ပရိသတ်မြင်ကွင်းရှေ့မှ ပျောက်ကွယ်နေသော လက်ရွေးစင်ကစားသမားဟောင်းကြည်လင်း ရခိုင်ယူနိုက်တက်အသင်းသို့ ရောက်ရှိလာ

 1722

သန့်ဇင်(NP News) - ဖေဖော်ဝါရီ ၁၅

ပရိသတ်မြင်ကွင်းရှေ့မှ ပျောက်ကွယ်နေသော နာမည်ကျော်မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ကြည်လင်းသည် ရခိုင်ယူနိုက်တက် အသင်းသို့ အံ့အားသင့်ဖွယ်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လက်ရွေးစင်ကစားသမားဟောင်းဖြစ်သည့် ကျော်ကိုကို ကိုခေါ်ယူခဲ့ပြီးနောက် ယနေ့ (ဖေဖော်ဝါရီလ ၁၅ ရက်)တွင် ကြည်လင်းနှင့်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ် ကြောင်း ကြေညာခဲ့ရာ ကျော်ကိုကို-ကြည်လင်းအတွဲကို မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များတွင် ပြန်လည်မြင်တွေ့ရမည်ဖြစ်သည်။

လက်ရှိတွင် အသက်(၃၂)နှစ်ရှိပြီဖြစ်သည့် လက်ရွေးစင်ကစားသမားဟောင်းကြည်လင်းသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းတွင်နောက်ဆုံးကစားခဲ့ပြီးနောက် ဒဏ်ရာပြသနာများကြောင့် ဘောလုံးလောကမှ အနားယူသွားခဲ့ကာ ယခုတစ်ဖန် ပြန်လည်ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

လက်ရွေးစင်ကစားသမားဟောင်း ကြည်လင်းသည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၌ အလယ်တန်းတွင် ကစားခဲ့သူဖြစ်ကာ "Goal.com Reader's Choice Of The Years 2012" Asia Bast XI ဆုရရှိထားသူဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့တွင် မြန်မာ့လက်ရွေးစင်ကစားသမား ကောင်းစည်သူ သည်လည်း ရခိုင်ယူနိုက်တက် အသင်းနှင့်တစ်နှစ်စာချုပ်ခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းအနေဖြင့် ကစားသမား နှင့် နည်းပြအပြောင်းအလဲများစွာ ပြုလုပ်ပြီး ရလဒ်ကောင်းများရရှိရန် ကြိုးပမ်းနေလျက်ရှိသည်ကို တွေ့ရသည်။

zawgyi version
ပရိသတ္ျမင္ကြင္းေရွ႕မွ ေပ်ာက္ကြယ္ေနေသာ လက္ေ႐ြးစင္ကစားသမားေဟာင္းၾကည္လင္း ရခိုင္ယူႏိုက္တက္အသင္းသို႔ ေရာက္ရွိလာ

သန႔္ဇင္(NP News) - ေဖေဖာ္ဝါရီ ၁၅

ပရိသတ္ျမင္ကြင္းေရွ႕မွ ေပ်ာက္ကြယ္ေနေသာ နာမည္ေက်ာ္ျမန္မာ့လက္ေ႐ြးစင္ကစားသမားေဟာင္း ၾကည္လင္းသည္ ရခိုင္ယူႏိုက္တက္ အသင္းသို႔ အံ့အားသင့္ဖြယ္ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။

ရခိုင္ယူႏိုက္တက္အသင္းသည္ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက လက္ေ႐ြးစင္ကစားသမားေဟာင္းျဖစ္သည့္ ေက်ာ္ကိုကို ကိုေခၚယူခဲ့ၿပီးေနာက္ ယေန႔ (ေဖေဖာ္ဝါရီလ ၁၅ ရက္)တြင္ ၾကည္လင္းႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီျဖစ္ ေၾကာင္း ေၾကညာခဲ့ရာ ေက်ာ္ကိုကို-ၾကည္လင္းအတြဲကို ျမန္မာေနရွင္နယ္လိဂ္ပြဲစဥ္မ်ားတြင္ ျပန္လည္ျမင္ေတြ႕ရမည္ျဖစ္သည္။

လက္ရွိတြင္ အသက္(၃၂)ႏွစ္ရွိၿပီျဖစ္သည့္ လက္ေ႐ြးစင္ကစားသမားေဟာင္းၾကည္လင္းသည္ ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္တြင္ ရန္ကုန္ယူႏိုက္တက္အသင္းတြင္ေနာက္ဆုံးကစားခဲ့ၿပီးေနာက္ ဒဏ္ရာျပသနာမ်ားေၾကာင့္ ေဘာလုံးေလာကမွ အနားယူသြားခဲ့ကာ ယခုတစ္ဖန္ ျပန္လည္ဝင္ေရာက္လာခဲ့ျခင္း ျဖစ္သည္။

လက္ေ႐ြးစင္ကစားသမားေဟာင္း ၾကည္လင္းသည္ ျမန္မာ့လက္ေ႐ြးစင္အသင္းႏွင့္ ရန္ကုန္ယူႏိုက္တက္အသင္းတို႔၌ အလယ္တန္းတြင္ ကစားခဲ့သူျဖစ္ကာ "Goal.com Reader's Choice Of The Years 2012" Asia Bast XI ဆုရရွိထားသူျဖစ္ေၾကာင္း သိရသည္။

အလားတူ ယေန႔တြင္ ျမန္မာ့လက္ေ႐ြးစင္ကစားသမား ေကာင္းစည္သူ သည္လည္း ရခိုင္ယူႏိုက္တက္ အသင္းႏွင့္တစ္ႏွစ္စာခ်ဳပ္ခဲ့သည္။ ရခိုင္ယူႏိုက္တက္အသင္းအေနျဖင့္ ကစားသမား ႏွင့္ နည္းျပအေျပာင္းအလဲမ်ားစြာ ျပဳလုပ္ၿပီး ရလဒ္ေကာင္းမ်ားရရွိရန္ ႀကိဳးပမ္းေနလ်က္ရွိသည္ကို ေတြ႕ရသည္။

Related news

© 2021. All rights reserved.