ဟောင်ကောင်မှာ ခြင်မှတစ်ဆင့်ကူးစက်တဲ့ ချီကွန်ဂွန်ညာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု ပထမဆုံးအကြိမ်တွေ့ရှိ

104

ရောင်နီ (NP News) - အောက်တိုဘာ ၂၈
ဟောင်ကောင်မှာ ခြင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ ချီကွန်ဂွန်ညာဗိုင်းရပ်စ်ကို ဒေသတွင်း ကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပါတယ်။
ကူးစက်ခံရသူဟာ ဝမ်တိုင်စင်မှာ နေထိုင်တဲ့ အသက် ၈၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်က ခြေကျင်းဝတ်ရောင်ရမ်း နာကျင်ကာ ရက်အနည်းငယ်ကြာ ဖျားနာခြင်း၊ လက်နဲ့ခြေထောက် အဆစ်အမြစ်နာကျင်ခြင်းတို့ဖြစ်ခဲ့တယ်လို့ မြို့တော်ပြည်သူ့ကျန်းမာရေးအေဂျင်စီက အောက်တိုဘာ ၂၆ ရက်မှာ ကြေညာခဲ့ပါတယ်။ အမျိုးသမီးဟာ သြဂုတ်လကုန်ပိုင်းက တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်ကို ခရီးသွားခဲ့ပေမယ့် ဗိုင်းရပ်စ်ပိုးကူးစက်ချိန်မှာ ပြည်ပကို မသွားခဲ့တာကြောင့် မြို့တော်ကျန်းမာရေးအာဏာပိုင်တွေက ဒေသတွင်း ကူးစက်ခံရမှုဖြစ်ရပ်တစ်ခုအဖြစ် ကောက်ချက်ချခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ အထူးသဖြင့် နိုင်ငံတောင်ပိုင်းမှာ ချီကွန်ဂွန်ညာ ကူးစက်မှုမြင့်တက်လျက်ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ စက်တင်ဘာ ၂၇ ရက်အထိ ဂွမ်ဒေါင်းပြည်နယ်မှာ ကူးစက်မှု ၁၆၀၀၀ ကျော်ထိ မှတ်တမ်းတင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ချီကွန်ညာ ကူးစက်မှု လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်နီးပါးက တရုတ်ပြည်မကြီးမှာ ပထမဆုံး ကူးစက်ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံး ကူးစက်မှုဖြစ်ပါတယ်။
ခြင်မှ ဖြစ်တဲ့ ချီကွန်ဂွန်ညာဗိုင်းရပ်စ်ကူးစက်မှုဟာ ၁၉၅၂ ခုနှစ်က တန်ဇန်းနီးယားနိုင်ငံမှာ ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး လက္ခဏာတွေအနေနဲ့ ဖျားနာခြင်း၊ အဆစ်အမြစ်နာကျင်ခြင်းတို့ ဖြစ်စေပြီး အခြားလက္ခဏာတွေအနေနဲ့ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အော့အန်ခြင်း၊ မောပန်းခြင်းတို့ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ဟာ လူမှလူသို့ ကူးစက်မှုမရှိပေမယ့် ခြင်ကြောင့်ဖြစ်တာကြောင့် ရောဂါပျံ့နှံ့နှုန်းမြင့်ပါတယ်။
ဟောင်ကောင်မှာ ယခုနှစ်အတွင်း ပြည်ပမှဝင်ရောက်လာတဲ့ ချီကွန်ဂွန်ညာ ကူးစက်မှု ၄၆ မှု မှတ်တမ်းတင်ထားကာ မြို့တော်ရဲ့အစားအသောက်နှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနက နွေရာသီမှစ ဆေးဖြန်းခြင်း၊ ရေဝပ်နေရာများကို ဖယ်ရှားခြင်း စတဲ့ ခြင် ထိန်းချုပ်ရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ေဟာင္ေကာင္မွာ ျခင္မွတစ္ဆင့္ကူးစက္တဲ့ ခ်ီကြန္ဂြန္ညာဗိုင္းရပ္စ္ ျပည္တြင္းကူးစက္မႈ ပထမဆုံးအႀကိမ္ေတြ႕ရွိ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၈
ေဟာင္ေကာင္မွာ ျခင္မွတစ္ဆင့္ကူးစက္ႏိုင္တဲ့ ခ်ီကြန္ဂြန္ညာဗိုင္းရပ္စ္ကို ေဒသတြင္း ကူးစက္မႈ ပထမဆုံးအႀကိမ္ ေတြ႕ရွိခဲ့ပါတယ္။
ကူးစက္ခံရသူဟာ ဝမ္တိုင္စင္မွာ ေနထိုင္တဲ့ အသက္ ၈၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး ေအာက္တိုဘာ ၁၈ ရက္က ေျခက်င္းဝတ္ေရာင္ရမ္း နာက်င္ကာ ရက္အနည္းငယ္ၾကာ ဖ်ားနာျခင္း၊ လက္နဲ႔ေျခေထာက္ အဆစ္အျမစ္နာက်င္ျခင္းတို႔ျဖစ္ခဲ့တယ္လို႔ ၿမိဳ႕ေတာ္ျပည္သူ႔က်န္းမာေရးေအဂ်င္စီက ေအာက္တိုဘာ ၂၆ ရက္မွာ ေၾကညာခဲ့ပါတယ္။ အမ်ိဳးသမီးဟာ ၾသဂုတ္လကုန္ပိုင္းက တ႐ုတ္ႏိုင္ငံ ဂြမ္ေဒါင္းျပည္နယ္ကို ခရီးသြားခဲ့ေပမယ့္ ဗိုင္းရပ္စ္ပိုးကူးစက္ခ်ိန္မွာ ျပည္ပကို မသြားခဲ့တာေၾကာင့္ ၿမိဳ႕ေတာ္က်န္းမာေရးအာဏာပိုင္ေတြက ေဒသတြင္း ကူးစက္ခံရမႈျဖစ္ရပ္တစ္ခုအျဖစ္ ေကာက္ခ်က္ခ်ခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံ၊ အထူးသျဖင့္ ႏိုင္ငံေတာင္ပိုင္းမွာ ခ်ီကြန္ဂြန္ညာ ကူးစက္မႈျမင့္တက္လ်က္ရွိေနၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕အဆိုအရ စက္တင္ဘာ ၂၇ ရက္အထိ ဂြမ္ေဒါင္းျပည္နယ္မွာ ကူးစက္မႈ ၁၆၀၀၀ ေက်ာ္ထိ မွတ္တမ္းတင္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။ ဒါဟာ ခ်ီကြန္ညာ ကူးစက္မႈ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ဆယ္နီးပါးက တ႐ုတ္ျပည္မႀကီးမွာ ပထမဆုံး ကူးစက္ေပၚေပါက္ခဲ့ၿပီးေနာက္ပိုင္း အႀကီးမားဆုံး ကူးစက္မႈျဖစ္ပါတယ္။
ျခင္မွ ျဖစ္တဲ့ ခ်ီကြန္ဂြန္ညာဗိုင္းရပ္စ္ကူးစက္မႈဟာ ၁၉၅၂ ခုႏွစ္က တန္ဇန္းနီးယားႏိုင္ငံမွာ ပထမဆုံးေတြ႕ရွိခဲ့တာျဖစ္ၿပီး လကၡဏာေတြအေနနဲ႔ ဖ်ားနာျခင္း၊ အဆစ္အျမစ္နာက်င္ျခင္းတို႔ ျဖစ္ေစၿပီး အျခားလကၡဏာေတြအေနနဲ႔ ေခါင္းကိုက္ျခင္း၊ ႂကြက္သားနာက်င္ျခင္း၊ ေအာ့အန္ျခင္း၊ ေမာပန္းျခင္းတို႔ျဖစ္ႏိုင္ပါတယ္။ ဗိုင္းရပ္စ္ဟာ လူမွလူသို႔ ကူးစက္မႈမရွိေပမယ့္ ျခင္ေၾကာင့္ျဖစ္တာေၾကာင့္ ေရာဂါပ်ံ႕ႏွံ႔ႏႈန္းျမင့္ပါတယ္။
ေဟာင္ေကာင္မွာ ယခုႏွစ္အတြင္း ျပည္ပမွဝင္ေရာက္လာတဲ့ ခ်ီကြန္ဂြန္ညာ ကူးစက္မႈ ၄၆ မႈ မွတ္တမ္းတင္ထားကာ ၿမိဳ႕ေတာ္ရဲ႕အစားအေသာက္ႏွင့္ပတ္ဝန္းက်င္သန႔္ရွင္းေရးဌာနက ေႏြရာသီမွစ ေဆးျဖန္းျခင္း၊ ေရဝပ္ေနရာမ်ားကို ဖယ္ရွားျခင္း စတဲ့ ျခင္ ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြကို တိုးျမႇင့္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။