ဇာတ်ကောင်သစ်များနှင့်အတူ ဆင်နွှဲသွားမည့် ခေတ်သစ် စစ်အေးတိုက်ပွဲ (ဘာသာပြန်ဆောင်းပါး)

 865

ALynn (NP News) - မတ် ၇

၂၀ ရာစု စစ်အေးတိုက်ပွဲသည် ကမ္ဘာ့ထိပ်တန်း ပင်လယ်ပိုင်နက်အကြီးဆုံးသူနှင့် ကုန်းမြေအစိုးရ သူတို့အကြား ပထဝီနိုင်ငံရေးထိပ်တိုက်တွေ့ဆုံမှု ကြီးဖြစ်ခဲ့သည်။ အဆိုပါ ဒွိဝင်ရိုးအခင်းအ ကျင်းတွင် ကမ္ဘာကြီးကို စိုးမိုးခြယ်လှယ်နိုင်ရေးအတွက် ပင်လယ် ပိုင်နက်အများစုကိုအစိုးရသော အမေရိကန်နှင့် ယူရေးရှ ကုန်း မြေပါဝါကို ပိုင်ဆိုင်ထားသော ဆိုဗီယက်တို့အကြား အားပြိုင်မှုကြီးပင်ဖြစ်သည်။

နေတိုး နှင့် ဝါဆောအကြား ရန်လိုမှုများနှင့်အတူ ဥရောပသည် အမေရိကန်နှင့် ဆိုဗီယက်တို့၏အားပြိုင်ရာ ဗဟိုချက်မဖြစ်ခဲ့ပြီး တတိယကမ္ဘာ့နိုင်ငံများကမူကြား ခံပဋိပက္ခများနှင့်အတူ ၎င်းတို့၏ လွှမ်းမိုးခြယ်လှယ် ခံများဖြစ်ခဲ့သည်။ စီအိုင်အေနှင့်ကေဂျီဘီ၏ ကြိုးကိုင်စီမံမှုဖြင့်သူလျှိုလုပ်ခြင်း၊ သံတမန်ရေးရာလျှို့ဝှက် ကြံစည်ခြင်း၊လုပ်ကြံသတ်ဖြတ်ခြင်းများအပြင် အရှေ့ အလယ်ပိုင်း၊အာဖရိက၊အာရှ၊လက်တင်အမေရိကနှင့် ကာရေဘီယန်ဒေသတို့တွင် လက်နက်ကိုင်စစ်သွေးကြွများ၊ ပြည်တွင်းစစ်များကို ဖန်တီးခဲ့ကြသည်။ ထိုကဲ့သို့ စူပါပါဝါနှစ်နိုင်ငံအကြားပြိုင်ဆိုင်မှုသည် ကမ္ဘာအနှံ့အပြား ဆုတ်ယုတ်မှုများ၊တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အနေအထားများကိုသာ သက်ရောက်စေခဲ့သည်။

စစ်အေးလွန်ကာလကိုမူ ဧကဝင်ရိုးကမ္ဘာဟု ယူဆကြပြီး အမေရိကန်တစ်နိုင်ငံတည်း၏ ကြီးစိုးမှုအောက်တွင် လစ်ဘရယ်ဒီမိုကရေစီ၊ဈေးကွက်စနစ် နှင့် လူ့အခွင့်အရေးအယူအဆများ ကျယ်ကျယ်ပြန့် ပြန့် ထွန်းကား လာလိမ့်မည်ဟု ပညာရှင်များက မျှော် မှန်းခဲ့ကြသည်။ သို့သော် ပရမ်းပတာနှင့် မင်းမဲ့ဆန်မှုများ၊ နာတာ ရှည်စစ်ပွဲများ၊ အကြမ်းဖက်မှုများဖြင့် ကမ္ဘာကြီးကတည်ငြိမ်အေးချမ်းမှုတို့ ပျောက်ဆုံးဆဲပင်ဖြစ်သည်။ ထို့ကြောင့် တစ်နိုင်ငံတည်းကပဲ ကြီးစိုးနေသည့် ပိုနေမြဲကျားနေမြဲအခြေအနေထက်စာလျှင် အင်အားကြီး နိုင်ငံသစ်များ ပေါ်ပေါက်ရေး အယူအဆများ ကြီးစိုးလာခဲ့သည်။ သို့ဖြစ်၍ ယနေ့ခေတ်သည် တဖြည်း ဖြည်း ဗဟုဝင်ရိုးကမ္ဘာဆီ တက်လှမ်းလျက်ရှိ နေပြီး အနာဂတ်တွင် ကမ္ဘာအားမျှခြေ ချိန်ခွင်လျှာ အပြောင်းအလဲဖြစ် စေမည့် အခြေအနေသုံးရပ်ရှိနေသည်။

ဆိုဗီယက်ခေတ်လွန် ရုရှား
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားခြင်းကြောင့် ရုရှားကို ဥရောပ၏ ဗဟိုချက်မကို ကာကွယ်နိုင်မည့် ကြားခံဇုန် ပျောက်ဆုံးသွားစေသည်။ ယူဂိုဆလားဗီးယားပြိုကွဲခြင်း၊ နေတိုး၏အရှေ့ဘက်ဆီသို့ ချဲ့ထွင်လာခြင်း၊ အမေရိကန်နှင့် နေတိုးတို့၏ ကြိုးကိုင်ခြယ် လှယ်မှုဖြင့် “အရောင်တော်လှန်ရေးများ”ပေါ်ပေါက်လာခြင်းတို့သည် ဆိုဗီယက်ခေတ်လွန် ရုရှားအတွက် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်သည့်အသွင် ဆောင်လာခဲ့သည်။ ထိုခြိမ်းခြောက်မှုများကို ရုရှားက စစ်အင်အားသုံး၍ တုံ့ပြန်မှုများဆောင်ရွက်ခဲ့သည်။ ယင်းတို့တွင် ဂျော်ဂျီယာ၊ ကာဇက်စတန်၊ ယူကရိန်း တို့၌ စစ်အင်အားသုံးခြင်းများအပြင် နျူကလီးယား အင်အားပြသခြင်းနှင့် ပေါင်းစပ် စစ်ပွဲတို့အထိ ပါဝင် နေသည်။ ရုရှားသည် အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာအောင် စွမ်းဆောင်နေသော်လည်း ၎င်း၏ ရည်မှန်းချက်များမှာ အကန့်အ သတ်ဖြင့်သာရှိခဲ့သည်။ ရုရှားသည် အရှေ့ဥရောပ၊ ဘော့လ်တစ်၊ ကော့ကေးဆပ်နှင့် ဗဟိုအာရှတို့တွင် လွှမ်းမိုးကြီးစိုးနိုင်ရန် အားထုတ်ခဲ့သော်လည်း အမေရိကန်နှင့် နေတိုးတို့၏ လွှမ်းမိုးနိုင်စွမ်းကို တန်ပြန်ရန်မူ မစွမ်းသာခဲ့ပါ။ ထို့ပြင် ရုရှား၏ ဖွံ့ဖြိုးတိုး တက်မှုပုံစံ၊ စံနှုန်းများ၊ ယဉ်ကျေးမှု နှင့် အယူအဆများသည် ခေတ်သစ်ကမ္ဘာ့စံချိန်များနှင့် လိုက်လျောညီထွေမှုမရှိဘဲ ဖြစ်နေသည်။ ဤတွင် အနောက်အုပ်စု၏ အယူအဆများကမူ ကမ္ဘာတစ်ဝန်း ကို ဖြန့်ကြက်နိုင်သည်အထိ အားကောင်းနေပါသည်။
မျက်မှောက်ခေတ်တွင် ရုရှားက ယူကရိန်း၏ မဟာဗျူဟာကျ အရေးပါမှုကို ဖယ်ရှားဖို့အတွက် ယူကရိန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားလျက်ရှိသော စစ်ပွဲကြီးသည် ရုရှား၏ အန္တရာယ်ရှိသော လုပ်ရပ်ဖြစ်နေသည်။ အမေရိကန်တို့အတွက်မူ ထိုစစ်ပွဲသည် ရုရှားကို အားနည်းယုတ်လျော့စေဖို့ အခွင့်အလမ်းတစ်ခုဖြစ်လာခဲ့ပြီး ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် ရုရှားကိုအလဲထိုးဖို့ ကြိုးပမ်းခဲ့ ကြသည်။ သို့သော် ပဋိပက္ခ၏ ရလဒ်သည် ယူကရိန်း ကို ရုရှား၏ လက်အောက်ခံအဖြစ်ရပ်တည်မလား သို့မဟုတ် အပြိုလဲခံမလားဟူသည့် အခြေအနေမျိုးကိုသာ ဦးတည်နေပြီး အဆုံးသတ်မည့် အနေအထားလည်း မရှိချေ။ ရုရှား၏ သယံဇာတကြွယ်ဝမှု၊ ဖျက်အား ပြင်းလက်နက်များ၊ နည်းပညာနှင့် ထောက်လှမ်းရေး ကျွမ်းကျင်မှုများသည် အမေရိကန်အတွက် စိန်ခေါ်မှု တစ်ခုဖြစ်လာသည်။ ထို့ပြင် ရုရှားသည် ဥရောပ၏ Rimland ကို ကာကွယ်နိုင်ရေး အမေရိကန်နှင့် အနောက်အုပ်စုကို အစွမ်းကုန် တားဆီးတုံ့ပြန်သွားမည့်အနေအထားတွင် ရှိနေသည့်အတွက် မျက်မှောက်ခေတ်စစ်အေးတိုက်ပွဲတွင် အလားအလာရှိသည့် ဇာတ်ကောင်ဖြစ်လာနိုင်သည်။

အရှေ့အလယ်ပိုင်းဒေသအတွင်း အင်အားကြီးထွား လာသော အီရန်
အရှေ့အလယ်ပိုင်းသည် ကုန်သွယ်ရေးလမ်း ကြောင်းနှင့် နယ်ချဲ့တို့ ကျက်စားရာဒေသ ဖြစ်ခဲ့သည့် အတွက် အင်အားကြီးနိုင်ငံများ မျက်စိကျရာအချက်အချာလည်းဖြစ်သည်။ ထို့ပြင် ဒေသတွင်း အင်အား တောင့်တင်း သော နိုင်ငံများကလည်း ၎င်းတို့၏ အာဏာကို ဖြန့်ကြက်ရန် ကြိုးပမ်းလျက်ရှိကြသည်။ ယခု အီရန်တစ်ဖြစ်လဲ ပါရှားသည် ဂရိ၊ ရောမနှင့် ဘိုင်ဇန်တိုင်းတို့ကို တိုက်ခိုက်၍ နယ်မြေချဲ့ထွင် ဩဇာလွှမ်းမိုးခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ဥရောပအင်ပါယာ ကြီးထွားလာခြင်းနှင့်အတူ ပြည် တွင်းရေးပြဿနာများကြောင့် ပါရှားသည် ထင်သလောက် အရေးမပါတော့ချေ။ အထူးသဖြင့် ယူကေနှင့်ရုရှားတို့၏ အရှေ့အာရှစင်္ကြံလမ်းများအပေါ် ပထဝီနိုင်ငံရေးအရကြီးစိုးရန် ကြိုးပမ်းသည့် ကစားပွဲများတွင် အီရန်က အရာမရောက်ခဲ့ချေ။ ၂၀ ရာစုတွင် အီရန်သည် ခေတ်နောက်ကျကျန်ခဲ့ပြီး ရေနံကြွယ်ဝမှုကသာ ၎င်းကိုတောင့်ခံပေးထားနိုင်ခဲ့သည်။ ပြည်သူကြိုက် ဝန်ကြီးချုပ် မိုဟာမက်မိုဆာဒေးကို စီအိုင်အေက ဖြုတ်ချခဲ့ပြီးနောက် အမေရိကန်အပေါ် အီရန် ပြည်သူများ မနှစ်မြို့ကြပေ။ ထို့နောက်ပိုင်းမှစ၍ အီရန်သည် အမေရိကန်တို့ ကျော ထောက်နောက်ခံပြုထားသည့် တူရကီ၊ အစ္စရေးတို့နှင့် ပခုံးချင်းယှဉ်နိုင်အောင် ကြိုးပမ်းလာခဲ့ပြီး ဒေသတွင်းလွှမ်းမိုးမှုရရှိအောင်စွမ်းဆောင်ခဲ့သည်။ အီရန်-အီရတ်စစ်ပွဲမှစ၍ ဖရိုဖရဲအခြေအနေကိုပင် အီရန်သည် ဒေသတွင်းခြယ်လှယ်ဖို့ အခွင့်အလမ်းအဖြစ် အသုံးချနိုင်ခဲ့သည်။

ထိုအခွင့်အလမ်းမှတစ်ဆင့် ရှီယိုက်မွတ်စလင်တို့၏ လွှမ်းမိုးမှုကျယ်ပြန့်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ အထူးသဖြင့် ဟစ်ဇ်ဘိုလာ၊ ဟားမတ်စ်၊ ဟူသီကဲ့သို့ စစ်သွေးကြွများ၏ ပံ့ပိုးမှုဖြင့် ဟောမုတ်ဇ်ရေလက် ကြားမှ ဖြတ်သန်းသွားလာလျက်ရှိသော ပင်လယ် ရေကြောင်းကို ပိတ်ဆို့ခြင်းဖြင့်လည်းကောင်း၊ ၎င်း၏ ရေကြောင်း တပ်ဖွဲ့ Quds force ၏ စစ်ဆင်ရေးများဖြင့်လည်းကောင်း၊ Levant၊ မက်ဆိုပိုတေးမီးယား၊ ပါရှန်ပင်လယ် ကွေ့နှင့် ဗဟိုအာရှတို့တွင် ၎င်း၏ ဩဇာကိုဖြန့်ကြက်တည် ဆောက်နိုင်ခဲ့သည်။ ထို့ပြင် အမေရိကန်၏ အရှေ့အလယ်ပိုင်းမူဝါဒထဲတွင် ရှိနေသည့် ဆော်ဒီအာရေဗျနှင့် အစ္စရေးတို့ကိုလည်း ခြိမ်းခြောက်လာခဲ့ပြီး ဒေသတွင်း အမေရိကန်မုန်းတီးရေးကို မီးစထိုးပေးခဲ့သည်။ ယနေ့ခေတ်တွင် ဖြစ်ပွားလျက်ရှိသော အစ္စရေး-ဟားမတ်စ်စစ်ပွဲတွင် အစ္စရေးကို အထောက်အပံ့ပေးခြင်းဖြင့် အမေရိကန်၏ပါဝင်ပတ်သက်မှုသည် ၎င်း၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာစေပါသည်။ ထို့ပြင် အစ္စရေး-ဟားမတ်စ်စစ်ပွဲ၏ ရိုက်ခတ်မှုသည် အာရပ်ကမ္ဘာကိုပါ တုန်လှုပ်လာစေပြီး အီရန်အတွက် အကျိုးအမြတ်မှာမူ ၎င်း၏ ရန်သူများကို အားနည်းယုတ်လျော့စေဖို့အတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာနိုင်ပါသည်။ ဤသို့ဖြင့် အရှေ့ အလယ်ပိုင်းရှိ အီရန်၏ အင်အားကြီးထွားလာမှုသည် ကမ္ဘာ့အခင်းအကျင်းကိုပါ အပြောင်းအလဲဖြစ်စေနိုင်ပြီး ခေတ်သစ်စစ်အေးတိုက်ပွဲတွင် ပါဝင်လာနိုင်သည့် အင်အားစုတစ်ရပ်လည်းဖြစ်လာနိုင်သည်။

အင်ဒိုပစိဖိတ်ဒေသနှင့်အတူ တရုတ်
တရုတ်သည် ၎င်း၏ကြွယ်ဝချမ်းသာမှု၊ ထွန်းကားသော ယဉ်ကျေးမှု၊ ဆန်းသစ်တီထွင်မှုများ ကြောင့် နှစ်ပေါင်းများစွာတိုင် သမိုင်းဝင်ကျော်ကြားသော အင်ပါယာနိုင်ငံဖြစ်ခဲ့သည်။ ၎င်းသည် အရှေ့ ဖျားဒေသ၊ ဗဟိုအာရှနှင့် အင်ဒိုချိုင်းနားတို့ကို လွှမ်းမိုး နိုင်ခဲ့သည်။ သို့သော် ၁၉ ရာစုနှင့် ၂၀ ရာစုများတွင် ဗြိတိန်၊ ဂျပန်နှင့် ရုရှားတို့၏ စွက်ဖက်မှုဖြင့် ပြည်တွင်း မငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တန့်နေခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။ မဟာခုန်ပျံကျော်လွှားစီမံကိန်း နှင့် ယဉ်ကျေးမှုတော်လှန်ရေးများက တရုတ်အတွက် အဆိုးရွားဆုံးရလဒ်များ ကိုသာ ဦးတည်စေသည်။ ထို့နောက် ၈၀ ခုနှစ်များရောက်မှ တိန့်ရှောင်ဖိန်၏ လက်တွေ့ကျသောပြုပြင် ပြောင်းလဲမှုများဖြင့် တရုတ် က နာလန်ထနိုင်ခဲ့သည်။

ဂျာမန်ပညာရှင် ဗိုလ်ချုပ် Karl Haushofer က အင်ဒိုပစိဖိတ်ဒေသသည် ကမ္ဘာ့ပထဝီနိုင်ငံရေး အတွက် အချက်အချာဆွဲငင်အားတစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ စစ်အေးကာလအတွင်း ကိုရီးယားကျွန်းဆွယ်နှင့် အရှေ့တောင်အာရှရှိ စစ်ရေးပဋိပက္ခများမှတစ်ဆင့် အမေရိကန်သည် အာရှ Rimland နိုင်ငံများဖြစ်သည့် ဂျပန်၊ ဖိလစ်ပိုင်၊ တောင် ကိုရီးယားနှင့် ထိုင်းတို့တွင် ခြေကုပ်ရယူလာနိုင်ခဲ့သည်။ ထို့ပြင် တရုတ်-ဆိုဗီယက်အကွဲအပြဲနောက်ပိုင်း ဟင်နရီကင်ဆင်ဂျာနှင့် ချူအင်လိုင်းတို့၏ ကြိုးကိုင်မှုဖြင့် တရုတ်နှင့် အမေရိကန်အကြား အစေးကပ်ခဲ့သည်။ ထို့နောက် အရင်းရှင်စီးပွားရေးစနစ်ကို စတင်ခဲ့သည့်အတွက် တရုတ်၏ စက်မှုကဏ္ဍ၊ နည်းပညာဆန်းသစ်မှု၊ ကုန်သွယ်ရေးနှင့်ဘဏ္ဍာရေးတို့တွင် များစွာဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ဤသို့ဖြင့် တရုတ်သည် ကုန်ထုတ်စွမ်းအားစုမြင့်မားစွာဖြင့် ကမ္ဘာ့ဈေးကွက်၏ လိုအပ်ချက်များကို ဖြည့်တင်းနိုင် လာပြီး GDP ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်လာခဲ့သည်။

ထိုကဲ့သို့ အမေရိကန်နှင့် ပခုံးချင်းယှဉ်လာနိုင်သောတရုတ်သည် အာရှဒေသတွင်းတွင် ဩဇာဖြန့်ကျက်နိုင် ရန်ကြိုးပမ်းလာခဲ့သည်။ သို့သော် တရုတ် သည် စစ်အင်အားကို အသုံးမပြုဘဲ စီးပွားရေးဖြင့်သာ ခြယ်လှယ်နိုင်ရန်ဆောင်ရွက်ခဲ့သည်။ BRI နှင့် RECP ကဲ့သို့ စီမံကိန်းများဖြင့်သာ တစ်ကမ္ဘာလုံးကို ဖြန့် ကျက်နိုင်ရန် ရည်ရွယ်ခဲ့သည်။ ထို့ပြင် တရုတ်သည် ထိပ်တိုက်တွေ့ဆုံမှုများအတွက်လည်း စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည်။ အမေရိ ကန်သည် တရုတ်တို့ ပင်လယ်ရေကြောင်း လွှမ်းမိုးမှုမရှိ စေရေး နိုင်ငံတကာရေကြောင်းလမ်းများတွင် Five Eyes, AUKUS နှင့် Quad ကဲ့သို့ မဟာမိတ်များ နှင့်အတူ ကြီးစိုးထားပါသည်။

အာရှဒေသတွင်းတွင် အင်အားကြီးနိုင်ငံများက ခြယ်လှယ်ရန်ကြိုးပမ်းအားထုတ်မှုများကြောင့် တင်းမာမှု များရှိနေသော်လည်း မျဉ်းနီကိုမကျော်သေးသည့်အတွက် ထိပ်တိုက်တွေ့ ဆုံမှုများအထိတော့ အရှိန်မလွန် သေးပါ။ တရုတ်-အိန္ဒိယ နယ်စပ်တင်းမာမှု၊ မြောက်ကိုရီးယား၏ စစ်ရေးခြိမ်းခြောက်မှုများ၊ ဂျပန်၏ စစ်အင်အားပြန်လည် တည်ဆောက်မှု၊ အမေရိကန်နှင့်တရုတ်အကြား ကုန်သွယ်ရေးစစ်ပွဲနှင့် တောင်တရုတ်ပင်လယ်ပြင် အတွင်းရေပိုင်နက်အငြင်းပွားမှုများက ဒေသတွင်းအားပြိုင်မှုများ၏ ပုံရိပ်များပင်ဖြစ်သည်။ ဤအခြေအနေတွင် ကြီးထွားလာသော တရုတ်နှင့် ပါဝါလျော့ကျလာသော အမေရိကန်တို့အကြား အန္တရာယ်ဖြစ်ဖွယ်အနေအထားကို ဦးတည်မသွားဖို့သာ မျှော်လင့်ရပါသည်။ ထို့ကြောင့် တရုတ်နှင့် အမေရိကန်တို့ အနေဖြင့် Thucydides’ Trap ကို ရှောင်လွှဲနိုင်မည် လား စောင့်ကြည့်ရဦး မည်ဖြစ်သည်။

စစ်အေးတိုက်ပွဲ ဗားရှင်း ၂.ဝ သည် ယခင်နှင့်မတူ ဒွိဝင်ရိုးပုံစံမဟုတ်တော့ဘဲ ဗဟုကမ္ဘာပုံစံ ဖန်တီးမည့် အင်အားစုအသစ်များပါဝင်လာမည် ဖြစ်သည်။ ခေတ်သစ်စစ်အေးတိုက်ပွဲကို ဆင်နွှဲမည့်နိုင်ငံများမှာ တရုတ်၊ ရုရှားနှင့် အီရန်တို့ဖြစ်ပြီး ကမ္ဘာ့အခင်းအကျင်းအလှည့်အပြောင်းအတွက် မဟာဗျူဟာမြောက်မိတ်ဖက် နိုင်ငံများလည်း ဖြစ်လာမည်ဖြစ်သည်။ ယင်းသုံးနိုင်ငံသည် အမေရိကန်၏ ဩဇာကို စိန်ခေါ်သွားမည်ဖြစ်ပြီး ခေတ်သစ်စစ်အေးတိုက်ပွဲ၏ ရလဒ်များကို မူခန့်မှန်းရခက်နေပါသေးသည်။ လက်ရှိ ယှဉ်ပြိုင်မှုတွင် ဇာတ်ကောင်များ များပြားလာသလို နျူကလီးယားအန္တရာယ်များ၊ ပါဝါပြကွက်များဖြင့် ရောယှက် လျက်ရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ ဇာတ်ကောင်သစ်များနှင့် ဆင်နွှဲသွားမည့် ခေတ်သစ်စစ်အေးတိုက် ပွဲသည် ကမ္ဘာကြီးကို ဟန်ချက်ညီညီ ထိန်းကျောင်းသွားနိုင်မည်လားကို စောင့်ကြည့်သွားရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရသည်။

zawgyi version
ဇာတ္ေကာင္သစ္မ်ားႏွင့္အတူ ဆင္ႏႊဲသြားမည့္ ေခတ္သစ္ စစ္ေအးတိုက္ပြဲ (ဘာသာျပန္ေဆာင္းပါး)
ALynn (NP News) - မတ္ ၇

၂၀ ရာစု စစ္ေအးတိုက္ပြဲသည္ ကမာၻ႔ထိပ္တန္း ပင္လယ္ပိုင္နက္အႀကီးဆုံးသူႏွင့္ ကုန္းေျမအစိုးရ သူတို႔အၾကား ပထဝီႏိုင္ငံေရးထိပ္တိုက္ေတြ႕ဆုံမႈ ႀကီးျဖစ္ခဲ့သည္။ အဆိုပါ ဒြိဝင္႐ိုးအခင္းအ က်င္းတြင္ ကမာၻႀကီးကို စိုးမိုးျခယ္လွယ္ႏိုင္ေရးအတြက္ ပင္လယ္ ပိုင္နက္အမ်ားစုကိုအစိုးရေသာ အေမရိကန္ႏွင့္ ယူေရးရွ ကုန္း ေျမပါဝါကို ပိုင္ဆိုင္ထားေသာ ဆိုဗီယက္တို႔အၾကား အားၿပိဳင္မႈႀကီးပင္ျဖစ္သည္။

ေနတိုး ႏွင့္ ဝါေဆာအၾကား ရန္လိုမႈမ်ားႏွင့္အတူ ဥေရာပသည္ အေမရိကန္ႏွင့္ ဆိုဗီယက္တို႔၏အားၿပိဳင္ရာ ဗဟိုခ်က္မျဖစ္ခဲ့ၿပီး တတိယကမာၻ႔ႏိုင္ငံမ်ားကမူၾကား ခံပဋိပကၡမ်ားႏွင့္အတူ ၎တို႔၏ လႊမ္းမိုးျခယ္လွယ္ ခံမ်ားျဖစ္ခဲ့သည္။ စီအိုင္ေအႏွင့္ေကဂ်ီဘီ၏ ႀကိဳးကိုင္စီမံမႈျဖင့္သူလွ်ိဳလုပ္ျခင္း၊ သံတမန္ေရးရာလွ်ိဳ႕ဝွက္ ႀကံစည္ျခင္း၊လုပ္ႀကံသတ္ျဖတ္ျခင္းမ်ားအျပင္ အေရွ႕ အလယ္ပိုင္း၊အာဖရိက၊အာရွ၊လက္တင္အေမရိကႏွင့္ ကာေရဘီယန္ေဒသတို႔တြင္ လက္နက္ကိုင္စစ္ေသြးႂကြမ်ား၊ ျပည္တြင္းစစ္မ်ားကို ဖန္တီးခဲ့ၾကသည္။ ထိုကဲ့သို႔ စူပါပါဝါႏွစ္ႏိုင္ငံအၾကားၿပိဳင္ဆိုင္မႈသည္ ကမာၻအႏွံ႔အျပား ဆုတ္ယုတ္မႈမ်ား၊တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားသည့္ အေနအထားမ်ားကိုသာ သက္ေရာက္ေစခဲ့သည္။

စစ္ေအးလြန္ကာလကိုမူ ဧကဝင္႐ိုးကမာၻဟု ယူဆၾကၿပီး အေမရိကန္တစ္ႏိုင္ငံတည္း၏ ႀကီးစိုးမႈေအာက္တြင္ လစ္ဘရယ္ဒီမိုကေရစီ၊ေဈးကြက္စနစ္ ႏွင့္ လူ႔အခြင့္အေရးအယူအဆမ်ား က်ယ္က်ယ္ျပန႔္ ျပန႔္ ထြန္းကား လာလိမ့္မည္ဟု ပညာရွင္မ်ားက ေမွ်ာ္ မွန္းခဲ့ၾကသည္။ သို႔ေသာ္ ပရမ္းပတာႏွင့္ မင္းမဲ့ဆန္မႈမ်ား၊ နာတာ ရွည္စစ္ပြဲမ်ား၊ အၾကမ္းဖက္မႈမ်ားျဖင့္ ကမာၻႀကီးကတည္ၿငိမ္ေအးခ်မ္းမႈတို႔ ေပ်ာက္ဆုံးဆဲပင္ျဖစ္သည္။ ထို႔ေၾကာင့္ တစ္ႏိုင္ငံတည္းကပဲ ႀကီးစိုးေနသည့္ ပိုေနၿမဲက်ားေနၿမဲအေျခအေနထက္စာလွ်င္ အင္အားႀကီး ႏိုင္ငံသစ္မ်ား ေပၚေပါက္ေရး အယူအဆမ်ား ႀကီးစိုးလာခဲ့သည္။ သို႔ျဖစ္၍ ယေန႔ေခတ္သည္ တျဖည္း ျဖည္း ဗဟုဝင္႐ိုးကမာၻဆီ တက္လွမ္းလ်က္ရွိ ေနၿပီး အနာဂတ္တြင္ ကမာၻအားမွ်ေျခ ခ်ိန္ခြင္လွ်ာ အေျပာင္းအလဲျဖစ္ ေစမည့္ အေျခအေနသုံးရပ္ရွိေနသည္။

ဆိုဗီယက္ေခတ္လြန္ ႐ုရွား
ဆိုဗီယက္ျပည္ေထာင္စုၿပိဳကြဲသြားျခင္းေၾကာင့္ ႐ုရွားကို ဥေရာပ၏ ဗဟိုခ်က္မကို ကာကြယ္ႏိုင္မည့္ ၾကားခံဇုန္ ေပ်ာက္ဆုံးသြားေစသည္။ ယူဂိုဆလားဗီးယားၿပိဳကြဲျခင္း၊ ေနတိုး၏အေရွ႕ဘက္ဆီသို႔ ခ်ဲ႕ထြင္လာျခင္း၊ အေမရိကန္ႏွင့္ ေနတိုးတို႔၏ ႀကိဳးကိုင္ျခယ္ လွယ္မႈျဖင့္ “အေရာင္ေတာ္လွန္ေရးမ်ား”ေပၚေပါက္လာျခင္းတို႔သည္ ဆိုဗီယက္ေခတ္လြန္ ႐ုရွားအတြက္ အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္သည့္အသြင္ ေဆာင္လာခဲ့သည္။ ထိုၿခိမ္းေျခာက္မႈမ်ားကို ႐ုရွားက စစ္အင္အားသုံး၍ တုံ႔ျပန္မႈမ်ားေဆာင္႐ြက္ခဲ့သည္။ ယင္းတို႔တြင္ ေဂ်ာ္ဂ်ီယာ၊ ကာဇက္စတန္၊ ယူကရိန္း တို႔၌ စစ္အင္အားသုံးျခင္းမ်ားအျပင္ န်ဴကလီးယား အင္အားျပသျခင္းႏွင့္ ေပါင္းစပ္ စစ္ပြဲတို႔အထိ ပါဝင္ ေနသည္။ ႐ုရွားသည္ အင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံျဖစ္လာေအာင္ စြမ္းေဆာင္ေနေသာ္လည္း ၎၏ ရည္မွန္းခ်က္မ်ားမွာ အကန႔္အ သတ္ျဖင့္သာရွိခဲ့သည္။ ႐ုရွားသည္ အေရွ႕ဥေရာပ၊ ေဘာ့လ္တစ္၊ ေကာ့ေကးဆပ္ႏွင့္ ဗဟိုအာရွတို႔တြင္ လႊမ္းမိုးႀကီးစိုးႏိုင္ရန္ အားထုတ္ခဲ့ေသာ္လည္း အေမရိကန္ႏွင့္ ေနတိုးတို႔၏ လႊမ္းမိုးႏိုင္စြမ္းကို တန္ျပန္ရန္မူ မစြမ္းသာခဲ့ပါ။ ထို႔ျပင္ ႐ုရွား၏ ဖြံ႕ၿဖိဳးတိုး တက္မႈပုံစံ၊ စံႏႈန္းမ်ား၊ ယဥ္ေက်းမႈ ႏွင့္ အယူအဆမ်ားသည္ ေခတ္သစ္ကမာၻ႔စံခ်ိန္မ်ားႏွင့္ လိုက္ေလ်ာညီေထြမႈမရွိဘဲ ျဖစ္ေနသည္။ ဤတြင္ အေနာက္အုပ္စု၏ အယူအဆမ်ားကမူ ကမာၻတစ္ဝန္း ကို ျဖန႔္ၾကက္ႏိုင္သည္အထိ အားေကာင္းေနပါသည္။
မ်က္ေမွာက္ေခတ္တြင္ ႐ုရွားက ယူကရိန္း၏ မဟာဗ်ဴဟာက် အေရးပါမႈကို ဖယ္ရွားဖို႔အတြက္ ယူကရိန္းကို စတင္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ ျဖစ္ပြားလ်က္ရွိေသာ စစ္ပြဲႀကီးသည္ ႐ုရွား၏ အႏၲရာယ္ရွိေသာ လုပ္ရပ္ျဖစ္ေနသည္။ အေမရိကန္တို႔အတြက္မူ ထိုစစ္ပြဲသည္ ႐ုရွားကို အားနည္းယုတ္ေလ်ာ့ေစဖို႔ အခြင့္အလမ္းတစ္ခုျဖစ္လာခဲ့ၿပီး ျပင္းထန္ေသာ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားျဖင့္ ႐ုရွားကိုအလဲထိုးဖို႔ ႀကိဳးပမ္းခဲ့ ၾကသည္။ သို႔ေသာ္ ပဋိပကၡ၏ ရလဒ္သည္ ယူကရိန္း ကို ႐ုရွား၏ လက္ေအာက္ခံအျဖစ္ရပ္တည္မလား သို႔မဟုတ္ အၿပိဳလဲခံမလားဟူသည့္ အေျခအေနမ်ိဳးကိုသာ ဦးတည္ေနၿပီး အဆုံးသတ္မည့္ အေနအထားလည္း မရွိေခ်။ ႐ုရွား၏ သယံဇာတႂကြယ္ဝမႈ၊ ဖ်က္အား ျပင္းလက္နက္မ်ား၊ နည္းပညာႏွင့္ ေထာက္လွမ္းေရး ကြၽမ္းက်င္မႈမ်ားသည္ အေမရိကန္အတြက္ စိန္ေခၚမႈ တစ္ခုျဖစ္လာသည္။ ထို႔ျပင္ ႐ုရွားသည္ ဥေရာပ၏ Rimland ကို ကာကြယ္ႏိုင္ေရး အေမရိကန္ႏွင့္ အေနာက္အုပ္စုကို အစြမ္းကုန္ တားဆီးတုံ႔ျပန္သြားမည့္အေနအထားတြင္ ရွိေနသည့္အတြက္ မ်က္ေမွာက္ေခတ္စစ္ေအးတိုက္ပြဲတြင္ အလားအလာရွိသည့္ ဇာတ္ေကာင္ျဖစ္လာႏိုင္သည္။

အေရွ႕အလယ္ပိုင္းေဒသအတြင္း အင္အားႀကီးထြား လာေသာ အီရန္
အေရွ႕အလယ္ပိုင္းသည္ ကုန္သြယ္ေရးလမ္း ေၾကာင္းႏွင့္ နယ္ခ်ဲ႕တို႔ က်က္စားရာေဒသ ျဖစ္ခဲ့သည့္ အတြက္ အင္အားႀကီးႏိုင္ငံမ်ား မ်က္စိက်ရာအခ်က္အခ်ာလည္းျဖစ္သည္။ ထို႔ျပင္ ေဒသတြင္း အင္အား ေတာင့္တင္း ေသာ ႏိုင္ငံမ်ားကလည္း ၎တို႔၏ အာဏာကို ျဖန႔္ၾကက္ရန္ ႀကိဳးပမ္းလ်က္ရွိၾကသည္။ ယခု အီရန္တစ္ျဖစ္လဲ ပါရွားသည္ ဂရိ၊ ေရာမႏွင့္ ဘိုင္ဇန္တိုင္းတို႔ကို တိုက္ခိုက္၍ နယ္ေျမခ်ဲ႕ထြင္ ဩဇာလႊမ္းမိုးခဲ့ၾကသည္။ သို႔ေသာ္ ေနာက္ပိုင္းတြင္ ဥေရာပအင္ပါယာ ႀကီးထြားလာျခင္းႏွင့္အတူ ျပည္ တြင္းေရးျပႆနာမ်ားေၾကာင့္ ပါရွားသည္ ထင္သေလာက္ အေရးမပါေတာ့ေခ်။ အထူးသျဖင့္ ယူေကႏွင့္႐ုရွားတို႔၏ အေရွ႕အာရွစႀကႍလမ္းမ်ားအေပၚ ပထဝီႏိုင္ငံေရးအရႀကီးစိုးရန္ ႀကိဳးပမ္းသည့္ ကစားပြဲမ်ားတြင္ အီရန္က အရာမေရာက္ခဲ့ေခ်။ ၂၀ ရာစုတြင္ အီရန္သည္ ေခတ္ေနာက္က်က်န္ခဲ့ၿပီး ေရနံႂကြယ္ဝမႈကသာ ၎ကိုေတာင့္ခံေပးထားႏိုင္ခဲ့သည္။ ျပည္သူႀကိဳက္ ဝန္ႀကီးခ်ဳပ္ မိုဟာမက္မိုဆာေဒးကို စီအိုင္ေအက ျဖဳတ္ခ်ခဲ့ၿပီးေနာက္ အေမရိကန္အေပၚ အီရန္ ျပည္သူမ်ား မႏွစ္ၿမိဳ႕ၾကေပ။ ထို႔ေနာက္ပိုင္းမွစ၍ အီရန္သည္ အေမရိကန္တို႔ ေက်ာ ေထာက္ေနာက္ခံျပဳထားသည့္ တူရကီ၊ အစၥေရးတို႔ႏွင့္ ပခုံးခ်င္းယွဥ္ႏိုင္ေအာင္ ႀကိဳးပမ္းလာခဲ့ၿပီး ေဒသတြင္းလႊမ္းမိုးမႈရရွိေအာင္စြမ္းေဆာင္ခဲ့သည္။ အီရန္-အီရတ္စစ္ပြဲမွစ၍ ဖ႐ိုဖရဲအေျခအေနကိုပင္ အီရန္သည္ ေဒသတြင္းျခယ္လွယ္ဖို႔ အခြင့္အလမ္းအျဖစ္ အသုံးခ်ႏိုင္ခဲ့သည္။

ထိုအခြင့္အလမ္းမွတစ္ဆင့္ ရွီယိုက္မြတ္စလင္တို႔၏ လႊမ္းမိုးမႈက်ယ္ျပန႔္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သည္။ အထူးသျဖင့္ ဟစ္ဇ္ဘိုလာ၊ ဟားမတ္စ္၊ ဟူသီကဲ့သို႔ စစ္ေသြးႂကြမ်ား၏ ပံ့ပိုးမႈျဖင့္ ေဟာမုတ္ဇ္ေရလက္ ၾကားမွ ျဖတ္သန္းသြားလာလ်က္ရွိေသာ ပင္လယ္ ေရေၾကာင္းကို ပိတ္ဆို႔ျခင္းျဖင့္လည္းေကာင္း၊ ၎၏ ေရေၾကာင္း တပ္ဖြဲ႕ Quds force ၏ စစ္ဆင္ေရးမ်ားျဖင့္လည္းေကာင္း၊ Levant၊ မက္ဆိုပိုေတးမီးယား၊ ပါရွန္ပင္လယ္ ေကြ႕ႏွင့္ ဗဟိုအာရွတို႔တြင္ ၎၏ ဩဇာကိုျဖန႔္ၾကက္တည္ ေဆာက္ႏိုင္ခဲ့သည္။ ထို႔ျပင္ အေမရိကန္၏ အေရွ႕အလယ္ပိုင္းမူဝါဒထဲတြင္ ရွိေနသည့္ ေဆာ္ဒီအာေရဗ်ႏွင့္ အစၥေရးတို႔ကိုလည္း ၿခိမ္းေျခာက္လာခဲ့ၿပီး ေဒသတြင္း အေမရိကန္မုန္းတီးေရးကို မီးစထိုးေပးခဲ့သည္။ ယေန႔ေခတ္တြင္ ျဖစ္ပြားလ်က္ရွိေသာ အစၥေရး-ဟားမတ္စ္စစ္ပြဲတြင္ အစၥေရးကို အေထာက္အပံ့ေပးျခင္းျဖင့္ အေမရိကန္၏ပါဝင္ပတ္သက္မႈသည္ ၎၏ ဂုဏ္သိကၡာကိုပါ ထိခိုက္လာေစပါသည္။ ထို႔ျပင္ အစၥေရး-ဟားမတ္စ္စစ္ပြဲ၏ ႐ိုက္ခတ္မႈသည္ အာရပ္ကမာၻကိုပါ တုန္လႈပ္လာေစၿပီး အီရန္အတြက္ အက်ိဳးအျမတ္မွာမူ ၎၏ ရန္သူမ်ားကို အားနည္းယုတ္ေလ်ာ့ေစဖို႔အတြက္ အခြင့္အေရးတစ္ရပ္ ျဖစ္လာႏိုင္ပါသည္။ ဤသို႔ျဖင့္ အေရွ႕ အလယ္ပိုင္းရွိ အီရန္၏ အင္အားႀကီးထြားလာမႈသည္ ကမာၻ႔အခင္းအက်င္းကိုပါ အေျပာင္းအလဲျဖစ္ေစႏိုင္ၿပီး ေခတ္သစ္စစ္ေအးတိုက္ပြဲတြင္ ပါဝင္လာႏိုင္သည့္ အင္အားစုတစ္ရပ္လည္းျဖစ္လာႏိုင္သည္။

အင္ဒိုပစိဖိတ္ေဒသႏွင့္အတူ တ႐ုတ္
တ႐ုတ္သည္ ၎၏ႂကြယ္ဝခ်မ္းသာမႈ၊ ထြန္းကားေသာ ယဥ္ေက်းမႈ၊ ဆန္းသစ္တီထြင္မႈမ်ား ေၾကာင့္ ႏွစ္ေပါင္းမ်ားစြာတိုင္ သမိုင္းဝင္ေက်ာ္ၾကားေသာ အင္ပါယာႏိုင္ငံျဖစ္ခဲ့သည္။ ၎သည္ အေရွ႕ ဖ်ားေဒသ၊ ဗဟိုအာရွႏွင့္ အင္ဒိုခ်ိဳင္းနားတို႔ကို လႊမ္းမိုး ႏိုင္ခဲ့သည္။ သို႔ေသာ္ ၁၉ ရာစုႏွင့္ ၂၀ ရာစုမ်ားတြင္ ၿဗိတိန္၊ ဂ်ပန္ႏွင့္ ႐ုရွားတို႔၏ စြက္ဖက္မႈျဖင့္ ျပည္တြင္း မၿငိမ္းခ်မ္းမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈ တန႔္ေနျခင္းမ်ားကို ျဖစ္ေပၚေစခဲ့သည္။ မဟာခုန္ပ်ံေက်ာ္လႊားစီမံကိန္း ႏွင့္ ယဥ္ေက်းမႈေတာ္လွန္ေရးမ်ားက တ႐ုတ္အတြက္ အဆိုး႐ြားဆုံးရလဒ္မ်ား ကိုသာ ဦးတည္ေစသည္။ ထို႔ေနာက္ ၈၀ ခုႏွစ္မ်ားေရာက္မွ တိန႔္ေရွာင္ဖိန္၏ လက္ေတြ႕က်ေသာျပဳျပင္ ေျပာင္းလဲမႈမ်ားျဖင့္ တ႐ုတ္ က နာလန္ထႏိုင္ခဲ့သည္။

ဂ်ာမန္ပညာရွင္ ဗိုလ္ခ်ဳပ္ Karl Haushofer က အင္ဒိုပစိဖိတ္ေဒသသည္ ကမာၻ႔ပထဝီႏိုင္ငံေရး အတြက္ အခ်က္အခ်ာဆြဲငင္အားတစ္ခုျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္။ စစ္ေအးကာလအတြင္း ကိုရီးယားကြၽန္းဆြယ္ႏွင့္ အေရွ႕ေတာင္အာရွရွိ စစ္ေရးပဋိပကၡမ်ားမွတစ္ဆင့္ အေမရိကန္သည္ အာရွ Rimland ႏိုင္ငံမ်ားျဖစ္သည့္ ဂ်ပန္၊ ဖိလစ္ပိုင္၊ ေတာင္ ကိုရီးယားႏွင့္ ထိုင္းတို႔တြင္ ေျခကုပ္ရယူလာႏိုင္ခဲ့သည္။ ထို႔ျပင္ တ႐ုတ္-ဆိုဗီယက္အကြဲအၿပဲေနာက္ပိုင္း ဟင္နရီကင္ဆင္ဂ်ာႏွင့္ ခ်ဴအင္လိုင္းတို႔၏ ႀကိဳးကိုင္မႈျဖင့္ တ႐ုတ္ႏွင့္ အေမရိကန္အၾကား အေစးကပ္ခဲ့သည္။ ထို႔ေနာက္ အရင္းရွင္စီးပြားေရးစနစ္ကို စတင္ခဲ့သည့္အတြက္ တ႐ုတ္၏ စက္မႈက႑၊ နည္းပညာဆန္းသစ္မႈ၊ ကုန္သြယ္ေရးႏွင့္ဘ႑ာေရးတို႔တြင္ မ်ားစြာဖြံ႕ၿဖိဳးတိုးတက္လာခဲ့သည္။ ဤသို႔ျဖင့္ တ႐ုတ္သည္ ကုန္ထုတ္စြမ္းအားစုျမင့္မားစြာျဖင့္ ကမာၻ႔ေဈးကြက္၏ လိုအပ္ခ်က္မ်ားကို ျဖည့္တင္းႏိုင္ လာၿပီး GDP ဒုတိယအျမင့္ဆုံးႏိုင္ငံျဖစ္လာခဲ့သည္။

ထိုကဲ့သို႔ အေမရိကန္ႏွင့္ ပခုံးခ်င္းယွဥ္လာႏိုင္ေသာတ႐ုတ္သည္ အာရွေဒသတြင္းတြင္ ဩဇာျဖန႔္က်က္ႏိုင္ ရန္ႀကိဳးပမ္းလာခဲ့သည္။ သို႔ေသာ္ တ႐ုတ္ သည္ စစ္အင္အားကို အသုံးမျပဳဘဲ စီးပြားေရးျဖင့္သာ ျခယ္လွယ္ႏိုင္ရန္ေဆာင္႐ြက္ခဲ့သည္။ BRI ႏွင့္ RECP ကဲ့သို႔ စီမံကိန္းမ်ားျဖင့္သာ တစ္ကမာၻလုံးကို ျဖန႔္ က်က္ႏိုင္ရန္ ရည္႐ြယ္ခဲ့သည္။ ထို႔ျပင္ တ႐ုတ္သည္ ထိပ္တိုက္ေတြ႕ဆုံမႈမ်ားအတြက္လည္း စစ္ေရးအရ ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ခဲ့သည္။ အေမရိ ကန္သည္ တ႐ုတ္တို႔ ပင္လယ္ေရေၾကာင္း လႊမ္းမိုးမႈမရွိ ေစေရး ႏိုင္ငံတကာေရေၾကာင္းလမ္းမ်ားတြင္ Five Eyes, AUKUS ႏွင့္ Quad ကဲ့သို႔ မဟာမိတ္မ်ား ႏွင့္အတူ ႀကီးစိုးထားပါသည္။

အာရွေဒသတြင္းတြင္ အင္အားႀကီးႏိုင္ငံမ်ားက ျခယ္လွယ္ရန္ႀကိဳးပမ္းအားထုတ္မႈမ်ားေၾကာင့္ တင္းမာမႈ မ်ားရွိေနေသာ္လည္း မ်ဥ္းနီကိုမေက်ာ္ေသးသည့္အတြက္ ထိပ္တိုက္ေတြ႕ ဆုံမႈမ်ားအထိေတာ့ အရွိန္မလြန္ ေသးပါ။ တ႐ုတ္-အိႏၵိယ နယ္စပ္တင္းမာမႈ၊ ေျမာက္ကိုရီးယား၏ စစ္ေရးၿခိမ္းေျခာက္မႈမ်ား၊ ဂ်ပန္၏ စစ္အင္အားျပန္လည္ တည္ေဆာက္မႈ၊ အေမရိကန္ႏွင့္တ႐ုတ္အၾကား ကုန္သြယ္ေရးစစ္ပြဲႏွင့္ ေတာင္တ႐ုတ္ပင္လယ္ျပင္ အတြင္းေရပိုင္နက္အျငင္းပြားမႈမ်ားက ေဒသတြင္းအားၿပိဳင္မႈမ်ား၏ ပုံရိပ္မ်ားပင္ျဖစ္သည္။ ဤအေျခအေနတြင္ ႀကီးထြားလာေသာ တ႐ုတ္ႏွင့္ ပါဝါေလ်ာ့က်လာေသာ အေမရိကန္တို႔အၾကား အႏၲရာယ္ျဖစ္ဖြယ္အေနအထားကို ဦးတည္မသြားဖို႔သာ ေမွ်ာ္လင့္ရပါသည္။ ထို႔ေၾကာင့္ တ႐ုတ္ႏွင့္ အေမရိကန္တို႔ အေနျဖင့္ Thucydides’ Trap ကို ေရွာင္လႊဲႏိုင္မည္ လား ေစာင့္ၾကည့္ရဦး မည္ျဖစ္သည္။

စစ္ေအးတိုက္ပြဲ ဗားရွင္း ၂.ဝ သည္ ယခင္ႏွင့္မတူ ဒြိဝင္႐ိုးပုံစံမဟုတ္ေတာ့ဘဲ ဗဟုကမာၻပုံစံ ဖန္တီးမည့္ အင္အားစုအသစ္မ်ားပါဝင္လာမည္ ျဖစ္သည္။ ေခတ္သစ္စစ္ေအးတိုက္ပြဲကို ဆင္ႏႊဲမည့္ႏိုင္ငံမ်ားမွာ တ႐ုတ္၊ ႐ုရွားႏွင့္ အီရန္တို႔ျဖစ္ၿပီး ကမာၻ႔အခင္းအက်င္းအလွည့္အေျပာင္းအတြက္ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ ႏိုင္ငံမ်ားလည္း ျဖစ္လာမည္ျဖစ္သည္။ ယင္းသုံးႏိုင္ငံသည္ အေမရိကန္၏ ဩဇာကို စိန္ေခၚသြားမည္ျဖစ္ၿပီး ေခတ္သစ္စစ္ေအးတိုက္ပြဲ၏ ရလဒ္မ်ားကို မူခန႔္မွန္းရခက္ေနပါေသးသည္။ လက္ရွိ ယွဥ္ၿပိဳင္မႈတြင္ ဇာတ္ေကာင္မ်ား မ်ားျပားလာသလို န်ဴကလီးယားအႏၲရာယ္မ်ား၊ ပါဝါျပကြက္မ်ားျဖင့္ ေရာယွက္ လ်က္ရွိေနသည္။ မည္သို႔ပင္ဆိုေစကာမူ ဇာတ္ေကာင္သစ္မ်ားႏွင့္ ဆင္ႏႊဲသြားမည့္ ေခတ္သစ္စစ္ေအးတိုက္ ပြဲသည္ ကမာၻႀကီးကို ဟန္ခ်က္ညီညီ ထိန္းေက်ာင္းသြားႏိုင္မည္လားကို ေစာင့္ၾကည့္သြားရမည္ျဖစ္ပါေၾကာင္း ေရးသားတင္ျပလိုက္ရသည္။

Related news

© 2021. All rights reserved.