ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဖြစ်ပွားနေလျက်ရှိပြီး လူထု၏လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများဖြစ်ပေါ်နေ

 814

ယွန်း(NP News) - ဖေဖော်ဝါရီ ၂၈

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဖြစ်ပွားနေလျက်ရှိပြီး လူထု၏ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှစတင်ကာ ပြည်သူလူထုအနေဖြင့် လျှပ်စစ်မီးပြတ်တောက်မှုကို ဆိုးရွားစွာကြုံတွေ့ခဲ့ရပြီး မတ်လမှစတင်ကာ လျှပ်စစ်မီးကို အုပ်စု(အေ)နှင့် အုပ်စု(ဘီ)ခွဲ၍ အချိန်ဇယားဖြင့်သာ ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အချိန်ဇယားအရ နေ့စဥ်လျှပ်စစ်မီးကို အလှည့်ကျပေးခဲ့သော်လည်း ယခုရက်ပိုင်းတွင် ရန်ကုန်မြို့၌ လျှပ်စစ်မီးပြတ်တောက်မှုသည် ပိုမိုဆိုးရွား လာခဲ့ပြီး မီးပျက်သည့် အချိန်မှာလည်း ကြာမြင့်လျက်ရှိကြောင်း သိရသည်။

“နှစ်ရက်လောက်ရှိပြီ။ အရင်တုန်းကဆိုလို့ရှိရင် နေ့လည်(၁)နာရီလောက်ကနေ ညနေ(၅)နာရီလောက်ထိ မီးပျက်ရင် (၅)နာရီလောက်ကနေ မီးပြန်လာတယ်။ အခုကျတော့ မနက်ပိုင်းမီးလာပြီးသွားရင် နေ့လည်(၁)နာရီသာသာလောက်မီးပျက်တယ်။ ပြီးတော့ နေ့ခင်းဘက်မီးလာတယ်။ အပြည့်တော့မလာဘူး။ တစ်နာရီလောက်ပျက်သေးတယ်။ ပြီးရင်တော့ ညနေပိုင်း(၅)နာရီလောက်ကနေ (၉)နာရီကျော် (၁၀)နာရီနီးပါးလောက်ထိ မီးပျက်တယ်။ တနေ့ကဆို သန်းခေါင်အချိန်လောက်မှာ မီးပြန်ပျက်တယ်”ဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ ကိုထက်အောင်က ပြောသည်။

ထိုသို့ မီးပျက်သည့်အတွက် ညပိုင်းလုပ်ငန်းဆောင်တာများ ပျက်ယွင်းရသည့်အပြင် အခြားလူမှုရေးအခက်အခဲများကိုလည်း ကြုံတွေ့ရကြောင်း ၎င်းက ကိုယ်တိုင်ကြုံတွေ့ရသည့် အခက်အခဲများကို ရှင်းပြသည်။

“မီးပျက်တာက အခုရက်ပိုင်းမှာ တော်တော်လေးဆိုးနေတယ်။ အရင်က မီးကမနက်(၉)နာရီကနေ တစ်နာရီအထိပျက်တယ်။ ပြီးရင် ကျန်တဲ့အချိန်တွေ အကုန်လာတယ်။ နောက်ရက်ဆိုရင် တစ်နာရီကနေ (၅)နာရီအထိပျက်ရင် ကျန်တဲ့အချိန်တွေ အကုန်လာတယ်။ အခုရက်ပိုင်းမှာ အဲဒီလိုမဟုတ်တော့ဘူး။ လာချင်တဲ့အချိန်လာပြီးတော့ ပျက်ချင်သလိုပျက်နေတယ်။ ကျွန်တော်တို့က ရုံးလုပ်ငန်းဆိုတော့ မီးလာတဲ့အခြေအနေကို ကြည့်ပြီးတော့ လုပ်ရတာ။ အခုလိုအချိန်မမှန်တာတွေဖြစ်နေတော့ ကျွန်တော်တို့ရုံးအလုပ်အတွက် ထိခိုက်တာပေါ့”ဟု မရမ်းကုန်းမြို့နယ်ရှိ ရုံးလုပ်ငန်းလုပ်ကိုင်သူတစ် ဦးက ပြောသည်။

ပြည်တွင်းရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်ကို အများဆုံးအသုံးပြုလျက်ရှိပြီး နိုင်ငံတွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဥ် (၁၅) ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် လျှပ်စစ် ဓာတ်အားစက်ရုံပေါင်း(၆၄)ရုံရှိပြီး လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ်(၇၀၀၀)ကျော် ထွက်ရှိနိုင်သော်လည်း နေ့စဥ် မဂ္ဂါဝပ်(၃၀၀၀)ခန့်သာ ဖြန့်ဖြူးပေးနိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕တြင္ လွ်ပ္စစ္မီးျပတ္ေတာက္မႈ ပိုမိုျဖစ္ပြားေနလ်က္ရွိၿပီး လူထု၏ လုပ္ငန္းပိုင္းဆိုင္ရာ အခက္အခဲမ်ားျဖစ္ေပၚေန

ယြန္း(NP News) - ေဖေဖာ္ဝါရီ ၂၈

ရန္ကုန္ၿမိဳ႕တြင္ လွ်ပ္စစ္မီးျပတ္ေတာက္မႈ ပိုမိုျဖစ္ပြားေနလ်က္ရွိၿပီး လူထု၏ လုပ္ငန္းပိုင္းဆိုင္ရာ အခက္အခဲမ်ားျဖစ္ေပၚေနေၾကာင္း ရန္ကုန္ၿမိဳ႕ခံမ်ားထံမွ သိရသည္။

ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ႏွစ္စပိုင္းမွစတင္ကာ ျပည္သူလူထုအေနျဖင့္ လွ်ပ္စစ္မီးျပတ္ေတာက္မႈကို ဆိုး႐ြားစြာႀကဳံေတြ႕ခဲ့ရၿပီး မတ္လမွစတင္ကာ လွ်ပ္စစ္မီးကို အုပ္စု(ေအ)ႏွင့္ အုပ္စု(ဘီ)ခြဲ၍ အခ်ိန္ဇယားျဖင့္သာ ေပးခဲ့ျခင္းျဖစ္သည္။

အဆိုပါ အခ်ိန္ဇယားအရ ေန႔စဥ္လွ်ပ္စစ္မီးကို အလွည့္က်ေပးခဲ့ေသာ္လည္း ယခုရက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၌ လွ်ပ္စစ္မီးျပတ္ေတာက္မႈသည္ ပိုမိုဆိုး႐ြား လာခဲ့ၿပီး မီးပ်က္သည့္ အခ်ိန္မွာလည္း ၾကာျမင့္လ်က္ရွိေၾကာင္း သိရသည္။

“ႏွစ္ရက္ေလာက္ရွိၿပီ။ အရင္တုန္းကဆိုလို႔ရွိရင္ ေန႔လည္(၁)နာရီေလာက္ကေန ညေန(၅)နာရီေလာက္ထိ မီးပ်က္ရင္ (၅)နာရီေလာက္ကေန မီးျပန္လာတယ္။ အခုက်ေတာ့ မနက္ပိုင္းမီးလာၿပီးသြားရင္ ေန႔လည္(၁)နာရီသာသာေလာက္မီးပ်က္တယ္။ ၿပီးေတာ့ ေန႔ခင္းဘက္မီးလာတယ္။ အျပည့္ေတာ့မလာဘူး။ တစ္နာရီေလာက္ပ်က္ေသးတယ္။ ၿပီးရင္ေတာ့ ညေနပိုင္း(၅)နာရီေလာက္ကေန (၉)နာရီေက်ာ္ (၁၀)နာရီနီးပါးေလာက္ထိ မီးပ်က္တယ္။ တေန႔ကဆို သန္းေခါင္အခ်ိန္ေလာက္မွာ မီးျပန္ပ်က္တယ္”ဟု ဗိုလ္တေထာင္ၿမိဳ႕နယ္တြင္ ေနထိုင္သူ ကိုထက္ေအာင္က ေျပာသည္။

ထိုသို႔ မီးပ်က္သည့္အတြက္ ညပိုင္းလုပ္ငန္းေဆာင္တာမ်ား ပ်က္ယြင္းရသည့္အျပင္ အျခားလူမႈေရးအခက္အခဲမ်ားကိုလည္း ႀကဳံေတြ႕ရေၾကာင္း ၎က ကိုယ္တိုင္ႀကဳံေတြ႕ရသည့္ အခက္အခဲမ်ားကို ရွင္းျပသည္။

“မီးပ်က္တာက အခုရက္ပိုင္းမွာ ေတာ္ေတာ္ေလးဆိုးေနတယ္။ အရင္က မီးကမနက္(၉)နာရီကေန တစ္နာရီအထိပ်က္တယ္။ ၿပီးရင္ က်န္တဲ့အခ်ိန္ေတြ အကုန္လာတယ္။ ေနာက္ရက္ဆိုရင္ တစ္နာရီကေန (၅)နာရီအထိပ်က္ရင္ က်န္တဲ့အခ်ိန္ေတြ အကုန္လာတယ္။ အခုရက္ပိုင္းမွာ အဲဒီလိုမဟုတ္ေတာ့ဘူး။ လာခ်င္တဲ့အခ်ိန္လာၿပီးေတာ့ ပ်က္ခ်င္သလိုပ်က္ေနတယ္။ ကြၽန္ေတာ္တို႔က ႐ုံးလုပ္ငန္းဆိုေတာ့ မီးလာတဲ့အေျခအေနကို ၾကည့္ၿပီးေတာ့ လုပ္ရတာ။ အခုလိုအခ်ိန္မမွန္တာေတြျဖစ္ေနေတာ့ ကြၽန္ေတာ္တို႔႐ုံးအလုပ္အတြက္ ထိခိုက္တာေပါ့”ဟု မရမ္းကုန္းၿမိဳ႕နယ္ရွိ ႐ုံးလုပ္ငန္းလုပ္ကိုင္သူတစ္ ဦးက ေျပာသည္။

ျပည္တြင္းရွိ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈတြင္ ေရအားလွ်ပ္စစ္ကို အမ်ားဆုံးအသုံးျပဳလ်က္ရွိၿပီး ႏိုင္ငံတြင္းလွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္မွာ ႏွစ္စဥ္ (၁၅) ရာခိုင္ႏႈန္းခန႔္ တိုးတက္လ်က္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ လွ်ပ္စစ္ ဓာတ္အားစက္႐ုံေပါင္း(၆၄)႐ုံရွိၿပီး လွ်ပ္စစ္ဓာတ္အားမဂၢါဝပ္(၇၀၀၀)ေက်ာ္ ထြက္ရွိႏိုင္ေသာ္လည္း ေန႔စဥ္ မဂၢါဝပ္(၃၀၀၀)ခန႔္သာ ျဖန႔္ျဖဴးေပးႏိုင္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနထံမွ သိရသည္။

Related news

© 2021. All rights reserved.