စင်ကာပူ HDB ကားပါကင် ၂၀၀၀ မှာ ၁၆ဝဝ ကျော်ထိ EV အားသွင်းကိရိယာများ တပ်ဆင်ပြီးစီး

 170

ရောင်နီ (NP News) - အောက်တိုဘာ ၂၈

စင်ကာပူ အိမ်ရာဘုတ်အဖွဲ့ (HDB) ကားရပ်နားရာနေရာ ၂၀၀၀ မှာ ၈၅ ရာခိုင်နှုန်းခန့် (သို့) ၁၆၀၀ ကျော်ဟာ လျှပ်စစ်မော်တော်ယာဉ် (EVs) တွေ အတွက် အားသွင်းကိရိယာတွေ တပ်ဆင်ထားပြီးဖြစ်ပြီး ၂၀၂၅ ခုနှစ်ကုန်မှာ နောက်ထပ် ကားရပ်နားရာနေရာ ၁၅၀ မှာ အားသွင်းကိရိယာတွေ တပ်ဆင်သွားမယ်လို့ ဆိုပါတယ်။
နည်းပညာဆိုင်ရာကန့်သတ်ချက်တွေနဲ့ အသုံးပြုသူ အမျိုးမျိုးရဲ့ကားရပ်နားဖို့ လိုအပ်ချက်တွေ ဟန်ချက်ညီစေဖို့ ဦးစားပေးနေတာကြောင့် ဒီနှုန်းထားဟာ ၂၀၂၆ ခုနှစ်မှာ အားသွင်းကိရိယာတွေ အပြီးတပ်ဆပ်ထားပြီးဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကိုတော့ ပြည့်မီခြင်း မရှိပါဘူးလို့ Land Transport Authority (LTA) က ပြောကြားပါတယ်။ LTA က လက်ရှိ EV အားသွင်းစက်တွေ မရှိသေးတဲ့ HDB ကားပါကင် ၃၀၀ မှာ အားသွင်းနှုန်းနှေးပေမယ့် ညလုံးပေါက်အားသွင်းနိုင်တဲ့ ၇.၄ ကီလိုဝပ် (kW) အားသွင်းစက် သုံးခု တပ်ဆင်ပေးယ်လို့ ဆိုပါတယ်။
နောက်ထပ် ကားပါကင်နေရာတွေဖြစ်တဲ့ Fernvale Road၊ Ang Mo Kio Street 22 နဲ့ Eunos Crescent မှာ နောက်ထပ်အားသွင်းကိရိယာတွေ တပ်ဆင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

Zawgyi Version:
စင္ကာပူ HDB ကားပါကင္ ၂၀၀၀ မွာ ၁၆ဝဝ ေက်ာ္ထိ EV အားသြင္းကိရိယာမ်ား တပ္ဆင္ၿပီးစီး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၈
စင္ကာပူ အိမ္ရာဘုတ္အဖြဲ႕ (HDB) ကားရပ္နားရာေနရာ ၂၀၀၀ မွာ ၈၅ ရာခိုင္ႏႈန္းခန႔္ (သို႔) ၁၆၀၀ ေက်ာ္ဟာ လွ်ပ္စစ္ေမာ္ေတာ္ယာဥ္ (EVs) ေတြ အတြက္ အားသြင္းကိရိယာေတြ တပ္ဆင္ထားၿပီးျဖစ္ၿပီး ၂၀၂၅ ခုႏွစ္ကုန္မွာ ေနာက္ထပ္ ကားရပ္နားရာေနရာ ၁၅၀ မွာ အားသြင္းကိရိယာေတြ တပ္ဆင္သြားမယ္လို႔ ဆိုပါတယ္။
နည္းပညာဆိုင္ရာကန႔္သတ္ခ်က္ေတြနဲ႔ အသုံးျပဳသူ အမ်ိဳးမ်ိဳးရဲ႕ကားရပ္နားဖို႔ လိုအပ္ခ်က္ေတြ ဟန္ခ်က္ညီေစဖို႔ ဦးစားေပးေနတာေၾကာင့္ ဒီႏႈန္းထားဟာ ၂၀၂၆ ခုႏွစ္မွာ အားသြင္းကိရိယာေတြ အၿပီးတပ္ဆပ္ထားၿပီးျဖစ္ရမယ္ဆိုတဲ့ ရည္မွန္းခ်က္ကိုေတာ့ ျပည့္မီျခင္း မရွိပါဘူးလို႔ Land Transport Authority (LTA) က ေျပာၾကားပါတယ္။ LTA က လက္ရွိ EV အားသြင္းစက္ေတြ မရွိေသးတဲ့ HDB ကားပါကင္ ၃၀၀ မွာ အားသြင္းႏႈန္းေႏွးေပမယ့္ ညလုံးေပါက္အားသြင္းႏိုင္တဲ့ ၇.၄ ကီလိုဝပ္ (kW) အားသြင္းစက္ သုံးခု တပ္ဆင္ေပးယ္လို႔ ဆိုပါတယ္။
ေနာက္ထပ္ ကားပါကင္ေနရာေတြျဖစ္တဲ့ Fernvale Road၊ Ang Mo Kio Street 22 နဲ႔ Eunos Crescent မွာ ေနာက္ထပ္အားသြင္းကိရိယာေတြ တပ္ဆင္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.