ထောက်ခံချက်ဖြင့်သာ လေယာဉ်စီးခွင့်ရမည့်ကိစ္စနှင့် လက်မှတ်ဈေးနှုန်းကိစ္စ မေးမြန်းချက်(အင်တာဗျူး)

 1005

ယွန်း (NP News) - ဖေဖော်ဝါရီလ၂ဝ

လက်ရှိမြန်မာနိုင်ငံတွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားလာမှုနှင့်အတူ လမ်းပန်း ဆက်သွယ်ရေးများသည်လည်း အခက်အခဲ များစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်သည်။ အချို့ သောနေရာဒေသများတွင် ကုန်းလမ်းဖြင့် သွားလာ ၍မရတော့ဘဲ လေကြောင်းလိုင်းများကိုသာ အဓိက အားထား၍ သွားလာနေရလျက်ရှိပြီး ယင်းကဲ့သို့ အား ထားနေရမှုနှင့်အတူ လေယာဉ်လက်မှတ်ခဈေးနှုန်း များသည်လည်း အဆမတန်ကြီးမြင့်နေလျက်ရှိသည်။ ထို့ကြောင့် ယင်းကဲ့သို့ အခြေအနေများအပါအဝင် လေကြောင်းလိုင်းများ တွေ့ကြုံနေရသည့် အခက်အခဲအခြေအနေများနှင့် ပတ်သက်၍ NP News က MAI မှ တာဝန်ရှိသူတစ်ဦးအား ဆက် သွယ်မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

မေး - လေကြောင်းလိုင်းများအနေဖြင့် လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး သိရှိလိုပါသည်။
ဖြေ - လက်ရှိကာလတွင် လေကြောင်းလိုင်းများသည် လေယာဉ်အပိုအစိတ်အပိုင်းများတင်သွင်းရာတွင် အခက်အခဲများကြုံတွေ့ရခြင်းနှင့် ငွေကြေးဖောင်း ပွမှု၏ အကျိုးသက်ရောက်ခြင်းများနှင့် အခြားသော ကန့်သတ်ချက်များကြောင့် အခက်အခဲများစွာကို ရင်ဆိုင်နေကြရပါသည်။ အပြည်ပြည်ဆိုင်ရာ မြန်မာလေ ကြောင်းလိုင်း (MAI) အနေဖြင့် လေယာဉ် လက်မှတ်ခနှုန်းထားများကို ပုံမှန်အခနှုန်းထားအတိုင်း ရောင်းချ ပေးလျက်ရှိသော်လည်း ပြင်ပဈေးကွက်တွင် ပွဲစားများက လေကြောင်းလိုင်း၏ ခရီးသည်အမည် ပြောင်းလဲ၍ လိုက်ပါစီးနင်းခွင့်ပြုသည့်မူဝါဒအပေါ် အခွင့်ကောင်းယူလျက် လေယာဉ်လက်မှတ်ခနှုန်း ထားများကို အဆမတန်တိုးမြှင့်ရောင်းချကာ အမြတ် ထုတ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ယခုကဲ့သို့ အခက်အခဲများ ကြုံတွေ့နေရသည့်အချိန်တွင်ပင် MAI အနေဖြင့် ပြည်ပလေဆိပ်များ အထူးသဖြင့် ဘန်ကောက်လေဆိပ်များသို့ ဆင်းသက်ရာတွင် လေဆိပ်အခွန်အခအနေဖြင့် ခရီးသည်တစ်ဦးနှုန်း ကို အမေရိကန်ဒေါ်လာ ၅၀ ဝန်းကျင် ပေးသွင်းနေရ သော်လည်း မိမိတို့လေကြောင်းလိုင်း၏ အမြတ်အ စွန်းကို ပဓာနမထားဘဲ ခရီးသည်များ အထူးသဖြင့် မြန်မာနိုင်ငံသား ခရီးသည်များအတွက် သက်သာ သောနှုန်းထားဖြင့် ခရီးစဉ်များကို အဆင်ပြေလွယ် ကူစွာ လိုက်ပါစီးနင်းနိုင်ရေးကိုသာရှေးရှု၍ အမေရိ ကန်ဒေါ်လာ ၅၉ ဒေါ်လာမှစတင်သော နှုန်းထားဖြင့် သာ ရောင်းချပေးခြင်းများကိုပြုလုပ်ပေးလျက်ရှိပါ သည်။

မေး - လက်ရှိအချိန်တွင် လေကြောင်းလိုင်းများ မပျံ သန်းရသည့် လေဆိပ်များရှိလျှင်လည်း သိလိုပါသည်။
ဖြေ - လက်ရှိကာလတွင် ကလေး၊ ခန္တီး၊ လွိုင်ကော်၊ လားရှိုး အစရှိသည့်လေဆိပ်များသို့ လေကြောင်းခ ရီးစဉ် ပြေးဆွဲခွင့်များ ကန့်သတ်ထားပြီး အချို့ခရီး စဉ်များကို သက်ဆိုင်ရာလေကြောင်းအာဏာပိုင်များနှင့်ညှိ နှိုင်း၍ ခွင့်ပြုချက်ရလျှင် ပြန်လည်ပြေးဆွဲပေး နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

မေး - ပျံသန်းခွင့်ရရှိထားသည့် လေဆိပ်များကို ပျံသန်းချိန်တွင်လည်း လေကြောင်းလိုင်းများနှင့် ခရီး သည်များအတွက် လုံခြုံရေးပိုင်းဆိုင်ရာတွင် မည် သည့် အခက်အခဲများရှိကြောင်း သိလိုပါသည်။
ဖြေ - လက်ရှိပျံသန်းပြေးဆွဲပေးနေသည့် လေဆိပ် များတွင် လေကြောင်းအာဏာပိုင်များ၊ လေဆိပ်နှင့် လေကြောင်းလိုင်းဆိုင်ရာတာဝန်ရှိသူများမှ လုံခြုံရေး အစရှိသည့် ကိစ္စရပ်များကို အထူးကြပ်မတ် ဆောင် ရွက်လျက်ရှိပြီး ပြည်တွင်းခရီးသွားလာရာတွင် လေကြောင်းဖြင့်သွားလာခြင်းသည်သာလျှင် ယခုကာလ အတွက် လုံခြုံစိတ်ချရမှုအရှိဆုံးဖြစ်မည် ဖြစ်ပါသည်။

မေး - ထောက်ခံချက်တွေပါမှသာလျှင် လေယာဉ် စီးနင်းခွင့်တွေကို ပြုသွားမည်ဆိုသည့်အတွက် လေ ကြောင်းလိုင်းများအပေါ်တွင် မည်သို့အခက်အခဲများ ရှိလာနိုင်ပါသနည်း။
ဖြေ - လေကြောင်းဖြင့်ခရီးသွားလာလိုမှုများ မြင့်မားလာသောကြောင့် လေယာဉ်ခရီးစဉ် အတော်များများတွင် လက်မှတ်ကြိုတင်ဝယ်ယူမှုများ ရှိနေပါသည်။ ထောက်ခံချက်များပါမှသာလျှင် လေယာဉ်စီးနင်းခွင့်ပြုမည်ဆိုသည့် ထုတ်ပြန် ချက်သည် လေကြောင်းလိုင်းများအပေါ် များစွာအ ကျိုးသက်ရောက်မှုမရှိသော်လည်း လေကြောင်း ခရီးစဉ်ကိုသာ အားကိုးအားထားပြုနေရသည့် ခရီးသည်များအတွက် လေယာဉ်လက်မှတ်နှုန်းထား များကို အဆမတန်ဖြင့် ပြန်လည်ဝယ်ယူနေရခြင်းနှင့် ထိုင်ခုံနေရာရရှိရန်အတွက် အလွန်ခက်ခဲနေခြင်း စသည့်အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရ ပါသည်။

မေး - ပြင်ပဈေးကွက်တွင် လေယာဉ်လက်မှတ်ခများ အဆမတန်ကြီးမြင့်နေသည့်အပေါ် လေကြောင်း လိုင်းများအနေဖြင့် မည်သို့ စိစစ်ကြပ်မတ်သွားရန် ရှိသနည်း။
ဖြေ - ယခုကဲ့သို့ဖြစ်ပေါ်နေသည့်ကိစ္စရပ်များကို ထိန်းချုပ်နိုင်ရန်အတွက် MAI ၏ လူမှုကွန်ရက် စာမျက်နှာများ မှတစ်ဆင့် လေယာဉ်လက်မှတ်ခနှုန်း ထားအမှန်များ၊ လေယာဉ်ခရီးစဉ်များနှင့် လေကြောင်း နှင့်ပတ်သတ်သည့် နောက်ဆုံးရသတင်းများကို စဉ်ဆက်မပြတ် အသိပေးကြေညာလျက်ရှိပါသည်။ ထို့ပြင် MAI ၏ Customer Service Centre ၊ လက်မှတ်အရောင်းရုံးခွဲများနှင့် website www.maiair.com တို့တွင်လည်း တိုက်ရိုက် ဆက်သွယ် ဝယ်ယူနိုင်သလို ယုံကြည်စိတ်ချရသည့် လက်မှတ်အရောင်းကိုယ်စားလှယ်များ ထံတွင် လည်း ကိုယ်တိုင် ဝယ်ယူနိုင်ပါသည်။

Zawgyi Version;
ေထာက္ခံခ်က္ျဖင့္သာ ေလယာဥ္စီးခြင့္ရမည့္ကိစၥႏွင့္ လက္မွတ္ေဈးႏႈန္းကိစၥ ေမးျမန္းခ်က္(အင္တာဗ်ဴး)
ယြန္း (NP News) - ေဖေဖာ္ဝါရီလ၂ဝ

လက္ရွိျမန္မာႏိုင္ငံတြင္ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ား ျပင္းထန္စြာျဖစ္ပြားလာမႈႏွင့္အတူ လမ္းပန္း ဆက္သြယ္ေရးမ်ားသည္လည္း အခက္အခဲ မ်ားစြာျဖင့္ ရင္ဆိုင္ႀကဳံေတြ႕ေနရဆဲျဖစ္သည္။ အခ်ိဳ႕ ေသာေနရာေဒသမ်ားတြင္ ကုန္းလမ္းျဖင့္ သြားလာ ၍မရေတာ့ဘဲ ေလေၾကာင္းလိုင္းမ်ားကိုသာ အဓိက အားထား၍ သြားလာေနရလ်က္ရွိၿပီး ယင္းကဲ့သို႔ အား ထားေနရမႈႏွင့္အတူ ေလယာဥ္လက္မွတ္ခေဈးႏႈန္း မ်ားသည္လည္း အဆမတန္ႀကီးျမင့္ေနလ်က္ရွိသည္။ ထို႔ေၾကာင့္ ယင္းကဲ့သို႔ အေျခအေနမ်ားအပါအဝင္ ေလေၾကာင္းလိုင္းမ်ား ေတြ႕ႀကဳံေနရသည့္ အခက္အခဲအေျခအေနမ်ားႏွင့္ ပတ္သက္၍ NP News က MAI မွ တာဝန္ရွိသူတစ္ဦးအား ဆက္ သြယ္ေမးျမန္းထားမႈမ်ားကို ေဖာ္ျပလိုက္ပါသည္။

ေမး - ေလေၾကာင္းလိုင္းမ်ားအေနျဖင့္ လက္ရွိ ႀကဳံေတြ႕ေနရသည့္ အခက္အခဲမ်ားႏွင့္ပတ္သက္ၿပီး သိရွိလိုပါသည္။
ေျဖ - လက္ရွိကာလတြင္ ေလေၾကာင္းလိုင္းမ်ားသည္ ေလယာဥ္အပိုအစိတ္အပိုင္းမ်ားတင္သြင္းရာတြင္ အခက္အခဲမ်ားႀကဳံေတြ႕ရျခင္းႏွင့္ ေငြေၾကးေဖာင္း ပြမႈ၏ အက်ိဳးသက္ေရာက္ျခင္းမ်ားႏွင့္ အျခားေသာ ကန႔္သတ္ခ်က္မ်ားေၾကာင့္ အခက္အခဲမ်ားစြာကို ရင္ဆိုင္ေနၾကရပါသည္။ အျပည္ျပည္ဆိုင္ရာ ျမန္မာေလ ေၾကာင္းလိုင္း (MAI) အေနျဖင့္ ေလယာဥ္ လက္မွတ္ခႏႈန္းထားမ်ားကို ပုံမွန္အခႏႈန္းထားအတိုင္း ေရာင္းခ် ေပးလ်က္ရွိေသာ္လည္း ျပင္ပေဈးကြက္တြင္ ပြဲစားမ်ားက ေလေၾကာင္းလိုင္း၏ ခရီးသည္အမည္ ေျပာင္းလဲ၍ လိုက္ပါစီးနင္းခြင့္ျပဳသည့္မူဝါဒအေပၚ အခြင့္ေကာင္းယူလ်က္ ေလယာဥ္လက္မွတ္ခႏႈန္း ထားမ်ားကို အဆမတန္တိုးျမႇင့္ေရာင္းခ်ကာ အျမတ္ ထုတ္လ်က္ရွိသည္ကို ေတြ႕ရွိရပါသည္။ ယခုကဲ့သို႔ အခက္အခဲမ်ား ႀကဳံေတြ႕ေနရသည့္အခ်ိန္တြင္ပင္ MAI အေနျဖင့္ ျပည္ပေလဆိပ္မ်ား အထူးသျဖင့္ ဘန္ေကာက္ေလဆိပ္မ်ားသို႔ ဆင္းသက္ရာတြင္ ေလဆိပ္အခြန္အခအေနျဖင့္ ခရီးသည္တစ္ဦးႏႈန္း ကို အေမရိကန္ေဒၚလာ ၅၀ ဝန္းက်င္ ေပးသြင္းေနရ ေသာ္လည္း မိမိတို႔ေလေၾကာင္းလိုင္း၏ အျမတ္အ စြန္းကို ပဓာနမထားဘဲ ခရီးသည္မ်ား အထူးသျဖင့္ ျမန္မာႏိုင္ငံသား ခရီးသည္မ်ားအတြက္ သက္သာ ေသာႏႈန္းထားျဖင့္ ခရီးစဥ္မ်ားကို အဆင္ေျပလြယ္ ကူစြာ လိုက္ပါစီးနင္းႏိုင္ေရးကိုသာေရွးရႈ၍ အေမရိ ကန္ေဒၚလာ ၅၉ ေဒၚလာမွစတင္ေသာ ႏႈန္းထားျဖင့္ သာ ေရာင္းခ်ေပးျခင္းမ်ားကိုျပဳလုပ္ေပးလ်က္ရွိပါ သည္။

ေမး - လက္ရွိအခ်ိန္တြင္ ေလေၾကာင္းလိုင္းမ်ား မပ်ံ သန္းရသည့္ ေလဆိပ္မ်ားရွိလွ်င္လည္း သိလိုပါသည္။
ေျဖ - လက္ရွိကာလတြင္ ကေလး၊ ခႏၲီး၊ လြိဳင္ေကာ္၊ လားရႈိး အစရွိသည့္ေလဆိပ္မ်ားသို႔ ေလေၾကာင္းခ ရီးစဥ္ ေျပးဆြဲခြင့္မ်ား ကန႔္သတ္ထားၿပီး အခ်ိဳ႕ခရီး စဥ္မ်ားကို သက္ဆိုင္ရာေလေၾကာင္းအာဏာပိုင္မ်ားႏွင့္ညႇိ ႏႈိင္း၍ ခြင့္ျပဳခ်က္ရလွ်င္ ျပန္လည္ေျပးဆြဲေပး ႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိပါသည္။

ေမး - ပ်ံသန္းခြင့္ရရွိထားသည့္ ေလဆိပ္မ်ားကို ပ်ံသန္းခ်ိန္တြင္လည္း ေလေၾကာင္းလိုင္းမ်ားႏွင့္ ခရီး သည္မ်ားအတြက္ လုံၿခဳံေရးပိုင္းဆိုင္ရာတြင္ မည္ သည့္ အခက္အခဲမ်ားရွိေၾကာင္း သိလိုပါသည္။
ေျဖ - လက္ရွိပ်ံသန္းေျပးဆြဲေပးေနသည့္ ေလဆိပ္ မ်ားတြင္ ေလေၾကာင္းအာဏာပိုင္မ်ား၊ ေလဆိပ္ႏွင့္ ေလေၾကာင္းလိုင္းဆိုင္ရာတာဝန္ရွိသူမ်ားမွ လုံၿခဳံေရး အစရွိသည့္ ကိစၥရပ္မ်ားကို အထူးၾကပ္မတ္ ေဆာင္ ႐ြက္လ်က္ရွိၿပီး ျပည္တြင္းခရီးသြားလာရာတြင္ ေလေၾကာင္းျဖင့္သြားလာျခင္းသည္သာလွ်င္ ယခုကာလ အတြက္ လုံၿခဳံစိတ္ခ်ရမႈအရွိဆုံးျဖစ္မည္ ျဖစ္ပါသည္။

ေမး - ေထာက္ခံခ်က္ေတြပါမွသာလွ်င္ ေလယာဥ္ စီးနင္းခြင့္ေတြကို ျပဳသြားမည္ဆိုသည့္အတြက္ ေလ ေၾကာင္းလိုင္းမ်ားအေပၚတြင္ မည္သို႔အခက္အခဲမ်ား ရွိလာႏိုင္ပါသနည္း။
ေျဖ - ေလေၾကာင္းျဖင့္ခရီးသြားလာလိုမႈမ်ား ျမင့္မားလာေသာေၾကာင့္ ေလယာဥ္ခရီးစဥ္ အေတာ္မ်ားမ်ားတြင္ လက္မွတ္ႀကိဳတင္ဝယ္ယူမႈမ်ား ရွိေနပါသည္။ ေထာက္ခံခ်က္မ်ားပါမွသာလွ်င္ ေလယာဥ္စီးနင္းခြင့္ျပဳမည္ဆိုသည့္ ထုတ္ျပန္ ခ်က္သည္ ေလေၾကာင္းလိုင္းမ်ားအေပၚ မ်ားစြာအ က်ိဳးသက္ေရာက္မႈမရွိေသာ္လည္း ေလေၾကာင္း ခရီးစဥ္ကိုသာ အားကိုးအားထားျပဳေနရသည့္ ခရီးသည္မ်ားအတြက္ ေလယာဥ္လက္မွတ္ႏႈန္းထား မ်ားကို အဆမတန္ျဖင့္ ျပန္လည္ဝယ္ယူေနရျခင္းႏွင့္ ထိုင္ခုံေနရာရရွိရန္အတြက္ အလြန္ခက္ခဲေနျခင္း စသည့္အခက္အခဲမ်ားကို ရင္ဆိုင္ႀကဳံေတြ႕ေနရ ပါသည္။

ေမး - ျပင္ပေဈးကြက္တြင္ ေလယာဥ္လက္မွတ္ခမ်ား အဆမတန္ႀကီးျမင့္ေနသည့္အေပၚ ေလေၾကာင္း လိုင္းမ်ားအေနျဖင့္ မည္သို႔ စိစစ္ၾကပ္မတ္သြားရန္ ရွိသနည္း။
ေျဖ - ယခုကဲ့သို႔ျဖစ္ေပၚေနသည့္ကိစၥရပ္မ်ားကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ MAI ၏ လူမႈကြန္ရက္ စာမ်က္ႏွာမ်ား မွတစ္ဆင့္ ေလယာဥ္လက္မွတ္ခႏႈန္း ထားအမွန္မ်ား၊ ေလယာဥ္ခရီးစဥ္မ်ားႏွင့္ ေလေၾကာင္း ႏွင့္ပတ္သတ္သည့္ ေနာက္ဆုံးရသတင္းမ်ားကို စဥ္ဆက္မျပတ္ အသိေပးေၾကညာလ်က္ရွိပါသည္။ ထို႔ျပင္ MAI ၏ Customer Service Centre ၊ လက္မွတ္အေရာင္း႐ုံးခြဲမ်ားႏွင့္ website www.maiair.com တို႔တြင္လည္း တိုက္႐ိုက္ ဆက္သြယ္ ဝယ္ယူႏိုင္သလို ယုံၾကည္စိတ္ခ်ရသည့္ လက္မွတ္အေရာင္းကိုယ္စားလွယ္မ်ား ထံတြင္ လည္း ကိုယ္တိုင္ ဝယ္ယူႏိုင္ပါသည္။

Related news

© 2021. All rights reserved.