မြန်မာ့ပြည်တွင်းစစ်နှင့် အိန္ဒိယ၏ အကျိုးစီးပွားဆက်စပ်မှု (ဘာသာပြန်ဆောင်းပါး)

 983

Htay Oung (NP News) ဖေဖော်ဝါရီလ ၂၁

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာစစ်ခေါင်း ဆောင်တွေက ရွေးကောက်တင်မြှောက်ခံ ဒေါ်အောင် ဆန်းစုကြည်အစိုးရကို ဖြုတ်ချလိုက်တဲ့အခါ ခုခံရေး လှုပ်ရှားမှုတွေဟာ လအနည်းငယ်အတွင်း ရပ်တန့် သွားမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ သုံးနှစ်အကြာမှာ စစ်ဘက်အုပ်ချုပ်ရေးကို အတိုက်အခံပြုသူတွေက ပိုမိုအားကောင်းလာပါတယ်။ တိုင်းရင်းသား လက် နက်ကိုင် EAO အဖွဲ့တွေနဲ့ PDF တွေဟာ နိုင်ငံအနှံ့အ ပြားရှိ မြို့အတော်များများကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်မှာတော့ မြန်မာ နိုင်ငံအနောက်ဘက်ခြမ်း ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ တို့ နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝ မြို့ကို AA က သိမ်းပိုက်ခဲ့ပါတယ်လို့ နယူး ဒေလီ အခြေစိုက် “ The Hindu “ သတင်းမီဒီယာက ဖေဖော်ဝါရီလ ၅ ရက်က သုံးသပ်ရေးသားပါတယ်။
“ ပဋိပက္ခအတွင်းမှ ပဋိပက္ခ ”
ပလက်ဝမြို့ ပြိုလဲမှုဟာ ချင်းနဲ့ ရခိုင်မျိုးနွယ်စုတို့ အကြား စုဖွဲ့ရပ်တည်မှုပုံသဏ္ဌာန်ကို ပြောင်းလဲစေပါ တယ်။ ပလက်ဝအခြေချအများစုကို ချင်းတိုင်းရင်း သားတွေက ပိုင်ဆိုင်ကြပြီး အဲဒီမြို့ဟာ ချင်းတို့မွေးရပ် မြေရဲ့ အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ကြပါ တယ်။ တခြားတစ်ဖက်မှာတော့ ကိုလိုနီအုပ်ချုပ်စဉ် ကာလ ပလက်ဝ မြို့နယ်ဟာ သမိုင်းကြောင်းအရ ရခိုင်တောင်တန်းဒေသရဲ့ အစိတ်အပိုင်းဖြစ်ပြီး ယခင် အာရကန်လို့ လူသိများတဲ့ ရခိုင်ပြည်ရဲ့ အစိတ်အပိုင်းဖြစ်သင့်ကြောင်း ရခိုင်တချို့က စောဒက တက်နေကြပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ နစကအစိုးရ အာဏာမရယူမီကတည်းက ပလက်ဝ မှာ AA ရဲ့ စစ်ဆင်ရေးကို ချင်းလူမျိုးအဖွဲ့အစည်း တွေက မကျေမနပ်ရှိခဲ့ဖူးပါတယ်။
မကြာသေးမီအထိ ချင်းလက်နက်ကိုင်အဖွဲ့တွေ နဲ့ AA တို့က မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိ နေသည့်တိုင် ပြည်နယ် နယ်နိမိတ်ဆိုင်ရာ သူတို့ရဲ့ အမြင်တွေကို မဖြစ်မနေဖော်ထုတ်မိရာမရောက်အောင် ရှောင်ကြဉ်ခဲ့ကြပါတယ်။ မည်သို့ပင်ဆိုစေကာမူ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် ချင်းနဲ့ ရခိုင်အုပ်စုတို့အကြား ပလက်ဝနဲ့ ဆက်စပ်နယ်မြေတွေရဲ့ အုပ်ချုပ်မှုရေးရာနဲ့ ပတ်သက်ပြီး အားလုံးပါဝင်တဲ့ မူဘောင်တစ်ရပ်ကို သဘောတူညီရန် ကျန်ရှိနေပါတယ်။ တပ်မတော်ကို ထိရောက်စွာ တွန်းလှန်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ လူမျိုးစုနယ်နိမိတ်များဆိုင်ရာ ရှုမြင်သုံးသပ်ချက်များကို တီထွင် ဖန်တီးနိုင်ခြင်းဖြင့် မျိုးနွယ်စုအချင်းချင်း စည်းလုံးညီညွတ်မှုကို မြှင့်တင်ရန် လိုအပ်နေပါတယ်။
အခြေချနေထိုင်မှုကိစ္စနဲ့ပတ်သက်ပြီး လူမျိုးစု အချင်းချင်းအပေးအယူလုပ်ရန် လိုအပ်နေခိုက်မှာ ပလက်ဝလိုနေရာမျိုးဟာ အထူးအရေးကြီး စိန်ခေါ်မှု တစ်ရပ်ဖြစ်နေပါတယ်။ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်ရှိ ပလက်ဝရဲ့ တည်နေရာဟာ တပ်မတော်အပေါ် ထိုးစစ်ဆင်ရာမှာ AA အတွက် စစ်ကစားဖို့ အလွန်ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ပလက်ဝဟာ ကုလားတန်မြစ်မှာ ကူးသန်းရောင်းဝယ်ရေးမြို့ ဖြစ်ပါတယ်။ အဲဒီလိုနေရာမျိုးမှာ ဘယ်လိုလက်နက်ကိုင်အဖွဲ့မျိုးမဆို အထင်အရှားရပ်တည်နိုင်ခြင်းဟာ ဒေသတွင်း စီးပွားရေးလုပ်ငန်း လှုပ်ရှားမှု အကျိုး အမြတ် ရရှိပါလိမ့်မယ်။
“အိန္ဒိယနှင့် ဆက်စပ် ပတ်သက်မှု”
ပလက်ဝမှာ ဖြစ်ပေါ်ပြောင်းလဲမှုတွေဟာ သိသိသာသာ နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်နှင့်ပြီးဖြစ်တဲ့ မြန်မာနိုင်ငံရှိ အိန္ဒိယအစိုးရရဲ့ ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMTTP) အပေါ်မှာ လည်း သက်ရောက်မှုများ ရှိနေပါတယ်။ ကုလားတန် စီမံကိန်းဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းပြည် နယ်များရဲ့ ပထဝီစီးပွားရေးနဲ့ ပထဝီ နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ အိန္ဒိယတိုက်ငယ်ရဲ့ ပိုင်းခြားကန့် သတ်မှုတွေနဲ့ (အိမ်နီးချင်း တရုတ်နိုင်ငံနဲ့) နယ်စပ်တင်းမာမှုများ ကြောင့် အရှေ့မြောက်ပိုင်း ပြည်နယ်တွေရဲ့ အနေ အထားဟာ ကုန်းတွင်းပိတ် အထီးကျန်ဖြစ်ကြောင်း တစ်နေ့တခြား ပေါ်လွင်လာခဲ့ပါတယ်။ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား “ဆလစ်ဂူရီ-စင်္ကြံလမ်း” ကို ဖြတ်သန်းပြီး အရှေ့မြောက်ပိုင်း ပြည်နယ်တွေနဲ့ ကုန်ပို့ကုန်ယူလုပ်နေရ တဲ့ကိစ္စဟာ နယူးဒေလီ အတွက် အလွန်စရိတ်စက ကြီးလေးလှပါတယ်။ တည်နေမှု ပုံသဏ္ဌာန်အရ “ ကြက် လည်ပင်း ”လို့ ပြောင်လှောင် ခေါ်ဆိုကြရတဲ့ စင်္ကြံလမ်း အားကိုးပြီး သယ်ပို့နေရ တဲ့ခြင်းဟာ တရုတ်နဲ့ (နယ်ခြား အငြင်းပွား မှု ထိပ်တိုက်ရင်ဆိုင်နေရတဲ့) အခင်းအကျင်းမှာ ဆိုးဆိုးရွားရွား ထိခိုက်ရပါတယ်။ ဒါကြောင့်လည်း အိန္ဒိယအရှေ့မြောက်ပိုင်းနဲ့ ပင်လယ်ပြင် ဝင်ထွက်ပြု လုပ်မယ့် အစားထိုးလမ်းကြောင်းအဖြစ် ကုလားတန် စီမံကိန်းကို စိတ်ကူးပုံဖော်ခဲ့ပါတယ်။
၂၀ဝ၈ ခုနှစ် အိန္ဒိယနဲ့ မြန်မာတို့ဟာ ကုလားတန် မြစ်ကြောင်း စီမံကိန်းဆိုင်ရာ မူဘောင်သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ခက်ထန် ကြမ်းတမ်းတဲ့ မြေပြင်အခြေအနေ၊ ဌာနဆိုင်ရာ အချင်းချင်း ညှိနှိုင်း ဆောင်ရွက်မှု မလုံလောက်ခြင်း၊ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု တွေကြောင့် စီမံကိန်း လည်ပတ်မှုနှောင့်နှေးခဲ့ရပါတယ်။ စစ်တွေဆိပ်ကမ်းနဲ့ ပလက်ဝရှိ ကုန်းတွင်း ကုန်စည် ဆိပ်ခံတို့ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တည်ဆောက်ပြီးစီးခဲ့ပေမယ့် လုံခြုံရေးအခြအနေများကြောင့် မြန်မာနိုင်ငံအတွင်း ကားလမ်းဖောက်လုပ်ရာမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အရှိန်အဟုန်မြှင့်ပြီး အကောင်အထည် ဖော်မယ်ဆိုရင် ကုလားတန်မြစ်ကြောင်းစီမံကိန်းအပေါ် ဒေသခံမျိုးနွယ်စုအဖွဲ့အစည်းတွေရဲ့ သဘော ထားတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ မြန်မာနိုင်ငံ ချင်းပြည်နယ် နယ်စပ်တစ်လျှောက် နေထိုင်သူ များ၊ သူတို့နဲ့ မျိုးနွယ်ချင်းဆက်စပ်တဲ့ အိန္ဒိယ မီဇိုရမ်နေသူများကတော့ သူတို့ရဲ့ စီးပွားရေးလှုပ်ရှားမှုတွေကို တွန်းအားပေးမယ့် ကုလားတန်မြစ်စီမံကိန်း အမြန်ပြီးစီးရေးကို စိတ်ဝင်တစား ရှိကြပါတယ်။
ဒါပေမဲ့ အိန္ဒိယရဲ့အမြင်မှာတော့ AA က ကုလားတန်စီမံကိန်းအပေါ် လိုလိုလားလား မရှိဘူးလို့ ခံယူထား ပါတယ်။ နစကအစိုးရမတိုင်မီ ကုလားတန် မြစ်ကြောင်း စီမံကိန်းကို ခြိမ်းခြောက်တဲ့ မီဇိုရမ် ပြည်နယ်အနီး AA ကို အိန္ဒိယနဲ့ မြန်မာတို့ ညှိနှိုင်းပြီး စစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း သတင်းအများအပြား ထွက်ပေါ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကဆိုရင် အဲဒီ စီမံကိန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ အိန္ဒိယအလုပ်သမား ငါးဦးကို AA က ပြန်ပေးဆွဲခဲ့ဖူးပါတယ်။ ပြန်ပေးဆွဲဖမ်းဆီးခံရတဲ့ အလုပ်သမားအားလုံးကို ပြန်လွှတ်ပေးစဉ် အိန္ဒိယအမျိုးသား တစ်ဦးဟာ နှလုံးခုန်ရပ်ပြီး သေဆုံးသွားခဲ့ပါတယ်။
”ဒေသတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှု”
AA ၊ MNDAA နဲ့ TNLA တို့ဟာ ညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ကျောထောက်နောက်ခံရရှိတယ်လို့ တချို့က ဆိုပါတယ်။ မဟာမိတ်အဖွဲ့ဟာ မြန်မာနိုင်ငံအတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးမယ်လို့ ကတိပြုထားပါတယ်။ AA ဟာ တရုတ်နိုင်ငံထံမှ ငွေကြေးနဲ့ စစ်လက်နက်ပစ္စည်း အများအပြားတို့ကို ရရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိပါတယ်။ အဲဒီသတင်းများသာ မှန်ကန်မယ်ဆိုရင် မြန်မာနိုင်ငံအတွင်း အိန္ဒိယရဲ့ ဆက်သွယ်မှု ပရောဂျက်တွေကို နှေးကွေးစေရန် ပေကျင်းက လက်နက်ကိုင်အဖွဲ့များကို အသုံးပြုရာ ရောက်ရှိနေတဲ့အတွက် ဒေလီအတွက် စိုးရိမ်စရာ ဖြစ်ရပါလိမ့်မယ်။
တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံ ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်းတစ်လျှောက်မှာ တရုတ် ရဲ့ စီးပွားရေးတည်ဆောက်မှုမှာ သိသိသာသာ ကြီးထွားလာခဲ့ပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီးရှိ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ယူနန်ပြည်နယ်အထိ ပေကျင်းက လည်ပတ်လုပ်ကိုင်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်လတုန်းကဆိုရင် တရုတ်နိုင်ငံဟာ ကျောက်ဖြူမြို့ အနီး ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကို လည်ပတ်ဆောင်ရွက်ရန် မြန်မာစစ်တပ်နဲ့ ထပ်လောင်းသဘော တူညီချက်များကို လက်မှတ်ရေးထိုး ခဲ့ပါတယ်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) ရဲ့ တစ်စိတ် တစ်ပိုင်းအဖြစ် မန္တလေးမှဖြတ်ပြီး တရုတ် နိုင်ငံယူနန်ပြည်နယ်မှ ကျောက်ဖြူမြို့အထိ မီးရထား လမ်းသစ်ဖောက်လုပ်ရန် ကြိုးပမ်းခဲ့ကြောင်း သတင်း ရရှိပါတယ်။
ဒီနေရာမှာ အိန္ဒိယနဲ့မတူတာက တရုတ်ဟာ့ UNSC ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်နေပြီး နိုင်ငံတကာအကူအညီ လိုအပ်နေတဲ့ တိုင်းပြည်များ နိုင်ငံမဟုတ်တဲ့ လူပုဂ္ဂိုလ်/ အဖွဲ့အစည်း အများအပြားတို့အနေနဲ့ အိန္ဒိယထက် တရုတ်ရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး ပေကျင်းအလိုကျ လိုက်လျောညီထွေဖြစ်အောင် နေနေကြရပါတယ်။ တရုတ်ဟာ မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးကို နိုင်ငံရေးနဲ့ စစ်ရေးအရ ပံ့ပိုးကူညီမှုများ တိုးမြှင့်ပေးနေချိန် တခြားတစ်ဖက်မှာ သူ့ရဲ့စီးပွားရေးအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် မြန်မာစစ်တပ်ကိုလည်း ပံ့ပိုးပေးလျက်ရှိပါတယ်။
ကုလားတန်စီမံကိန်း တိုးတက်မှုအတွက် အရေးကြီးအားနည်းချက်တွေ ရှိနေပါတယ်။ အိန္ဒိယနိုင်ငံဟာ လစ်ဘရယ် ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် ပြင်ပ ထိတွေ့ဆက်ဆံရာမှာ အိမ်နီးချင်းနိုင်ငံရဲ့ ဂိုဏ်းဂဏစွဲ / ကိုယ်ပိုင် လက္ခဏာအခြေပြု အကြမ်းဖက်မှုက မိမိတိုင်းပြည်အပေါ် အကျိုးသက်ရောက်မှုကို အနီးကပ် စောင့်ကြည့်လို့သာ ဖြစ်နိုင်ပါတယ်။ နယူးဒေလီ လုံခြုံရေးအေဂျင်စီတွေဟာ အိန္ဒိယနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့ တွေနဲ့ ထိတွေ့ ဆက်ဆံ မှုပုံစံတွေကို အဆက်မပြတ် အကဲဖြတ်နေပေမယ့် ကုလားတန်လို စီမံကိန်းများကို အရှိန်မြှင့်တင်ရာမှာ လူမျိုးစုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အကူအညီများပေးအပ်ခြင်း နည်းလမ်းမှတစ်ဆင့် ဆောင်ရွက်စရာသာ ရှိပါတယ်။
ကုလားတန်စီမံကိန်းကို အောင်မြင်ချောမောစွာ ဆောင်ရွက်နိုင်ရန် အရည်အချင်းပြည့်မီတဲ့ ပညာရပ် ဆိုင်ရာ ဝန်ထမ်းများသာမက ချင်း-ရခိုင်မျိုးနွယ်စု တို့အကြား ဆက်ဆံရေး ရေစီးကြောင်းကို စေ့စေ့စပ်စပ် စောင့်ကြည့် နိုင်လောက်တဲ့ ကျွမ်းကျင်သူများ လိုအပ်ပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့အကြား ပြိုင်ဆိုင်မှုပုံစံ ပြောင်းလဲလာမှု၊ ရခိုင်ပြည်နယ်လူမျိုးရေး အကြမ်းဖက်မှုနဲ့ မြန်မာနိုင်ငံအတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ကြီးထွားလာနေတဲ့ တရုတ်ရဲ့ ခြေရာလက်ရာများကို သတိပြုရပါလိမ့်မယ်။
ကုလားတန်စီမံကိန်းအခင်းအကျင်းဟာ အိန္ဒိယ နိုင်ငံရဲ့အနီးနားရှိ ဒေသအတွင်း ချိတ်ဆက်မှုနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အကူအညီများအတွက် မတူညီတဲ့ ပရောဂျက်များ အကောင်အထည်ဖော်မှုကို အရှိန်မြှင့် တင်ရာမှာ ကျွမ်းကျင်သူများကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း အသုံးချခြင်းဖြင့် အကျိုးရှိနိုင် ကြောင်း òန်ပြနေတယ်လို့ နယူးဒေလီအခြေစိုက် စစ်ရေး-နိုင်ငံရေး-စီးပွားရေး အကြံပြု “ပေါ်လစ် တီယားသုတေသနဖောင်ဒေးရှင်း”အဖွဲ့ ဥက္ကဋ္ဌ ဆန်ဂျေး-ပူလီပါကားက သုံးသပ်ရေးသားပါတယ်။
(ဘာဘူကြီးကတော့ သူ့တိုင်းပြည်နယ်စပ်မှာ သူ့ရဲ့စီမံကိန်းတွေကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ တရုတ် Proxy လက်နက်ကိုင်တွေကို အထိတ်တလန့်ဖြစ်နေပုံရပါတယ်။ အထူးသဖြင့် သူ့နိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံ ပြည်နယ်များအတွင်း လူမျိုးစုအချင်းချင်း သမိုင်းဝင် မသင့်မြတ်ပုံများကို လည်း သတိပြုမိနေပါတယ်။
လစ်ဘရယ်ဒီမိုကရေစီတိုင်းပြည်ဖြစ်တဲ့ အတွက် အိမ်နီးချင်းတိုင်းပြည်အတွင်း Proxy သူပုန် မမွေးနိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဘင်္ဂလား ဒေ့ရှ်ဆိုတာ အိန္ဒိယလူပါ၊ လူဦးရေအများဆုံး အိမ်နီးချင်းနိုင်ငံများနဲ့ မြန်မာစစ်တပ်များ မရှိတော့တဲ့ ဒေသကြီးမှာ မြန်မာနိုင်ငံရဲ့ လူဦးရေအနည်းဆုံး လူမျိုးစုနှစ်စုအကြား ရေရှည် ဆက်ဆံရေးဟာ ဘယ်လိုနေမလဲ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
- သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)

Zawgyi Version;
ျမန္မာ့ျပည္တြင္းစစ္ႏွင့္ အိႏၵိယ၏ အက်ိဳးစီးပြားဆက္စပ္မႈ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) ေဖေဖာ္ဝါရီလ ၂၁

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ျမန္မာစစ္ေခါင္း ေဆာင္ေတြက ေ႐ြးေကာက္တင္ေျမႇာက္ခံ ေဒၚေအာင္ ဆန္းစုၾကည္အစိုးရကို ျဖဳတ္ခ်လိုက္တဲ့အခါ ခုခံေရး လႈပ္ရွားမႈေတြဟာ လအနည္းငယ္အတြင္း ရပ္တန႔္ သြားမယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ သုံးႏွစ္အၾကာမွာ စစ္ဘက္အုပ္ခ်ဳပ္ေရးကို အတိုက္အခံျပဳသူေတြက ပိုမိုအားေကာင္းလာပါတယ္။ တိုင္းရင္းသား လက္ နက္ကိုင္ EAO အဖြဲ႕ေတြနဲ႔ PDF ေတြဟာ ႏိုင္ငံအႏွံ႔အ ျပားရွိ ၿမိဳ႕အေတာ္မ်ားမ်ားကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္မွာေတာ့ ျမန္မာ ႏိုင္ငံအေနာက္ဘက္ျခမ္း ဘဂၤလားေဒ့ရွ္-အိႏၵိယ တို႔ နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝ ၿမိဳ႕ကို AA က သိမ္းပိုက္ခဲ့ပါတယ္လို႔ နယူး ေဒလီ အေျခစိုက္ “ The Hindu “ သတင္းမီဒီယာက ေဖေဖာ္ဝါရီလ ၅ ရက္က သုံးသပ္ေရးသားပါတယ္။
“ ပဋိပကၡအတြင္းမွ ပဋိပကၡ ”
ပလက္ဝၿမိဳ႕ ၿပိဳလဲမႈဟာ ခ်င္းနဲ႔ ရခိုင္မ်ိဳးႏြယ္စုတို႔ အၾကား စုဖြဲ႕ရပ္တည္မႈပုံသဏၭာန္ကို ေျပာင္းလဲေစပါ တယ္။ ပလက္ဝအေျခခ်အမ်ားစုကို ခ်င္းတိုင္းရင္း သားေတြက ပိုင္ဆိုင္ၾကၿပီး အဲဒီၿမိဳ႕ဟာ ခ်င္းတို႔ေမြးရပ္ ေျမရဲ႕ အဓိက အစိတ္အပိုင္းတစ္ခုအျဖစ္ ရႈျမင္ၾကပါ တယ္။ တျခားတစ္ဖက္မွာေတာ့ ကိုလိုနီအုပ္ခ်ဳပ္စဥ္ ကာလ ပလက္ဝ ၿမိဳ႕နယ္ဟာ သမိုင္းေၾကာင္းအရ ရခိုင္ေတာင္တန္းေဒသရဲ႕ အစိတ္အပိုင္းျဖစ္ၿပီး ယခင္ အာရကန္လို႔ လူသိမ်ားတဲ့ ရခိုင္ျပည္ရဲ႕ အစိတ္အပိုင္းျဖစ္သင့္ေၾကာင္း ရခိုင္တခ်ိဳ႕က ေစာဒက တက္ေနၾကပါတယ္။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ ဝါရီလ နစကအစိုးရ အာဏာမရယူမီကတည္းက ပလက္ဝ မွာ AA ရဲ႕ စစ္ဆင္ေရးကို ခ်င္းလူမ်ိဳးအဖြဲ႕အစည္း ေတြက မေက်မနပ္ရွိခဲ့ဖူးပါတယ္။
မၾကာေသးမီအထိ ခ်င္းလက္နက္ကိုင္အဖြဲ႕ေတြ နဲ႔ AA တို႔က ျမန္မာ့တပ္မေတာ္ကို တိုက္ခိုက္လ်က္ရွိ ေနသည့္တိုင္ ျပည္နယ္ နယ္နိမိတ္ဆိုင္ရာ သူတို႔ရဲ႕ အျမင္ေတြကို မျဖစ္မေနေဖာ္ထုတ္မိရာမေရာက္ေအာင္ ေရွာင္ၾကဥ္ခဲ့ၾကပါတယ္။ မည္သို႔ပင္ဆိုေစကာမူ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ထိန္းသိမ္းရန္အတြက္ ခ်င္းနဲ႔ ရခိုင္အုပ္စုတို႔အၾကား ပလက္ဝနဲ႔ ဆက္စပ္နယ္ေျမေတြရဲ႕ အုပ္ခ်ဳပ္မႈေရးရာနဲ႔ ပတ္သက္ၿပီး အားလုံးပါဝင္တဲ့ မူေဘာင္တစ္ရပ္ကို သေဘာတူညီရန္ က်န္ရွိေနပါတယ္။ တပ္မေတာ္ကို ထိေရာက္စြာ တြန္းလွန္ရန္အတြက္ တိုင္းရင္းသားလက္နက္ကိုင္ေတြအေနနဲ႔ လူမ်ိဳးစုနယ္နိမိတ္မ်ားဆိုင္ရာ ရႈျမင္သုံးသပ္ခ်က္မ်ားကို တီထြင္ ဖန္တီးႏိုင္ျခင္းျဖင့္ မ်ိဳးႏြယ္စုအခ်င္းခ်င္း စည္းလုံးညီၫြတ္မႈကို ျမႇင့္တင္ရန္ လိုအပ္ေနပါတယ္။
အေျခခ်ေနထိုင္မႈကိစၥနဲ႔ပတ္သက္ၿပီး လူမ်ိဳးစု အခ်င္းခ်င္းအေပးအယူလုပ္ရန္ လိုအပ္ေနခိုက္မွာ ပလက္ဝလိုေနရာမ်ိဳးဟာ အထူးအေရးႀကီး စိန္ေခၚမႈ တစ္ရပ္ျဖစ္ေနပါတယ္။ ျမန္မာႏိုင္ငံ အေနာက္ဘက္ နယ္စပ္ရွိ ပလက္ဝရဲ႕ တည္ေနရာဟာ တပ္မေတာ္အေပၚ ထိုးစစ္ဆင္ရာမွာ AA အတြက္ စစ္ကစားဖို႔ အလြန္ေကာင္းတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ ပလက္ဝဟာ ကုလားတန္ျမစ္မွာ ကူးသန္းေရာင္းဝယ္ေရးၿမိဳ႕ ျဖစ္ပါတယ္။ အဲဒီလိုေနရာမ်ိဳးမွာ ဘယ္လိုလက္နက္ကိုင္အဖြဲ႕မ်ိဳးမဆို အထင္အရွားရပ္တည္ႏိုင္ျခင္းဟာ ေဒသတြင္း စီးပြားေရးလုပ္ငန္း လႈပ္ရွားမႈ အက်ိဳး အျမတ္ ရရွိပါလိမ့္မယ္။
“အိႏၵိယႏွင့္ ဆက္စပ္ ပတ္သက္မႈ”
ပလက္ဝမွာ ျဖစ္ေပၚေျပာင္းလဲမႈေတြဟာ သိသိသာသာ ေႏွာင့္ေႏွးမႈေတြနဲ႔ ရင္ဆိုင္ႏွင့္ၿပီးျဖစ္တဲ့ ျမန္မာႏိုင္ငံရွိ အိႏၵိယအစိုးရရဲ႕ ကုလားတန္ဘက္စုံသယ္ယူပို႔ေဆာင္ေရးစီမံကိန္း (KMTTP) အေပၚမွာ လည္း သက္ေရာက္မႈမ်ား ရွိေနပါတယ္။ ကုလားတန္ စီမံကိန္းဟာ အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ပိုင္းျပည္ နယ္မ်ားရဲ႕ ပထဝီစီးပြားေရးနဲ႔ ပထဝီ ႏိုင္ငံေရးဆိုင္ရာ စိန္ေခၚမႈေတြကို ေျဖရွင္းဖို႔ ရည္႐ြယ္ထားျခင္းျဖစ္ပါတယ္။ အိႏၵိယတိုက္ငယ္ရဲ႕ ပိုင္းျခားကန႔္ သတ္မႈေတြနဲ႔ (အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံနဲ႔) နယ္စပ္တင္းမာမႈမ်ား ေၾကာင့္ အေရွ႕ေျမာက္ပိုင္း ျပည္နယ္ေတြရဲ႕ အေန အထားဟာ ကုန္းတြင္းပိတ္ အထီးက်န္ျဖစ္ေၾကာင္း တစ္ေန႔တျခား ေပၚလြင္လာခဲ့ပါတယ္။ နီေပါနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံအၾကား “ဆလစ္ဂူရီ-စႀကႍလမ္း” ကို ျဖတ္သန္းၿပီး အေရွ႕ေျမာက္ပိုင္း ျပည္နယ္ေတြနဲ႔ ကုန္ပို႔ကုန္ယူလုပ္ေနရ တဲ့ကိစၥဟာ နယူးေဒလီ အတြက္ အလြန္စရိတ္စက ႀကီးေလးလွပါတယ္။ တည္ေနမႈ ပုံသဏၭာန္အရ “ ၾကက္ လည္ပင္း ”လို႔ ေျပာင္ေလွာင္ ေခၚဆိုၾကရတဲ့ စႀကႍလမ္း အားကိုးၿပီး သယ္ပို႔ေနရ တဲ့ျခင္းဟာ တ႐ုတ္နဲ႔ (နယ္ျခား အျငင္းပြား မႈ ထိပ္တိုက္ရင္ဆိုင္ေနရတဲ့) အခင္းအက်င္းမွာ ဆိုးဆိုး႐ြား႐ြား ထိခိုက္ရပါတယ္။ ဒါေၾကာင့္လည္း အိႏၵိယအေရွ႕ေျမာက္ပိုင္းနဲ႔ ပင္လယ္ျပင္ ဝင္ထြက္ျပဳ လုပ္မယ့္ အစားထိုးလမ္းေၾကာင္းအျဖစ္ ကုလားတန္ စီမံကိန္းကို စိတ္ကူးပုံေဖာ္ခဲ့ပါတယ္။
၂၀ဝ၈ ခုႏွစ္ အိႏၵိယနဲ႔ ျမန္မာတို႔ဟာ ကုလားတန္ ျမစ္ေၾကာင္း စီမံကိန္းဆိုင္ရာ မူေဘာင္သေဘာတူညီ ခ်က္ကို လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ ခက္ထန္ ၾကမ္းတမ္းတဲ့ ေျမျပင္အေျခအေန၊ ဌာနဆိုင္ရာ အခ်င္းခ်င္း ညႇိႏႈိင္း ေဆာင္႐ြက္မႈ မလုံေလာက္ျခင္း၊ ျမန္မာႏိုင္ငံအတြင္း ႏိုင္ငံေရး မတည္ၿငိမ္မႈေတြနဲ႔ လုံၿခဳံေရးဆိုင္ရာ စိန္ေခၚမႈ ေတြေၾကာင့္ စီမံကိန္း လည္ပတ္မႈေႏွာင့္ေႏွးခဲ့ရပါတယ္။ စစ္ေတြဆိပ္ကမ္းနဲ႔ ပလက္ဝရွိ ကုန္းတြင္း ကုန္စည္ ဆိပ္ခံတို႔ကို လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း တည္ေဆာက္ၿပီးစီးခဲ့ေပမယ့္ လုံၿခဳံေရးအျခအေနမ်ားေၾကာင့္ ျမန္မာႏိုင္ငံအတြင္း ကားလမ္းေဖာက္လုပ္ရာမွာ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ အရွိန္အဟုန္ျမႇင့္ၿပီး အေကာင္အထည္ ေဖာ္မယ္ဆိုရင္ ကုလားတန္ျမစ္ေၾကာင္းစီမံကိန္းအေပၚ ေဒသခံမ်ိဳးႏြယ္စုအဖြဲ႕အစည္းေတြရဲ႕ သေဘာ ထားေတြကို ထည့္သြင္းစဥ္းစားသင့္ပါတယ္။ ျမန္မာႏိုင္ငံ ခ်င္းျပည္နယ္ နယ္စပ္တစ္ေလွ်ာက္ ေနထိုင္သူ မ်ား၊ သူတို႔နဲ႔ မ်ိဳးႏြယ္ခ်င္းဆက္စပ္တဲ့ အိႏၵိယ မီဇိုရမ္ေနသူမ်ားကေတာ့ သူတို႔ရဲ႕ စီးပြားေရးလႈပ္ရွားမႈေတြကို တြန္းအားေပးမယ့္ ကုလားတန္ျမစ္စီမံကိန္း အျမန္ၿပီးစီးေရးကို စိတ္ဝင္တစား ရွိၾကပါတယ္။
ဒါေပမဲ့ အိႏၵိယရဲ႕အျမင္မွာေတာ့ AA က ကုလားတန္စီမံကိန္းအေပၚ လိုလိုလားလား မရွိဘူးလို႔ ခံယူထား ပါတယ္။ နစကအစိုးရမတိုင္မီ ကုလားတန္ ျမစ္ေၾကာင္း စီမံကိန္းကို ၿခိမ္းေျခာက္တဲ့ မီဇိုရမ္ ျပည္နယ္အနီး AA ကို အိႏၵိယနဲ႔ ျမန္မာတို႔ ညႇိႏႈိင္းၿပီး စစ္ဆင္ေရးျပဳလုပ္ခဲ့ေၾကာင္း သတင္းအမ်ားအျပား ထြက္ေပၚခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္တုန္းကဆိုရင္ အဲဒီ စီမံကိန္းမွာ အလုပ္လုပ္ကိုင္ေနတဲ့ အိႏၵိယအလုပ္သမား ငါးဦးကို AA က ျပန္ေပးဆြဲခဲ့ဖူးပါတယ္။ ျပန္ေပးဆြဲဖမ္းဆီးခံရတဲ့ အလုပ္သမားအားလုံးကို ျပန္လႊတ္ေပးစဥ္ အိႏၵိယအမ်ိဳးသား တစ္ဦးဟာ ႏွလုံးခုန္ရပ္ၿပီး ေသဆုံးသြားခဲ့ပါတယ္။
”ေဒသတြင္း တ႐ုတ္၏ ရင္းႏွီးျမႇဳပ္ႏွံမႈ”
AA ၊ MNDAA နဲ႔ TNLA တို႔ဟာ ညီေနာင္ မဟာမိတ္သုံးဖြဲ႕ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ ေက်ာေထာက္ေနာက္ခံရရွိတယ္လို႔ တခ်ိဳ႕က ဆိုပါတယ္။ မဟာမိတ္အဖြဲ႕ဟာ ျမန္မာႏိုင္ငံအတြင္း တ႐ုတ္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို အကာအကြယ္ေပးမယ္လို႔ ကတိျပဳထားပါတယ္။ AA ဟာ တ႐ုတ္ႏိုင္ငံထံမွ ေငြေၾကးနဲ႔ စစ္လက္နက္ပစၥည္း အမ်ားအျပားတို႔ကို ရရွိေနေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚလ်က္ရွိပါတယ္။ အဲဒီသတင္းမ်ားသာ မွန္ကန္မယ္ဆိုရင္ ျမန္မာႏိုင္ငံအတြင္း အိႏၵိယရဲ႕ ဆက္သြယ္မႈ ပေရာဂ်က္ေတြကို ေႏွးေကြးေစရန္ ေပက်င္းက လက္နက္ကိုင္အဖြဲ႕မ်ားကို အသုံးျပဳရာ ေရာက္ရွိေနတဲ့အတြက္ ေဒလီအတြက္ စိုးရိမ္စရာ ျဖစ္ရပါလိမ့္မယ္။
တစ္ခ်ိန္တည္းမွာပဲ ျမန္မာႏိုင္ငံ ဘဂၤလားပင္လယ္ေအာ္ ကမ္း႐ိုးတန္းတစ္ေလွ်ာက္မွာ တ႐ုတ္ ရဲ႕ စီးပြားေရးတည္ေဆာက္မႈမွာ သိသိသာသာ ႀကီးထြားလာခဲ့ပါတယ္။ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕ အနီးရွိ ေ႐ႊသဘာဝဓာတ္ေငြ႕ပိုက္လိုင္းမွ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းကို ယူနန္ျပည္နယ္အထိ ေပက်င္းက လည္ပတ္လုပ္ကိုင္ေနပါတယ္။ လြန္ခဲ့တဲ့ ႏွစ္လတုန္းကဆိုရင္ တ႐ုတ္ႏိုင္ငံဟာ ေက်ာက္ျဖဴၿမိဳ႕ အနီး ေရနက္ဆိပ္ကမ္းနဲ႔ အထူးစီးပြားေရးဇုန္ကို လည္ပတ္ေဆာင္႐ြက္ရန္ ျမန္မာစစ္တပ္နဲ႔ ထပ္ေလာင္းသေဘာ တူညီခ်က္မ်ားကို လက္မွတ္ေရးထိုး ခဲ့ပါတယ္။ တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍ (CMEC) ရဲ႕ တစ္စိတ္ တစ္ပိုင္းအျဖစ္ မႏၲေလးမွျဖတ္ၿပီး တ႐ုတ္ ႏိုင္ငံယူနန္ျပည္နယ္မွ ေက်ာက္ျဖဴၿမိဳ႕အထိ မီးရထား လမ္းသစ္ေဖာက္လုပ္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္း သတင္း ရရွိပါတယ္။
ဒီေနရာမွာ အိႏၵိယနဲ႔မတူတာက တ႐ုတ္ဟာ့ UNSC ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ အၿမဲတမ္း အဖြဲ႕ဝင္ႏိုင္ငံျဖစ္ေနၿပီး ႏိုင္ငံတကာအကူအညီ လိုအပ္ေနတဲ့ တိုင္းျပည္မ်ား ႏိုင္ငံမဟုတ္တဲ့ လူပုဂၢိဳလ္/ အဖြဲ႕အစည္း အမ်ားအျပားတို႔အေနနဲ႔ အိႏၵိယထက္ တ႐ုတ္ရဲ႕ မ်က္ႏွာရိပ္မ်က္ႏွာကဲကို ၾကည့္ၿပီး ေပက်င္းအလိုက် လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနေနၾကရပါတယ္။ တ႐ုတ္ဟာ ျမန္မာတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အသီးသီးကို ႏိုင္ငံေရးနဲ႔ စစ္ေရးအရ ပံ့ပိုးကူညီမႈမ်ား တိုးျမႇင့္ေပးေနခ်ိန္ တျခားတစ္ဖက္မွာ သူ႔ရဲ႕စီးပြားေရးအက်ိဳးစီးပြားကို ကာကြယ္ဖို႔အတြက္ ျမန္မာစစ္တပ္ကိုလည္း ပံ့ပိုးေပးလ်က္ရွိပါတယ္။
ကုလားတန္စီမံကိန္း တိုးတက္မႈအတြက္ အေရးႀကီးအားနည္းခ်က္ေတြ ရွိေနပါတယ္။ အိႏၵိယႏိုင္ငံဟာ လစ္ဘရယ္ ဒီမိုကေရစီႏိုင္ငံျဖစ္တဲ့အတြက္ ျပင္ပ ထိေတြ႕ဆက္ဆံရာမွာ အိမ္နီးခ်င္းႏိုင္ငံရဲ႕ ဂိုဏ္းဂဏစြဲ / ကိုယ္ပိုင္ လကၡဏာအေျချပဳ အၾကမ္းဖက္မႈက မိမိတိုင္းျပည္အေပၚ အက်ိဳးသက္ေရာက္မႈကို အနီးကပ္ ေစာင့္ၾကည့္လို႔သာ ျဖစ္ႏိုင္ပါတယ္။ နယူးေဒလီ လုံၿခဳံေရးေအဂ်င္စီေတြဟာ အိႏၵိယနယ္စပ္ရွိ လက္နက္ကိုင္အဖြဲ႕ ေတြနဲ႔ ထိေတြ႕ ဆက္ဆံ မႈပုံစံေတြကို အဆက္မျပတ္ အကဲျဖတ္ေနေပမယ့္ ကုလားတန္လို စီမံကိန္းမ်ားကို အရွိန္ျမႇင့္တင္ရာမွာ လူမ်ိဳးစုအဖြဲ႕အစည္းမ်ား၊ ေဒသခံျပည္သူမ်ားနဲ႔ ေပါင္းစပ္ညႇိႏႈိင္းၿပီး လူသားခ်င္းစာနာမႈနဲ႔ ဖြံ႕ၿဖိဳးတိုး တက္ေရးဆိုင္ရာ အကူအညီမ်ားေပးအပ္ျခင္း နည္းလမ္းမွတစ္ဆင့္ ေဆာင္႐ြက္စရာသာ ရွိပါတယ္။
ကုလားတန္စီမံကိန္းကို ေအာင္ျမင္ေခ်ာေမာစြာ ေဆာင္႐ြက္ႏိုင္ရန္ အရည္အခ်င္းျပည့္မီတဲ့ ပညာရပ္ ဆိုင္ရာ ဝန္ထမ္းမ်ားသာမက ခ်င္း-ရခိုင္မ်ိဳးႏြယ္စု တို႔အၾကား ဆက္ဆံေရး ေရစီးေၾကာင္းကို ေစ့ေစ့စပ္စပ္ ေစာင့္ၾကည့္ ႏိုင္ေလာက္တဲ့ ကြၽမ္းက်င္သူမ်ား လိုအပ္ပါတယ္။ တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္တို႔အၾကား ၿပိဳင္ဆိုင္မႈပုံစံ ေျပာင္းလဲလာမႈ၊ ရခိုင္ျပည္နယ္လူမ်ိဳးေရး အၾကမ္းဖက္မႈနဲ႔ ျမန္မာႏိုင္ငံအတြင္း အထူးသျဖင့္ ရခိုင္ျပည္နယ္မွာ ႀကီးထြားလာေနတဲ့ တ႐ုတ္ရဲ႕ ေျခရာလက္ရာမ်ားကို သတိျပဳရပါလိမ့္မယ္။
ကုလားတန္စီမံကိန္းအခင္းအက်င္းဟာ အိႏၵိယ ႏိုင္ငံရဲ႕အနီးနားရွိ ေဒသအတြင္း ခ်ိတ္ဆက္မႈနဲ႔ ဖြံ႕ၿဖိဳး တိုးတက္ေရး အကူအညီမ်ားအတြက္ မတူညီတဲ့ ပေရာဂ်က္မ်ား အေကာင္အထည္ေဖာ္မႈကို အရွိန္ျမႇင့္ တင္ရာမွာ ကြၽမ္းက်င္သူမ်ားကို တစ္ေနရာတည္းမွာ တစ္စုတစ္စည္းတည္း အသုံးခ်ျခင္းျဖင့္ အက်ိဳးရွိႏိုင္ ေၾကာင္း òန္ျပေနတယ္လို႔ နယူးေဒလီအေျခစိုက္ စစ္ေရး-ႏိုင္ငံေရး-စီးပြားေရး အႀကံျပဳ “ေပၚလစ္ တီယားသုေတသနေဖာင္ေဒးရွင္း”အဖြဲ႕ ဥကၠ႒ ဆန္ေဂ်း-ပူလီပါကားက သုံးသပ္ေရးသားပါတယ္။
(ဘာဘူႀကီးကေတာ့ သူ႔တိုင္းျပည္နယ္စပ္မွာ သူ႔ရဲ႕စီမံကိန္းေတြကို ဖ်က္လိုဖ်က္ဆီးလုပ္ေနတဲ့ တ႐ုတ္ Proxy လက္နက္ကိုင္ေတြကို အထိတ္တလန႔္ျဖစ္ေနပုံရပါတယ္။ အထူးသျဖင့္ သူ႔ႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ ျမန္မာႏိုင္ငံ ျပည္နယ္မ်ားအတြင္း လူမ်ိဳးစုအခ်င္းခ်င္း သမိုင္းဝင္ မသင့္ျမတ္ပုံမ်ားကို လည္း သတိျပဳမိေနပါတယ္။
လစ္ဘရယ္ဒီမိုကေရစီတိုင္းျပည္ျဖစ္တဲ့ အတြက္ အိမ္နီးခ်င္းတိုင္းျပည္အတြင္း Proxy သူပုန္ မေမြးႏိုင္ဘူးလို႔ ဆိုပါတယ္။ ဒါေပမဲ့ ဘဂၤလား ေဒ့ရွ္ဆိုတာ အိႏၵိယလူပါ၊ လူဦးေရအမ်ားဆုံး အိမ္နီးခ်င္းႏိုင္ငံမ်ားနဲ႔ ျမန္မာစစ္တပ္မ်ား မရွိေတာ့တဲ့ ေဒသႀကီးမွာ ျမန္မာႏိုင္ငံရဲ႕ လူဦးေရအနည္းဆုံး လူမ်ိဳးစုႏွစ္စုအၾကား ေရရွည္ ဆက္ဆံေရးဟာ ဘယ္လိုေနမလဲ စိတ္ဝင္စားစရာ ေကာင္းလွပါတယ္။

- သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္ပါသည္။)

Related news

© 2021. All rights reserved.