ရန်ကုန်မြို့တွင် ရထား(၂)စင်းတိုက်မိပြီးနောက် လူကူး ကုန်းကျော်တံတား ကျိုးကျပျက်စီးမှုဖြစ်ပွား

2626

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရထား(၂)စင်းတိုက်မိပြီးနောက် လူကူး ကုန်းကျော်တံတား ကျိုးကျ ပျက်စီးသွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်)၊ နံနက် ၄ နာရီ ၃ဝ မိနစ်အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် လွတ်လပ် ရေးရပ်ကွက်၊ ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင် ဘူတာကြား မိုင်တိုင်အမှတ်(၂/၃)၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မော်လမြိုင်ရထားတွဲဆိုင်းအား ချိတ်ဆွဲလာသော အမှတ်(၈၁)အဆန်ရထား ဖြစ်သည့် စက်ခေါင်းအမှတ် DF 1200.05ရထားသည် ရန်ကုန်ဘူတာ ရထားရပ်ဝန်းအတွင်းမှ စင်္ကြန်သို့ တွဲထိုးရန်ထွက်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ရပ်တန့်ထားသော ကုန်တင်ရထား တစ်စင်းကို စတင်ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ထိုသို့ဝင်တိုက်မိပြီးနောက် ရထားတွဲဆိုင်းသည် လွပ်လပ်ရေးရပ်ကွက်နှင့် ရေကျော်ရပ်ကွက်ကို ဆက်သွယ်ထား သည့် ရထားသံလမ်းကူး လူကူးကုန်းကျော်တံတားအား ထပ်မံ ဝင်ချိတ်ကာ ထိခိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ကုန်းကျော်တံတားသည် ထက်ပိုင်းကျိုးသွားခဲ့ပြီး ရထားတွဲဆိုင်းများတွင်လည်း ထိခိုက်ပျက် စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
အထက်ပါကဲ့သို့ ရထား မတော်တဆမှုဖြစ်စဉ်အတွင်း လူထိခိုက်မှုမရှိခဲ့ကြောင်းလည်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူ က ဆိုသည်။

Zawgyi Version;
ရန္ကုန္ၿမိဳ႕တြင္ ရထား(၂)စင္းတိုက္မိၿပီးေနာက္ လူကူး ကုန္းေက်ာ္တံတား က်ိဳးက်ပ်က္စီးမႈျဖစ္ပြား
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၂၃
ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တြင္ ရထား(၂)စင္းတိုက္မိၿပီးေနာက္ လူကူး ကုန္းေက်ာ္တံတား က်ိဳးက် ပ်က္စီးသြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီ ၂၃ ရက္)၊ နံနက္ ၄ နာရီ ၃ဝ မိနစ္အခ်ိန္တြင္ မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္ လြတ္လပ္ ေရးရပ္ကြက္၊ ရန္ကုန္ဘူတာႀကီးႏွင့္ ပုဇြန္ေတာင္ ဘူတာၾကား မိုင္တိုင္အမွတ္(၂/၃)၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္-ေမာ္လၿမိဳင္ရထားတြဲဆိုင္းအား ခ်ိတ္ဆြဲလာေသာ အမွတ္(၈၁)အဆန္ရထား ျဖစ္သည့္ စက္ေခါင္းအမွတ္ DF 1200.05ရထားသည္ ရန္ကုန္ဘူတာ ရထားရပ္ဝန္းအတြင္းမွ စၾကၤန္သို႔ တြဲထိုးရန္ထြက္လာစဥ္ အခင္းျဖစ္ေနရာအေရာက္၌ ရပ္တန႔္ထားေသာ ကုန္တင္ရထား တစ္စင္းကို စတင္ဝင္တိုက္မိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ဝင္တိုက္မိၿပီးေနာက္ ရထားတြဲဆိုင္းသည္ လြပ္လပ္ေရးရပ္ကြက္ႏွင့္ ေရေက်ာ္ရပ္ကြက္ကို ဆက္သြယ္ထား သည့္ ရထားသံလမ္းကူး လူကူးကုန္းေက်ာ္တံတားအား ထပ္မံ ဝင္ခ်ိတ္ကာ ထိခိုက္မိခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ကုန္းေက်ာ္တံတားသည္ ထက္ပိုင္းက်ိဳးသြားခဲ့ၿပီး ရထားတြဲဆိုင္းမ်ားတြင္လည္း ထိခိုက္ပ်က္ စီးမႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။
အထက္ပါကဲ့သို႔ ရထား မေတာ္တဆမႈျဖစ္စဥ္အတြင္း လူထိခိုက္မႈမရွိခဲ့ေၾကာင္းလည္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူက ဆိုသည္။