အင်ဒို-ပစိဖိတ်မဟာဗျူဟာအတွင်းက အိန္ဒိယ-ပြင်သစ် ဆက်ဆံရေးနှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန်လည်ပတ် (ဘာသာပြန်ဆောင်းပါး)
591
သန်းထိုက်စိုး (NP News) - ဖေဖော်ဝါရီ ၂၉
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ( ၇၅) နှစ်မြောက် အိန္ဒိယသမ္မတ နိုင်ငံနေ့ အခမ်းအနားသို့ အထူးဧည့်သည်တော်အနေဖြင့် တက်ရောက်လာခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များအား နယူးဒေလီမြို့ ၏ လမ်းတစ်လျှောက်တွင် စစ်အခမ်းအနားများဖြင့် ကြိုဆိုခဲ့သည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြင်သစ်သို့ လာရောက်ခဲ့စဉ်ကလည်း သမ္မတမက်ခရွန်က အလားတူ စစ်အခမ်းအနားဖြင့် တခမ်းတနားကြိုဆိုခဲ့သည်။ အမေရိကန်နှင့်အနောက်နိုင်ငံများသည် တရုတ်နိုင်ငံကို စစ်ရေးအရလည်း ကောင်း၊ စီးပွားရေးအရလည်းကောင်း ဟန်ချက်ညှိရန်အတွက် အိန္ဒိယနိုင်ငံနှင့် ပိုမိုနီးကပ်သည့်ဆက်ဆံရေး တစ်ရပ်တည် ဆောက်နိုင်ရန် ကြိုးပမ်းနေကြရာ မက်ခရွန်၏အန္ဒိယခရီးစဉ်မှာ တစ်ခုအပါအဝင်ဖြစ်သည်။ အာရှ-ပစိဖိတ် အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် ပြင်သစ်နိုင်ငံသည်လည်း ဒေသတွင်း ၎င်း၏ အကျိုးစီး ပွားများကို ကာကွယ်ထိန်းသိမ်းနိုင်ရေး အိန္ဒိယနိုင်ငံနှင့် နီးကပ်သည့်ဆက်ဆံရေးရရှိရန် ကြိုးပမ်းခြင်းဖြစ်သည်။
သမ္မတမက်ခရွန် အိန္ဒိယနိုင်ငံသို့ မသွားရောက်မီအတွင်းမှာပင် အိန္ဒိယနိုင်ငံသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုထိန်းသိမ်းရာတွင် အရေး ကြီးသည့်မိတ်ဖက်နိုင်ငံဖြစ်သည်ဟု ပြင်သစ် သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။ အိန္ဒိယနိုင်ငံကလည်း ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းရန်အတွက် ပြင်သစ်ပါဝင်သည့်အနောက်ဘက်ဝင်ရိုးတန်းဘက်ကို ပိုမိုအလေး ထားလာခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံ သည် ဥရောပတွင် အိန္ဒိယ ၏ အကြီးဆုံး မဟာဗျူဟာ မိတ်ဖက်နိုင်ငံဖြစ်ပြီး ဒုတိယမြောက် လက်နက်တင် ပို့ရောင်းချပေးသည့် နိုင်ငံလည်းဖြစ်သည်။
ကာကွယ်ရေးကဏ္ဍတွင် ပိုမိုပူးပေါင်း
နှစ်နိုင်ငံလုံးသည် လုံခြုံရေးအရ အမေရိကန်အပေါ် မှီခိုနေရမှုကို ရှောင်ရှားနိုင်ရန် ကြိုးပမ်း နေကြခြင်းဖြစ်သည်။ အိန္ဒိယအစိုးရသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယရေတပ်အတွက် အမေရိကန်ဒေါ်လာ ၆ ဘီလျံ တန်ဖိုးရှိ 26 Rafale Marine တိုက်လေယာဉ်များ ဝယ်ယူလိုကြောင်း ပြင်သစ်နိုင်ငံထံ တရားဝင်ကမ်းလှမ်းခဲ့သည်။ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ၎င်း၏ ကာကွယ်ရေးစွမ်းအားကို မြှင်တင်ရန် ရည်ရွယ်ခြင်းဖြစ်ပုံရသည်။ အိန္ဒိယနှင့် ပြင်သစ်တို့သည် အင်ဒိုပစိဖိတ်ဒေသတွင် မျှဝေရှိနေ သည့် ပထဝီနိုင်ငံရေးဆိုင်ရာဦးတည်ချက်များ အ ကောင်အထည်ဖော်ရန် ၎င်းတို့၏ ဆက်ဆံရေးအဝန်း အဝိုင်းကို ချဲ့ထွင်းနေကြခြင်းလည်း ဖြစ်သည်။
ဒေသဆိုင်ရာ လုံးခြုံရေးဝန်းကျင် မရေရာ မသေချာ ဖြစ်လာသည့်အချိန်တွင် ကျွန်းနိုင်ငံများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှု သည် ရေကြောင်းနယ်ပယ်တွင် ဆက်ရှိနေရာ ကျွန်းနိုင်ငံများနှင့်သံတမန်ဆက်ဆံရေးမှာလည်း ခိုင်မာ သည့် ဆက်ဆံရေးဖြစ်စေရန်အတွက် အရေးပါသည့် အကြောင်းအချက်ဖြစ်လာသည်။ အိန္ဒိယ-ပြင်သစ် နှစ်နိုင်ငံဆက်ဆံရေးမှာလည်း အလားတူဖြစ်ပြီး Quad နှင့် AUKUS ကဲ့သို့ သံတမန်မိတ်ဖက်များ အဖြစ်ပါ အလေးပေးဆောင်ရွက်နေခြင်းဖြစ်သည်။
အင်ဒိုပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံ ၏ခြေဆန့်မှု အလှမ်းကျယ်လာခြင်းကလည်း နိုင်ငံအများအပြားကို မလုံခြုံသကဲ့သို့ ခံစားလာရစေသည် ဟုလည်းဆိုသည်။ တရုတ်နိုင်ငံ၏ ရပ်တည်မှုအပေါ်တွင်လည်း အင်အားသုံးမည့်နိုင်ငံအဖြစ် ရှုမြင်ချက် များရှိသည်။ သို့ဖြစ်ရာ အိန္ဒိယနှင့် ပြင်သစ်ကဲ့သို့သော အင်အားအလယ်အလတ်အဆင့်ရှိသည့် နိုင်ငံများ ကြားတွင် ပိုမိုပူးပေါင်းဆောင်ရွက်မှုများသည် ကျွန်းနိုင်ငံများအတွက် အခွင့် အလမ်းတစ်ရပ် ဖြစ်စေနိုင်သည်။ အထူးသဖြင့် ဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ ရာသီဥတု ပြောင်းလဲမှုခံနိုင်ရည်ရှိမှုနှင့် သံတမန်ရေးကိစ္စများ အထိ အကျုံးဝင်သည်။
အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့သည် ကာကွယ်ရေးကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်လာ သည်။ အထူးသဖြင့် တိုက်လေယာဉ်အင်ဂျင် ဖွံ့ဖြိုး ရေးကဲ့သို့သော လုပ်ငန်းများတွင် အလေးအနက်ပူး ပေါင်း ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ဒုတိယအကြီးဆုံး ကာကွယ်ရေး ပစ္စည်းတင်ပို့သည့်နိုင်ငံဖြစ်သည်။ ထို့ပြင် ပြင်သစ်နိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် ပြည်တွင်းကာကွယ် ရေးပစ္စည်း ထုတ်လုပ်မှု၊ နည်းပညာမျှဝေမှုနှင့် သုတေသနလုပ်ငန်းအတွက်လည်း အရေးကြီးမိတ်ဖက်နိုင်ငံ ဖြစ်နိုင်ပါသည်။ အိန္ဒိယနိုင်ငံ၏ ဒေသတွင်းရည်မှန်းချက်မှာ ရေကြောင်းကိစ္စရပ်များအပေါ် ရေရှည်အာရုံ စိုက်နိုင်ရေးဖြစ် သည်။ ပြင်သစ်နိုင်ငံ၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာမှာ ယခင်အတိုင်းနယ်မြေအချုပ် အခြာကာကွယ်ရေးနှင့် အများနှင့်ဆိုင်သည့် ရေကြောင်းပိုင်နက်များကို အသုံးပြုနိုင်ရေးပင်ဖြစ်သည်။ ပြင်သစ်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာနှင့်အိန္ဒိယ သမုဒ္ဒရာနှစ်ခုရှိ နယ်မြေများကို ထိန်းသိမ်းစောင့်ရှောက်ရန် အမေရိကန်-တရုတ် အားပြိုင်မှုကြား ဟန်ချက်ညှိ ပေးသူအဖြစ် သူ့ကိုယ်သူ သဘော ထားနေခြင်း ဖြစ်သည်။ အင်ဒို-ပစိဖိတ်ဒေသတွင် ပြင်သစ်နိုင်ငံ၏ ပါဝင်မှုမှာ တရုတ်နိုင်ငံ၏ ခြိမ်းခြောက်နိုင်စွမ်းရှိမှုကို အသိအ မှတ်ပြုပြီး အမေရိကန်နှင့် နီးစပ်မှုရှိရေးကို ထိန်းသိမ်းရန်မှာ မဖြစ်မနေလိုအပ်သည်။ အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့သည် ကျွန်းနိုင်ငံများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး နည်းလမ်းရှာဖွေနေပြီး ရာသီဥတု ပြောင်းလဲရေးကိုလည်း အရေးကြီးသော စိန်ခေါ်မှု တစ်ရပ်အဖြစ် လက်ခံထားကြသည်။ နှစ်နိုင်ငံလုံး သည် အိန္ဒိယသမုဒ္ဒရာအတွင်း ပူးပေါင်းဆောင်ရွက်ခဲ့ ကြဖူးသည့် သမိုင်း ကြောင်းလည်းရှိခဲ့သည်။ အထူးသဖြင့် သမားရိုးကျမဟုတ်သည့် လုံခြုံရေးကိစ္စရပ်များ၊ အခြေခံအဆောက်အအုံနှင့် ဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။ နှစ်နိုင်ငံလုံးသည် Indian Ocean Commission နှင့် Indian Ocean Rim Association တို့တွင်လည်း ပါဝင်ခဲ့ကြပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးနှင့် အိန္ဒိယသမုဒ္ဒရာ ကျွန်းနိုင်ငံများ၏ ရေ ကြောင်းလုံခြုံရေးကို အာရုံစိုက် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့သည် လွန်ခဲ့ သည့်နှစ်အတော်ကြာကပင် နည်းပညာကဏ္ဍတွင်လည်း စတင်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အထူးသဖြင့် ဥာဏ်ရည်တုနည်းပညာ(AI) နှင့် စက်ဖြင့်လေ့လာခြင်း machine learning (ML) တို့တွင်ဖြစ် သည်။ အိန္ဒိယ၊ အမေရိကန်နှင့် ပြင်သစ် သုံးနိုင်ငံတို့ သည် AI, ML စသည့် ကိစ္စရပ်များနှင့်ပတ်သက်သော အရေးကြီးပလက်ဖောင်းတစ်ခုအနေဖြင့်လည်း ပေါ် ထွက်လာခဲ့ခြင်း ဖြစ်သည်။
ကိုလိုနီဝါဒကို ဆန့်ကျင်သူနှင့် ကိုလိုနီပြုခဲ့သူတို့၏ မိတ်ဖက်ဆက်ဆံရေး
အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့သည် ၂၀၁၈ ခုနှစ်တွင် အိန္ဒိယသမုဒ္ဒရာအတွက် မဟာဗျူဟာ မျှော်မှန်းချက်တစ်ရပ် ချမှတ်ခဲ့ကြသည်။ နှစ်နိုင်ငံတို့ သည် မဟာဗျူဟာကိစ္စရပ်များအပေါ်တွင် အမြင်ချင်း တူကြသည်။ အိန္ဒိယနိုင်ငံသည် ကိုလိုနီဝါဒကို ကာလ ကြာရှည်ကတည်းက ဆန့်ကျင်ခဲ့သည့်နိုင်ငံဖြစ်ပြီး ပြင်သစ်နိုင်ငံသည် ကိုလိုနီပြုခဲ့သည့် အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် ၎င်းတို့နှစ်နိုင်ငံသည် ကျွန်းနိုင်ငံများရှိ ခေါင်းဆောင် များနှင့်ပူးပေါင်းပြီး မဟာဗျူဟာမျှော်မှန်းချက်ကို ဦးစားပေးဆောင်ရွက်ရမည်ဆိုသည့် သဘောထားအပေါ်တွင် တိုက်ဆိုင်မှုရှိကြသည်။ အိန္ဒိယသမုဒ္ဒရာသည် ပူးပေါင်းဆောင် ရွက်ရေးအတွက်သာမက ဩဇာလွှမ်းမိုးမှုယှဉ်ပြိုင်ရေးအတွက်လည်း စင်မြင့် တစ်ခုဖြစ်နိုင်သည်။ နှစ်နိုင်ငံကြား ပွင့်လင်းမြင်သာ သည့်ဆွေးနွေးမှုများ၊ Track 1.5 နှင့်Track 2 အဆင့်ဆွေးနွေးပွဲများ မကြာခဏပြုလုပ်ခြင်းသည် လည်း နှစ်နိုင်ငံကြားတွင်ရှိနေနိုင်သည့်စိုးရိမ်မှုများ လျော့ပါးသက်သာစေရေးအတွက်လည်း အထောက် အကူဖြစ်စေနိုင်သည်။
အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့သည် အင်ဒို-ပစိဖိတ် လမ်းပြမြေ ပုံအောက်တွင် ရေကြောင်းအရင်းအမြစ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးနှင့် သတင်းအချက်အလက်မျှဝေရေးအတွက် အခြေခံအ ဆောက်အအုံပိုင်းအတွက်လည်း အစီအမံများ ရေးဆွဲထားကြပြီးဖြစ်သည်။ နျူးကလီးယားလက်နက်ပိုင်ရှင်များ လည်းဖြစ်၊ ကာကွယ်ရေးဘတ်ဂျက် အများအပြား အသုံးပြုသည့်နိုင်ငံများလည်းဖြစ်ကြသည့် နှစ်နိုင်ငံလုံးသည် အမေရိကန်ဦးဆောင်သည့် လုံခြုံ ရေးကွန် ရက်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသကဲ့သို့ အင်ဒို-ပစိဖိတ်ဒေသရှိ ကျွန်းနိုင်ငံများနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်ရန် ကြိုးပမ်းနေသည့်နိုင်ငံများလည်း ဖြစ်နေပြန်သည်။ အိန္ဒိယ-ပြင်သစ် မိတ်ဖက်ဖြစ်မှုသည် အင်ဒို-ပစိ ဖိတ် လုံခြုံရေးဗိသုကာကို ပိုမိုခိုင်မာစေနိုင်သည်ဟု လည်း နှစ်နိုင်ငံလုံးက ယူဆထားကြသည်။
အိန္ဒိယ၏ မျှော်လင့်ချက်နှင့် စည်းမျဉ်းအခြေပြု ဒေသဆိုင်ရာ အစီအမံ
တရုတ်နိုင်ငံသည် အမေရိကန်နှင့် ဥရောပပြီးလျှင် ပြင်သစ်၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ သို့ဖြစ်ရာ ပြင်သစ်သည် နေတိုးအဖွဲ့ ဝင်လည်းဖြစ်နေပြန်ရာ အနောက်နှင့်အရှေ့ကြားတွင် ကြားညပ်နေသကဲ့သို့ ခံစားနေရသည်။ ပြင်သစ်နိုင်ငံ သည် အိန္ဒိယနိုင်ငံ၏ အနာဂတ်အာဖရိက ဗျူဟာအ တွက်လည်း အရေးကြီးသည်။ ပြင်သစ်နိုင်ငံသည် အာဖရိကရှိ ပြင်သစ်စကားပြောနိုင်ငံများအပေါ် ဩဇာကြီးမားသည့်နိုင်ငံလည်းဖြစ်သည်။ အဆိုပါနိုင်ငံ များတွင် ရဝမ်ဒါ၊ နိုင်ဂျာ၊ ဘာကီနာဖာဆို၊ အိုက်ဗရီ ကို့စ်၊ ဆီနီဂေါ၊ ကင်မရွန်း၊ မက်ဒါဂါစကာ၊ ကွန်ဂိုနှင့် အယ်ဂျီးရီးယားနိုင်ငံတို့လည်း ပါဝင်သည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၏ ပြင်သစ်နှင့် နှစ်နိုင်ငံဆက်ဆံရေး ချဉ်းကပ်မှုမှာလည်း အီးယူတွင် ゞင်း၏အနာဂတ် ခိုင်မာစေ ရေးအတွက်လည်း အရေးကြီးသည်။ အိန္ဒိယနှင့် အီးယူတို့သည် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်(FTA) လက်မှတ်ရေးထိုးနိုင်ရေးဆွေးနွေးမှုများ ပြန်လည်စတင်နေသည်။ သို့ဖြစ်ရာ ပြင်သစ်ကဲ့သို့သော စီးပွားရေးအင်အားကြီး အီးယူ အဖွဲ့ဝင်နိုင်ငံနှင့် အပြုသဘောထိတွေ့ဆက် ဆံခြင်းဖြင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (FTA)ဖြစ်စဉ် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နိုင်ရေး အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်။
အိန္ဒိယ-ပြင်သစ် နှစ်နိုင်ငံကြားခိုင်မာသည့် ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ခြင်းသည် ဒေသတွင်း အခြားစိတ်တူကိုယ်တူ မိတ်ဖက်နိုင်ငံများ၏ သံတမန်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကိုလည်း ခိုင်မာ စေနိုင်သည်။ တစ်ချိန်တည်းမှာပင် ပစိဖိတ်ကျွန်းနိုင်ငံ များနှင့်ပူးပေါင်းပြီး ဖွံ့ဖြိုးရေး၊ လုံခြုံရေးနှင့် ရာသီဥတု ပြောင်းလဲရေးတို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ် သည်။ ပြင်သစ်နိုင်ငံ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာသည် ဒေသတွင်းဆိုင်ရာ အချုပ်အခြာပိုင်ဆိုင်မှုကို ထိန်းသိမ်းရန်နှင့် အများနှင့်ဆိုင်သည့် ရေလမ်း ကြောင်းများ ပွင့်နေစေရေးပင်ဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်းက ပြင်သစ်နိုင်ငံသည် အနောက်နိုင်ငံများနှင့် အခြားသော ဒေသတွင်းဆိုင်ရာ နိုင်ငံများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းအပါအဝင် အင်ဒို-ပစိဖိတ် ဒေသတွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများတွင် လည်း တက်ကြွစွာပါဝင်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုအရွေ့များ၏ဗဟိုချက်သည် အနောက်မှ ပစိဖိတ်ဒေသသို့ရောက်ရှိလာရာ ပြင်သစ်နိုင်ငံသည် အဆိုပါအရွေ့ကို လိုက်လျောညီထွေဖြစ်စေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ အိန္ဒိယနှင့်ပြင်သစ် နှစ်နိုင်ငံလုံးသည် ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံနှင့်ပတ် သက်၍ အမေရိကန်၏ မဟာဗျူဟာနောက်သို့ မလိုက်လိုသောနိုင်ငံများဟု သတ်မှတ်နိုင်သည်။ နှစ် နိုင်ငံလုံး၏ အဓိကဦးတည်ချက်မှာ စည်းမျဉ်းအခြေပြုဒေသဆိုင်ရာအစီအမံကိုထိန်းသိမ်းရန်နှင့် ဒေသတွင်းရှိ အရေးပါသည့်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင် ရွက်နိုင်မည့် နည်းလမ်းရှာဖွေရန်ပင် ဖြစ်သည်။
ပြင်သစ်နိုင်ငံသည် နေတိုးအဖွဲ့ဝင်ဖြစ် သော်လည်း အမေရိကန်၏ လောင်းရိပ်အောက်တွင် ရှိမနေဘဲ လွတ်လပ်သည့်နိုင်ငံခြားရေးမူဝါဒကို ကျင့် သုံးသည့်နိုင်ငံဖြစ်သည်။ အလားတူ အိန္ဒိယနိုင်ငံ သည်လည်း လွတ်လပ်သည့်နိုင်ငံခြားရေးမူဝါဒ ကျင့် သုံးသည့် nation-state နိုင်ငံအဖြစ် နာမည်ရသည်။ အင်ဒို-ပစိဖိတ်ဒေသသည် ပထဝီနိုင်ငံရေး၊ ပထဝီစီး ပွားရေး အကျိုးစီးပွားများဖြင့်ရှုပ်ထွေးပြီး ယှဉ်ပြိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ထိပ်တိုက်ရင်ဆိုင် ခြင်းဆိုသည့် နယ်ပယ်များရှိနေကြသည်။ အိန္ဒိယနှင့် ပြင်သစ်တို့သည် ၁၉၉၈ ခုနှစ်ကတည်းက မဟာဗျူ ဟာမိတ်ဖက်အဖြစ်ရှိနေပြီး တည်ငြိမ်သည့်ဆက်ဆံ ရေးကို ထိန်းထားနိုင်ကြသည်။
နှစ်နိုင်ငံ အကျိုးစီးပွားဆုံမှတ်
အင်အားကြီးနိုင်ငံများသည် ဒေသတွင်းတွင် အင်အားပြိုင်ဆိုင်မှုပြင်းထန်လာသည်နှင့်အမျှ အိန္ဒိယနှင့် ပြင်သစ်နိုင်ငံတို့သည်လည်း ငြိမ်းချမ်း သော၊ လွတ်လပ်ပွင့်လင်းပြီး အားလုံးပါဝင်သော အင် ဒို-ပစိဖိတ်ဒေသဖြစ်လာရေးကို အစွမ်းကုန်ကြိုးပမ်း လာကြခြင်းဖြစ်သည်။ အိန္ဒိယနှင့် ပြင်သစ်တို့သည် အင်ဒို-ပစိဖိတ်ဒေသတွင်းရှိ အရေးပါသည့် စီးပွားရေးနှင့် ပထဝီနိုင်ငံ ရေး အကျိုးစီးပွားများရှိနေကြသည့် နိုင်ငံများလည်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အဆိုပါ အင်အားကြီးနှစ်နိုင်ငံသည် ၂၀၁၈ ခုနှစ် က လက်မှတ်ရေးထိုးခဲ့သည့် အိန္ဒိယသမုဒ္ဒရာရှိ အိန္ဒိယ-ပြင်သစ် ပူးပေါင်းဆောင်ရွက်ရေး Joint Strategic Vision အောက်တွင် ၎င်းတို့၏ မိတ်ဖက်ဖြစ်မှုကို ပိုမိုမြှင့်တင်ဆောင်ရွက်နေကြခြင်းဖြစ်သည်။ အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာနှစ်ခုလုံးတွင် ကိုလိုနီနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှု အသားကျပြီး ဖြစ်သည့် ပြင်သစ်နိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသကို သဘာဝအရင်းအမြစ် (geographical reality) ကြွယ်ဝသည့်ဒေသတစ်ခုအဖြစ် ရှုမြင်ထားသည်။ ပြင်သစ်အထူးစီးပွားရေး သီးသန့်ဇုန်၏ ၉၃ ရာခိုင်နှုန်း သည် အင်ဒို-ပစိဖိတ်ဒေသတွင်တည်ရှိသည်။ ပြင်သစ်တပ်ဖွဲ့ဝင် ၈၃၀ဝ ကိုလည်း ဒေသတွင်းတွင် ဖြန့်ကြက်ချထားသည်။ ယင်းမှာ အင်ဒို-ပစိဖိတ်ဒေသ သည် ပြင်သစ်နိုင်ငံအတွက် မဟာဗျူဟာမြောက် အရေးကြီးကြောင်း သက်သေထူလိုက်ခြင်းပင်ဖြစ် သည်။ ပစိဖိတ်ဒေသရှိ အကျိုးစီးပွားများကို ထိန်း သိမ်းရန်နှင့် တရုတ်နှင့် အမေရိကန်တို့၏ အားပြိုင် မှုကြား ဟန်ချက်ညှိလိုသည့် ပြင်သစ်၊ ပြင်သစ်မှ တစ်ဆင့် အီးယူနှင့် အာဖရိကသို့ထိုးဖောက်ရန် ရည် မှန်းချက်နှင့် ပြင်သစ်ထံကနေ ကာကွယ်ရေးပစ္စည်းများ ဝယ်ယူရန်လိုလားနေသည့်အိန္ဒိယတို့၏ အကျိုးစီးပွား ဆုံမှတ်အဖြစ်တွေ့ကြရာ နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန်လည်ပတ်ခြင်းတို့ ဖြစ်လာရသည်ဟု သုံးသပ်ရသည်။
References : The French Connection: India-France Partnership for the Indo-Pacific Zeitgeist, Is France India’s Strategic Choice¿ India- France Relations: New Avenues For Cooperation in the Indo-Pacific
zawgyi version
အင္ဒို-ပစိဖိတ္မဟာဗ်ဴဟာအတြင္းက အိႏၵိယ-ျပင္သစ္ ဆက္ဆံေရးႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ား အျပန္အလွန္လည္ပတ္ (ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ေဖေဖာ္ဝါရီ ၂၉
ျပင္သစ္သမၼတ အီမန္န်ဴရယ္မက္ခ႐ြန္ သည္ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၂၆ ရက္ေန႔တြင္ ( ၇၅) ႏွစ္ေျမာက္ အိႏၵိယသမၼတ ႏိုင္ငံေန႔ အခမ္းအနားသို႔ အထူးဧည့္သည္ေတာ္အေနျဖင့္ တက္ေရာက္လာခဲ့သည္။ ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ားအား နယူးေဒလီၿမိဳ႕ ၏ လမ္းတစ္ေလွ်ာက္တြင္ စစ္အခမ္းအနားမ်ားျဖင့္ ႀကိဳဆိုခဲ့သည္။ ၂၀၂၃ ခုႏွစ္ ဇူလိုင္လတြင္ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီ ျပင္သစ္သို႔ လာေရာက္ခဲ့စဥ္ကလည္း သမၼတမက္ခ႐ြန္က အလားတူ စစ္အခမ္းအနားျဖင့္ တခမ္းတနားႀကိဳဆိုခဲ့သည္။ အေမရိကန္ႏွင့္အေနာက္ႏိုင္ငံမ်ားသည္ တ႐ုတ္ႏိုင္ငံကို စစ္ေရးအရလည္း ေကာင္း၊ စီးပြားေရးအရလည္းေကာင္း ဟန္ခ်က္ညႇိရန္အတြက္ အိႏၵိယႏိုင္ငံႏွင့္ ပိုမိုနီးကပ္သည့္ဆက္ဆံေရး တစ္ရပ္တည္ ေဆာက္ႏိုင္ရန္ ႀကိဳးပမ္းေနၾကရာ မက္ခ႐ြန္၏အႏၵိယခရီးစဥ္မွာ တစ္ခုအပါအဝင္ျဖစ္သည္။ အာရွ-ပစိဖိတ္ အင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံျဖစ္သည့္ ျပင္သစ္ႏိုင္ငံသည္လည္း ေဒသတြင္း ၎၏ အက်ိဳးစီး ပြားမ်ားကို ကာကြယ္ထိန္းသိမ္းႏိုင္ေရး အိႏၵိယႏိုင္ငံႏွင့္ နီးကပ္သည့္ဆက္ဆံေရးရရွိရန္ ႀကိဳးပမ္းျခင္းျဖစ္သည္။
သမၼတမက္ခ႐ြန္ အိႏၵိယႏိုင္ငံသို႔ မသြားေရာက္မီအတြင္းမွာပင္ အိႏၵိယႏိုင္ငံသည္ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးႏွင့္လုံၿခဳံေရးကိုထိန္းသိမ္းရာတြင္ အေရး ႀကီးသည့္မိတ္ဖက္ႏိုင္ငံျဖစ္သည္ဟု ျပင္သစ္ သမၼတ႐ုံးက ထုတ္ျပန္ေၾကညာခဲ့သည္။ အိႏၵိယႏိုင္ငံကလည္း ၎၏ ႏိုင္ငံျခားေရးမူဝါဒကို ထိန္းသိမ္းရန္အတြက္ ျပင္သစ္ပါဝင္သည့္အေနာက္ဘက္ဝင္႐ိုးတန္းဘက္ကို ပိုမိုအေလး ထားလာျခင္းျဖစ္သည္။ ျပင္သစ္ႏိုင္ငံ သည္ ဥေရာပတြင္ အိႏၵိယ ၏ အႀကီးဆုံး မဟာဗ်ဴဟာ မိတ္ဖက္ႏိုင္ငံျဖစ္ၿပီး ဒုတိယေျမာက္ လက္နက္တင္ ပို႔ေရာင္းခ်ေပးသည့္ ႏိုင္ငံလည္းျဖစ္သည္။
ကာကြယ္ေရးက႑တြင္ ပိုမိုပူးေပါင္း
ႏွစ္ႏိုင္ငံလုံးသည္ လုံၿခဳံေရးအရ အေမရိကန္အေပၚ မွီခိုေနရမႈကို ေရွာင္ရွားႏိုင္ရန္ ႀကိဳးပမ္း ေနၾကျခင္းျဖစ္သည္။ အိႏၵိယအစိုးရသည္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလတြင္ အိႏၵိယေရတပ္အတြက္ အေမရိကန္ေဒၚလာ ၆ ဘီလ်ံ တန္ဖိုးရွိ 26 Rafale Marine တိုက္ေလယာဥ္မ်ား ဝယ္ယူလိုေၾကာင္း ျပင္သစ္ႏိုင္ငံထံ တရားဝင္ကမ္းလွမ္းခဲ့သည္။ အိႏၵိယ သမုဒၵရာအတြင္းရွိ ၎၏ ကာကြယ္ေရးစြမ္းအားကို ျမႇင္တင္ရန္ ရည္႐ြယ္ျခင္းျဖစ္ပုံရသည္။ အိႏၵိယႏွင့္ ျပင္သစ္တို႔သည္ အင္ဒိုပစိဖိတ္ေဒသတြင္ မွ်ေဝရွိေန သည့္ ပထဝီႏိုင္ငံေရးဆိုင္ရာဦးတည္ခ်က္မ်ား အ ေကာင္အထည္ေဖာ္ရန္ ၎တို႔၏ ဆက္ဆံေရးအဝန္း အဝိုင္းကို ခ်ဲ႕ထြင္းေနၾကျခင္းလည္း ျဖစ္သည္။
ေဒသဆိုင္ရာ လုံးၿခဳံေရးဝန္းက်င္ မေရရာ မေသခ်ာ ျဖစ္လာသည့္အခ်ိန္တြင္ ကြၽန္းႏိုင္ငံမ်ားႏွင့္ အနီးကပ္ပူးေပါင္းေဆာင္႐ြက္မႈမ်ား ေပၚထြက္လာခဲ့ျခင္းျဖစ္သည္။ အင္အားႀကီးႏိုင္ငံမ်ား၏ ၿပိဳင္ဆိုင္မႈ သည္ ေရေၾကာင္းနယ္ပယ္တြင္ ဆက္ရွိေနရာ ကြၽန္းႏိုင္ငံမ်ားႏွင့္သံတမန္ဆက္ဆံေရးမွာလည္း ခိုင္မာ သည့္ ဆက္ဆံေရးျဖစ္ေစရန္အတြက္ အေရးပါသည့္ အေၾကာင္းအခ်က္ျဖစ္လာသည္။ အိႏၵိယ-ျပင္သစ္ ႏွစ္ႏိုင္ငံဆက္ဆံေရးမွာလည္း အလားတူျဖစ္ၿပီး Quad ႏွင့္ AUKUS ကဲ့သို႔ သံတမန္မိတ္ဖက္မ်ား အျဖစ္ပါ အေလးေပးေဆာင္႐ြက္ေနျခင္းျဖစ္သည္။
အင္ဒိုပစိဖိတ္ေဒသအတြင္း တ႐ုတ္ႏိုင္ငံ ၏ေျခဆန႔္မႈ အလွမ္းက်ယ္လာျခင္းကလည္း ႏိုင္ငံအမ်ားအျပားကို မလုံၿခဳံသကဲ့သို႔ ခံစားလာရေစသည္ ဟုလည္းဆိုသည္။ တ႐ုတ္ႏိုင္ငံ၏ ရပ္တည္မႈအေပၚတြင္လည္း အင္အားသုံးမည့္ႏိုင္ငံအျဖစ္ ရႈျမင္ခ်က္ မ်ားရွိသည္။ သို႔ျဖစ္ရာ အိႏၵိယႏွင့္ ျပင္သစ္ကဲ့သို႔ေသာ အင္အားအလယ္အလတ္အဆင့္ရွိသည့္ ႏိုင္ငံမ်ား ၾကားတြင္ ပိုမိုပူးေပါင္းေဆာင္႐ြက္မႈမ်ားသည္ ကြၽန္းႏိုင္ငံမ်ားအတြက္ အခြင့္ အလမ္းတစ္ရပ္ ျဖစ္ေစႏိုင္သည္။ အထူးသျဖင့္ ဖြံ႕ၿဖိဳးေရး၊ လုံၿခဳံေရး၊ ရာသီဥတု ေျပာင္းလဲမႈခံႏိုင္ရည္ရွိမႈႏွင့္ သံတမန္ေရးကိစၥမ်ား အထိ အက်ဳံးဝင္သည္။
အိႏၵိယႏွင့္ ျပင္သစ္ႏိုင္ငံတို႔သည္ ကာကြယ္ေရးက႑တြင္ ပိုမိုပူးေပါင္းေဆာင္႐ြက္လာ သည္။ အထူးသျဖင့္ တိုက္ေလယာဥ္အင္ဂ်င္ ဖြံ႕ၿဖိဳး ေရးကဲ့သို႔ေသာ လုပ္ငန္းမ်ားတြင္ အေလးအနက္ပူး ေပါင္း ေဆာင္႐ြက္ေနၾကျခင္းျဖစ္သည္။ ျပင္သစ္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံသို႔ ဒုတိယအႀကီးဆုံး ကာကြယ္ေရး ပစၥည္းတင္ပို႔သည့္ႏိုင္ငံျဖစ္သည္။ ထို႔ျပင္ ျပင္သစ္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံအတြက္ ျပည္တြင္းကာကြယ္ ေရးပစၥည္း ထုတ္လုပ္မႈ၊ နည္းပညာမွ်ေဝမႈႏွင့္ သုေတသနလုပ္ငန္းအတြက္လည္း အေရးႀကီးမိတ္ဖက္ႏိုင္ငံ ျဖစ္ႏိုင္ပါသည္။ အိႏၵိယႏိုင္ငံ၏ ေဒသတြင္းရည္မွန္းခ်က္မွာ ေရေၾကာင္းကိစၥရပ္မ်ားအေပၚ ေရရွည္အာ႐ုံ စိုက္ႏိုင္ေရးျဖစ္ သည္။ ျပင္သစ္ႏိုင္ငံ၏ အင္ဒို-ပစိဖိတ္မဟာဗ်ဴဟာမွာ ယခင္အတိုင္းနယ္ေျမအခ်ဳပ္ အျခာကာကြယ္ေရးႏွင့္ အမ်ားႏွင့္ဆိုင္သည့္ ေရေၾကာင္းပိုင္နက္မ်ားကို အသုံးျပဳႏိုင္ေရးပင္ျဖစ္သည္။ ျပင္သစ္ႏိုင္ငံသည္ ပစိဖိတ္သမုဒၵရာႏွင့္အိႏၵိယ သမုဒၵရာႏွစ္ခုရွိ နယ္ေျမမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ရန္ အေမရိကန္-တ႐ုတ္ အားၿပိဳင္မႈၾကား ဟန္ခ်က္ညႇိ ေပးသူအျဖစ္ သူ႔ကိုယ္သူ သေဘာ ထားေနျခင္း ျဖစ္သည္။ အင္ဒို-ပစိဖိတ္ေဒသတြင္ ျပင္သစ္ႏိုင္ငံ၏ ပါဝင္မႈမွာ တ႐ုတ္ႏိုင္ငံ၏ ၿခိမ္းေျခာက္ႏိုင္စြမ္းရွိမႈကို အသိအ မွတ္ျပဳၿပီး အေမရိကန္ႏွင့္ နီးစပ္မႈရွိေရးကို ထိန္းသိမ္းရန္မွာ မျဖစ္မေနလိုအပ္သည္။ အိႏၵိယႏွင့္ ျပင္သစ္ႏိုင္ငံတို႔သည္ ကြၽန္းႏိုင္ငံမ်ားႏွင့္ ပိုမိုပူးေပါင္း ေဆာင္႐ြက္ႏိုင္ေရး နည္းလမ္းရွာေဖြေနၿပီး ရာသီဥတု ေျပာင္းလဲေရးကိုလည္း အေရးႀကီးေသာ စိန္ေခၚမႈ တစ္ရပ္အျဖစ္ လက္ခံထားၾကသည္။ ႏွစ္ႏိုင္ငံလုံး သည္ အိႏၵိယသမုဒၵရာအတြင္း ပူးေပါင္းေဆာင္႐ြက္ခဲ့ ၾကဖူးသည့္ သမိုင္း ေၾကာင္းလည္းရွိခဲ့သည္။ အထူးသျဖင့္ သမား႐ိုးက်မဟုတ္သည့္ လုံၿခဳံေရးကိစၥရပ္မ်ား၊ အေျခခံအေဆာက္အအုံႏွင့္ ေဘးအႏၲရာယ္ ကူညီ ကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ ခဲ့ၾကသည္။ ႏွစ္ႏိုင္ငံလုံးသည္ Indian Ocean Commission ႏွင့္ Indian Ocean Rim Association တို႔တြင္လည္း ပါဝင္ခဲ့ၾကၿပီး စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးေရးႏွင့္ အိႏၵိယသမုဒၵရာ ကြၽန္းႏိုင္ငံမ်ား၏ ေရ ေၾကာင္းလုံၿခဳံေရးကို အာ႐ုံစိုက္ ေဆာင္႐ြက္ေနၾကျခင္း ျဖစ္သည္။ အိႏၵိယႏွင့္ ျပင္သစ္ႏိုင္ငံတို႔သည္ လြန္ခဲ့ သည့္ႏွစ္အေတာ္ၾကာကပင္ နည္းပညာက႑တြင္လည္း စတင္ပူးေပါင္းေဆာင္႐ြက္ခဲ့ၾကသည္။ အထူးသျဖင့္ ဥာဏ္ရည္တုနည္းပညာ(AI) ႏွင့္ စက္ျဖင့္ေလ့လာျခင္း machine learning (ML) တို႔တြင္ျဖစ္ သည္။ အိႏၵိယ၊ အေမရိကန္ႏွင့္ ျပင္သစ္ သုံးႏိုင္ငံတို႔ သည္ AI, ML စသည့္ ကိစၥရပ္မ်ားႏွင့္ပတ္သက္ေသာ အေရးႀကီးပလက္ေဖာင္းတစ္ခုအေနျဖင့္လည္း ေပၚ ထြက္လာခဲ့ျခင္း ျဖစ္သည္။
ကိုလိုနီဝါဒကို ဆန႔္က်င္သူႏွင့္ ကိုလိုနီျပဳခဲ့သူတို႔၏ မိတ္ဖက္ဆက္ဆံေရး
အိႏၵိယႏွင့္ ျပင္သစ္ႏိုင္ငံတို႔သည္ ၂၀၁၈ ခုႏွစ္တြင္ အိႏၵိယသမုဒၵရာအတြက္ မဟာဗ်ဴဟာ ေမွ်ာ္မွန္းခ်က္တစ္ရပ္ ခ်မွတ္ခဲ့ၾကသည္။ ႏွစ္ႏိုင္ငံတို႔ သည္ မဟာဗ်ဴဟာကိစၥရပ္မ်ားအေပၚတြင္ အျမင္ခ်င္း တူၾကသည္။ အိႏၵိယႏိုင္ငံသည္ ကိုလိုနီဝါဒကို ကာလ ၾကာရွည္ကတည္းက ဆန႔္က်င္ခဲ့သည့္ႏိုင္ငံျဖစ္ၿပီး ျပင္သစ္ႏိုင္ငံသည္ ကိုလိုနီျပဳခဲ့သည့္ အင္အားႀကီး ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္ခဲ့သည္။ သို႔ေသာ္ လက္ရွိအခ်ိန္တြင္ ၎တို႔ႏွစ္ႏိုင္ငံသည္ ကြၽန္းႏိုင္ငံမ်ားရွိ ေခါင္းေဆာင္ မ်ားႏွင့္ပူးေပါင္းၿပီး မဟာဗ်ဴဟာေမွ်ာ္မွန္းခ်က္ကို ဦးစားေပးေဆာင္႐ြက္ရမည္ဆိုသည့္ သေဘာထားအေပၚတြင္ တိုက္ဆိုင္မႈရွိၾကသည္။ အိႏၵိယသမုဒၵရာသည္ ပူးေပါင္းေဆာင္ ႐ြက္ေရးအတြက္သာမက ဩဇာလႊမ္းမိုးမႈယွဥ္ၿပိဳင္ေရးအတြက္လည္း စင္ျမင့္ တစ္ခုျဖစ္ႏိုင္သည္။ ႏွစ္ႏိုင္ငံၾကား ပြင့္လင္းျမင္သာ သည့္ေဆြးေႏြးမႈမ်ား၊ Track 1.5 ႏွင့္Track 2 အဆင့္ေဆြးေႏြးပြဲမ်ား မၾကာခဏျပဳလုပ္ျခင္းသည္ လည္း ႏွစ္ႏိုင္ငံၾကားတြင္ရွိေနႏိုင္သည့္စိုးရိမ္မႈမ်ား ေလ်ာ့ပါးသက္သာေစေရးအတြက္လည္း အေထာက္ အကူျဖစ္ေစႏိုင္သည္။
အိႏၵိယႏွင့္ ျပင္သစ္ႏိုင္ငံတို႔သည္ အင္ဒို-ပစိဖိတ္ လမ္းျပေျမ ပုံေအာက္တြင္ ေရေၾကာင္းအရင္းအျမစ္မ်ား စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးေရးႏွင့္ သတင္းအခ်က္အလက္မွ်ေဝေရးအတြက္ အေျခခံအ ေဆာက္အအုံပိုင္းအတြက္လည္း အစီအမံမ်ား ေရးဆြဲထားၾကၿပီးျဖစ္သည္။ န်ဴးကလီးယားလက္နက္ပိုင္ရွင္မ်ား လည္းျဖစ္၊ ကာကြယ္ေရးဘတ္ဂ်က္ အမ်ားအျပား အသုံးျပဳသည့္ႏိုင္ငံမ်ားလည္းျဖစ္ၾကသည့္ ႏွစ္ႏိုင္ငံလုံးသည္ အေမရိကန္ဦးေဆာင္သည့္ လုံၿခဳံ ေရးကြန္ ရက္မ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ေနသကဲ့သို႔ အင္ဒို-ပစိဖိတ္ေဒသရွိ ကြၽန္းႏိုင္ငံမ်ားႏွင့္ မဟာဗ်ဴဟာေျမာက္ ဆက္ဆံေရးတစ္ရပ္ ထူေထာင္ႏိုင္ရန္ ႀကိဳးပမ္းေနသည့္ႏိုင္ငံမ်ားလည္း ျဖစ္ေနျပန္သည္။ အိႏၵိယ-ျပင္သစ္ မိတ္ဖက္ျဖစ္မႈသည္ အင္ဒို-ပစိ ဖိတ္ လုံၿခဳံေရးဗိသုကာကို ပိုမိုခိုင္မာေစႏိုင္သည္ဟု လည္း ႏွစ္ႏိုင္ငံလုံးက ယူဆထားၾကသည္။
အိႏၵိယ၏ ေမွ်ာ္လင့္ခ်က္ႏွင့္ စည္းမ်ဥ္းအေျချပဳ ေဒသဆိုင္ရာ အစီအမံ
တ႐ုတ္ႏိုင္ငံသည္ အေမရိကန္ႏွင့္ ဥေရာပၿပီးလွ်င္ ျပင္သစ္၏ တတိယအႀကီးဆုံး ကုန္သြယ္ဖက္ႏိုင္ငံျဖစ္သည္။ သို႔ျဖစ္ရာ ျပင္သစ္သည္ ေနတိုးအဖြဲ႕ ဝင္လည္းျဖစ္ေနျပန္ရာ အေနာက္ႏွင့္အေရွ႕ၾကားတြင္ ၾကားညပ္ေနသကဲ့သို႔ ခံစားေနရသည္။ ျပင္သစ္ႏိုင္ငံ သည္ အိႏၵိယႏိုင္ငံ၏ အနာဂတ္အာဖရိက ဗ်ဴဟာအ တြက္လည္း အေရးႀကီးသည္။ ျပင္သစ္ႏိုင္ငံသည္ အာဖရိကရွိ ျပင္သစ္စကားေျပာႏိုင္ငံမ်ားအေပၚ ဩဇာႀကီးမားသည့္ႏိုင္ငံလည္းျဖစ္သည္။ အဆိုပါႏိုင္ငံ မ်ားတြင္ ရဝမ္ဒါ၊ ႏိုင္ဂ်ာ၊ ဘာကီနာဖာဆို၊ အိုက္ဗရီ ကို႔စ္၊ ဆီနီေဂါ၊ ကင္မ႐ြန္း၊ မက္ဒါဂါစကာ၊ ကြန္ဂိုႏွင့္ အယ္ဂ်ီးရီးယားႏိုင္ငံတို႔လည္း ပါဝင္သည္။ ထို႔ျပင္ အိႏၵိယႏိုင္ငံ၏ ျပင္သစ္ႏွင့္ ႏွစ္ႏိုင္ငံဆက္ဆံေရး ခ်ဥ္းကပ္မႈမွာလည္း အီးယူတြင္ ゞင္း၏အနာဂတ္ ခိုင္မာေစ ေရးအတြက္လည္း အေရးႀကီးသည္။ အိႏၵိယႏွင့္ အီးယူတို႔သည္ လြတ္လပ္ေသာကုန္သြယ္ေရး သေဘာတူညီခ်က္(FTA) လက္မွတ္ေရးထိုးႏိုင္ေရးေဆြးေႏြးမႈမ်ား ျပန္လည္စတင္ေနသည္။ သို႔ျဖစ္ရာ ျပင္သစ္ကဲ့သို႔ေသာ စီးပြားေရးအင္အားႀကီး အီးယူ အဖြဲ႕ဝင္ႏိုင္ငံႏွင့္ အျပဳသေဘာထိေတြ႕ဆက္ ဆံျခင္းျဖင့္ လြတ္လပ္ေသာကုန္သြယ္ေရး သေဘာတူညီခ်က္ (FTA)ျဖစ္စဥ္ အရွိန္အဟုန္ျဖင့္ အေကာင္အထည္ေဖာ္ႏိုင္ေရး အေထာက္အကူ ျဖစ္ေစႏိုင္မည္ျဖစ္သည္။
အိႏၵိယ-ျပင္သစ္ ႏွစ္ႏိုင္ငံၾကားခိုင္မာသည့္ ပူးေပါင္းေဆာင္ ႐ြက္မႈျမႇင့္တင္ျခင္းသည္ ေဒသတြင္း အျခားစိတ္တူကိုယ္တူ မိတ္ဖက္ႏိုင္ငံမ်ား၏ သံတမန္ေရးဆိုင္ရာ ႀကိဳးပမ္းအားထုတ္မႈမ်ားကိုလည္း ခိုင္မာ ေစႏိုင္သည္။ တစ္ခ်ိန္တည္းမွာပင္ ပစိဖိတ္ကြၽန္းႏိုင္ငံ မ်ားႏွင့္ပူးေပါင္းၿပီး ဖြံ႕ၿဖိဳးေရး၊ လုံၿခဳံေရးႏွင့္ ရာသီဥတု ေျပာင္းလဲေရးတို႔ကိုလည္း ေဆာင္႐ြက္ႏိုင္မည္ျဖစ္ သည္။ ျပင္သစ္ႏိုင္ငံ၏ အင္ဒို-ပစိဖိတ္ မဟာဗ်ဴဟာသည္ ေဒသတြင္းဆိုင္ရာ အခ်ဳပ္အျခာပိုင္ဆိုင္မႈကို ထိန္းသိမ္းရန္ႏွင့္ အမ်ားႏွင့္ဆိုင္သည့္ ေရလမ္း ေၾကာင္းမ်ား ပြင့္ေနေစေရးပင္ျဖစ္သည္။ မၾကာေသးမီ ႏွစ္မ်ားအတြင္းက ျပင္သစ္ႏိုင္ငံသည္ အေနာက္ႏိုင္ငံမ်ားႏွင့္ အျခားေသာ ေဒသတြင္းဆိုင္ရာ ႏိုင္ငံမ်ားႏွင့္ ပူးတြဲစစ္ေရးေလ့က်င့္ျခင္းအပါအဝင္ အင္ဒို-ပစိဖိတ္ ေဒသတြင္ျပဳလုပ္သည့္ စစ္ေရးေလ့က်င့္မႈမ်ားတြင္ လည္း တက္ႂကြစြာပါဝင္ခဲ့သည္။ ကမာၻလုံးဆိုင္ရာ ယွဥ္ၿပိဳင္မႈအေ႐ြ႕မ်ား၏ဗဟိုခ်က္သည္ အေနာက္မွ ပစိဖိတ္ေဒသသို႔ေရာက္ရွိလာရာ ျပင္သစ္ႏိုင္ငံသည္ အဆိုပါအေ႐ြ႕ကို လိုက္ေလ်ာညီေထြျဖစ္ေစရန္ ႀကိဳးပမ္းေနျခင္းျဖစ္သည္။ အိႏၵိယႏွင့္ျပင္သစ္ ႏွစ္ႏိုင္ငံလုံးသည္ ပင္လယ္ျပင္အတြင္း တ႐ုတ္ႏိုင္ငံႏွင့္ပတ္ သက္၍ အေမရိကန္၏ မဟာဗ်ဴဟာေနာက္သို႔ မလိုက္လိုေသာႏိုင္ငံမ်ားဟု သတ္မွတ္ႏိုင္သည္။ ႏွစ္ ႏိုင္ငံလုံး၏ အဓိကဦးတည္ခ်က္မွာ စည္းမ်ဥ္းအေျချပဳေဒသဆိုင္ရာအစီအမံကိုထိန္းသိမ္းရန္ႏွင့္ ေဒသတြင္းရွိ အေရးပါသည့္ႏိုင္ငံမ်ားႏွင့္ ပိုမိုပူးေပါင္းေဆာင္ ႐ြက္ႏိုင္မည့္ နည္းလမ္းရွာေဖြရန္ပင္ ျဖစ္သည္။
ျပင္သစ္ႏိုင္ငံသည္ ေနတိုးအဖြဲ႕ဝင္ျဖစ္ ေသာ္လည္း အေမရိကန္၏ ေလာင္းရိပ္ေအာက္တြင္ ရွိမေနဘဲ လြတ္လပ္သည့္ႏိုင္ငံျခားေရးမူဝါဒကို က်င့္ သုံးသည့္ႏိုင္ငံျဖစ္သည္။ အလားတူ အိႏၵိယႏိုင္ငံ သည္လည္း လြတ္လပ္သည့္ႏိုင္ငံျခားေရးမူဝါဒ က်င့္ သုံးသည့္ nation-state ႏိုင္ငံအျဖစ္ နာမည္ရသည္။ အင္ဒို-ပစိဖိတ္ေဒသသည္ ပထဝီႏိုင္ငံေရး၊ ပထဝီစီး ပြားေရး အက်ိဳးစီးပြားမ်ားျဖင့္ရႈပ္ေထြးၿပီး ယွဥ္ၿပိဳင္ျခင္း၊ ပူးေပါင္းေဆာင္႐ြက္ျခင္းႏွင့္ ထိပ္တိုက္ရင္ဆိုင္ ျခင္းဆိုသည့္ နယ္ပယ္မ်ားရွိေနၾကသည္။ အိႏၵိယႏွင့္ ျပင္သစ္တို႔သည္ ၁၉၉၈ ခုႏွစ္ကတည္းက မဟာဗ်ဴ ဟာမိတ္ဖက္အျဖစ္ရွိေနၿပီး တည္ၿငိမ္သည့္ဆက္ဆံ ေရးကို ထိန္းထားႏိုင္ၾကသည္။
ႏွစ္ႏိုင္ငံ အက်ိဳးစီးပြားဆုံမွတ္
အင္အားႀကီးႏိုင္ငံမ်ားသည္ ေဒသတြင္းတြင္ အင္အားၿပိဳင္ဆိုင္မႈျပင္းထန္လာသည္ႏွင့္အမွ် အိႏၵိယႏွင့္ ျပင္သစ္ႏိုင္ငံတို႔သည္လည္း ၿငိမ္းခ်မ္း ေသာ၊ လြတ္လပ္ပြင့္လင္းၿပီး အားလုံးပါဝင္ေသာ အင္ ဒို-ပစိဖိတ္ေဒသျဖစ္လာေရးကို အစြမ္းကုန္ႀကိဳးပမ္း လာၾကျခင္းျဖစ္သည္။ အိႏၵိယႏွင့္ ျပင္သစ္တို႔သည္ အင္ဒို-ပစိဖိတ္ေဒသတြင္းရွိ အေရးပါသည့္ စီးပြားေရးႏွင့္ ပထဝီႏိုင္ငံ ေရး အက်ိဳးစီးပြားမ်ားရွိေနၾကသည့္ ႏိုင္ငံမ်ားလည္း ျဖစ္သည္။ တစ္ခ်ိန္တည္းမွာပင္ အဆိုပါ အင္အားႀကီးႏွစ္ႏိုင္ငံသည္ ၂၀၁၈ ခုႏွစ္ က လက္မွတ္ေရးထိုးခဲ့သည့္ အိႏၵိယသမုဒၵရာရွိ အိႏၵိယ-ျပင္သစ္ ပူးေပါင္းေဆာင္႐ြက္ေရး Joint Strategic Vision ေအာက္တြင္ ၎တို႔၏ မိတ္ဖက္ျဖစ္မႈကို ပိုမိုျမႇင့္တင္ေဆာင္႐ြက္ေနၾကျခင္းျဖစ္သည္။ အိႏၵိယႏွင့္ ပစိဖိတ္သမုဒၵရာႏွစ္ခုလုံးတြင္ ကိုလိုနီႏိုင္ငံမ်ားႏွင့္ ထိေတြ႕ဆက္ဆံမႈ အသားက်ၿပီး ျဖစ္သည့္ ျပင္သစ္ႏိုင္ငံသည္ အင္ဒို-ပစိဖိတ္ေဒသကို သဘာဝအရင္းအျမစ္ (geographical reality) ႂကြယ္ဝသည့္ေဒသတစ္ခုအျဖစ္ ရႈျမင္ထားသည္။ ျပင္သစ္အထူးစီးပြားေရး သီးသန႔္ဇုန္၏ ၉၃ ရာခိုင္ႏႈန္း သည္ အင္ဒို-ပစိဖိတ္ေဒသတြင္တည္ရွိသည္။ ျပင္သစ္တပ္ဖြဲ႕ဝင္ ၈၃၀ဝ ကိုလည္း ေဒသတြင္းတြင္ ျဖန႔္ၾကက္ခ်ထားသည္။ ယင္းမွာ အင္ဒို-ပစိဖိတ္ေဒသ သည္ ျပင္သစ္ႏိုင္ငံအတြက္ မဟာဗ်ဴဟာေျမာက္ အေရးႀကီးေၾကာင္း သက္ေသထူလိုက္ျခင္းပင္ျဖစ္ သည္။ ပစိဖိတ္ေဒသရွိ အက်ိဳးစီးပြားမ်ားကို ထိန္း သိမ္းရန္ႏွင့္ တ႐ုတ္ႏွင့္ အေမရိကန္တို႔၏ အားၿပိဳင္ မႈၾကား ဟန္ခ်က္ညႇိလိုသည့္ ျပင္သစ္၊ ျပင္သစ္မွ တစ္ဆင့္ အီးယူႏွင့္ အာဖရိကသို႔ထိုးေဖာက္ရန္ ရည္ မွန္းခ်က္ႏွင့္ ျပင္သစ္ထံကေန ကာကြယ္ေရးပစၥည္းမ်ား ဝယ္ယူရန္လိုလားေနသည့္အိႏၵိယတို႔၏ အက်ိဳးစီးပြား ဆုံမွတ္အျဖစ္ေတြ႕ၾကရာ ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ား အျပန္အလွန္လည္ပတ္ျခင္းတို႔ ျဖစ္လာရသည္ဟု သုံးသပ္ရသည္။
References : The French Connection: India-France Partnership for the Indo-Pacific Zeitgeist, Is France India’s Strategic Choice¿ India- France Relations: New Avenues For Cooperation in the Indo-Pacific