( ၅ )နှစ် ကြာမြင့်မည့် မုဒုံလေဆိပ်စီမံကိန်းက မွန်ပြည်နယ်နှင့် ဒေသ (၂)ခုရှိ စီးပွားရေးအလားအလာကို ဆွဲတင်လိမ့်မည်

 2494

ယွန်း (NP News) - ဖေဖော်ဝါရီလ - ၁၄
စီမံကိန်းကာလ(၅)နှစ်ထက်မနည်း ကြာမြင့်မည့် မုဒုံလေဆိပ်စီမံကိန်းပြီးစီးပါက မွန်ပြည်နယ်သာမက မြန်မာပြည်အောက်ပိုင်းရှိ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့၏ စီးပွားရေးအလားအလာများ ပိုမိုကောင်းမွန် လာနိုင်ကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ် မုဒုံမြို့အနီးတွင် တည်ဆောက်သွားမည့် နိုင်ငံတကာအဆင့်မီ လေဆိပ်နှင့် ပတ်သက်သည့် စီမံကိန်းလုပ်ငန်းများကို မြေရာလျော်ကြေးငွေ ပေးအပ်ခဲ့ပြီးနောက်ပိုင်းတွင် စတင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“မြေရာလျော်ကြေးတွေ ပေးပြီးတဲ့နောက်ပိုင်း မှာပဲ စီမံကိန်းကိုစပြီးတော့ အကောင်အထည် ဖော်နေပါပြီ။ နယ်နိမိတ်စပြီးတော့ လုပ်ရတာပေါ့။ ထောင့်တွေမှာ တိုင်တွေစိုက်တာတို့။ ဟိုဘက်မှာက ရွာတွေရှိတော့ အဲဒါတွေအတွက် ရှောင်ကွင်းလမ်းတွေ လုပ်ဆောင်နေတာရှိပါတယ်။ အဲဒီ အဆင့်ကလည်း တော်တော်ခက်ခက်ခဲခဲလုပ်ရပါတယ်။ တော်တော် လည်းပြီးသွားပါပြီ။ အဲဒါပြီးတော့မှ ဒုတိယအဆင့် လာမှာပေါ့။ နှစ်ရှည်စီမံကိန်းကြီးပါ။ သူ့အဆင့်ဆင့် တွေနဲ့လုပ်သွားရမှာပေါ့”ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အောင်မြတ် ကျော်စိန်က NP News ကို ပြောသည်။
ထို့ပြင် အဆိုပါစီမံကိန်းသည် အနည်းဆုံး (၅)နှစ်ထက်မနည်းကြာမြင့်နိုင်သည့် နှစ်ရှည်စီမံကိန်း ဖြစ်ပြီး စီမံကိန်းပြီးစီးပါက ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအပါအဝင် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများ၏ စီးပွားရေးအလားအလာများ ယခုထက် ပိုမိုကောင်းမွန်လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
“ဒီစီမံကိန်းက ကြီးမားတဲ့စီမံကိန်းကြီးလည်း ဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းသွားမယ်။ တစ်ပြိုင်တည်းမှာပဲ စီးပွားရေးတွေ လည်း ပိုကောင်းလာမယ်။ ခရီးသွားလုပ်ငန်းတွေလည်း ကောင်းလာမယ်။ ဘက်ပေါင်းစုံအကုန်လုံးတိုးတက်လာနိုင်တဲ့ အလွန်ကောင်းတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါ တယ်။ အဓိကကတော့ မွန်ပြည်နယ်တင်မကဘူး။မြန်မာပြည်အောက်ပိုင်း ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းတို့အတွက် စီးပွားရေးအလားအလာ ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။ အခုတောင် စီမံကိန်းက တော်တော်လေးအလုပ်ဖြစ်တယ်လို့ ပြောလို့ရတယ်။ သက်ဆိုင်ရာအကြမ်းထည်ပိုင်းတွေမှာလည်း တော် တော်လေး ပြီးသွားပြီ”ဟု ဒေါက်တာအောင်မြတ် ကျော်စိန်က ပြောသည်။
ပေ(၈၅၀ဝ)ကျော်ရှိမည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မွန်ပြည်နယ် မုဒုံမြို့ နယ်ရှိ ကော့ပရံကျေးရွာအနီးတွင် တည်ဆောက် သွားမည်ဖြစ်ပြီး ၎င်းစီမံကိန်းအတွက် မြေဧကပေါင်း ၃၄၄၇ ဒသမ ၄၂ ဧကကို အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ စီမံကိန်းတွင် အသုံးပြုသွား မည့် မြေရာများအတွက် သက်ဆိုင်ရာ တောင်သူ လယ်သမားများကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလက မြေရာလျော်ကြေးငွေအဖြစ် တစ်ဧကလျှင် ငွေကျပ် သိန်း (၄၀)နှုန်းဖြင့် ငွေကျပ်(၁၉)ဘီလျံကို နိုင်ငံတော် မှ ပေးလျော်ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြေရာလျော်ကြေးများ ပေးအပ်ခဲ့ ပြီးဖြစ်ပြီး စီမံကိန်းလုပ်ငန်းများအချို့ကိုလည်း စတင် နေပြီဖြစ်၍ အဆိုပါနိုင်ငံတကာအဆင့်မီလေဆိပ်ကို အမြန်ဆုံးပြီးစီးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာ အောင်မြတ်ကျော်စိန်က ပြောသည်။
ထို့ပြင် မုဒုံမြို့နယ်၌ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တည်ဆောက်ရန် အ တွက်လည်း ပြင်ဆင်စီစဉ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
( ၅ )ႏွစ္ ၾကာျမင့္မည့္ မုဒုံေလဆိပ္စီမံကိန္းက မြန္ျပည္နယ္ႏွင့္ ေဒသ (၂)ခုရွိ စီးပြားေရးအလားအလာကို ဆြဲတင္လိမ့္မည္
ယြန္း (NP News) - ေဖေဖာ္ဝါရီလ - ၁၄
စီမံကိန္းကာလ(၅)ႏွစ္ထက္မနည္း ၾကာျမင့္မည့္ မုဒုံေလဆိပ္စီမံကိန္းၿပီးစီးပါက မြန္ျပည္နယ္သာမက ျမန္မာျပည္ေအာက္ပိုင္းရွိ ကရင္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းတို႔၏ စီးပြားေရးအလားအလာမ်ား ပိုမိုေကာင္းမြန္ လာႏိုင္ေၾကာင္း မြန္ျပည္နယ္အစိုးရ အဖြဲ႕ထံမွ သိရသည္။
မြန္ျပည္နယ္ မုဒုံၿမိဳ႕အနီးတြင္ တည္ေဆာက္သြားမည့္ ႏိုင္ငံတကာအဆင့္မီ ေလဆိပ္ႏွင့္ ပတ္သက္သည့္ စီမံကိန္းလုပ္ငန္းမ်ားကို ေျမရာေလ်ာ္ေၾကးေငြ ေပးအပ္ခဲ့ၿပီးေနာက္ပိုင္းတြင္ စတင္ လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
“ေျမရာေလ်ာ္ေၾကးေတြ ေပးၿပီးတဲ့ေနာက္ပိုင္း မွာပဲ စီမံကိန္းကိုစၿပီးေတာ့ အေကာင္အထည္ ေဖာ္ေနပါၿပီ။ နယ္နိမိတ္စၿပီးေတာ့ လုပ္ရတာေပါ့။ ေထာင့္ေတြမွာ တိုင္ေတြစိုက္တာတို႔။ ဟိုဘက္မွာက ႐ြာေတြရွိေတာ့ အဲဒါေတြအတြက္ ေရွာင္ကြင္းလမ္းေတြ လုပ္ေဆာင္ေနတာရွိပါတယ္။ အဲဒီ အဆင့္ကလည္း ေတာ္ေတာ္ခက္ခက္ခဲခဲလုပ္ရပါတယ္။ ေတာ္ေတာ္ လည္းၿပီးသြားပါၿပီ။ အဲဒါၿပီးေတာ့မွ ဒုတိယအဆင့္ လာမွာေပါ့။ ႏွစ္ရွည္စီမံကိန္းႀကီးပါ။ သူ႔အဆင့္ဆင့္ ေတြနဲ႔လုပ္သြားရမွာေပါ့”ဟု မြန္ျပည္နယ္အစိုးရ အဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ ေအာင္ျမတ္ ေက်ာ္စိန္က NP News ကို ေျပာသည္။
ထို႔ျပင္ အဆိုပါစီမံကိန္းသည္ အနည္းဆုံး (၅)ႏွစ္ထက္မနည္းၾကာျမင့္ႏိုင္သည့္ ႏွစ္ရွည္စီမံကိန္း ျဖစ္ၿပီး စီမံကိန္းၿပီးစီးပါက ကရင္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းအပါအဝင္ ျမန္မာႏိုင္ငံေအာက္ပိုင္း ေဒသမ်ား၏ စီးပြားေရးအလားအလာမ်ား ယခုထက္ ပိုမိုေကာင္းမြန္လာႏိုင္ေၾကာင္း ၎က ဆက္လက္ ေျပာသည္။
“ဒီစီမံကိန္းက ႀကီးမားတဲ့စီမံကိန္းႀကီးလည္း ျဖစ္တဲ့အတြက္ လမ္းပန္းဆက္သြယ္ေရးလည္း ေကာင္းသြားမယ္။ တစ္ၿပိဳင္တည္းမွာပဲ စီးပြားေရးေတြ လည္း ပိုေကာင္းလာမယ္။ ခရီးသြားလုပ္ငန္းေတြလည္း ေကာင္းလာမယ္။ ဘက္ေပါင္းစုံအကုန္လုံးတိုးတက္လာႏိုင္တဲ့ အလြန္ေကာင္းတဲ့ စီမံကိန္းတစ္ခု ျဖစ္ပါ တယ္။ အဓိကကေတာ့ မြန္ျပည္နယ္တင္မကဘူး။ျမန္မာျပည္ေအာက္ပိုင္း ကရင္ျပည္နယ္၊ တနသၤာရီ တိုင္းတို႔အတြက္ စီးပြားေရးအလားအလာ ပိုၿပီး ေကာင္းမြန္လာပါလိမ့္မယ္။ အခုေတာင္ စီမံကိန္းက ေတာ္ေတာ္ေလးအလုပ္ျဖစ္တယ္လို႔ ေျပာလို႔ရတယ္။ သက္ဆိုင္ရာအၾကမ္းထည္ပိုင္းေတြမွာလည္း ေတာ္ ေတာ္ေလး ၿပီးသြားၿပီ”ဟု ေဒါက္တာေအာင္ျမတ္ ေက်ာ္စိန္က ေျပာသည္။
ေပ(၈၅၀ဝ)ေက်ာ္ရွိမည့္ ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာေလဆိပ္ကို မြန္ျပည္နယ္ မုဒုံၿမိဳ႕ နယ္ရွိ ေကာ့ပရံေက်း႐ြာအနီးတြင္ တည္ေဆာက္ သြားမည္ျဖစ္ၿပီး ၎စီမံကိန္းအတြက္ ေျမဧကေပါင္း ၃၄၄၇ ဒသမ ၄၂ ဧကကို အသုံးျပဳသြားမည္ ျဖစ္ေၾကာင္း သိရသည္။ စီမံကိန္းတြင္ အသုံးျပဳသြား မည့္ ေျမရာမ်ားအတြက္ သက္ဆိုင္ရာ ေတာင္သူ လယ္သမားမ်ားကို ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ ဧၿပီလက ေျမရာေလ်ာ္ေၾကးေငြအျဖစ္ တစ္ဧကလွ်င္ ေငြက်ပ္ သိန္း (၄၀)ႏႈန္းျဖင့္ ေငြက်ပ္(၁၉)ဘီလ်ံကို ႏိုင္ငံေတာ္ မွ ေပးေလ်ာ္ၿပီးျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ေျမရာေလ်ာ္ေၾကးမ်ား ေပးအပ္ခဲ့ ၿပီးျဖစ္ၿပီး စီမံကိန္းလုပ္ငန္းမ်ားအခ်ိဳ႕ကိုလည္း စတင္ ေနၿပီျဖစ္၍ အဆိုပါႏိုင္ငံတကာအဆင့္မီေလဆိပ္ကို အျမန္ဆုံးၿပီးစီးရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေဒါက္တာ ေအာင္ျမတ္ေက်ာ္စိန္က ေျပာသည္။
ထို႔ျပင္ မုဒုံၿမိဳ႕နယ္၌ ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာဆိပ္ကမ္း တည္ေဆာက္ရန္ အ တြက္လည္း ျပင္ဆင္စီစဥ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.