အမေဇုန် မိုးသစ်တောမှာ ဧရာမ အန်နာကွန်ဒါ မြွေမျိုးစိတ်သစ် ရှာဖွေတွေ့ရှိ

 1446

ရောင်နီ(NP News) - ဖေဖော်ဝါရီ ၂၆

အမေဇုန်မိုးသစ်တောမှာ အလုပ်လုပ်နေတဲ့ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးလို့ ကောလာဟလတွေ ထွက်ပေါ်နေတဲ့ မြွေမျိုးစိတ်သစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

University of Queensland မှ အဖွဲ့တစ်ဖွဲ့ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးလို့ ကောလာဟလတွေ ထွက်ပေါ်နေတဲ့ အထောက်အထားမဲ့ မြောက်ပိုင်း အစိမ်းရောင် အန်နာကွန်ဒါ (Eunectes akayima) ကို ရှာဖွေဖို့ Ecuadorian Amazon ကို သွားရောက်ခဲ့ပြီး လေ့လာခဲ့ပါတယ်။ အဖွဲ့ဟာ မုဆိုးတွေနဲ့အတူ မြွေမျိုးစိတ်တွေကို ရှာဖွေဖို့ အမေဇုန်တောထဲက ဘာမီနို ဒေသကို ၁၀ ရက်ကြာ လေ့လာရေး ခရီးထွက်ခဲ့ကြပါတယ်။ အဆိုပါ ခရီးစဉ်ကို ဇီဝဗေဒပညာရှင် ပရော်ဖက်ဆာ ဘရိုင်ယန်ဖယိုင်မှ ဦးဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ အန်နာကွန်ဒါတွေဟာ တောင်အမေရိကရဲ့ ပူနွေးတဲ့ နေရာတွေမှာ သို့မဟုတ် ရေစပ်စပ်အနားတွမှာ တွေ့ရှိရတဲ့ ဧရာမ အဆိပ်ရှိတဲ့ မြွေများဖြစ်ပါတယ်။

"ဒီမြောက်ပိုင်း အစိမ်းရောင် သတ္တဝါတွေရဲ့ အရွယ်အစားက မယုံနိုင်စရာပါပဲ၊ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ မြွေဟာ အရှည် ၆ ဒသမ ၃ မီတာ (၂၀ ဒသမ ၇ ပေ) ရှိပါတယ်"လို့ ဖယိုင်က ဆိုပါတယ်။ အဆိုပါ ဧရိယာအတွင်း အရှည် ၇ ဒသမ ၅ မီတာ (၂၄ ဒသမ ၆ ပေ) နဲ့ ၅၀၀ ကီလိုဂရမ် (ပေါင် ၁၁၀၀) ရှိတဲ့ မြွေတွေကိုလည်း မြင်တွေ့ခဲ့ရတယ်လို့ အဆိုပါ အဖွဲ့က ဆိုခဲ့ပါတယ်။

အန်နာကွန်ဒါတွေဟာ ကမ္ဘာပေါ်မှာ အလေးဆုံးမြွေတွေဖြစ်ပြီး ဗြိတိန် သဘာဝသမိုင်းပြတိုက်မှာ မှတ်တမ်းတင်ထားဖူးတဲ့ အန်နာကွန်ဒါမြွေဟာဆိုရင် အလေးချိန် ၂၂၇ ကီလိုဂရမ် (ပေါင် ၅၀၀) ၊ အရှည် ၈ ဒသမ ၄၃ မီတာ (၂၇ ဒသမ ၇ ပေ) ၊ အကျယ် ၁ ဒသမ ၁၁ မီတာ (၃ ဒသမ ၆ ပေ) ထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းအစိမ်းရောင် အန်နာကွန်ဒါမျိုးစိတ်သစ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ သန်းခန့်က တောင်ပိုင်းအစိမ်းရောင် အန်နာကွန်ဒါနဲ့ မျိုးရိုးဗီဇ ၅ ဒသမ ၅ ရာခိုင်နှုန်း ကွဲပြားကြောင်း တွေ့ရှိခဲ့ပြီးနောက် အဖွဲ့ဟာ အစိမ်းရောင် အန်နာကွန်ဒါ မျိုးရိုးဗီဇကို အခြားနမူနာများ ဂေဟစနစ်များရဲ့ ကျန်းမာရေးကို ညွှန်ပြတဲ့ မျိုးစိတ်တစ်ခုအဖြစ် သတ်မှတ်ပြီး စတင်လေ့လာခဲ့တာ ဖြစ်ပါတယ်။

နေရပ်ပျက်စီးခြင်း၊ တောမီးများ၊ မိုးခေါင်ခြင်းနဲ့ ရာသီဥတုဖောက်ပြန်ခြင်းတို့ဟာ ရှားပါးဂေဟစနစ်များဖြစ်တဲ့ ရှားပါး အန်နာကွန်ဒါလို မျိုးစိတ်တွေအတွက် ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ အဖွဲ့က ပြောကြားခဲ့ပါတယ်။

zawgyi version
အေမဇုန္ မိုးသစ္ေတာမွာ ဧရာမ အန္နာကြန္ဒါ ေႁမြမ်ိဳးစိတ္သစ္ ရွာေဖြေတြ႕ရွိ
ေရာင္နီ(NP News) - ေဖေဖာ္ဝါရီ ၂၆

အေမဇုန္မိုးသစ္ေတာမွာ အလုပ္လုပ္ေနတဲ့ သိပၸံပညာရွင္ေတြဟာ ကမာၻေပၚမွာ အႀကီးဆုံးလို႔ ေကာလာဟလေတြ ထြက္ေပၚေနတဲ့ ေႁမြမ်ိဳးစိတ္သစ္ကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

University of Queensland မွ အဖြဲ႕တစ္ဖြဲ႕ဟာ ကမာၻေပၚမွာ အႀကီးဆုံးလို႔ ေကာလာဟလေတြ ထြက္ေပၚေနတဲ့ အေထာက္အထားမဲ့ ေျမာက္ပိုင္း အစိမ္းေရာင္ အန္နာကြန္ဒါ (Eunectes akayima) ကို ရွာေဖြဖို႔ Ecuadorian Amazon ကို သြားေရာက္ခဲ့ၿပီး ေလ့လာခဲ့ပါတယ္။ အဖြဲ႕ဟာ မုဆိုးေတြနဲ႔အတူ ေႁမြမ်ိဳးစိတ္ေတြကို ရွာေဖြဖို႔ အေမဇုန္ေတာထဲက ဘာမီႏို ေဒသကို ၁၀ ရက္ၾကာ ေလ့လာေရး ခရီးထြက္ခဲ့ၾကပါတယ္။ အဆိုပါ ခရီးစဥ္ကို ဇီဝေဗဒပညာရွင္ ပေရာ္ဖက္ဆာ ဘ႐ိုင္ယန္ဖယိုင္မွ ဦးေဆာင္ခဲ့ျခင္း ျဖစ္ပါတယ္။ အန္နာကြန္ဒါေတြဟာ ေတာင္အေမရိကရဲ႕ ပူေႏြးတဲ့ ေနရာေတြမွာ သို႔မဟုတ္ ေရစပ္စပ္အနားတြမွာ ေတြ႕ရွိရတဲ့ ဧရာမ အဆိပ္ရွိတဲ့ ေႁမြမ်ားျဖစ္ပါတယ္။

"ဒီေျမာက္ပိုင္း အစိမ္းေရာင္ သတၱဝါေတြရဲ႕ အ႐ြယ္အစားက မယုံႏိုင္စရာပါပဲ၊ ကြၽန္ေတာ္တို႔ ႀကဳံေတြ႕ခဲ့ရတဲ့ ေႁမြဟာ အရွည္ ၆ ဒသမ ၃ မီတာ (၂၀ ဒသမ ၇ ေပ) ရွိပါတယ္"လို႔ ဖယိုင္က ဆိုပါတယ္။ အဆိုပါ ဧရိယာအတြင္း အရွည္ ၇ ဒသမ ၅ မီတာ (၂၄ ဒသမ ၆ ေပ) နဲ႔ ၅၀၀ ကီလိုဂရမ္ (ေပါင္ ၁၁၀၀) ရွိတဲ့ ေႁမြေတြကိုလည္း ျမင္ေတြ႕ခဲ့ရတယ္လို႔ အဆိုပါ အဖြဲ႕က ဆိုခဲ့ပါတယ္။

အန္နာကြန္ဒါေတြဟာ ကမာၻေပၚမွာ အေလးဆုံးေႁမြေတြျဖစ္ၿပီး ၿဗိတိန္ သဘာဝသမိုင္းျပတိုက္မွာ မွတ္တမ္းတင္ထားဖူးတဲ့ အန္နာကြန္ဒါေႁမြဟာဆိုရင္ အေလးခ်ိန္ ၂၂၇ ကီလိုဂရမ္ (ေပါင္ ၅၀၀) ၊ အရွည္ ၈ ဒသမ ၄၃ မီတာ (၂၇ ဒသမ ၇ ေပ) ၊ အက်ယ္ ၁ ဒသမ ၁၁ မီတာ (၃ ဒသမ ၆ ေပ) ထိ ရွိခဲ့ပါတယ္။ ဒါေပမဲ့ ေျမာက္ပိုင္းအစိမ္းေရာင္ အန္နာကြန္ဒါမ်ိဳးစိတ္သစ္ဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၀ သန္းခန႔္က ေတာင္ပိုင္းအစိမ္းေရာင္ အန္နာကြန္ဒါနဲ႔ မ်ိဳး႐ိုးဗီဇ ၅ ဒသမ ၅ ရာခိုင္ႏႈန္း ကြဲျပားေၾကာင္း ေတြ႕ရွိခဲ့ၿပီးေနာက္ အဖြဲ႕ဟာ အစိမ္းေရာင္ အန္နာကြန္ဒါ မ်ိဳး႐ိုးဗီဇကို အျခားနမူနာမ်ား ေဂဟစနစ္မ်ားရဲ႕ က်န္းမာေရးကို ၫႊန္ျပတဲ့ မ်ိဳးစိတ္တစ္ခုအျဖစ္ သတ္မွတ္ၿပီး စတင္ေလ့လာခဲ့တာ ျဖစ္ပါတယ္။

ေနရပ္ပ်က္စီးျခင္း၊ ေတာမီးမ်ား၊ မိုးေခါင္ျခင္းနဲ႔ ရာသီဥတုေဖာက္ျပန္ျခင္းတို႔ဟာ ရွားပါးေဂဟစနစ္မ်ားျဖစ္တဲ့ ရွားပါး အန္နာကြန္ဒါလို မ်ိဳးစိတ္ေတြအတြက္ ၿခိမ္းေျခာက္မႈ ျဖစ္ေနတယ္လို႔ အဖြဲ႕က ေျပာၾကားခဲ့ပါတယ္။z

Related news

© 2021. All rights reserved.