ကမ္ဘာကျော်လက်ဝှေ့သမား ပက်ကွီအိုရဲ့ အိုလံပစ်လက်ဝှေ့သမားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်လိုတဲ့အိမ်မက် အဆုံးသတ်

952

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၉
ကမ္ဘာကျော် လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ပက်ကွီအိုရဲ့အိုလံပစ်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့် အဆုံးသတ်သွားခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာလက်ဝှေ့ချန်ပီယံဟောင်းဖြစ်တဲ့ ပက်ကွီအိုဟာ ဒီနှစ်အတွင်း ပြင်သစ်နိုင်ငံပဲရစ်မြို့မှာ ကျင်းပမယ့် အိုလံပစ် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်ခဲ့ပေမယ့် နိုင်ငံတကာအိုလံပစ်ကော်မတီက ပက်ကွီအိုရဲ့အထူးတောင်းဆို ချက်တွေကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။
ပက်ကွီအိုဟာ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့ပါတယ်။ အသက် ၄၅ နှစ်အရွယ်ရှိ ပက်ကွီအိုဟာ ၂ဝ၂၁ ခုနှစ် ကမ္ဘာ့လက်ဝှေ့လောကကနေ အနားယူပြီး ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်အောင်မြင်မှုမရခဲ့ကြောင်း သိရပါတယ်။
ပက်ကွီအိုက ၎င်းအနေနဲ့ အသက် ၄ဝ နှစ်အတွင်းမှာ အိုလံပစ်ပြိုင်ပွဲသာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမယ့်ဆိုတဲ့အချက်ကို လေးစားလိုက်နာကြောင်း ပြောပါတယ်။ ပက်ကွီအိုက "ကျွန်တော်ဟာ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ် ဆိုတဲ့ မျှော်လင့်ချက်အဆုံးသတ်သွားလို့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော်အနေနဲ့ အသက် ကန့်သတ် ချက်ကိုနားလည်သလို လက်ခံပါတယ်" လို့ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံသား ပက်ကွီအိုဟာ ကမ္ဘာလက်ဝှေ့ပြိုင်ပွဲတွေမှာ မတူညီတဲ့ ဝိတ်တန်း ၈ ခုကို ကမ္ဘာချန်ပီယံဆုတွေ ရယူနိုင်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။ ပက်ကွီအိုဟာ ကမ္ဘာကျော်လက်ဝှေ့သမားတစ်ဦးဖြစ်ပေမယ့် သူရဲ့လက်ဝှေ့ သမားဘဝအတွင်း အိုလံပစ်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ဖူးတဲ့အတွေ့အကြုံမျိုး မရှိခဲ့ကြောင်း သိရပါတယ်။
ပက်ကွီအိုဟာ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရပေမယ့် အိုလံပစ်ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မယ့် ဖိလစ်ပိုင်လက်ဝှေ့ သမားတွေနဲ့ အားကစားသမားတွေကို ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

Zawgyi Version;
ကမာၻေက်ာ္လက္ေဝွ႔သမား ပက္ကြီအိုရဲ႕ အိုလံပစ္လက္ေဝွ႔သမားၿပိဳင္ပြဲ ပါဝင္ယွဥ္ၿပိဳင္လိုတဲ့အိမ္မက္ အဆုံးသတ္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၉
ကမာၻေက်ာ္ လက္ေဝွ႔သမားတစ္ဦးျဖစ္တဲ့ပက္ကြီအိုရဲ႕အိုလံပစ္ၿပိဳင္ပြဲ ပါဝင္ယွဥ္ၿပိဳင္ခြင့္ အဆုံးသတ္သြားခဲ့ေၾကာင္း သိရပါတယ္။
ကမာၻလက္ေဝွ႔ခ်န္ပီယံေဟာင္းျဖစ္တဲ့ ပက္ကြီအိုဟာ ဒီႏွစ္အတြင္း ျပင္သစ္ႏိုင္ငံပဲရစ္ၿမိဳ႕မွာ က်င္းပမယ့္ အိုလံပစ္ ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ႏိုင္ငံတကာအိုလံပစ္ေကာ္မတီက ပက္ကြီအိုရဲ႕အထူးေတာင္းဆို ခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရပါတယ္။
ပက္ကြီအိုဟာ အိုလံပစ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ အသက္ ၄၅ ႏွစ္အ႐ြယ္ရွိ ပက္ကြီအိုဟာ ၂ဝ၂၁ ခုႏွစ္ ကမာၻ႔လက္ေဝွ႔ေလာကကေန အနားယူၿပီး ဖိလစ္ပိုင္သမၼတ ေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ေအာင္ျမင္မႈမရခဲ့ေၾကာင္း သိရပါတယ္။
ပက္ကြီအိုက ၎အေနနဲ႔ အသက္ ၄ဝ ႏွစ္အတြင္းမွာ အိုလံပစ္ၿပိဳင္ပြဲသာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ျပဳမယ့္ဆိုတဲ့အခ်က္ကို ေလးစားလိုက္နာေၾကာင္း ေျပာပါတယ္။ ပက္ကြီအိုက "ကြၽန္ေတာ္ဟာ အိုလံပစ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရမယ္ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္အဆုံးသတ္သြားလို႔ ဝမ္းနည္းစိတ္မေကာင္းျဖစ္ရတယ္။ ကြၽန္ေတာ္အေနနဲ႔ အသက္ ကန႔္သတ္ ခ်က္ကိုနားလည္သလို လက္ခံပါတယ္" လို႔ ေျပာပါတယ္။
ဖိလစ္ပိုင္ႏိုင္ငံသား ပက္ကြီအိုဟာ ကမာၻလက္ေဝွ႔ၿပိဳင္ပြဲေတြမွာ မတူညီတဲ့ ဝိတ္တန္း ၈ ခုကို ကမာၻခ်န္ပီယံဆုေတြ ရယူႏိုင္ခဲ့သူျဖစ္ေၾကာင္း သိရပါတယ္။ ပက္ကြီအိုဟာ ကမာၻေက်ာ္လက္ေဝွ႔သမားတစ္ဦးျဖစ္ေပမယ့္ သူရဲ႕လက္ေဝွ႔ သမားဘဝအတြင္း အိုလံပစ္ၿပိဳင္ပြဲ ပါဝင္ယွဥ္ၿပိဳင္ဖူးတဲ့အေတြ႕အႀကဳံမ်ိဳး မရွိခဲ့ေၾကာင္း သိရပါတယ္။
ပက္ကြီအိုဟာ အိုလံပစ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္မရေပမယ့္ အိုလံပစ္ၿပိဳင္ပြဲပါဝင္ယွဥ္ၿပိဳင္မယ့္ ဖိလစ္ပိုင္လက္ေဝွ႔ သမားေတြနဲ႔ အားကစားသမားေတြကို ကူညီေထာက္ပံ့ေပးသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။