အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကာ လှေလှော်ခဲ့သည့် ဗြိတိန်အမျိုးသမီး

 387

Pika (NP News) - ဇူလိုင်လ ၁၅
အသက်(၂၁)နှစ်အရွယ် ဗြိတိန်အမျိုးသမီး တစ်ဦးသည် အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကာ မိုင်ပေါင်း(၄၃၆၆)မိုင်အထိ လှေလှော်သွားခဲ့ ပြီးနောက် ယင်းကဲ့သို့ပြုလုပ်နိုင်ခဲ့သည့် အသက် အငယ်ဆုံးလူတစ်ဦးအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်(၃)ခု ကို ရရှိခဲ့ကြောင်းသိရသည်။ Zara Lachlan ဆိုသည့်အမျိုးသမီးသည် ၎င်း၏(၂၄)ပေရှည်သော လှေဖြင့် ပေါ်တူဂီနိုင်ငံ Lagos မြို့မှ French Guinea ဒေသရှိ Cayenne မြို့သို့ မိုင်ပေါင်း (၄၃၆၆)မိုင်ခရီးကို လှေလှော်ကာသွားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
Zara Lachlan ၏ အဆိုပါခရီးစဉ်သည် (၉၇)ရက် (၁၀)နာရီနှင့်မိနစ်(၂၀) ကြာမြင့်ခဲ့ကြောင်း လည်းသိရသည်။ Zara Lachlan သည် အဆိုပါ ခရီးစဉ်အတွက် ဂင်းနစ်စံချိန်(၃)ခုကို ရရှိခဲ့ကြောင်း လည်းသိရသည်။ ၎င်းရရှိခဲ့သည့်စံချိန်များမှာ ဥရောပမှ တောင်အမေရိကအထိ အတ္တလန္တိတ် သမုဒ္ဒရာကိုဖြတ်ကာ လှေလှော်ခဲ့သည့် ပထမဆုံး အမျိုးသမီး၊ ဥရောပမှတောင်အမေရိကအထိ အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ကာ တစ်ကိုယ်တော် လှေလှော်ခဲ့သည့် အသက်အငယ်ဆုံးလူနှင့် သမုဒ္ဒရာ အတွင်း တစ်ကိုယ်တော် (အမျိုးသမီး) လှေလှော် သည့် အသက်အငယ်ဆုံးသူ စံချိန်တို့ဖြစ်ကြောင်းသိရ သည်။ Zara Lachlan က " ဒီခရီးစဉ်တစ်ခုလုံးမှာ အတွေ့အကြုံတွေအများကြီးကို ကျွန်မရရှိခဲ့ပါတယ်။ ဒီလိုမျိုးစံချိန်တွေကို ရခဲ့တဲ့အတွက်လည်း တကယ်ကို ဝမ်းသာမိပါတယ် " ဟုပြောဆိုခဲ့သည်။
ထို့ပြင် ၎င်းသည်တစ်ရက်လျှင် အနည်းဆုံး အချိန်(၁၇)နာရီခန့် လှေလှော်ခဲ့ပြီး တစ်ကြိမ်လျှင် မိနစ်(၉၀)ထက်ပိုကာ မအိပ်ခဲ့ကြောင်း Zara Lachlan က ထုတ်ဖော်ပြောဆိုခဲ့သည်။

Zawgyi Version:
အတၱလႏၲိတ္သမုဒၵရာကိုျဖတ္ကာ ေလွေလွာ္ခဲ့သည့္ ၿဗိတိန္အမ်ိဳးသမီး
Pika (NP News) - ဇူလိုင္လ ၁၅
အသက္(၂၁)ႏွစ္အ႐ြယ္ ၿဗိတိန္အမ်ိဳးသမီး တစ္ဦးသည္ အတၱလႏၲိတ္သမုဒၵရာကိုျဖတ္ကာ မိုင္ေပါင္း(၄၃၆၆)မိုင္အထိ ေလွေလွာ္သြားခဲ့ ၿပီးေနာက္ ယင္းကဲ့သို႔ျပဳလုပ္ႏိုင္ခဲ့သည့္ အသက္ အငယ္ဆုံးလူတစ္ဦးအျဖစ္ ကမာၻ႔ဂင္းနစ္စံခ်ိန္(၃)ခု ကို ရရွိခဲ့ေၾကာင္းသိရသည္။ Zara Lachlan ဆိုသည့္အမ်ိဳးသမီးသည္ ၎၏(၂၄)ေပရွည္ေသာ ေလွျဖင့္ ေပၚတူဂီႏိုင္ငံ Lagos ၿမိဳ႕မွ French Guinea ေဒသရွိ Cayenne ၿမိဳ႕သို႔ မိုင္ေပါင္း (၄၃၆၆)မိုင္ခရီးကို ေလွေလွာ္ကာသြားခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။
Zara Lachlan ၏ အဆိုပါခရီးစဥ္သည္ (၉၇)ရက္ (၁၀)နာရီႏွင့္မိနစ္(၂၀) ၾကာျမင့္ခဲ့ေၾကာင္း လည္းသိရသည္။ Zara Lachlan သည္ အဆိုပါ ခရီးစဥ္အတြက္ ဂင္းနစ္စံခ်ိန္(၃)ခုကို ရရွိခဲ့ေၾကာင္း လည္းသိရသည္။ ၎ရရွိခဲ့သည့္စံခ်ိန္မ်ားမွာ ဥေရာပမွ ေတာင္အေမရိကအထိ အတၱလႏၲိတ္ သမုဒၵရာကိုျဖတ္ကာ ေလွေလွာ္ခဲ့သည့္ ပထမဆုံး အမ်ိဳးသမီး၊ ဥေရာပမွေတာင္အေမရိကအထိ အတၱလႏၲိတ္သမုဒၵရာကိုျဖတ္ကာ တစ္ကိုယ္ေတာ္ ေလွေလွာ္ခဲ့သည့္ အသက္အငယ္ဆုံးလူႏွင့္ သမုဒၵရာ အတြင္း တစ္ကိုယ္ေတာ္ (အမ်ိဳးသမီး) ေလွေလွာ္ သည့္ အသက္အငယ္ဆုံးသူ စံခ်ိန္တို႔ျဖစ္ေၾကာင္းသိရ သည္။ Zara Lachlan က " ဒီခရီးစဥ္တစ္ခုလုံးမွာ အေတြ႕အႀကဳံေတြအမ်ားႀကီးကို ကြၽန္မရရွိခဲ့ပါတယ္။ ဒီလိုမ်ိဳးစံခ်ိန္ေတြကို ရခဲ့တဲ့အတြက္လည္း တကယ္ကို ဝမ္းသာမိပါတယ္ " ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ ၎သည္တစ္ရက္လွ်င္ အနည္းဆုံး အခ်ိန္(၁၇)နာရီခန႔္ ေလွေလွာ္ခဲ့ၿပီး တစ္ႀကိမ္လွ်င္ မိနစ္(၉၀)ထက္ပိုကာ မအိပ္ခဲ့ေၾကာင္း Zara Lachlan က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.