ကချင်ပြည်နယ်ရှိ KTV၊ CLUB၊ BARနှင့်စားသောက်ဆိုင်များတွင် ရောင်းချရန် သယ်ဆောင်လာသည့် ငွေကျပ် ၁ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို ပုသိမ်ကြီးမြို့နယ်၌ ဖမ်းမိခဲ့

 975

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၂ဝ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ကချင်ပြည်နယ်ရှိ KTV၊ CLUB၊ BAR နှင့် စားသောက်ဆိုင်များတွင် ရောင်းချ ရန် သယ်ဆောင်လာသည့် ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) များ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက် ၉ နာရီခွဲအချိန်တွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီး၌ စတင်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာအနီးတွင် လားရှိုး-မန္တလေးပြေးဆွဲသည့် AD-VAN ခရီးသည်တင်ကားကို မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့ဝင်များက စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်တွင် လူမပါဘဲ တင်ဆောင်လာသော စိတ်ပြောင်းဆေးဝါး (Happy Water) ၁၃ ဒသမ ၄၇ ကီလိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဖေဖော်ဝါရီ ၁၄ ရက်၊ မွန်းလွဲ ၁ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ မြစ်ဖျားဧရာ အဝေးပြေးကားဝင်း၌ အထက်ပါဖမ်းဆီးရမိသည့် စိတ်ပြောင်းဆေးဝါးများကို လားရှိုးမှ မြစ်ကြီးနားသို့ သယ်ဆောင် ရောင်းဝယ်သည့် ပြည့်ဖြိုးအောင် (ခ)ဆိုင်လျန်းကို ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ယင်းနေ့တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၌ အထက်ပါ ဖမ်းဆီးရမိသူ ပြည့်ဖြိုးအောင်(ခ) ဆိုင်လျန်းနှင့် အတူ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ ဇာနည်မျိုးခိုင်(ခ)ဇာနည်ကို စိတ်ပြောင်း ဆေးဝါး (Happy Water) ၂၁ဝ ဂရမ်၊ LEXUS ကားတစ်စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိခဲ့သည် စိတ်ပြောင်းဆေးဝါးများကို ရှမ်းပြည်နယ်မှ မန္တလေးသို့ သယ်ဆောင်ကာ ယင်းမှတစ်ဆင့် ကချင်ပြည်နယ်သို့ လူမဲ့တန်ဆာဖြင့် ဆက်လက်သယ်ဆောင်၍ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် ရောင်းချခြင်းများပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။
ထို့ကြောင့် ၎င်းတို့ထံမှ စုစုပေါင်းငွေကျပ် ၁ ဒသမ ၆၄ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၃ ဒသမ ၆၈ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ကခ်င္ျပည္နယ္ရွိ KTV၊ CLUB၊ BARႏွင့္စားေသာက္ဆိုင္မ်ားတြင္ ေရာင္းခ်ရန္ သယ္ေဆာင္လာသည့္ ေငြက်ပ္ ၁ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးမ်ားကို ပုသိမ္ႀကီးၿမိဳ႕နယ္၌ ဖမ္းမိခဲ့
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၂ဝ

မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ ကခ်င္ျပည္နယ္ရွိ KTV၊ CLUB၊ BAR ႏွင့္ စားေသာက္ဆိုင္မ်ားတြင္ ေရာင္းခ် ရန္ သယ္ေဆာင္လာသည့္ ေငြက်ပ္ ၁ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး(Happy Water) မ်ား ဖမ္းဆီးရမိခဲ့ ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕က ေဖေဖာ္ဝါရီလ ၁၂ ရက္၊ နံနက္ ၉ နာရီခြဲအခ်ိန္တြင္ မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေက်ာက္ေခ်ာေက်း႐ြာအနီး၌ စတင္ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာအနီးတြင္ လားရႈိး-မႏၲေလးေျပးဆြဲသည့္ AD-VAN ခရီးသည္တင္ကားကို မူးယစ္ေဆးဝါးတားဆီး ႏွိမ္နင္းေရးတပ္ဖြဲ႕ႏွင့္ ပူးေပါင္းအဖြဲ႕ဝင္မ်ားက စစ္ေဆးရွာေဖြခဲ့ရာ ကားေပၚတြင္ လူမပါဘဲ တင္ေဆာင္လာေသာ စိတ္ေျပာင္းေဆးဝါး (Happy Water) ၁၃ ဒသမ ၄၇ ကီလိုကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေဖေဖာ္ဝါရီ ၁၄ ရက္၊ မြန္းလြဲ ၁ နာရီအခ်ိန္တြင္ ျမစ္ႀကီးနားၿမိဳ႕၊ တပ္ကုန္းရပ္ကြက္၊ ျမစ္ဖ်ားဧရာ အေဝးေျပးကားဝင္း၌ အထက္ပါဖမ္းဆီးရမိသည့္ စိတ္ေျပာင္းေဆးဝါးမ်ားကို လားရႈိးမွ ျမစ္ႀကီးနားသို႔ သယ္ေဆာင္ ေရာင္းဝယ္သည့္ ျပည့္ၿဖိဳးေအာင္ (ခ)ဆိုင္လ်န္းကို ဆိုင္ကယ္တစ္စီးႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

ထို႔ျပင္ ယင္းေန႔တြင္ ျမစ္ႀကီးနားၿမိဳ႕၊ ၿမိဳ႕သစ္ရပ္ကြက္၌ အထက္ပါ ဖမ္းဆီးရမိသူ ျပည့္ၿဖိဳးေအာင္(ခ) ဆိုင္လ်န္းႏွင့္ အတူ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ေရာင္းဝယ္ရာတြင္ ပူးေပါင္းပါဝင္သူ ဇာနည္မ်ိဳးခိုင္(ခ)ဇာနည္ကို စိတ္ေျပာင္း ေဆးဝါး (Happy Water) ၂၁ဝ ဂရမ္၊ LEXUS ကားတစ္စီးႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါဖမ္းဆီးရမိခဲ့သည္ စိတ္ေျပာင္းေဆးဝါးမ်ားကို ရွမ္းျပည္နယ္မွ မႏၲေလးသို႔ သယ္ေဆာင္ကာ ယင္းမွတစ္ဆင့္ ကခ်င္ျပည္နယ္သို႔ လူမဲ့တန္ဆာျဖင့္ ဆက္လက္သယ္ေဆာင္၍ KTV/ CLUB/ BAR ႏွင့္ စားေသာက္ဆိုင္မ်ားတြင္ ေရာင္းခ်ျခင္းမ်ားျပဳလုပ္မည္ျဖစ္ေၾကာင္းသိရွိရသည္။
ထို႔ေၾကာင့္ ၎တို႔ထံမွ စုစုေပါင္းေငြက်ပ္ ၁ ဒသမ ၆၄ ဘီလ်ံတန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး(Happy Water) ၁၃ ဒသမ ၆၈ ကီလို သိမ္းဆည္းရမိခဲ့သျဖင့္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္မ်ားအား စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.