BRICS အဖွဲ့ဝင်နိုင်ငံများတွင် သန်းကြွယ်သူဋ္ဌေး အရေအတွက် (၈၅) ရာခိုင်နှုန်းထိ တိုးလာနိုင်ကြောင်း အစီရင်ခံစာတစ်ခုတွင် ဖော်ပြ

 684

Pika(NP News) - ဖေဖော်ဝါရီ ၁၉

BRICS အဖွဲ့ဝင်နိုင်ငံများတွင် သန်းကြွယ်သူဋ္ဌေးအသစ် အရေအတွက်သည် ၂ဝ၃၄ ခုနှစ်တွင် တစ်ဟုန်ထိုး တိုးလာ လိမ့်မည်ဖြစ်ပြီး ကမ္ဘာပေါ်ရှိမည်သည့်အစုအဖွဲ့များထက်မဆို ကြွယ်ဝချမ်းသာမှုအမြင့်ဆုံးဖြစ်လာစေရန် အထောက်အကူဖြစ်စေလိမ့်မည်ဖြစ်ကြောင်း Henley & Partners ကုမ္ပဏီ၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ သိရသည်။

ဘရာဇီးလ်၊ အိန္ဒိယ၊ ရုရှား၊ တရုတ် နှင့် တောင်အာဖရိက တို့ပါဝင်သော ထွန်းသစ်စစီးပွားရေးအစုအဖွဲ့ BRICS သည် ယခုနှစ် ဇန်နဝါရီလတွင် ဆော်ဒီအာရေးဗျ၊ အီရန်၊ အီသီယိုးပီးယား၊ အီဂျစ် နှင့် ယူအေအီးတို့ကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံပေးခြင်းဖြင့် အစုအဖွဲ့အင်အားကို ပိုမိုချဲ့ထွင်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါအစီရင်ခံစာအရ BRICS အဖွဲ့ဝင်နိုင်ငံများရှိ လူတစ်ဦးချင်းစီက လက်ရှိရင်းနှီးမြှုပ်နှံနိုင်သော စုစုပေါင်း ကြွယ်ဝမှုမှာ အမေရိကန်ဒေါ်လာ(၄၅)ထရီလီယံရှိပြီး လာမည့်ဆယ်စုနှစ်အတွင်း သန်းကြွယ်သူဌေးအရေအတွက် (၈၅)ရာခိုင်နှုန်းနီးပါး တိုးလာလိမ့်မည်ဖြစ်ကြောင်းလည်း ခန့်မှန်းထားသည်။

လက်ရှိအချိန်တွင် BRICS အဖွဲ့ဝင်နိုင်ငံများမှာ ဘီလျံနာ(၅၄၉)ဦး အပါအဝင် အမေရိကန်ဒေါ်လာသန်း(၁ဝဝ)ကျော် ပိုင်ဆိုင်သူ(၄၇၁၆)ဦးရှိပြီး အမေရိကန်ဒေါ်လာ(၁)သန်းကျော် ရင်းနှီးမြှုပ်နှံနိုင်သော ပိုင်ဆိုင်မှုများရှိသူ (၁ ဒသမ ၆) သန်း ရှိကြောင်းလည်း သိရသည်။

သို့သော်လည်း ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ အီတလီ၊ အမေရိကန် နှင့် ဗြိတိန်နိုင်ငံတို့ပါဝင်သော G7 အဖွဲ့၏ ရင်းနှီးမြှုပ်နှံနိုင်သော ပိုင်ဆိုင်မှုများအတွက် ကိန်းဂဏန်းမှာ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ (၁၁ဝ) ထရီလီယံရှိကြောင်း New World Wealth ကုမ္ပဏီလေ့လာသုံးသပ်သူ အန်ဒရူးအေမိုးလစ်၏ ပြောဆိုချက်ကို ကိုးကားပြီး CNBC သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် G7 အဖွဲ့ဝင်နိုင်ငံများတွင် သန်းကြွယ်သူဌေးအရေအတွက်မှာ လာမည့်ဆယ်စုနှစ်အတွင်း (၄၅)ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားကြောင်းလည်း သိရသည်။ Henley & Partners ကုမ္ပဏီ၏ မန်နေဂျင်းပါတနာ နှင့် အရှေ့တောင်အာရှအကြီးအကဲ ဒိုမီနစ်ဗိုလက်ခ်က "BRICS အဖွဲ့ဟာ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တွေကို စိန်ခေါ် နေပြီး G7 အဖွဲ့နဲ့ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေအတွက် ဩဇာအာဏာကြီးမားတဲ့ပြိုင်ဖက်အဖြစ် ရပ်တည်နေပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားတြင္ သန္းႂကြယ္သူေ႒း အေရအတြက္ (၈၅) ရာခိုင္ႏႈန္းထိ တိုးလာႏိုင္ေၾကာင္း အစီရင္ခံစာတစ္ခုတြင္ ေဖာ္ျပ
Pika(NP News) - ေဖေဖာ္ဝါရီ ၁၉

BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားတြင္ သန္းႂကြယ္သူေ႒းအသစ္ အေရအတြက္သည္ ၂ဝ၃၄ ခုႏွစ္တြင္ တစ္ဟုန္ထိုး တိုးလာ လိမ့္မည္ျဖစ္ၿပီး ကမာၻေပၚရွိမည္သည့္အစုအဖြဲ႕မ်ားထက္မဆို ႂကြယ္ဝခ်မ္းသာမႈအျမင့္ဆုံးျဖစ္လာေစရန္ အေထာက္အကူျဖစ္ေစလိမ့္မည္ျဖစ္ေၾကာင္း Henley & Partners ကုမၸဏီ၏ မၾကာေသးမီက ထုတ္ျပန္ခဲ့ေသာ အစီရင္ခံစာအရ သိရသည္။

ဘရာဇီးလ္၊ အိႏၵိယ၊ ႐ုရွား၊ တ႐ုတ္ ႏွင့္ ေတာင္အာဖရိက တို႔ပါဝင္ေသာ ထြန္းသစ္စစီးပြားေရးအစုအဖြဲ႕ BRICS သည္ ယခုႏွစ္ ဇန္နဝါရီလတြင္ ေဆာ္ဒီအာေရးဗ်၊ အီရန္၊ အီသီယိုးပီးယား၊ အီဂ်စ္ ႏွင့္ ယူေအအီးတို႔ကို အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ လက္ခံေပးျခင္းျဖင့္ အစုအဖြဲ႕အင္အားကို ပိုမိုခ်ဲ႕ထြင္ခဲ့ေၾကာင္းလည္း သိရသည္။

အဆိုပါအစီရင္ခံစာအရ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားရွိ လူတစ္ဦးခ်င္းစီက လက္ရွိရင္းႏွီးျမႇဳပ္ႏွံႏိုင္ေသာ စုစုေပါင္း ႂကြယ္ဝမႈမွာ အေမရိကန္ေဒၚလာ(၄၅)ထရီလီယံရွိၿပီး လာမည့္ဆယ္စုႏွစ္အတြင္း သန္းႂကြယ္သူေဌးအေရအတြက္ (၈၅)ရာခိုင္ႏႈန္းနီးပါး တိုးလာလိမ့္မည္ျဖစ္ေၾကာင္းလည္း ခန႔္မွန္းထားသည္။

လက္ရွိအခ်ိန္တြင္ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားမွာ ဘီလ်ံနာ(၅၄၉)ဦး အပါအဝင္ အေမရိကန္ေဒၚလာသန္း(၁ဝဝ)ေက်ာ္ ပိုင္ဆိုင္သူ(၄၇၁၆)ဦးရွိၿပီး အေမရိကန္ေဒၚလာ(၁)သန္းေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံႏိုင္ေသာ ပိုင္ဆိုင္မႈမ်ားရွိသူ (၁ ဒသမ ၆) သန္း ရွိေၾကာင္းလည္း သိရသည္။

သို႔ေသာ္လည္း ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ ဂ်ပန္၊ အီတလီ၊ အေမရိကန္ ႏွင့္ ၿဗိတိန္ႏိုင္ငံတို႔ပါဝင္ေသာ G7 အဖြဲ႕၏ ရင္းႏွီးျမႇဳပ္ႏွံႏိုင္ေသာ ပိုင္ဆိုင္မႈမ်ားအတြက္ ကိန္းဂဏန္းမွာ ၂ဝ၂၃ ခုႏွစ္ ဒီဇင္ဘာလအထိ အေမရိကန္ေဒၚလာ (၁၁ဝ) ထရီလီယံရွိေၾကာင္း New World Wealth ကုမၸဏီေလ့လာသုံးသပ္သူ အန္ဒ႐ူးေအမိုးလစ္၏ ေျပာဆိုခ်က္ကို ကိုးကားၿပီး CNBC သတင္းဌာနက ေရးသားေဖာ္ျပခဲ့သည္။

ထို႔အျပင္ G7 အဖြဲ႕ဝင္ႏိုင္ငံမ်ားတြင္ သန္းႂကြယ္သူေဌးအေရအတြက္မွာ လာမည့္ဆယ္စုႏွစ္အတြင္း (၄၅)ရာခိုင္ႏႈန္း တိုးလာမည္ဟု ခန႔္မွန္းထားေၾကာင္းလည္း သိရသည္။ Henley & Partners ကုမၸဏီ၏ မန္ေနဂ်င္းပါတနာ ႏွင့္ အေရွ႕ေတာင္အာရွအႀကီးအကဲ ဒိုမီနစ္ဗိုလက္ခ္က "BRICS အဖြဲ႕ဟာ ကမာၻလုံးဆိုင္ရာအစီအစဥ္ေတြကို စိန္ေခၚ ေနၿပီး G7 အဖြဲ႕နဲ႔ အျခားႏိုင္ငံတကာအဖြဲ႕အစည္းေတြအတြက္ ဩဇာအာဏာႀကီးမားတဲ့ၿပိဳင္ဖက္အျဖစ္ ရပ္တည္ေနပါတယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.