဳ႕ရွိခဲ့ေသာ္လည္း အရာ မထင္ခဲ့ပါ။ ပါလက္စတိုင္းလြတ္ေျမာက္ေရးအဖြဲ႕ (Palestinian Liberation Organization) ဥကၠ႒ ျဖစ္သူ Yasser Arafat သည္ အစၥေရးကို အၾကမ္း ဖက္မႈမ်ားႏွင့္ ေၾကာက္လန႔္ေအာင္ျပဳလုပ္ၿပီး ဒူးေထာက္အရႈံးေပးလာလိမ့္မည္ဟု ယုံၾကည္သည့္အတြက္ Second Intifada ေခၚ ဒုတိယအႀကိမ္ေျမာက္ အၾကမ္းဖက္လႈပ္ရွားမႈ ျပဳလုပ္ခဲ့သည္။ ယင္းလႈပ္ရွားမႈမွာ သမိုင္းဝင္အမွားတစ္ခု က်ဴးလြန္ျခင္းသာ ျဖစ္သည္ဟု ေဝဖန္ခဲ့ၾကသည္။ အဆိုပါလႈပ္ရွားမႈေၾကာင့္ တိုးတက္မႈ တစ္စုံတစ္ရာ မရွိခဲ့ပါ ။
ထိုအခ်ိန္မွစ၍ ေအာက္စလိုသေဘာတူညီခ်က္မွာ လည္း အသုံးမဝင္သည့္စကၠဴက်ားျဖစ္႐ုံသာမက ဝမ္းနည္း ေၾကကြဲဖြယ္ သတိေပးမွတ္တမ္းတစ္ခုအျဖစ္သာ က်န္ရစ္ ခဲ့သည္။ တစ္ခ်ိန္က ကမ္းလွမ္းခဲ့သည့္ ေျဖရွင္းခ်က္မ်ား သည္ ယခုအခါ ပို၍ပို၍ပင္ ေဝးကြာသြားခဲ့ၿပီ ျဖစ္သည္။ တစ္ဖက္က အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ျပဳလုပ္ၿပီး က်န္တစ္ဖက္က က်ဴးေက်ာ္သိမ္းပိုက္မႈမ်ား ျပဳလုပ္ခဲ့ သည္။ ႏွစ္ဖက္လုံးသည္ အၾကမ္းဖက္မႈႏွင့္ ထိပ္တိုက္ ရင္ဆိုင္မႈမ်ားဆီသို႔သာ တိုးၿပီးရင္း တိုးလာေနၾကသည္။ ယင္းသို႔ သံသရာလည္လာခဲ့ၾကသည္မွာ ေအာက္တိုဘာလ ၇ ရက္ေန႔ အစၥေရးအရပ္သား အမ်ားအျပား အသတ္ခံခဲ့ရ သည့္အေျခထိ ဆိုက္လာခဲ့ျခင္း ျဖစ္သည္။
ႏွစ္ႏိုင္ငံတည္ရွိေရး ေျဖရွင္းခ်က္ two-state solution မည္သို႔အလုပ္ျဖစ္ႏိုင္ပါသနည္း။ ကနဦးအျဖစ္ တစ္ႏိုင္ငံ၏ တရားဝင္ရပ္တည္ပိုင္ခြင့္ကို တစ္ႏိုင္ငံက လက္ခံေပးရန္ျဖစ္သည္။ သို႔ေသာ္ အစၥေရးကို ၎၏ လုံၿခဳံေရးႏွင့္ပတ္သက္၍ အေပးအယူျပဳလုပ္ရန္ မေတာင္း ဆိုႏိုင္သကဲ့သို႔ ပါလက္စတိုင္းကိုလည္း အေနာက္ဘက္ ကမ္းေျခတြင္ အစၥေရးအေျခခ်သူမ်ား ေနထိုင္သည့္ ေနရာကို လက္ခံလိုက္ရန္ သို႔မဟုတ္ လြတ္လပ္သည့္ ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ရပ္တည္လိုျခင္းကို စြန႔္လႊတ္ရန္ လည္း မေမွ်ာ္လင့္ႏိုင္ပါ။
ဂါဇာစစ္ပြဲၿပီးဆုံးသြားပါက အေရးႀကီးဆုံးျပဳလုပ္ရမည့္ လုပ္ငန္းစဥ္မွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ဗားရွင္းအ သစ္ျဖင့္ ျပန္စရန္၊ ယႏၲရားပုံမွန္လည္ပတ္ႏိုင္ျခင္းမရွိသည့္ ပါလက္စတိုင္း အာဏာပိုင္အဖြဲ႕ကို ျပဳျပင္ေျပာင္းလဲရန္ႏွင့္ အစၥေရးေခါင္းေဆာင္ပိုင္း ေျပာင္းလဲရန္ လိုအပ္သည္ဟု ယူဆခ်က္တခ်ိဳ႕ရွိသည္။ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာ ဟု၏ လက္ယာစြန္းအစိုးရ ဆက္ရွိေနဦးမည္ဆိုပါက ၿငိမ္း ခ်မ္းေရးလုပ္ငန္းစဥ္ ျပန္လည္စတင္ရန္ ႀကိဳးပမ္းမႈမွာ အ လုပ္ျဖစ္ႏိုင္မည္ မဟုတ္ဟု ယူဆေနၾကျခင္း ျဖစ္သည္။
အသစ္ျပန္စရမည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ ယုံၾကည္စိတ္ခ်ရသည့္ အဖြဲ႕အစည္းတစ္ခုမွ ႀကီးမားသည့္ စစ္ေရး၊ ႏိုင္ငံေရးႏွင့္ ဘ႑ာေရးအကူအညီမ်ား လိုအပ္ မည္ျဖစ္သည္။ သို႔ေသာ္ ေဒသအျမင္ႏွင့္ ကမာၻ႔အျမင္တြင္ သိသာသည့္ ေျပာင္းလဲမႈမ်ားရွိေနသည့္အတြက္ အေမရိ ကန္ႏွင့္ ဥေရာပခ်ည္းသက္သက္ အစၥေရး-ပါလက္စတိုင္း ျပႆနာကို ေျဖရွင္းႏိုင္မည္မဟုတ္ပါ။ ယင္းအတြက္ ကမာၻ႔ ဇာတ္ခုံတြင္ ေနရာယူလာသည့္ တ႐ုတ္ႏိုင္ငံပါဝင္ရန္ လို အပ္လာမည္ ျဖစ္သည္။ ကမာၻ႔အေရးအရာမ်ားတြင္ တ႐ုတ္ႏိုင္ငံ၏ အခန္းက႑ကို ထည့္သြင္းစဥ္းစားရန္ လိုအပ္လာၿပီ ျဖစ္သည္။ သို႔ေသာ္ အမ်ိဳးအႏြယ္တူမ်ား ျဖစ္သည့္ အီရန္ရွိ ရာဒီကယ္သမားမ်ားအေျချပဳထားရာ ကြန္ရက္မ်ားကို အလယ္အလတ္သမားမ်ား ျဖစ္လာေအာင္ မစည္း႐ုံးႏိုင္ပါက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေအာင္ျမင္ ႏိုင္မည္ မဟုတ္ဟုလည္း ဆိုၾကသည္။
သမၼတဘိုင္ဒန္ကမူ ေအာက္တိုဘာ ၇ ရက္ေန႔ မတိုင္ မီကအေျခအေနမ်ိဳးျပန္ေရာက္ရန္ မျဖစ္ႏိုင္ဘဲ ေရွ႕ဆက္ သြားရမည္၊ ေရွ႕ဆက္မည္ဆိုပါကလည္း ႏွစ္ႏိုင္ငံတည္ရွိေရး two-state solution သာရွိသည္ဟု အစၥေရးခရီး စဥ္အတြင္းက ေျပာဆိုခဲ့သည္။ အစၥေရး-ပါလက္စတိုင္း ပဋိပကၡႏွင့္ ပတ္သက္၍ တ႐ုတ္ႏိုင္ငံ၏ ရပ္တည္ခ်က္မွာ ႏိုင္ငံတိုင္းတြင္ မိမိကိုယ္ကိုယ္ ခုခံကာကြယ္ပိုင္ခြင့္ရွိရာ အစၥေရးတြင္လည္း ခုခံကာကြယ္ပိုင္ခြင့္ရွိေၾကာင္း၊ သို႔ေသာ္ အစၥေရးတို႔အေနျဖင့္ ႏိုင္ငံတကာဥပေဒကို ေလးစားလိုက္ နာၿပီး အရပ္သားမ်ားကို အကာအကြယ္ေပးသင့္ေၾကာင္း အစၥေရးႏိုင္ငံျခားေရးဝန္ႀကီး Eli Cohen ႏွင့္ တယ္လီဖုန္း ဆက္သြယ္စကားေျပာဆိုစဥ္တြင္ ထည့္သြင္းေျပာဆိုခဲ့ သည္ ဟု Bloomberg report တြင္ ေဖာ္ျပထားသည္။ အစၥေရးတို႔၏ ေျမျပင္ထိုးစစ္ႏွင့္ ဗုံးႀကဲတိုက္ခိုက္မႈမ်ား ေၾကာင့္ အိုးအိမ္မဲ့စြန႔္ခြာၾကရသည့္ ပါလက္စတိုင္းလူငယ္ မ်ားမွာ အစၥေရးတို႔အေပၚ မုန္းတီးနာၾကည္းစိတ္မ်ား ထပ္မံ ျဖစ္ေပၚလာၾကဦးမည္မွာေသခ်ာသည္။ အလုပ္လက္မဲ့ ျဖစ္ကာ အၾကမ္းဖက္ အစြန္းေရာက္စိတ္ျဖစ္ရန္ တြန္းပို႔ သကဲ့သို႔လည္း ျဖစ္ေနဦးမည္သာ ျဖစ္သည္။ အစၥေရး-ဟားမတ္စ္ စစ္ပြဲဟုပင္ေျပာေျပာ၊ အစၥေရး-ပါလက္စတိုင္း ပဋိပကၡဟုပင္ဆိုဆို ၾကာရွည္ဦးမည္ျဖစ္သည္။
ယခုအခါ အစၥေရး-ဟားမတ္စ္ စစ္ပြဲ၏ ေနာက္ ဆက္တြဲအျဖစ္ အီရန္ေက်ာေထာက္ေနာက္ခံ ျပဳထားသည့္ ဟူသီသူပုန္တို႔က ပင္လယ္နီကို ျဖတ္သန္းသြားလာသည့္ အေမရိကန္ႏွင့္ ၿဗိတိန္ ကုန္တင္သေဘၤာမ်ားကို တိုက္ခိုက္ မႈမ်ား ျပဳလုပ္ေနသည္။ အေမရိကန္ႏွင့္ၿဗိတိန္တို႔ကလည္း ယီမင္ႏိုင္ငံအတြင္းရွိ ဟူသီသူပုန္တို႔၏ ေျခကုပ္စခန္းဟု ယူဆရသည့္ေနရာမ်ားကို ေလေၾကာင္းျဖင့္ တုံ႔ျပန္တိုက္ ခိုက္မႈမ်ား ျပဳလုပ္လ်က္ရွိသည္။ ဂါဇာတြင္ အစၥေရးတို႔၏ေလေၾကာင္းတိုက္ခိုက္မႈႏွင့္ ေျမျပင္ ထိုးစစ္ဆင္မႈမ်ားသည္ အရပ္သားေသေက်မႈမ်ား ရွိခဲ့ရာ ေတာင္အာဖရိကႏိုင္ငံက အစၥေရးႏိုင္ငံကို လူမ်ိဳးတုံးသတ္ျဖတ္မႈစြဲခ်က္ျဖင့္ အျပည္ ျပည္ဆိုင္ရာ တရား႐ုံး (ICJ)တြင္ တရားစြဲဆိုမႈမ်ားပင္ ရွိ လာခဲ့သည္။ အစၥေရးျပည္သူ အမ်ားအျပားကလည္း ဝန္ ႀကီးခ်ဳပ္ေနတန္ယာဟုကို ႏုတ္ထြက္ေပးရန္ ေတာင္း ဆိုမႈမ်ား ရွိလာခဲ့သည္။ ဂါဇာေဒသတြင္ အစၥေရးတို႔ ထိုးစစ္စခ်ိန္မွ၍ ယေန႔အထိ ပါလက္စတိုင္း ျပည္သူ ၂၅၀ဝ၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ၆၄၀ဝ၀ ေက်ာ္ ဒဏ္ရာ ရရွိခဲ့ၿပီး ျဖစ္သည္။
၂၁ ရာစု ကမာၻလုံးဆိုင္ရာ တည္ၿငိမ္ေရးႏွင့္ ၿငိမ္း ခ်မ္းေရးကို ရယူလိုပါက အစၥေရး-ပါလက္စတိုင္း ျပႆ နာကိုလည္း လက္ေတြ႕က်သည့္ ႏိုင္ငံေရး လိုအပ္ခ်က္ တစ္ရပ္အျဖစ္ ခံယူေျဖရွင္းၾကရန္ လိုေနသည္။ အစၥေရး-ပါလက္စတိုင္းျပႆနာ မေျဖရွင္းႏိုင္ေသးပါက ကမာၻ႔ ၿငိမ္းခ်မ္းေရးလည္း မေမွ်ာ္မွန္းႏိုင္ေသးပါ။ အစၥေရး-ပါလက္စတိုင္းပဋိပကၡမွာ ျပႆနာေဟာင္းျဖစ္ရာ နည္းနာ အသစ္မ်ားျဖင့္ ခ်ဥ္းကပ္ေျဖရွင္းႏိုင္မွသာ ေျပလည္ေရး လမ္းစေတြ႕ႏိုင္လိမ့္မည္ဟု ယူဆရသည္။

Related news

© 2021. All rights reserved.