မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၈၀) ကျော်ကြာ ပျောက်ကွယ်သွားသည့် ရှားပါးနှံကောင်မျိုးစိတ်ကို ပြန်လည်တွေ့ရှိ

 7529

စော (NP News) ဖေဖော်ဝါရီလ ၂ဝ

မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၈၀)ကျော်ကြာ ပျောက်ကွယ်သွားသည့် ရှားပါးနှံကောင်မျိုးစိတ်ကို ပြန်လည်တွေ့ရှိသဖြင့် စာတမ်းပြုစု မှတ်တမ်း တင်ရေးသားနိုင်ခဲ့ကြောင်း Native Species Conservation & Identification မှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ရှားပါးနှံကောင်ကို ၁၉၃၇ ခုနှစ်က ရေနံချောင်းမြို့၌ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းမျိုးစိတ်ကို ၁၉၆၄ ခုနှစ်တွင် Burmorthacris subaptera အဖြစ် ဇီဝနာမည်ပေးခဲ့ကြောင်း သိရ သည်။ ၎င်းနှံကောင်များကို ၁၉၃၇ ခုနှစ် နောက်ပိုင်းမှ စ၍ မှတ်တမ်းဓာတ်ပုံများ မရတော့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ရေနံချောင်းမြို့နှင့် ညောင်ဦးမြို့တို့၌ မှတ်တမ်းဓာတ်ပုံများ ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ သူ့ကို ၁၉၃၀ ကျော်မှာ မှတ်တမ်းယူပြီး နောက်ပိုင်း မတွေ့တော့ဘူး။ ဒေသခံတွေက တွေ့ တာတော့ တွေ့မှာပေါ့။ ကျွန်တော်တို့ဆီမှာ မှတ်တမ်း ပုံမရဘူး။ အဓိက က ဒီဟာကို တွေ့‌တယ်ဆိုရင် တွေ့ ကြောင်း မှတ်တမ်းပုံလိုတယ်။ လေ့လာတဲ့သူတွေ လည်း ဒီအကောင်ကို ထပ်ပြီးရှာမတွေ့တော့ဘူး။ မှတ်တမ်း မရတော့လို့ သူကပျောက်ဆုံးမျိုးစိတ်ဖြစ်သွားတာ။ အကောင်ကို ပြန်တွေ့တာက ၂၀၂၂ ခုနှစ်၊ ကျွန်တော် တို့ စာတမ်းထုတ် တာက ၂၀၂၄ ခုနှစ်ပါ”ဟု ၎င်းက ပြောသည်။
အဆိုပါ နှံကောင်များ၏ ခန္ဓာကိုယ်အရွယ်အစား သည် အခြားနှံကောင်များနှင့်မတူဘဲ တိုတို တုတ်တုတ်ဖြစ် သည့်အပြင် အတောင်မှာလည်း တိုပြီး လည်ပင်းတွင်လည်း အဝါရောင်အစက်ငယ်များရှိ ကြောင်း သိရသည်။
“သူက မြန်မာနိုင်ငံ အလယ်ပိုင်းမှာပဲ ရှိတာပေါ့။ တခြားနေရာမှာ သူတို့ကို တွေ့ရမှာမဟုတ်ဘူး။ ကျွန်တော်တို့ လက်ရှိမှတ်တမ်းအရတော့ မြို့နှစ်မြို့မှာ ပဲ ရှိသေးတာပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
NSCI အဖွဲ့အနေဖြင့် ပြီးခဲ့သည့်နှစ် အောက်တို ဘာလအတွင်းကလည်း တစ်ကမ္ဘာလုံးအတိုင်း အတာအရ ကရင်ပြည်နယ်တွင်သာ တွေ့ရနိုင်ပြီး မြန်မာ့မျိုးရင်း ကြွေပန်းမျိုးစိတ်သစ်တစ်မျိုးကို တွေ့ရှိ ကာ သုသေသန စာတမ်းထုတ်ဝေနိုင်ခဲ့သည်။

Zawgyi Version;
ျမန္မာႏိုင္ငံတြင္ ႏွစ္ေပါင္း (၈၀) ေက်ာ္ၾကာ ေပ်ာက္ကြယ္သြားသည့္ ရွားပါးႏွံေကာင္မ်ိဳးစိတ္ကို ျပန္လည္ေတြ႕ရွိ
ေစာ (NP News) ေဖေဖာ္ဝါရီလ ၂ဝ

ျမန္မာႏိုင္ငံတြင္ ႏွစ္ေပါင္း (၈၀)ေက်ာ္ၾကာ ေပ်ာက္ကြယ္သြားသည့္ ရွားပါးႏွံေကာင္မ်ိဳးစိတ္ကို ျပန္လည္ေတြ႕ရွိသျဖင့္ စာတမ္းျပဳစု မွတ္တမ္း တင္ေရးသားႏိုင္ခဲ့ေၾကာင္း Native Species Conservation & Identification မွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ရွားပါးႏွံေကာင္ကို ၁၉၃၇ ခုႏွစ္က ေရနံေခ်ာင္းၿမိဳ႕၌ စတင္ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး ၎မ်ိဳးစိတ္ကို ၁၉၆၄ ခုႏွစ္တြင္ Burmorthacris subaptera အျဖစ္ ဇီဝနာမည္ေပးခဲ့ေၾကာင္း သိရ သည္။ ၎ႏွံေကာင္မ်ားကို ၁၉၃၇ ခုႏွစ္ ေနာက္ပိုင္းမွ စ၍ မွတ္တမ္းဓာတ္ပုံမ်ား မရေတာ့ျခင္းျဖစ္ၿပီး ၂၀၂၂ ခုႏွစ္တြင္ ေရနံေခ်ာင္းၿမိဳ႕ႏွင့္ ေညာင္ဦးၿမိဳ႕တို႔၌ မွတ္တမ္းဓာတ္ပုံမ်ား ျပန္လည္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ သူ႔ကို ၁၉၃၀ ေက်ာ္မွာ မွတ္တမ္းယူၿပီး ေနာက္ပိုင္း မေတြ႕ေတာ့ဘူး။ ေဒသခံေတြက ေတြ႕ တာေတာ့ ေတြ႕မွာေပါ့။ ကြၽန္ေတာ္တို႔ဆီမွာ မွတ္တမ္း ပုံမရဘူး။ အဓိက က ဒီဟာကို ေတြ႕‌တယ္ဆိုရင္ ေတြ႕ ေၾကာင္း မွတ္တမ္းပုံလိုတယ္။ ေလ့လာတဲ့သူေတြ လည္း ဒီအေကာင္ကို ထပ္ၿပီးရွာမေတြ႕ေတာ့ဘူး။ မွတ္တမ္း မရေတာ့လို႔ သူကေပ်ာက္ဆုံးမ်ိဳးစိတ္ျဖစ္သြားတာ။ အေကာင္ကို ျပန္ေတြ႕တာက ၂၀၂၂ ခုႏွစ္၊ ကြၽန္ေတာ္ တို႔ စာတမ္းထုတ္ တာက ၂၀၂၄ ခုႏွစ္ပါ”ဟု ၎က ေျပာသည္။
အဆိုပါ ႏွံေကာင္မ်ား၏ ခႏၶာကိုယ္အ႐ြယ္အစား သည္ အျခားႏွံေကာင္မ်ားႏွင့္မတူဘဲ တိုတို တုတ္တုတ္ျဖစ္ သည့္အျပင္ အေတာင္မွာလည္း တိုၿပီး လည္ပင္းတြင္လည္း အဝါေရာင္အစက္ငယ္မ်ားရွိ ေၾကာင္း သိရသည္။
“သူက ျမန္မာႏိုင္ငံ အလယ္ပိုင္းမွာပဲ ရွိတာေပါ့။ တျခားေနရာမွာ သူတို႔ကို ေတြ႕ရမွာမဟုတ္ဘူး။ ကြၽန္ေတာ္တို႔ လက္ရွိမွတ္တမ္းအရေတာ့ ၿမိဳ႕ႏွစ္ၿမိဳ႕မွာ ပဲ ရွိေသးတာေပါ့”ဟု ၎က ဆက္လက္ေျပာသည္။
NSCI အဖြဲ႕အေနျဖင့္ ၿပီးခဲ့သည့္ႏွစ္ ေအာက္တို ဘာလအတြင္းကလည္း တစ္ကမာၻလုံးအတိုင္း အတာအရ ကရင္ျပည္နယ္တြင္သာ ေတြ႕ရႏိုင္ၿပီး ျမန္မာ့မ်ိဳးရင္း ေႂကြပန္းမ်ိဳးစိတ္သစ္တစ္မ်ိဳးကို ေတြ႕ရွိ ကာ သုေသသန စာတမ္းထုတ္ေဝႏိုင္ခဲ့သည္။

Related news

© 2021. All rights reserved.