ပင်လယ်နီအတွင်း နစ်မြုပ်သွားသော သင်္ဘောကြောင့် ရေအောက်အင်တာနက်ကေဘယ်ကြိုးများ ထိခိုက်ပျက်စီး သွားနိုင်ဖွယ်ရှိကြောင်း အမေရိကန်အစိုးရပြော

815

Pika (NP News) - မတ် ၆
ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုနှင့်အတူ နစ်မြုပ်သွားသော သင်္ဘောတစ်စီးကြောင့် ပင်လယ်နီတွင်းရှိ ရေအောက်အင်တာနက်ကေဘယ်ကြိုးများ ထိခိုက်ပျက်စီးသွားနိုင်ဖွယ်ရှိကြောင်း အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လတွင် ဗြိတိန်နိုင်ငံပိုင် ကုန်တင်သင်္ဘော Rubymar သည် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကို ခံခဲ့ရပြီးနောက် နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။ ကုန်တင်သင်္ဘော Rubymar သည် အန္တရာယ်များသော ဓါတ်မြေဩဇာများကို သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
Belize နိုင်ငံတွင် မှတ်ပုံတင်ထားသော ကုန်တင်သင်္ဘော Rubymar သည် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှု များ စတင်ခဲ့သည့် ပြီးခဲ့သည့်နှစ်နိုဝင်ဘာလနောက်ပိုင်းတည်းက ပထမဆုံးနစ်မြုပ်ခဲ့သည့် သင်္ဘောဖြစ်ကြောင်း လည်း သိရသည်။ ပင်လယ်နီအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများ ကြောင့် သင်္ဘောကုမ္ပဏီများသည် ၎င်းတို့၏သင်္ဘောများကို ရှည်လျားသောရေကြောင်းလမ်းဖြစ်သည့် အာဖရိက တောင်ပိုင်းတစ်ဝိုက်သို့ လမ်းကြောင်းပြောင်းခိုင်းခဲ့ပြီး ပို့ဆောင်ခမြင့်မားခြင်းနှင့် ပို့ဆောင်မှုနှောင့်နှေးခြင်းတို့ ကြောင့် ကမ္ဘာ့ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း သိရသည်။
အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံ သည့်အနေဖြင့် ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောခဲ့သည်။ ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုများအား လက်တုံ့ပြန်သည့် အနေဖြင့် အမေရိကန်နှင့် ဗြိတိန်တို့၏တပ်ဖွဲ့များသည် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့က ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို တိုက်ခိုက်နေမှုများအား ရပ်တန့်မည် ဆိုမှသာ အမေရိကန်တပ်ဖွဲ့များသည် ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် တိုက်ခိုက်နေခြင်းများကို ရပ်တန့်သွားမည် ဖြစ်ကြောင်း အမေရိကန်အကြီးတန်းသံတမန်တစ်ဦးက ပြီးခဲ့သည့်လတွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

Zawgyi Version;
ပင္လယ္နီအတြင္း နစ္ျမဳပ္သြားေသာ သေဘၤာေၾကာင့္ ေရေအာက္အင္တာနက္ေကဘယ္ႀကိဳးမ်ား ထိခိုက္ပ်က္စီး သြားႏိုင္ဖြယ္ရွိေၾကာင္း အေမရိကန္အစိုးရေျပာ
Pika (NP News) - မတ္ ၆
ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕၏ တိုက္ခိုက္မႈႏွင့္အတူ နစ္ျမဳပ္သြားေသာ သေဘၤာတစ္စီးေၾကာင့္ ပင္လယ္နီတြင္းရွိ ေရေအာက္အင္တာနက္ေကဘယ္ႀကိဳးမ်ား ထိခိုက္ပ်က္စီးသြားႏိုင္ဖြယ္ရွိေၾကာင္း အေမရိကန္ အရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္လတြင္ ၿဗိတိန္ႏိုင္ငံပိုင္ ကုန္တင္သေဘၤာ Rubymar သည္ ဟူသီလက္နက္ကိုင္အဖြဲ႕၏ တိုက္ခိုက္မႈမ်ားကို ခံခဲ့ရၿပီးေနာက္ နစ္ျမဳပ္သြားခဲ့ေၾကာင္း သိရသည္။ ကုန္တင္သေဘၤာ Rubymar သည္ အႏၲရာယ္မ်ားေသာ ဓါတ္ေျမဩဇာမ်ားကို သယ္ေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
Belize ႏိုင္ငံတြင္ မွတ္ပုံတင္ထားေသာ ကုန္တင္သေဘၤာ Rubymar သည္ ဟူသီလက္နက္ကိုင္အဖြဲ႕၏ တိုက္ခိုက္မႈ မ်ား စတင္ခဲ့သည့္ ၿပီးခဲ့သည့္ႏွစ္ႏိုဝင္ဘာလေနာက္ပိုင္းတည္းက ပထမဆုံးနစ္ျမဳပ္ခဲ့သည့္ သေဘၤာျဖစ္ေၾကာင္း လည္း သိရသည္။ ပင္လယ္နီအတြင္း ဟူသီလက္နက္ကိုင္အဖြဲ႕၏ ဒ႐ုန္းႏွင့္ ဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္မႈမ်ား ေၾကာင့္ သေဘၤာကုမၸဏီမ်ားသည္ ၎တို႔၏သေဘၤာမ်ားကို ရွည္လ်ားေသာေရေၾကာင္းလမ္းျဖစ္သည့္ အာဖရိက ေတာင္ပိုင္းတစ္ဝိုက္သို႔ လမ္းေၾကာင္းေျပာင္းခိုင္းခဲ့ၿပီး ပို႔ေဆာင္ချမင့္မားျခင္းႏွင့္ ပို႔ေဆာင္မႈေႏွာင့္ေႏွးျခင္းတို႔ ေၾကာင့္ ကမာၻ႔ကုန္သြယ္မႈကို အေႏွာင့္အယွက္ျဖစ္ေစခဲ့ေၾကာင္း သိရသည္။
အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားၿပီးေနာက္ ဂါဇာကမ္းေျမာင္ေဒသရွိ ပါလက္စတိုင္းလူမ်ိဳးမ်ားကို ေထာက္ခံ သည့္အေနျဖင့္ ကုန္တင္သေဘၤာမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ေနျခင္းျဖစ္ေၾကာင္း ဟူသီလက္နက္ကိုင္အဖြဲ႕က ေျပာခဲ့သည္။ ပင္လယ္နီအတြင္းရွိ ကုန္တင္သေဘၤာမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ေနမႈမ်ားအား လက္တုံ႔ျပန္သည့္ အေနျဖင့္ အေမရိကန္ႏွင့္ ၿဗိတိန္တို႔၏တပ္ဖြဲ႕မ်ားသည္ ယီမင္ႏိုင္ငံရွိ ဟူသီလက္နက္ကိုင္အဖြဲ႕၏ ပစ္မွတ္မ်ားကို ေလေၾကာင္းမွ တိုက္ခိုက္မႈမ်ား ဆက္တိုက္လုပ္ေဆာင္ခဲ့သည္။
ဟူသီလက္နက္ကိုင္အဖြဲ႕က ပင္လယ္နီအတြင္းရွိ ကုန္တင္သေဘၤာမ်ားကို တိုက္ခိုက္ေနမႈမ်ားအား ရပ္တန႔္မည္ ဆိုမွသာ အေမရိကန္တပ္ဖြဲ႕မ်ားသည္ ဟူသီလက္နက္ကိုင္အဖြဲ႕အေပၚ တိုက္ခိုက္ေနျခင္းမ်ားကို ရပ္တန႔္သြားမည္ ျဖစ္ေၾကာင္း အေမရိကန္အႀကီးတန္းသံတမန္တစ္ဦးက ၿပီးခဲ့သည့္လတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။