တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေ‌ဖော်ဝါရီ(၂၇)ရက်မှစ၍ ထုတ်ယူနိုင်

 615

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၃

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေ‌ဖော်ဝါရီ(၂၇)ရက်မှစ၍ ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ဖေဖော်ဝါရီ(၂၂)ရက် ညပိုင်းက အသိပေးထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်အထိ ပိတ်ရက်မရှိ ကျင်းပသွားမည် ဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဥ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ(၂၇)ရက် အင်္ဂါနေ့မှစ၍ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ)နှင့် (တွဲဖက်)အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူရမည်ဖြစ်သည်။

ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့်စာစစ်ဌာန ကြီးကြပ်ရေးမှူးများ ထံမှ ထုတ်ယူရမည်ဖြစ်ကြောင်းလည်း သိရသည်။

၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုရန်အတွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၅၂ဝဝ) ခန့် စာရင်းပေးသွင်းထားပြီး ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူဦးရေ (၁၆၁၈၅ဝ) ဦးရှိခဲ့ကာ အောင်မြင်သူဦးရေ (၁ဝ၉၈၅၁)ဦးထိ ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ကတ္ျပားမ်ားကို ေဖ‌ေဖာ္ဝါရီ(၂၇)ရက္မွစ၍ ထုတ္ယူႏိုင္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၃

တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ကတ္ျပားမ်ားကို ေဖ‌ေဖာ္ဝါရီ(၂၇)ရက္မွစ၍ ထုတ္ယူႏိုင္ေၾကာင္း ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာနမွ ေဖေဖာ္ဝါရီ(၂၂)ရက္ ညပိုင္းက အသိေပးထုတ္ျပန္ထားသည္။

၂၀၂၄ ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲကို လာမည့္ မတ္လ(၁၁)ရက္ေန႔မွ (၁၉)ရက္အထိ ပိတ္ရက္မရွိ က်င္းပသြားမည္ ျဖစ္သည္။

တိုင္းေဒသႀကီး/ျပည္နယ္မ်ားရွိ စာစစ္ဌာနအသီးသီးတြင္ ေျဖဆိုၾကမည့္ ေက်ာင္းသား/သူမ်ားသည္ မိမိတို႔၏ ဓာတ္ပုံကပ္ထားသည့္ ခုံအမွတ္စဥ္ပါေသာ စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို ေဖေဖာ္ဝါရီ(၂၇)ရက္ အဂၤါေန႔မွစ၍ ထုတ္ယူႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။

အေျခခံပညာအထက္တန္းေက်ာင္း၊ (ေက်ာင္းခြဲ)ႏွင့္ (တြဲဖက္)အေျခခံပညာ အထက္တန္းေက်ာင္း၊ ကိုယ္ပိုင္ အထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို သက္ဆိုင္ရာ ေက်ာင္းအုပ္ႀကီးမ်ားထံမွ ထုတ္ယူရမည္ျဖစ္သည္။

ျပင္ပမွ ေျဖဆိုသူမ်ားသည္ စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို မိမိတို႔ေျဖဆိုရမည့္စာစစ္ဌာန ႀကီးၾကပ္ေရးမႉးမ်ား ထံမွ ထုတ္ယူရမည္ျဖစ္ေၾကာင္းလည္း သိရသည္။

၂ဝ၂၄ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲအား ဝင္ေရာက္ေျဖဆိုရန္အတြက္ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း (၁၄၅၂ဝဝ) ခန႔္ စာရင္းေပးသြင္းထားၿပီး ၿပီးခဲ့သည့္ ၂ဝ၂၃ ခုႏွစ္၊ စနစ္ေဟာင္းတကၠသိုလ္ဝင္စာေမးပြဲ၌ ဝင္ေရာက္ေျဖဆိုသူဦးေရ (၁၆၁၈၅ဝ) ဦးရွိခဲ့ကာ ေအာင္ျမင္သူဦးေရ (၁ဝ၉၈၅၁)ဦးထိ ရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.