အမေရိကန်ရဲ့စစ်ရေးလေ့ကျင့်မှုတွေက ရန်စမှုတစ်ခုဖြစ်တယ်လို့ ဗင်နီဇွဲလားအစိုးရဝေဖန်ပြစ်တင်

 127

Pika (NP News) - အောက်တိုဘာ ၂၈
Trinidad and Tobago နိုင်ငံအနီးကို အမေရိကန်စစ်သင်္ဘောတစ်စီး ရောက်ရှိလာမှုကို အန္တရာယ်ရှိတဲ့ ရန်စမှုတစ်ခုအဖြစ် ဗင်နီဇွဲလားအစိုးရက ပြစ်တင်ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်က ဗင်နီဇွဲလားနိုင်ငံကို တိုက်ခိုက်နိုင်တဲ့အလားအလာတွေ မြင့်တက်လာတာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေမြင့်တက်နေချိန်မှာပဲ ယခုလိုဖြန့်ကျက်ချထားမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Gravely ဟာ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပူးတွဲလေ့ကျင့်မှုပါဝင်တဲ့ လေးရက်ကြာခရီးစဉ်အတွက် Trinidad and Tobago နိုင်ငံရဲ့မြို့တော် Port of Spain ကို ရောက်ရှိလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လက်တင်အမေရိကမှာရှိတဲ့ မူးယစ်ဆေးဝါးမှောင်ခိုသမားတွေကို တားဆီးတဲ့စစ်ဆင်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာပဲ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Gravely ရဲ့ခရီးစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဗင်နီဇွဲလားကမ်းလွန်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့သင်္ဘောတွေကို အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာ ပင်လယ်ရေကြောင်းကနေ မူးယစ်ဆေးဝါးစီးဆင်းမှုတွေကိုရပ်တန့်စေခဲ့ပြီး လက်ရှိအချိန်မှာ အမေရိကန်ဟာ မြေပြင်မှာရှာဖွေမှုတွေကို စတင်လုပ်ဆောင်ရလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံနဲ့ (၁၁)ကီလိုမီတာအကွာလောက်မှာ တည်ရှိတဲ့ Trinidad and Tobago နိုင်ငံဟာ ၎င်းရဲ့အိမ်နီးချင်းနိုင်ငံတွေကို ဆန့်ကျင်ပြီး အမေရိကန်ဘက်ကနေ ရပ်တည်ခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္ရဲ႕စစ္ေရးေလ့က်င့္မႈေတြက ရန္စမႈတစ္ခုျဖစ္တယ္လို႔ ဗင္နီဇြဲလားအစိုးရေဝဖန္ျပစ္တင္
Pika (NP News) - ေအာက္တိုဘာ ၂၈
Trinidad and Tobago ႏိုင္ငံအနီးကို အေမရိကန္စစ္သေဘၤာတစ္စီး ေရာက္ရွိလာမႈကို အႏၲရာယ္ရွိတဲ့ ရန္စမႈတစ္ခုအျဖစ္ ဗင္နီဇြဲလားအစိုးရက ျပစ္တင္ေဝဖန္ခဲ့တယ္လို႔ သိရပါတယ္။
အေမရိကန္က ဗင္နီဇြဲလားႏိုင္ငံကို တိုက္ခိုက္ႏိုင္တဲ့အလားအလာေတြ ျမင့္တက္လာတာနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြျမင့္တက္ေနခ်ိန္မွာပဲ ယခုလိုျဖန႔္က်က္ခ်ထားမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အေမရိကန္ပဲ့ထိန္းဒုံးက်ည္ဖ်က္သေဘၤာ USS Gravely ဟာ ေဒသတြင္းကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ပူးတြဲေလ့က်င့္မႈပါဝင္တဲ့ ေလးရက္ၾကာခရီးစဥ္အတြက္ Trinidad and Tobago ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ Port of Spain ကို ေရာက္ရွိလာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က လက္တင္အေမရိကမွာရွိတဲ့ မူးယစ္ေဆးဝါးေမွာင္ခိုသမားေတြကို တားဆီးတဲ့စစ္ဆင္ေရးေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ေနခ်ိန္မွာပဲ ပဲ့ထိန္းဒုံးက်ည္ဖ်က္သေဘၤာ USS Gravely ရဲ႕ခရီးစဥ္ထြက္ေပၚလာတာျဖစ္ပါတယ္။ ဗင္နီဇြဲလားကမ္းလြန္မွာ မူးယစ္ေဆးဝါးသယ္ေဆာင္လာတဲ့သေဘၤာေတြကို အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြဟာ ပင္လယ္ေရေၾကာင္းကေန မူးယစ္ေဆးဝါးစီးဆင္းမႈေတြကိုရပ္တန႔္ေစခဲ့ၿပီး လက္ရွိအခ်ိန္မွာ အေမရိကန္ဟာ ေျမျပင္မွာရွာေဖြမႈေတြကို စတင္လုပ္ေဆာင္ရလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဗင္နီဇြဲလားႏိုင္ငံနဲ႔ (၁၁)ကီလိုမီတာအကြာေလာက္မွာ တည္ရွိတဲ့ Trinidad and Tobago ႏိုင္ငံဟာ ၎ရဲ႕အိမ္နီးခ်င္းႏိုင္ငံေတြကို ဆန႔္က်င္ၿပီး အေမရိကန္ဘက္ကေန ရပ္တည္ခဲ့တဲ့ ႏိုင္ငံတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.