မြန်မာလုပ်သားများအနေဖြင့် ကိုရီးယားနိုင်ငံသို့လာစဥ် တားမြစ်ထားသည့်ပစ္စည်းများ စစ်ဆေးတွေ့ရှိပါက ဒဏ်ကြေးငွေ ဝမ်သိန်း(၅ဝ)အထိ တိုးကောက်မည်ဟု ကြေညာထား

1173

ယွန်း (NP News) - မတ် ၁
ကိုရီးယားနိုင်ငံသို့ လာရောက်အလုပ်လုပ်ကြသည့် E-9 မြန်မာလုပ်သားများထံမှ တားမြစ်ထားသည့်ပစ္စည်းများ စစ်ဆေးတွေ့ရှိပါက ဒဏ်ကြေးငွေ ဝမ်သိန်း (၅၀)အထိ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
EPS Center in Myanmar မှ ဖေဖော်ဝါရီလ ၂၉ ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကြမည့် E-9 လုပ်သားများကို အင်ချောန်လေဆိပ်သို့ ရောက်ရှိသည်နှင့် ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရုံး တာဝန်ခံများမှ ၎င်းတို့ယူဆောင်လာသည့် ခရီးဆောင်အိတ်များအား တားမြစ်ပစ္စည်းများ ယူဆောင်လာခြင်း ရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း HRDK (မြန်မာEPSစင်ဝာာ) နှင့် POEA (အလုပ်သမားပို့ဆောင်ရေးဌာန) တို့မှ သတိပေးမှာကြားပြီးဖြစ်ကြောင်း သိရသည်။
သို့သော် ကိုရီးယားလေဆိပ်၌ ရှာဖွေစစ်ဆေးရာတွင် ၎င်းတို့နိုင်ငံမှ တားမြစ်ထားသော လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို E-9 မြန်မာလုပ်သားများအနေဖြင့် ယူဆောင်လာခြင်းကို အပတ်စဥ်ရှာဖွေတွေ့ရှိနေကြောင်း EPS Center in Myanmar မှ ဆိုထားသည်။
ထိုသို့တွေ့ရှိပါက အင်ချောန်လေဆိပ်တာဝန်ရှိသူများမှ အဆိုပါပစ္စည်းများအား သိမ်းယူပြီး ဒဏ်ကြေးငွေ ဝမ် ၁ သိန်းအတွင်းသာ ဒဏ်ရိုက်ခြင်းပြုခဲ့ကြောင်း သိရသည်။
သို့သော် ဆက်လက်ယူဆောင်လာခြင်းများတွေ့ရှိနေရသောကြောင့် ဒဏ်ကြေးငွေပမာဏအား ဝမ် ၁ သိန်းမှ ဝမ်သိန်း ၅၀ အထိ တိုးမြှင့်လိုက်ကြောင်း သိရသည်။
သို့ဖြစ်၍ ကိုရီးယားနိုင်ငံသို့ ထွက်ခွာမည့် E-9 မြန်မာလုပ်သားများအနေဖြင့် အဆိုပါတားမြစ်ပစ္စည်းများ ယူဆောင်သွားခြင်းကို လုံးဝမပြုလုပ်ရန် EPS Center in Myanmar မှ သတိပေးထားသည်။

Zawgyi Version;
ျမန္မာလုပ္သားမ်ားအေနျဖင့္ ကိုရီးယားႏိုင္ငံသို႔လာစဥ္ တားျမစ္ထားသည့္ပစၥည္းမ်ား စစ္ေဆးေတြ႕ရွိပါက ဒဏ္ေၾကးေငြ ဝမ္သိန္း(၅ဝ)အထိ တိုးေကာက္မည္ဟု ေၾကညာထား
ယြန္း (NP News) - မတ္ ၁
ကိုရီးယားႏိုင္ငံသို႔ လာေရာက္အလုပ္လုပ္ၾကသည့္ E-9 ျမန္မာလုပ္သားမ်ားထံမွ တားျမစ္ထားသည့္ပစၥည္းမ်ား စစ္ေဆးေတြ႕ရွိပါက ဒဏ္ေၾကးေငြ ဝမ္သိန္း (၅၀)အထိ တိုးျမႇင့္ေကာက္ခံမည္ျဖစ္ေၾကာင္း သိရသည္။
EPS Center in Myanmar မွ ေဖေဖာ္ဝါရီလ ၂၉ ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ကိုရီးယားႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ၾကမည့္ E-9 လုပ္သားမ်ားကို အင္ေခ်ာန္ေလဆိပ္သို႔ ေရာက္ရွိသည္ႏွင့္ ကိုရီးယားႏိုင္ငံ လူဝင္မႈႀကီးၾကပ္ေရး႐ုံး တာဝန္ခံမ်ားမွ ၎တို႔ယူေဆာင္လာသည့္ ခရီးေဆာင္အိတ္မ်ားအား တားျမစ္ပစၥည္းမ်ား ယူေဆာင္လာျခင္း ရွိ/မရွိ စစ္ေဆးလ်က္ရွိေၾကာင္း HRDK (ျမန္မာEPSစင္ဝာာ) ႏွင့္ POEA (အလုပ္သမားပို႔ေဆာင္ေရးဌာန) တို႔မွ သတိေပးမွာၾကားၿပီးျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ ကိုရီးယားေလဆိပ္၌ ရွာေဖြစစ္ေဆးရာတြင္ ၎တို႔ႏိုင္ငံမွ တားျမစ္ထားေသာ လယ္ယာထြက္ကုန္ႏွင့္ စားေသာက္ကုန္ပစၥည္းမ်ားကို E-9 ျမန္မာလုပ္သားမ်ားအေနျဖင့္ ယူေဆာင္လာျခင္းကို အပတ္စဥ္ရွာေဖြေတြ႕ရွိေနေၾကာင္း EPS Center in Myanmar မွ ဆိုထားသည္။
ထိုသို႔ေတြ႕ရွိပါက အင္ေခ်ာန္ေလဆိပ္တာဝန္ရွိသူမ်ားမွ အဆိုပါပစၥည္းမ်ားအား သိမ္းယူၿပီး ဒဏ္ေၾကးေငြ ဝမ္ ၁ သိန္းအတြင္းသာ ဒဏ္႐ိုက္ျခင္းျပဳခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္ ဆက္လက္ယူေဆာင္လာျခင္းမ်ားေတြ႕ရွိေနရေသာေၾကာင့္ ဒဏ္ေၾကးေငြပမာဏအား ဝမ္ ၁ သိန္းမွ ဝမ္သိန္း ၅၀ အထိ တိုးျမႇင့္လိုက္ေၾကာင္း သိရသည္။
သို႔ျဖစ္၍ ကိုရီးယားႏိုင္ငံသို႔ ထြက္ခြာမည့္ E-9 ျမန္မာလုပ္သားမ်ားအေနျဖင့္ အဆိုပါတားျမစ္ပစၥည္းမ်ား ယူေဆာင္သြားျခင္းကို လုံးဝမျပဳလုပ္ရန္ EPS Center in Myanmar မွ သတိေပးထားသည္။