ဇူလိုင်လ(၈)ရက်မှ ဇူလိုင်လ (၁၄)ရက်အတွင်း နောက်ဆုံးရ အပြောင်းအရွှေ့နဲ့ အလားအလာ

 272

ရဲထက် (NP News)
(၁) အာဆင်နယ်လူငယ်ကစားသမား အီသန် နူရာနယ်ရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး

ဒီရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမားခေါ်ယူမှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်လူငယ်ကစားသမား အီသန် နူရာနယ်ရီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေ တယ်လို့ The Sun မှာ ဖော်ပြထားပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ အီသန် နူရာနယ်ရီအတွက် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့တဲ့အခြေအနေမှာ အသင်းဘက်က စာချုပ်သက်တမ်းထပ် မတိုးခဲ့ရင် ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။ အသက်(၁၈)နှစ်သာ ရှိ သေးတဲ့ ကစားသမားအတွက် ချဲလ်ဆီး အသင်းရဲ့ ခေါ်ယူမှုအပေါ်မှာ အာဆင်နယ်အသင်းဘက်က အီ သန်နူရာနယ်ရီအတွက် ပြောင်းရွှေ့ကြေးကိုတော့ ‌ရေရေရာရာထုတ်ပြန်ထားခြင်းမရှိသေးတာကိုတွေ့ ရပါတယ်။ အီသန်နူရာနယ်ရီဟာ အင်္ဂလန် ယူ(၂၁) အသင်းမှာ ရွေးချယ်ခံထားရသလို ခြေစွမ်းပိုင်းမှာ လည်း တိုးတက်လာဖို့ရှိနေတဲ့ကစားသမားဖြစ်ပြီး အသက်(၁၆)နှစ်မပြည့်ခင်မှာပဲ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အတွက် ပွဲဦးထွက်ကစားထားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။
(၂) ရိုဒရီဂိုကို ခေါ်ယူဖို့ ဆော်ဒီလိဂ်အပါအဝင် ကလပ်အသင်းကြီး(၃)သင်း အပြိုင်အဆိုင်ဖြစ်နေ

ရီးရဲလ်မက်ဒရစ်အသင်းကနေ တရားဝင်ထွက်ခွာဖို့ရှိနေတဲ့ ရိုဒရီဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်း(၃)သင်းရှိနေတယ်လို့သိရပြီး လက်ရှိမှာ အာဆင်နယ် ၊ မန်စီးတီးနဲ့ PSG အသင်းတွေက ခေါ်ယူဖို့ ဆက်သွယ်ထားတယ်လို့သိရပါတယ်။ ရိုဒရီဂိုအနေနဲ့လည်း ပရီးမီယားလိဂ်အပါအဝင် အခြားသော ထိပ် တန်း လိဂ်တွေမှာကစားဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းမှာလည်း ရိုဒရီဂိုအနေနဲ့ ဆက်ရှိ နိုင်ဖို့ အခွင့်အရေးရှိနေပေမယ့်လည်း ပွဲထွက်ခွင့်ရဖို့ မသေချာတော့တဲ့အနေအထားမှာ ကစား သမားအနေနဲ့ အသင်းကနေထွက်ခွာဖို့ သေချာသလောက်ရှိနေပါတယ်။ ရိုဒရီဂိုရဲ့ ပြောင်းရွှေ့ကြေးကို တော့ ရီးရဲလ်မက်ဒရစ် အသင်းဘက်က ယူရို သန်း(၉၀)သတ်မှတ်ထားပြီး ပြောင်းရွှေ့နိုင်ဖို့နဲ့ ခေါ်ယူဖို့ အလားအလာအရှိဆုံးအသင်း ကတော့ အာဆင်နယ်အသင်းက ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဆော်ဒီက လပ် အယ်နာဆာအသင်းက ဒုတိယ နေရာမှာရှိနေသလို မန်စီးတီးနဲ့ PSG အသင်းတွေကတော့ အဲဒီ အသင်းတွေနောက်မှာသာရှိနေပါတယ်။ ရိုဒရီဂိုရဲ့ ကစားပုံနဲ့ အံဝင်ခွင်ကျဖြစ်မယ့်အသင်းကတော့ အာ ဆင်နယ်နဲ့ မန်စီးတီးအသင်းတို့နဲ့ လိုက်ဖက်မှုရှိ သလို ပွဲထွက်ခွင့်တစ်နေရာကိုလည်း သေချာပေါက် ရဖို့ ရှိနေတာကြောင့် ဒီအပြောင်းအ‌ရွှေ့ကို ဆက်လက်စောင့်ကြည့်ရဖို့ရှိနေပါတယ်။

(၃) အမ်ဘူမို အတွက် နောက်ထပ်ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ မန်ယူ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှုရှိရှိနဲ့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ မန်ယူအသင်းဟာ အမ်ဘူမိုကို ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံးပွဲ စဉ် မတိုင်ခင်မှာ အရောက်ခေါ်ယူဖို့ဆန္ဒရှိနေပြီး တစ်ဖက်မှာလည်း ကစားသမားပြောင်းရွှေ့မှုတွေကို ဆက်တိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဆန်ချိုက ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ အခြေအနေ ကောင်းနေသလို အန်တိုနီကလည်း ရီးရဲလ်ဘတ်တစ်အသင်းကို အပြီးသတ်ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်နေတဲ့အနေအထားမှာ အမ်ဘူမိုရဲ့ အပြောင်းအရွှေ့အတွက်လည်း မန်ယူအသင်းဘက်က တွန်းအားပေးပြီး မဖြစ်မနေခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အမ်ဘူမိုနဲ့ အပြောင်းအရွှေ့ ကြန့်ကြာ နေရတဲ့အချက်ကတော့ ဘရန်းဖို့ဒ်အသင်းဘက်က ပြောင်းရွှေ့ကြေးကို (၆၅)သန်းအထက်ကိုပဲ စိတ်ဝင် စားတယ် လို့ပြောဆိုထား တာကြောင့်ဖြစ်ပြီး မန်ယူအသင်းဘက်က အမ်ဘူမိုကို အဲဒီလောက်တန်ကြေး နဲ့ခေါ်ယူဖို့ စဉ်စားနေတဲ့အနေအထားမှာ နှစ်ဖက်အသင်းကြားမှာ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင် ရဖို့နေပါတယ်။ ဒါ့ပြင် ဘိုင်ယန်မြူးနစ် အသင်းကလည်း မန်ယူအသင်းနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းလာ ဖွယ်ရှိနေတာကြောင့် ဒီအပြောင်းအရွှေ့ကို မန်ယူအသင်းဘက်က လက်ဦးမှုရယူထားနိုင်ဖို့ လိုအပ်နေပါ တယ်။

(၄) နိုနီ မက်ဒူရက်ကေး နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရဖို့ နီးစပ်နေတဲ့ အာဆင်နယ်

ချဲလ်ဆီးအသင်းရဲ့တောင်ပံကစားသမား နိုနီ မက်ဒူရက်ကေးကို ခေါ်ယူဖို့ လန်ဒန်ပြိုင်ဘက် အာဆင်နယ်က ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့တယ်လို့ The Sun မှာ ဖော်ပြထားပါတယ်။ သတင်းဖော်ပြချက်တွေအရ နိုနီ မက်ဒူရက်ကေးရဲ့ အပြောင်းအရွှေ့ကို အာဆင်နယ်ပရိသတ်တွေက နှစ်သက်မှုမရှိသလို ခေါ်ယူမှုလုပ်ခဲ့ရင် ကြိုဆိုဖို့မရှိဘူးလို့တောင် ပြောဆိုထားကြတာတွေ့ရပါတယ်။ တကယ်တမ်းမှာလည်း နိုနီ မက်ဒူရက်ကေးရဲ့ ချဲလ်ဆီးအသင်းမှာကစားခဲ့တဲ့ကစားပုံက မကောင်းခဲ့သလို အသင်းအတွက် အားကိုး လောက်စရာမရှိဘူးလို့လည်း ထင်ကြေးပေးမှုတွေရှိနေပါတယ်။ ချဲလ်ဆီး အသင်းဘက်ကြည့်ရင် အသင်းကနေ ရောင်းထုတ်ချင်နေတဲ့ကစားသမားကို ခေါ်ယူချင်နေတဲ့ အာဆင် နယ်အသင်းရဲ့ခေါ်ယူမှုပေါ်မှာ ‌သဘောမတူနိုင်စရာမရှိနိုင်သလို “ရေကန်အသင့်ကြာအသင့်” လို့ တောင် ပြောလို့ရနေပါတယ်။ နိုနီ မက်ဒူရက်ကေရဲ့ ပြောင်းရွှေ့ကြေးကိုတော့ ချဲလ်ဆီးအသင်းက ဝယ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးဖြစ်တဲ့ (၂၈.၅)သန်းရရှိရင် ရောင်းထုတ်နိုင်ဖို့ရှိနေပြီး အပြောင်းအရွှေ့သာ တကယ်ဖြစ်ခဲ့ ရင် နည်းပြ အာတီတာအနေနဲ့ နိုနီ မက်ဒူရက်ကေးရဲ့ ခြေစွမ်းကို နောက်တစ်ဆင့်ရောက်အောင် လုပ်ပြ နိုင်မလားဆိုတာကို စောင့်ကြည့်ရဖို့ရှိနေပါတယ်။ အာဆင် နယ်အသင်းဟာ ဒီရာသီအပြောင်းအရွှေ့မှာပဲ ချဲလ်ဆီးအသင်းက ဂိုးသမား ကီပါကို ပေါင်(၅)သန်းနဲ့ ခေါ်ယူထားပြီးပြီလည်းဖြစ်ပါတယ်။

(၅) ဒမ်ဖရီစ်ကို လျော်ကြေးစာချုပ် ယူရို (၂၅)သန်းပေးခေါ်မယ့် မန်စီးတီး

မန်စီးတီးအသင်းဟာ နောက်ထပ်အပြောင်းအရွှေ့တစ်ခုအဖြစ် အင်တာမီလန်အသင်းရဲ့ ညာ နောက်ခံကစားသမား ဒမ်ဖရီစ်ကို ခေါ်ယူဖို့ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ မန်စီးတီး အသင်းရဲ့ ညာနောက်ခံနေရာမှာ မဖြစ်မနေလူခေါ်ယူဖို့ လိုအပ်နေတဲ့အနေအထားဖြစ်တဲ့အပြင် ကစား သမား အဝင်အထွက်နဲ့ ကစားသမားအသစ်တွေကြားမှာ အထိုင်ကျဖို့လိုအပ်နေတဲ့အနေအထားမှာ ဒမ်ဖရီစ်ကို ခေါ်ယူဖို့လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ဒမ်ဖရီစ်ရဲ့ အသက်အရွယ်က (၂၉)နှစ်ဖြစ်တာကြောင့် (၂၅)သန်းသာ ပေးချေရဖို့ရှိနေတဲ့အနေအထားဖြစ်ပေမယ့် စာချုပ်ဖျက်သိမ်း ကြေးရှိနေတာကြောင့် မန်စီးတီး အသင်းအနေနဲ့ အင်တာမီလန်အသင်းကို စာချုပ်ဖျက်သိမ်းကြေးကိုပါ ပေးချေရဖို့ရှိနေပါတယ်။ တစ်ဖက်မှာ လည်း ဘာစီလိုနာအသင်းက ကွန်ဒီနဲ့ အပြိုင်ကစားနိုင်ဖို့ ဒမ်ဖရီ့စ် ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် မန်စီးတီးအသင်းအနေနဲ့ ဘာစီလိုနာ အသင်းနဲ့ အပြိုင် ခေါ်ယူရဖို့ ရှိနေပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းကို ပြောင်း‌ရွှေ့ခဲ့ရင် ကွန်ဒီနဲ့ပြိုင်ရဖို့ရှိနေပေမယ့် မန်စီးတီး အသင်းကို ပြောင်းရွှေ့ခဲ့ရင်တော့ သေချာပေါက်နေရာ ရဖို့ရှိနေတဲ့အနေအထားမှာ ဒီအပြောင်းအရွှေ့ကို လည်း ဆက်လက်စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။

Zawgyi Version:
ဇူလိုင္လ(၈)ရက္မွ ဇူလိုင္လ (၁၄)ရက္အတြင္း ေနာက္ဆုံးရ အေျပာင္းအေ႐ႊ႕နဲ႔ အလားအလာ
ရဲထက္ (NP News)
(၁) အာဆင္နယ္လူငယ္ကစားသမား အီသန္ ႏူရာနယ္ရီကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ခ်ဲလ္ဆီး

ဒီရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ ကစားသမားေခၚယူမႈေတြ ဆက္တိုက္လုပ္ေဆာင္ေနတဲ့ ခ်ဲလ္ဆီးအသင္းဟာ အာဆင္နယ္လူငယ္ကစားသမား အီသန္ ႏူရာနယ္ရီ ကို ေခၚယူဖို႔ စိတ္ဝင္စားေန တယ္လို႔ The Sun မွာ ေဖာ္ျပထားပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔ အီသန္ ႏူရာနယ္ရီအတြက္ စာခ်ဳပ္သက္တမ္း (၁)ႏွစ္သာ က်န္ရွိေတာ့တဲ့အေျခအေနမွာ အသင္းဘက္က စာခ်ဳပ္သက္တမ္းထပ္ မတိုးခဲ့ရင္ ခ်ဲလ္ဆီးအသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတာလည္းျဖစ္ပါတယ္။ အသက္(၁၈)ႏွစ္သာ ရွိ ေသးတဲ့ ကစားသမားအတြက္ ခ်ဲလ္ဆီး အသင္းရဲ႕ ေခၚယူမႈအေပၚမွာ အာဆင္နယ္အသင္းဘက္က အီ သန္ႏူရာနယ္ရီအတြက္ ေျပာင္းေ႐ႊ႕ေၾကးကိုေတာ့ ‌ေရေရရာရာထုတ္ျပန္ထားျခင္းမရွိေသးတာကိုေတြ႕ ရပါတယ္။ အီသန္ႏူရာနယ္ရီဟာ အဂၤလန္ ယူ(၂၁) အသင္းမွာ ေ႐ြးခ်ယ္ခံထားရသလို ေျခစြမ္းပိုင္းမွာ လည္း တိုးတက္လာဖို႔ရွိေနတဲ့ကစားသမားျဖစ္ၿပီး အသက္(၁၆)ႏွစ္မျပည့္ခင္မွာပဲ ပရီးမီးယားလိဂ္မွာ အာဆင္နယ္အတြက္ ပြဲဦးထြက္ကစားထားတဲ့ ကစားသမားလည္းျဖစ္ပါတယ္။
(၂) ႐ိုဒရီဂိုကို ေခၚယူဖို႔ ေဆာ္ဒီလိဂ္အပါအဝင္ ကလပ္အသင္းႀကီး(၃)သင္း အၿပိဳင္အဆိုင္ျဖစ္ေန

ရီးရဲလ္မက္ဒရစ္အသင္းကေန တရားဝင္ထြက္ခြာဖို႔ရွိေနတဲ့ ႐ိုဒရီဂိုကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္း(၃)သင္းရွိေနတယ္လို႔သိရၿပီး လက္ရွိမွာ အာဆင္နယ္ ၊ မန္စီးတီးနဲ႔ PSG အသင္းေတြက ေခၚယူဖို႔ ဆက္သြယ္ထားတယ္လို႔သိရပါတယ္။ ႐ိုဒရီဂိုအေနနဲ႔လည္း ပရီးမီယားလိဂ္အပါအဝင္ အျခားေသာ ထိပ္ တန္း လိဂ္ေတြမွာကစားဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။ ရီးရဲမက္ဒရစ္အသင္းမွာလည္း ႐ိုဒရီဂိုအေနနဲ႔ ဆက္ရွိ ႏိုင္ဖို႔ အခြင့္အေရးရွိေနေပမယ့္လည္း ပြဲထြက္ခြင့္ရဖို႔ မေသခ်ာေတာ့တဲ့အေနအထားမွာ ကစား သမားအေနနဲ႔ အသင္းကေနထြက္ခြာဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။ ႐ိုဒရီဂိုရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ေတာ့ ရီးရဲလ္မက္ဒရစ္ အသင္းဘက္က ယူ႐ို သန္း(၉၀)သတ္မွတ္ထားၿပီး ေျပာင္းေ႐ႊ႕ႏိုင္ဖို႔နဲ႔ ေခၚယူဖို႔ အလားအလာအရွိဆုံးအသင္း ကေတာ့ အာဆင္နယ္အသင္းက ထိပ္ဆုံးမွာ ရပ္တည္ေနၿပီး ေဆာ္ဒီက လပ္ အယ္နာဆာအသင္းက ဒုတိယ ေနရာမွာရွိေနသလို မန္စီးတီးနဲ႔ PSG အသင္းေတြကေတာ့ အဲဒီ အသင္းေတြေနာက္မွာသာရွိေနပါတယ္။ ႐ိုဒရီဂိုရဲ႕ ကစားပုံနဲ႔ အံဝင္ခြင္က်ျဖစ္မယ့္အသင္းကေတာ့ အာ ဆင္နယ္နဲ႔ မန္စီးတီးအသင္းတို႔နဲ႔ လိုက္ဖက္မႈရွိ သလို ပြဲထြက္ခြင့္တစ္ေနရာကိုလည္း ေသခ်ာေပါက္ ရဖို႔ ရွိေနတာေၾကာင့္ ဒီအေျပာင္းအ‌ေ႐ႊ႕ကို ဆက္လက္ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။

(၃) အမ္ဘူမို အတြက္ ေနာက္ထပ္ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတဲ့ မန္ယူ

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ အမ္ဘူမိုကို ေခၚယူႏိုင္ဖို႔ ယုံၾကည္မႈရွိရွိနဲ႔ ေဆြးေႏြးမႈေတြ ဆက္လက္လုပ္ေဆာင္ေနပါတယ္။ မန္ယူအသင္းဟာ အမ္ဘူမိုကို ဒီရာသီ ပရီးမီးယားလိဂ္ ပထမဆုံးပြဲ စဥ္ မတိုင္ခင္မွာ အေရာက္ေခၚယူဖို႔ဆႏၵရွိေနၿပီး တစ္ဖက္မွာလည္း ကစားသမားေျပာင္းေ႐ႊ႕မႈေတြကို ဆက္တိုက္ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ဆန္ခ်ိဳက ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ အေျခအေန ေကာင္းေနသလို အန္တိုနီကလည္း ရီးရဲလ္ဘတ္တစ္အသင္းကို အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔ ေဆြးေႏြးမႈေတြ ဆက္တိုက္ လုပ္ေနတဲ့အေနအထားမွာ အမ္ဘူမိုရဲ႕ အေျပာင္းအေ႐ႊ႕အတြက္လည္း မန္ယူအသင္းဘက္က တြန္းအားေပးၿပီး မျဖစ္မေနေခၚယူဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ အမ္ဘူမိုနဲ႔ အေျပာင္းအေ႐ႊ႕ ၾကန႔္ၾကာ ေနရတဲ့အခ်က္ကေတာ့ ဘရန္းဖို႔ဒ္အသင္းဘက္က ေျပာင္းေ႐ႊ႕ေၾကးကို (၆၅)သန္းအထက္ကိုပဲ စိတ္ဝင္ စားတယ္ လို႔ေျပာဆိုထား တာေၾကာင့္ျဖစ္ၿပီး မန္ယူအသင္းဘက္က အမ္ဘူမိုကို အဲဒီေလာက္တန္ေၾကး နဲ႔ေခၚယူဖို႔ စဥ္စားေနတဲ့အေနအထားမွာ ႏွစ္ဖက္အသင္းၾကားမွာ ေဆြးေႏြးမႈေတြ ဆက္လက္လုပ္ေဆာင္ ရဖို႔ေနပါတယ္။ ဒါ့ျပင္ ဘိုင္ယန္ျမဴးနစ္ အသင္းကလည္း မန္ယူအသင္းနဲ႔ အၿပိဳင္ေခၚယူဖို႔ ႀကိဳးပမ္းလာ ဖြယ္ရွိေနတာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕ကို မန္ယူအသင္းဘက္က လက္ဦးမႈရယူထားႏိုင္ဖို႔ လိုအပ္ေနပါ တယ္။

(၄) ႏိုနီ မက္ဒူရက္ေကး နဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီခ်က္ရဖို႔ နီးစပ္ေနတဲ့ အာဆင္နယ္

ခ်ဲလ္ဆီးအသင္းရဲ႕ေတာင္ပံကစားသမား ႏိုနီ မက္ဒူရက္ေကးကို ေခၚယူဖို႔ လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္က ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈရရွိခဲ့တယ္လို႔ The Sun မွာ ေဖာ္ျပထားပါတယ္။ သတင္းေဖာ္ျပခ်က္ေတြအရ ႏိုနီ မက္ဒူရက္ေကးရဲ႕ အေျပာင္းအေ႐ႊ႕ကို အာဆင္နယ္ပရိသတ္ေတြက ႏွစ္သက္မႈမရွိသလို ေခၚယူမႈလုပ္ခဲ့ရင္ ႀကိဳဆိုဖို႔မရွိဘူးလို႔ေတာင္ ေျပာဆိုထားၾကတာေတြ႕ရပါတယ္။ တကယ္တမ္းမွာလည္း ႏိုနီ မက္ဒူရက္ေကးရဲ႕ ခ်ဲလ္ဆီးအသင္းမွာကစားခဲ့တဲ့ကစားပုံက မေကာင္းခဲ့သလို အသင္းအတြက္ အားကိုး ေလာက္စရာမရွိဘူးလို႔လည္း ထင္ေၾကးေပးမႈေတြရွိေနပါတယ္။ ခ်ဲလ္ဆီး အသင္းဘက္ၾကည့္ရင္ အသင္းကေန ေရာင္းထုတ္ခ်င္ေနတဲ့ကစားသမားကို ေခၚယူခ်င္ေနတဲ့ အာဆင္ နယ္အသင္းရဲ႕ေခၚယူမႈေပၚမွာ ‌သေဘာမတူႏိုင္စရာမရွိႏိုင္သလို “ေရကန္အသင့္ၾကာအသင့္” လို႔ ေတာင္ ေျပာလို႔ရေနပါတယ္။ ႏိုနီ မက္ဒူရက္ေကရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကိုေတာ့ ခ်ဲလ္ဆီးအသင္းက ဝယ္ယူခဲ့တဲ့ ေျပာင္းေ႐ႊ႕ေၾကးျဖစ္တဲ့ (၂၈.၅)သန္းရရွိရင္ ေရာင္းထုတ္ႏိုင္ဖို႔ရွိေနၿပီး အေျပာင္းအေ႐ႊ႕သာ တကယ္ျဖစ္ခဲ့ ရင္ နည္းျပ အာတီတာအေနနဲ႔ ႏိုနီ မက္ဒူရက္ေကးရဲ႕ ေျခစြမ္းကို ေနာက္တစ္ဆင့္ေရာက္ေအာင္ လုပ္ျပ ႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။ အာဆင္ နယ္အသင္းဟာ ဒီရာသီအေျပာင္းအေ႐ႊ႕မွာပဲ ခ်ဲလ္ဆီးအသင္းက ဂိုးသမား ကီပါကို ေပါင္(၅)သန္းနဲ႔ ေခၚယူထားၿပီးၿပီလည္းျဖစ္ပါတယ္။

(၅) ဒမ္ဖရီစ္ကို ေလ်ာ္ေၾကးစာခ်ဳပ္ ယူ႐ို (၂၅)သန္းေပးေခၚမယ့္ မန္စီးတီး

မန္စီးတီးအသင္းဟာ ေနာက္ထပ္အေျပာင္းအေ႐ႊ႕တစ္ခုအျဖစ္ အင္တာမီလန္အသင္းရဲ႕ ညာ ေနာက္ခံကစားသမား ဒမ္ဖရီစ္ကို ေခၚယူဖို႔ စတင္လုပ္ေဆာင္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။ မန္စီးတီး အသင္းရဲ႕ ညာေနာက္ခံေနရာမွာ မျဖစ္မေနလူေခၚယူဖို႔ လိုအပ္ေနတဲ့အေနအထားျဖစ္တဲ့အျပင္ ကစား သမား အဝင္အထြက္နဲ႔ ကစားသမားအသစ္ေတြၾကားမွာ အထိုင္က်ဖို႔လိုအပ္ေနတဲ့အေနအထားမွာ ဒမ္ဖရီစ္ကို ေခၚယူဖို႔လုပ္ေဆာင္လာတာလည္းျဖစ္ပါတယ္။ လက္ရွိမွာ ဒမ္ဖရီစ္ရဲ႕ အသက္အ႐ြယ္က (၂၉)ႏွစ္ျဖစ္တာေၾကာင့္ (၂၅)သန္းသာ ေပးေခ်ရဖို႔ရွိေနတဲ့အေနအထားျဖစ္ေပမယ့္ စာခ်ဳပ္ဖ်က္သိမ္း ေၾကးရွိေနတာေၾကာင့္ မန္စီးတီး အသင္းအေနနဲ႔ အင္တာမီလန္အသင္းကို စာခ်ဳပ္ဖ်က္သိမ္းေၾကးကိုပါ ေပးေခ်ရဖို႔ရွိေနပါတယ္။ တစ္ဖက္မွာ လည္း ဘာစီလိုနာအသင္းက ကြန္ဒီနဲ႔ အၿပိဳင္ကစားႏိုင္ဖို႔ ဒမ္ဖရီ႕စ္ ကိုေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္ မန္စီးတီးအသင္းအေနနဲ႔ ဘာစီလိုနာ အသင္းနဲ႔ အၿပိဳင္ ေခၚယူရဖို႔ ရွိေနပါတယ္။ ဒါေပမဲ့ ဘာစီလိုနာအသင္းကို ေျပာင္း‌ေ႐ႊ႕ခဲ့ရင္ ကြန္ဒီနဲ႔ၿပိဳင္ရဖို႔ရွိေနေပမယ့္ မန္စီးတီး အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ရင္ေတာ့ ေသခ်ာေပါက္ေနရာ ရဖို႔ရွိေနတဲ့အေနအထားမွာ ဒီအေျပာင္းအေ႐ႊ႕ကို လည္း ဆက္လက္ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။

Related news

© 2021. All rights reserved.