မြောက်ဥက္ကလာပမြို့နယ်တွင် တွဲကားနှင့်စက်ဘီးတို့ တိုက်မိခဲ့ရာ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

 1293

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၉

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် တွဲကားနှင့်စက်ဘီးတို့တိုက်မိခဲ့ရာ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ထာဝရအလင်းတန်းပရဟိတအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(ဖေဖော်ဝါရီလ ၂၈ ရက်) ၊ မွန်းလွဲ ၃နာရီခွဲအချိန်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီလမ်းမ(ဌ)ကျောင်းလမ်း မှတ်တိုင်ရှေ့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

“တွဲကားကလာတာကို သူကလမ်းဆုံကနေ ဘက်ထရီဘီးနဲ့ဖြတ်တက်တာ။ အဲဒီမှာ တွဲကားရှေ့ကိုဖြတ်ဝင်သလိုဖြစ်ပြီး တက်ကြိတ်မိတာ”ဟု ထာရအလင်းတန်း ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၂၁)နှစ်အရွယ် မအိအိငြိမ်းတွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ သေဆုံးသူအမျိုး သမီး၏ ရုပ်အလောင်းကို ထာဝရအလင်းတန်းပရဟိတအသင်းမှ မြောက်ဥက္ကလာပမြို့နယ် မေဓာဝီ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ တြဲကားႏွင့္စက္ဘီးတို႔ တိုက္မိခဲ့ရာ အမ်ိဳးသမီးတစ္ဦး ပြဲခ်င္းၿပီးေသဆုံး

သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၉

ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ တြဲကားႏွင့္စက္ဘီးတို႔တိုက္မိခဲ့ရာ အမ်ိဳးသမီးတစ္ဦး ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ထာဝရအလင္းတန္းပရဟိတအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၂၈ ရက္) ၊ မြန္းလြဲ ၃နာရီခြဲအခ်ိန္ခန႔္က ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေဝဘာဂီလမ္းမ(ဌ)ေက်ာင္းလမ္း မွတ္တိုင္ေရွ႕၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ ေၾကာင္း သိရသည္။

“တြဲကားကလာတာကို သူကလမ္းဆုံကေန ဘက္ထရီဘီးနဲ႔ျဖတ္တက္တာ။ အဲဒီမွာ တြဲကားေရွ႕ကိုျဖတ္ဝင္သလိုျဖစ္ၿပီး တက္ႀကိတ္မိတာ”ဟု ထာရအလင္းတန္း ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အသက္(၂၁)ႏွစ္အ႐ြယ္ မအိအိၿငိမ္းတြင္ ဦးေခါင္းပြင့္ထြက္ ဒဏ္ရာျဖင့္ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ ေသဆုံးသူအမ်ိဳး သမီး၏ ႐ုပ္အေလာင္းကို ထာဝရအလင္းတန္းပရဟိတအသင္းမွ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေမဓာဝီ ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.