ကျောက်သင်ပုန်းများထွက်ရှိရာဒေသဟု လူသိများသည့် မုဒွန်းကျေးရွာတွင်မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၁၅) လုံးခန့် မီးလောင်ဆုံးရှုံး

 637

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောက်သင်ပုန်းများထွက်ရှိရာ ဒေသဟု လူသိများသည့် မုဒွန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၁၅)လုံးခန့် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ကျန်းမာချမ်းသာ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(ဖေဖော်ဝါရီ ၂ဝ ရက်)၊ မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်တွင် ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးစလောင်တာက လျှပ်စစ်မီးနဲ့ ဘတ္ထရီအားသွင်းရင်းကနေ ထပေါက်ပြီးလောင်တာလို့ သိရတယ်။ မီးသတ်က အချိန်မှီလာပေမယ့် လမ်းတွေ ကကျဉ်းတော့ ဝင်လို့မရတာ နဲ့ မီးလောင်တာများသွားတာ။ လောင်သွားတာလည်း တိုက်ခံအိမ်တွေချည်းပဲ” ဟု ကျန်းမာချမ်းသာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း လူနေအိမ်(၁၅)လုံးခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“လူထိခိုက်တာတော့ မရှိပါဘူး။ မီးကများသွားတော့ လူနေအိမ် (၁၅)လုံးကျော်လောက် မီးလောင်သွားတာ။ အောက်ခံတိုက်နဲ့ အပေါ်ပိုင်း သွပ်မိုးပျဉ်ကာအိမ်တွေဆိုတော့ အပေါ်ပိုင်းတွေအကုန်ပါသွားတယ်။ မီးဘေးသင့်တွေ အတွက်ကတော့ ဘယ်လိုစီစဉ်ထားလဲဆိုတာ ကျွန်တော်တို့လည်း မသိသေးပါဘူး” ဟု ၎င်းက ဆက်လက်ပြော သည်။

၎င်းမီးလောင်မှုဖြစ်စဉ်အား ချောင်းဆုံမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားပရဟိတအသင်းများပူးပေါင်းကာ Level 1 အဆင့်ဖြင့် (၂)နာရီကျော် အကြာ မီးငြှိမ်းသတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့ဝင်များက စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မုဒွန်းကျေးရွာသည် ရှေးယခင်ခေတ်များတည်းက မွန်လူမျိုးတို့၏လက်မှုပညာတစ်ရပ်အဖြစ် ကျောက်သင် ပုန်းများ ထုတ်လုပ်ရာဒေသဟု လူသိများထင်ရှားသည့် ကျေးရွာဖြစ်သည်။

Zawgyi Version;
ေက်ာက္သင္ပုန္းမ်ားထြက္ရွိရာေဒသဟု လူသိမ်ားသည့္ မုဒြန္းေက်း႐ြာတြင္မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူေနအိမ္(၁၅) လုံးခန႔္ မီးေလာင္ဆုံးရႈံး
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၀

မြန္ျပည္နယ္၊ ေခ်ာင္းဆုံၿမိဳ႕နယ္ရွိ ေက်ာက္သင္ပုန္းမ်ားထြက္ရွိရာ ေဒသဟု လူသိမ်ားသည့္ မုဒြန္းေက်း႐ြာတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူေနအိမ္ (၁၅)လုံးခန႔္ မီးေလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း က်န္းမာခ်မ္းသာ အေရးေပၚ ကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔(ေဖေဖာ္ဝါရီ ၂ဝ ရက္)၊ မြန္းလြဲ ၂ နာရီ ၃ဝ မိနစ္ဝန္းက်င္အခ်ိန္တြင္ ေခ်ာင္းဆုံၿမိဳ႕နယ္၊ မုဒြန္းေက်း႐ြာ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မီးစေလာင္တာက လွ်ပ္စစ္မီးနဲ႔ ဘတၳရီအားသြင္းရင္းကေန ထေပါက္ၿပီးေလာင္တာလို႔ သိရတယ္။ မီးသတ္က အခ်ိန္မွီလာေပမယ့္ လမ္းေတြ ကက်ဥ္းေတာ့ ဝင္လို႔မရတာ နဲ႔ မီးေလာင္တာမ်ားသြားတာ။ ေလာင္သြားတာလည္း တိုက္ခံအိမ္ေတြခ်ည္းပဲ” ဟု က်န္းမာခ်မ္းသာ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း လူေနအိမ္(၁၅)လုံးခန႔္ မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။
“လူထိခိုက္တာေတာ့ မရွိပါဘူး။ မီးကမ်ားသြားေတာ့ လူေနအိမ္ (၁၅)လုံးေက်ာ္ေလာက္ မီးေလာင္သြားတာ။ ေအာက္ခံတိုက္နဲ႔ အေပၚပိုင္း သြပ္မိုးပ်ဥ္ကာအိမ္ေတြဆိုေတာ့ အေပၚပိုင္းေတြအကုန္ပါသြားတယ္။ မီးေဘးသင့္ေတြ အတြက္ကေတာ့ ဘယ္လိုစီစဥ္ထားလဲဆိုတာ ကြၽန္ေတာ္တို႔လည္း မသိေသးပါဘူး” ဟု ၎က ဆက္လက္ေျပာ သည္။

၎မီးေလာင္မႈျဖစ္စဥ္အား ေခ်ာင္းဆုံၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ အျခားပရဟိတအသင္းမ်ားပူးေပါင္းကာ Level 1 အဆင့္ျဖင့္ (၂)နာရီေက်ာ္ အၾကာ မီးျငႇိမ္းသတ္ခဲ့ၿပီး ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား မီးသတ္တပ္ဖြဲ႕ဝင္မ်ားက စုံစမ္း စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ မုဒြန္းေက်း႐ြာသည္ ေရွးယခင္ေခတ္မ်ားတည္းက မြန္လူမ်ိဳးတို႔၏လက္မႈပညာတစ္ရပ္အျဖစ္ ေက်ာက္သင္ ပုန္းမ်ား ထုတ္လုပ္ရာေဒသဟု လူသိမ်ားထင္ရွားသည့္ ေက်း႐ြာျဖစ္သည္။

Related news

© 2021. All rights reserved.