လစ်ဗျားနိုင်ငံရေးတွင် ရုရှားဝဂ္ဂနာကြေးစားတပ်ဖွဲ့တို့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာ

 910

ALynn (NP News) - မတ် ၁

လစ်ဗျားနိုင်ငံတွင် နှစ်ပေါင်းများစွာ စစ်ပွဲနှင့် နိုင်ငံရေးမတည်ငြိမ်မှုများ၊ ၂၀၂၃ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့ သည့်ရေကြီးရေလျှံမှုများ၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ပျက်ပြားခြင်းများကြောင့် ရုရှားဝဂ္ဂနာကဲ့သို့ ပြည်ပကြေးစား စစ်တပ်များ၏ လွှမ်းမိုးခြင်းခံနေရသည်။ ဝဂ္ဂနာအုပ်စုသည် ၂၀၁၈ ခုနှစ်ကတည်းက လစ်ဗျားတွင် ခြေကုပ်ရယူခဲ့ သည်။

ရေနံနှင့် ရွှေသယံဇာတပေါကြွယ်ဝသော လစ်ဗျားသည် ရုရှား၏ခေတ်သစ်ကိုလိုနီချဲ့ထွင်ခြင်းအတွက် အရေးပါ သောနိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ နိုင်ငံသည် ၂၀၁၄ ခုနှစ်ကတည်းက စင်ပြိုင် အုပ်ချုပ်‌ရေးနှစ်ရပ်အကြား အကွဲကွဲ အပြားပြားဖြစ်ခဲ့သည်။ လစ်ဗျား အနောက်ပိုင်းကို နိုင်ငံတကာ ကအသိအမှတ်ပြုထားသည့်ဝန်ကြီးချုပ် Abdul Hamid Dbeibah ဦးဆောင်သော ယာယီအစိုးရက အုပ်ချုပ်ပြီး ၎င်းကို တူရကီစစ်သွေးကြွများက ကျောထောက် နောက်ခံပြုထားပေးသည်။

နိုင်ငံအရှေ့ပိုင်းကိုမူ ဝန်ကြီးချုပ် Ossama Hamad ဦးဆောင်ကာ လစ်ဗျားအမျိုးသားတပ်မတော်က ကျောထောက်နောက်ခံပြုထားသည်။ ထို့ပြင် ၎င်းတပ်မတော်ကို ဝဂ္ဂနာအုပ်စုကလည်း အားဖြည့်ထားကာ ၎င်းအုပ်စုသည် လစ်ဗျားထံမှ ရေနံသယံဇာတများ အမြတ်ထုတ်ရန်ကြိုးပမ်းနေကြောင်း Chatham House ၏ အကြီးတန်းသုတေသီတစ်ဦးက သုံးသပ်ထားသည်။

ဝဂ္ဂနာအုပ်စုကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး သမ္မတပူတင်နှင့် ပုဂ္ဂိုလ်ရေးအရ နီးစပ်သူ ပရီဂိုဇင် က ဦးဆောင်ခဲ့သည်။ သို့သော် ၂ဝ၂၃ ခုနှစ်၊ ဇွန်လတွင် ပရီဂိုဇင်က ရုရှားအစိုးရအား ပုန်ကန်ခဲ့ပြီး နှစ်လအကြာ တွင်မူ လေယာဉ်ပျက်ကျသေဆုံးသွားခဲ့သည်။
ထိုအချိန်မှစ၍ ဝဂ္ဂနာအုပ်စုကို ရုရှားစစ်ထောက်လှမ်းရေးအတွက် အသုံးချလာခဲ့သည်။ ဝဂ္ဂနာအဖွဲ့၏ ခေါင်းဆောင်သစ် ဗိုလ်ချုပ် Andrei Averyanov သည် ပြည်ပလုပ်ကြံသတ်ဖြတ်မှုများကို ညွှန်ကြားစေခိုင်းသူဖြစ် ပြီး ဥရောပနိုင်ငံများ၏ နိုင်ငံရေးမတည်ငြိမ်အောင်လှုံ့ဆော်ရာတွင် အဓိကအခန်းကဏ္ဍတွင် ပါဝင်သူအဖြစ် ယူဆ ထားကြသည်။

၎င်း၏ အုပ်ချုပ်မှုအောက်တွင် လစ်ဗျားရှိ ဝဂ္ဂနာအဖွဲ့များကို နိုင်ငံခြားတပ်ဖွဲ့များ (Expeditionary Corps) အဖြစ် တံဆိပ်ပြောင်းလဲသတ်မှတ်ခဲ့သည်။

ဝဂ္ဂနာခေါင်းဆောင်သစ်နှင့် လစ်ဗျားအရှေ့ပိုင်းတပ်ဖွဲ့ခေါင်းဆောင်တို့နှစ်ဦးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ပထမအကြိမ်တွေ့ဆုံခဲ့ပြီး “သယံဇာတနှင့် လုံခြုံရေး ဖလှယ်ခြင်း” သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ဝဂ္ဂနာ အဖွဲ့များသည် လစ်ဗျားအရှေ့ပိုင်းတွင် လက်နက်များ တင်သွင်းခြင်း၊ မူးယစ်ဆေးမှောင်ခိုလုပ်ခြင်းနှင့် လစ်ဗျား လေတပ်စခန်း ၃ ခု ဆက်လက်လည်ပတ်နိုင်အောင် အထောက်အပံ့ပေးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ဝဂ္ဂနာအဖွဲ့ကို လက်ခံထားခြင်းကြောင့် လစ်ဗျားနိုင်ငံသားများသည် ဆိုးဆိုးရွားရွားလူအခွင့်အရေးချိုးဖောက်ခံ ရခြင်းများကို ကြုံတွေ့ခံစားနေရကြောင်း EU ၏ ၂၀၂၁ ခုနှစ်အစီရင်ခံတွင် ဖော်ပြခဲ့ဖူးသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက လစ်ဗျားတွင် နောက်ဆုံးအကြိမ်ရွေးကောက်ပွဲကျင်းပခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။ ထိုအချိန်မှစ၍ မည်သည့်နိုင်ငံရေးပါတီမှ လစ်ဗျား၏ ဆိုးရွားနေသော နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်း ပေးဖို့ ကြိုးစားဆောင်ရွက်ကြခြင်းမရှိတော့ပေ။

Zawgyi Version;
လစ္ဗ်ားႏိုင္ငံေရးတြင္ ႐ုရွားဝဂၢနာေၾကးစားတပ္ဖြဲ႕တို႔ ထဲထဲဝင္ဝင္ ပါဝင္ပတ္သက္လာ
ALynn (NP News) - မတ္ ၁

လစ္ဗ်ားႏိုင္ငံတြင္ ႏွစ္ေပါင္းမ်ားစြာ စစ္ပြဲႏွင့္ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ား၊ ၂၀၂၃ ခုႏွစ္ စက္တင္ဘာလက ျဖစ္ပြားခဲ့ သည့္ေရႀကီးေရလွ်ံမႈမ်ား၊ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးစနစ္ ပ်က္ျပားျခင္းမ်ားေၾကာင့္ ႐ုရွားဝဂၢနာကဲ့သို႔ ျပည္ပေၾကးစား စစ္တပ္မ်ား၏ လႊမ္းမိုးျခင္းခံေနရသည္။ ဝဂၢနာအုပ္စုသည္ ၂၀၁၈ ခုႏွစ္ကတည္းက လစ္ဗ်ားတြင္ ေျခကုပ္ရယူခဲ့ သည္။

ေရနံႏွင့္ ေ႐ႊသယံဇာတေပါႂကြယ္ဝေသာ လစ္ဗ်ားသည္ ႐ုရွား၏ေခတ္သစ္ကိုလိုနီခ်ဲ႕ထြင္ျခင္းအတြက္ အေရးပါ ေသာႏိုင္ငံတစ္ႏိုင္ငံျဖစ္လာသည္။ ႏိုင္ငံသည္ ၂၀၁၄ ခုႏွစ္ကတည္းက စင္ၿပိဳင္ အုပ္ခ်ဳပ္‌ေရးႏွစ္ရပ္အၾကား အကြဲကြဲ အျပားျပားျဖစ္ခဲ့သည္။ လစ္ဗ်ား အေနာက္ပိုင္းကို ႏိုင္ငံတကာ ကအသိအမွတ္ျပဳထားသည့္ဝန္ႀကီးခ်ဳပ္ Abdul Hamid Dbeibah ဦးေဆာင္ေသာ ယာယီအစိုးရက အုပ္ခ်ဳပ္ၿပီး ၎ကို တူရကီစစ္ေသြးႂကြမ်ားက ေက်ာေထာက္ ေနာက္ခံျပဳထားေပးသည္။

ႏိုင္ငံအေရွ႕ပိုင္းကိုမူ ဝန္ႀကီးခ်ဳပ္ Ossama Hamad ဦးေဆာင္ကာ လစ္ဗ်ားအမ်ိဳးသားတပ္မေတာ္က ေက်ာေထာက္ေနာက္ခံျပဳထားသည္။ ထို႔ျပင္ ၎တပ္မေတာ္ကို ဝဂၢနာအုပ္စုကလည္း အားျဖည့္ထားကာ ၎အုပ္စုသည္ လစ္ဗ်ားထံမွ ေရနံသယံဇာတမ်ား အျမတ္ထုတ္ရန္ႀကိဳးပမ္းေနေၾကာင္း Chatham House ၏ အႀကီးတန္းသုေတသီတစ္ဦးက သုံးသပ္ထားသည္။

ဝဂၢနာအုပ္စုကို ၂၀၁၄ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းတည္ေထာင္ခဲ့ၿပီး သမၼတပူတင္ႏွင့္ ပုဂၢိဳလ္ေရးအရ နီးစပ္သူ ပရီဂိုဇင္ က ဦးေဆာင္ခဲ့သည္။ သို႔ေသာ္ ၂ဝ၂၃ ခုႏွစ္၊ ဇြန္လတြင္ ပရီဂိုဇင္က ႐ုရွားအစိုးရအား ပုန္ကန္ခဲ့ၿပီး ႏွစ္လအၾကာ တြင္မူ ေလယာဥ္ပ်က္က်ေသဆုံးသြားခဲ့သည္။
ထိုအခ်ိန္မွစ၍ ဝဂၢနာအုပ္စုကို ႐ုရွားစစ္ေထာက္လွမ္းေရးအတြက္ အသုံးခ်လာခဲ့သည္။ ဝဂၢနာအဖြဲ႕၏ ေခါင္းေဆာင္သစ္ ဗိုလ္ခ်ဳပ္ Andrei Averyanov သည္ ျပည္ပလုပ္ႀကံသတ္ျဖတ္မႈမ်ားကို ၫႊန္ၾကားေစခိုင္းသူျဖစ္ ၿပီး ဥေရာပႏိုင္ငံမ်ား၏ ႏိုင္ငံေရးမတည္ၿငိမ္ေအာင္လႈံ႕ေဆာ္ရာတြင္ အဓိကအခန္းက႑တြင္ ပါဝင္သူအျဖစ္ ယူဆ ထားၾကသည္။

၎၏ အုပ္ခ်ဳပ္မႈေအာက္တြင္ လစ္ဗ်ားရွိ ဝဂၢနာအဖြဲ႕မ်ားကို ႏိုင္ငံျခားတပ္ဖြဲ႕မ်ား (Expeditionary Corps) အျဖစ္ တံဆိပ္ေျပာင္းလဲသတ္မွတ္ခဲ့သည္။

ဝဂၢနာေခါင္းေဆာင္သစ္ႏွင့္ လစ္ဗ်ားအေရွ႕ပိုင္းတပ္ဖြဲ႕ေခါင္းေဆာင္တို႔ႏွစ္ဦးသည္ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလတြင္ ပထမအႀကိမ္ေတြ႕ဆုံခဲ့ၿပီး “သယံဇာတႏွင့္ လုံၿခဳံေရး ဖလွယ္ျခင္း” သေဘာတူစာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ၾကသည္။ ဝဂၢနာ အဖြဲ႕မ်ားသည္ လစ္ဗ်ားအေရွ႕ပိုင္းတြင္ လက္နက္မ်ား တင္သြင္းျခင္း၊ မူးယစ္ေဆးေမွာင္ခိုလုပ္ျခင္းႏွင့္ လစ္ဗ်ား ေလတပ္စခန္း ၃ ခု ဆက္လက္လည္ပတ္ႏိုင္ေအာင္ အေထာက္အပံ့ေပးျခင္းမ်ား လုပ္ေဆာင္လ်က္ရွိသည္။

ဝဂၢနာအဖြဲ႕ကို လက္ခံထားျခင္းေၾကာင့္ လစ္ဗ်ားႏိုင္ငံသားမ်ားသည္ ဆိုးဆိုး႐ြား႐ြားလူအခြင့္အေရးခ်ိဳးေဖာက္ခံ ရျခင္းမ်ားကို ႀကဳံေတြ႕ခံစားေနရေၾကာင္း EU ၏ ၂၀၂၁ ခုႏွစ္အစီရင္ခံတြင္ ေဖာ္ျပခဲ့ဖူးသည္။ ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလက လစ္ဗ်ားတြင္ ေနာက္ဆုံးအႀကိမ္ေ႐ြးေကာက္ပြဲက်င္းပခဲ့ေသာ္လည္း ေအာင္ျမင္မႈမရွိခဲ့ေပ။ ထိုအခ်ိန္မွစ၍ မည္သည့္ႏိုင္ငံေရးပါတီမွ လစ္ဗ်ား၏ ဆိုး႐ြားေနေသာ ႏိုင္ငံေရးအက်ပ္အတည္းမ်ားကို ေျဖရွင္း ေပးဖို႔ ႀကိဳးစားေဆာင္႐ြက္ၾကျခင္းမရွိေတာ့ေပ။

Related news

© 2021. All rights reserved.