ကလေးတက္ကသိုလ်ကို ဝင်စီးသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံရေးလောကမှ အမြင်များ (အင်တာဗျူး)

 1575

သုတကျော် (NP News) - မတ် ၇

ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းက ကလေးတက္ကသိုလ်အတွင်းသို့ င်္ဏီ များ ဝင်ရောက်ကာ စာသင်ဆောင်များရှိ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရုံးဝန်ထမ်းများကို ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ရာ ၂၈၅ ဦးကို အချိန်မီ ပြန်လည် ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန်ရှိသူများကို ဆက်လက်စုံစမ်းနေဆဲ အနေအထားဖြစ်ရာ အဆိုပါ ဖမ်းဆီးသွားသည့်လုပ်ရပ်နှင့်ပတ်သက်၍ နိုင်ငံရေးနယ်ပယ်မှပုဂ္ဂိုလ်များအား မေးမြန်းထားသည်များကိုး စုစည်းကောက်နုတ် ဖော်ပြအပ်ပါသည်။

ဒေါက်တာ အေးမောင် (ဥက္ကဋ္ဌ)
ရခိုင့်ဦးဆောင်ပါတီ
ပညာရေး၊ ကျန်းမာရေးက အရေးကြီးပါတယ်။ အနာဂတ်မျိုးဆက်အတွက်ရော လူထုကျန်းမာရေး အတွက်ပါပေါ့။ ပြီးရင် ကမ္ဘာကကို ဘေးမဲ့ပေးထား ရတဲ့ အလွန်လိုအပ်တဲ့ စွမ်းအားစုတွေပါ။ စစ်ရဲ့ ဒဏ်ရာ ဒဏ်ချက်ကနေ လွတ်ကင်းစေချင်တာပေါ့။ ကြက်ခြေနီတို့၊ ဘာတို့ ဒါတွေက လူမှုရေးအဖွဲ့ အစည်းတွေ စစ်ဘေးဒဏ်က ကင်းစေချင်တယ်။ ဒီလိုဖြစ်နေတော့ အနာဂတ်အတွက်လည်း မကောင်း ဘူးပေါ့ဗျာ။ လွိုင်ကော်ကတည်းက ပြောကြဆိုကြ ကျွန်တော်တို့လည်း အဲဒီလို သဘောထားရှိတာ ပေါ့ဗျာ။ ဒီလို ထပ်ဖြစ်တယ်ဆိုတော့ စိတ်မကောင်း ဘူးပေါ့။ အဲဒီတော့ အတတ်နိုင်ဆုံး ပညာရေးဝန် ထမ်းတွေကို လွှတ်ပေးစေချင်တယ်။ အနာဂတ်မျိုး ဆက်အားလုံးအတွက်ပါ။ ပညာရေးကို ဆုံးခန်းတိုင် သင်ကြားခွင့်ရစေချင်တယ်။ ဒါလေးကိုတော့ အားလုံး ဘက်က သဘောထားကြီးစေချင်တယ်ဆိုတာ ပြော ချင်ပါတယ်။ တစ်နိုင်ငံလုံးကို ခြုံကြည့်ရင်တော့ နိုင်ငံတော် အေးချမ်းအောင်လုပ်ရမယ့် တာဝန်က အစိုးရမှာ အလွန်တရာတာဝန်ကြီးတာပေါ့။ တည်ငြိမ် အေးချမ်းတဲ့ အခင်းအကျင်းဖြစ်အောင် ဆောင်ရွက် ပေးရမယ်လေ။ အဲဒီလို မဆောင်ရွက်နိုင်တဲ့အခါကျ တော့ မတည်ငြိမ်ရတဲ့ အကြောင်းတရားတွေကြောင့် အကျိုးတရားအဖြစ်ကတော့ ခုနကလို ကဏ္ဍတွေ ပေါ်လာတာပေါ့။ ဒါကြောင့်မို့လို့ အနာဂတ်ကို တွေးပြီး စိတ်ပူကြတာပေါ့။ ဒါက ဖြစ်စဉ်ကို ပြောပြ တာပါ။ ဒီဟာမတိုင်ခင် နဝတခေတ်ဘက်ကို နောက်ကြောင်းပြန်ကြည့်ရင်လေ တက္ကသိုလ်တွေ ဆိုတာ အထူးသဖြင့် မြို့ပြနဲ့နီးတဲ့ နေရာဘက်မှာ တည်ထားခဲ့ကြတာကိုး။ သွားလာရ ဆက်သွယ်ရ လွယ်တာပေါ့။ တစ်နည်းအား ဖြင့် တက္ကသိုလ် ကျောင်း သားဖြစ်ဖြစ် သွားရလာရလွယ်တဲ့နေရာမှာပဲ ပညာရှာ ရအောင် လုပ်ကြတယ်လေ။ စာကြည့်တိုက်က အစ ပေါ့။ ဒါလေးတွေက မြို့ပြရဲ့ပြင်ပကို ထွက်လိုက်တဲ့ အခါကျတော့အနာဂတ်ကို မတွက်လိုက်ဘူးလို့ ပြော လို့ရတာပေါ့။ ဒါပေမဲ့ ဒီခေတ်ကို ရောက်တဲ့အခါ တည်ဆောက်ခဲ့တဲ့ မြို့ပြရဲ့ဇနပုဒ်တွေက အခု မြို့ တွင်း ပြန်ဖြစ်လာတာပေါ့။ အဲဒါကြောင့် အနာဂတ်ကို ကြိုတွေးပြီးများ မြို့ပြဖွံ့ဖြိုးအောင် လုပ်ခဲ့သလားလို့ တွေးလို့ရတာပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီကာလက ကတော့ ဘတ်စကားမရှိ၊ လိုင်းကားမရှိတဲ့ တော်တော် ဒုက္ခရောက်ပါတယ်။ အဲဒီလို ပညာရေး ကဏ္ဍတွေမှာ ဒုက္ခဖြစ်တော့ လူငယ်တွေဘက်က တုံ့ပြန်မှုက မကောင်းဘူးပေါ့ဗျာ။ အစိုးရဆီသွားပြီး ရောင်ပြန် ဟပ်တာပေါ့။ သူပုန်ပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ မည်သည့် အဖွဲ့အစည်းဖြစ်ဖြစ် လက်နက်ကိုင်တယ်ဆိုတာ နိုင်ငံရေးအားဖြင့်မရလို့ လက်နက်ကိုင်တယ် ဆိုတာ က သူတို့ကလည်းပဲ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ လိုပေါ့။
နိုင်ငံရေးအာဏာလိုချင်လို့ နိုင်ငံရေး ပါတီ ထောင်ပြီး လူထုကို စည်းရုံးမယ်။ လက်နက်ကိုင်တဲ့ နည်းနဲ့ အာဏာလိုချင်တယ်။ လူထုကို စည်းရုံးတယ် ဆိုတဲ့ ဥစ္စာလေးသွားကြတာပေါ့။ အစိုးရ လုပ်ချင် တယ်ပေါ့။ အစိုးလုပ်ချင်တဲ့သူတိုင်း လူထုကို အခြေခံ ရမယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကဏ္ဍတွေက ကိုယ်ရဲ့ အဓိကအင်အားစုတွေပေါ့။ ကိုယ့်အင်အား ဖြစ်အောင် ဖန်တီးရမှာ။ အဲဒီကို သွားပြီး ထိခိုက်တယ် ဆိုရင် ကိုယ့်ရဲ့ဦးတည်ချက်ကမှားပြီ။ ကိုယ့်ရဲ့ လမ်း ကြောင်းက မှားပြီဆိုတာ သိသင့်တာပေါ့။ ဆိုတော့ ရှောင်ကြဉ် သင့်ပါတယ်။ နောက် တခြားကျောင်းတွေ မဖြစ်ဖို့ ကျွန်တော်တို့ လိုလားတယ်။ ဖမ်းဆီးထားပြီး သားပုဂ္ဂိုလ် တွေကိုလည်း ပြန်လွှတ်စေချင်တယ်။ လူထု နဲ့ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေကို လုပ်တယ်ဆိုတာ မည်သည့်အဖွဲ့အစည်းကမှ မလုပ်သင့်တဲ့ လုပ်ငန်းဖြစ်တော့ ဒါမျိုးမလုပ်ဖို့ တိုက်တွန်းပါတယ်။

ဒေါ်စန္ဒာမင်း
လွှတ်တော်ကိုယ်စားလှယ်ဟောင်း
ဘယ်ဘက်ကိုမှလိုက်ပြီးပြောတာတော့မဟုတ်ပါဘူး။ အထူးသဖြင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ် သားတွေပေါ့။အဲဒီအရပ်သားပစ်မှတ်မှာအထူးသဖြင့်ပညာရေးအခန်းကဏ္ဍပေါ့။ ပညာရေးအခန်း ကဏ္ဍကို လာထိတဲ့အခါမှာ ကျွန်မဘယ်တော့မှ Facebook ပေါ်မှာတက်မရေးတဲ့လူတောင် ခံစားရတယ်။ ကျွန်မက ပညာရေးအခန်းကဏ္ဍနဲ့ ကျန်းမာရေး အခန်းကဏ္ဍတွေကို ထိလာရင် စိတ်မကောင်း အလွန်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့နိုင်ငံ မှာ ပညာတတ်တွေမရှိတာမဟုတ်ဘူး။ပညာတတ်တွေ ရှားပါးတယ်လို့ပြောရမှာပေါ့။ နိုင်ငံက စိစိ ညက်ညက်ကြေပြီးတော့ ပြန်လည်ထူ‌ထောင်ရမယ် ဆိုတဲ့ကာလမှာ ပညာတတ်တွေ ရှားပါးနေတဲ့ခေတ်မှာ ပညာသင်ဖို့အခွင့်အရေးလေးတောင် မပေးနိုင် ဘူးလား။ ကလေးတွေစာမေးပွဲဖြေနေတဲ့ အချိန်လည်း ဖြစ်တဲ့အတွက် ကျွန်မအလွန်စိတ်မကောင်းဖြစ်မိ တယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပညာရေးအခန်း ကဏ္ဍမှာ ဒါကိုတော့လာရောက်မထိဖို့ကို မေတ္တာရပ်ခံ ချင်တယ်။ အခုနိုင်ငံခြားကို ထွက်ပြေးသွားတဲ့သူတွေ ဆိုရင် သူတို့သားသမီးတွေအားလုံးကို ဘယ်နိုင်ငံ ရောက်‌ရောက် စပြီးတော့ ကျောင်းထားကျတာပဲလေ။ သူတို့သားသမီးတွေကိုကြတော့ ပညာတတ်တွေ ဖြစ် စေချင်တယ်။ ကောင်းတဲ့ပညာတွေကို သင်စေချင်ရင် ကျွန်မတို့နိုင်ငံက ကလေးတွေက ပညာသင် ခွင့်မရှိဘူးလား။ ပညာသင်ခွင့်တောင်မရနိုင်တဲ့ အခြေအနေ ကို ဖန်တီးတာတော့ တော်တော် လွန်လွန်းတယ်။ တော်တော်စိတ်မကောင်းဖြစ်လို့လည်း ရေးခဲ့တာဖြစ်တယ်။ ပညာရေးအခန်းကဏ္ဍကို လုပ်လိုက်တာကတော့ တော်တော်ဆိုးတယ်။ ဒါက သတင်းအမှန်ဆိုလို့ရှိရင် ကျွန်မတို့ဆက်သွယ်ထားသလောက်သိသလောက်ဆိုရင် လူ(၁၀ဝ)ကျော်က အရင်အဖမ်းခံရတာဖြစ်တယ်။ ပြီးတော့ ရွာတစ်ရွာ မှာထားထားတယ်။ ပြီးရင်သူတို့မှာရှိတဲ့ ဖုန်းတွေ ဘာတွေအကုန်လုံးကိုလည်း သိမ်းထားတယ်။ အဲဒီ တော့ သူတို့ဆက်သွယ်လို့မရဘူး။ သူတို့နဲ့ ပတ်သက်တဲ့ မိသားစုတွေကလည်း ကျွန်မတို့ကို ဆက်သွယ်တယ်။ မိသားစုတွေကလည်း အရမ်းစိတ်ပူနေတယ်။ အထူးသဖြင့် ကလေးတက္ကသိုလ်ဆိုတာက အနီးပတ် ဝန်းကျင်မှာရှိတဲ့ မြို့တွေပေါ့နော်။ အထူးသဖြင့် ခန္တီးတို့၊ နာဂတို့ကအစ ဒီကလေးတက္ကသိုလ်မှာ လာ တက်ကြရတာ။ အဲဒီတော့ ဒီတက္ကသိုလ် လာတက် တယ်ဆိုတဲ့သူတွေက ပြောပလောက်အောင် ချမ်းသာ တဲ့ သူတွေမဟုတ်ဘူး။ ငွေတွေပေါနေတဲ့သူတွေ မဟုတ်ဘူး။ ဒါပေမဲ့ အခုလို ခေတ်ပျက်ကာလ စီးပွား ပျက်ကာလမှာရှိတဲ့ ပိုက်ဆံကလေးနဲ့ သားသမီး တွေကို တက္ကသိုလ်ထားရတာလေ။ ဒီလို အခြေအနေမှာ အဲဒီလို ဖြစ်သွားတယ်ဆိုတာ ကျွန်မတို့က တော်တော် စိတ်မကောင်းစရာဖြစ်တယ်။ ဟုတ်ပြီ စစ်တိုက်ချင်တဲ့သူတွေနဲ့ တိုက်ကြပါ။ ဒါပေမဲ့ စစ်ရေး ပစ်မှတ်မဟုတ်တဲ့ ပညာရေးအခန်းကဏ္ဍ နဲ့ ကျန်းမာရေး အခန်းကဏ္ဍကို မထိခိုက်စေဖို့ မေတ္တာရပ်ခံချင်တယ်။ ဒါဟာ တော်တော်ဆိုးရွားတဲ့အပြင် ဂျနီဗာ ကွန်ဗန်းရှင်းနဲ့ငြိတယ်ဆိုတာကိုလည်း ငြင်းလို့မရဘူး။ ပြောချင်တာက ဒီလူတွေကို ဘေးလွတ် ရာကို ကယ် သွားတယ်ဆိုတာက အမှန်တကယ်ဖြစ်ရင်တော့ ဟုတ်တာပေါ့။ ဒီစကားတွေက မှန်လား၊ မမှန်ဘူး လားပြန်ပြီး သိရမှာပဲလေ။ လူပေါင်း ၂၈၀ ကျော်ရဲ့ ပါးစပ်ပေါက်တွေက ထွက်လာမှာ။ အခု လွတ် သွားတဲ့ သူတွေဆီက ထွက်လာမှာပဲ။ အထူးသဖြင့် ကျွန်မ ထောက်ပြချင်တာက ဂျနီဗာ ကွန်ဗန်းရှင်း နဲ့ ငြိလား မငြိလား ဆိုတာက အဖြေပေါ်လာမှာပဲ။

ဦးကျော်ဇေယျ
လွှတ်တော်ကိုယ်စားလှယ်ဟောင်း
ကလေးတက္ကသိုလ်ဖြစ်စဉ်ကတော့ ဒါကြီးက တက္ကသိုလ်ကို လုပ်တာ မကောင်းဘူးပေါ့။ လုံခြုံရေး ကလည်း ပေါ့တယ်လို့ ယူဆရမှာပေါ့။ တက္ကသိုလ် နောက်ကနေ ဝင်တယ်ဆိုတော့လေ။ အမှန်တော့ ကလေးဆိုတာ က ဒကစ (ကလေး) ဆိုတာတောင် ရှိတာပဲလေ။ အဲဒါကတော့ ကျွန်တော်တို့က ဒီလောက် တပ်မအဆင့်ရှိတဲ့ ဌာနချုပ်ကြီး ရှိပါလျက်နဲ့ ဒီဖြစ်စဉ်ဖြစ်သွားတယ် ဆိုတာကတော့ လွိုင်ကော် လည်း အတူတူပါပဲ။ ဒကစ ရှိတာပါပဲ။ လွိုင်ကော် ရော၊ ကလေးရော အမှန်က ကျွန်တော်ပြောချင်တာ လွိုင်ကော် တက္ကသိုလ်ဖြစ်ပြီး နောက်ပိုင်းမှာ စီမံချက် ကို မရေးဆွဲခဲ့တာ။ တက္ကသိုလ် စီမံချက်ဆိုတာက တက္ကသိုလ်များရဲ့ လုံခြုံရေးစီမံချက်ကို အလေးထား ပြီးတော့ မလုပ်ခဲ့တာဟာ ပညာရေးဝန်ကြီးဌာနရော၊ ကာကွယ်ရေး ဝန်ကြီးဌာနရော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရော အလွန့် အလွန် ညံ့တယ်လို့ ကျွန်တော်ကတော့ မှတ်ချက်ပေးချင်တယ်။ လွိုင်ကော်ကတော့ ဖြစ်သွား တယ်ကွာထားပါ။ ကလေးလိုနေရာမျိုးမှာ ထပ်ဖြစ်တယ်ဆိုတာ က မကောင်းဘူး။ ကျွန်တော် ဒီလောက်ပဲ ပြောချင်တယ်။

ဦးတင်ဆွေ (ဒုတိယ ဥက္ကဋ္ဌ)
ဒီမိုကရက်တစ်ပါတီ (မြန်မာ)
သူတို့လုပ်တာတော့ ကျွန်တော်ကတော့ သူတို့ ကို လူသိများအောင်လုပ်တယ်လို့ မြင်တယ်လေ။ ဘာလို့ဆိုတော့ အရှေ့အလယ်ပိုင်းမှာလည်း ဒီလိုပဲ အကြမ်းဖက်အုပ်စုတွေက သူတို့ကို လူသိများအောင်၊ လူသတ်တာကို Video ရိုက်တယ်။ ရိုက်ပြီးတော့ ကမ္ဘာကိုလွှင့်တယ်။ သူတို့ကို လူသိများလာတယ်။ အာရုံစိုက်တယ်။အခုလည်း သူတို့လုပ်နည်းက အကြမ်းဖက်အဖွဲ့လုပ်နည်းပဲ လုပ်သွားတယ်။ တကယ်တော့ သူတို့က မူဝါဒရှိတဲ့ လက်နက်ကိုင် ဆိုရင် ဒီလိုလုပ်မှာမဟုတ်ဘူးလို့ မြင်တယ်လေ။ ဥပမာ EAOs နယ်တွေမှာ တပ်မတော်က ကရင် ပြည်နယ်မှာ သွားတိုက်ရင် တပ်မတော်က ဆေးကုတဲ့ အဖွဲ့တွေပါတယ်။ အဲဒီမှာရှိတဲ့ ကျေးရွာအခြေပြု ပြီးတော့ အဲဒီမှာရှိတဲ့ တိုင်းရင်းသားတွေကို ဆေးကု ပေးရင် တိုင်းရင်းသားတွေက ဘာလုပ်လဲဆိုတော့ အဲဒီတပ်ကိုမှတ်ထားပြီးတော့ EAOs တွေက သူတို့ အမျိုးတွေပဲနော်။ အဲဒီတပ်လာရင် မလာနဲ့မတိုက်နဲ့ အဲဒီလိုပြောတာ။ နောက်တစ်ခါ စာတတ်မြောက်မှု အတွက်ကို နိုင်ငံတော်ကမှ မူလတန်းကျောင်းတွေ အများကြီး လုပ်ထားတယ်။ EAOs တွေရဲ့ သားသမီး တွေကို မြန်မာစာတို့ အင်္ဂလိပ်စာတို့ အခြေခံပညာ တက်ဖို့လုပ်ပေးတဲ့အတွက် သူတို့က ရန်မပြုဘူး။ သူတို့အဖွဲ့အစည်းတွေက အဲဒီလို ခိုင်ခိုင်မာမာ မလုပ်တဲ့အတွက် နိုင်ငံတော်ကလုပ်ပေးတဲ့ ကျောင်း တွေ၊ ဆရာမတွေကို မလုပ်ဘူး။ ဒီလို လုပ်တယ်ဆို တာ စဉ်းစားကြည့် အကြမ်းဖက်လုပ်ရပ်လို့ မြင်တယ်။ ပါတီ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရှုတ်ချတယ်။ ကျန်းမာရေး ဝန်ထမ်းတို့ ၊ ပညာရေးဝန်ထမ်းတွေကို လုပ်တယ်ဆိုတာက ကမ္ဘာက အာရုံစိုက်အောင်၊ လူတွေ အာရုံစိုက်အောင် လုပ်တယ်လို့ မြင်တယ်။ သူတို့အဖွဲ့တွေက အစိုးရကျောင်းတက်တာကို ကန့်ကွက်တယ်။ ဆရာမတွေလည်း ဆက်လုပ်ရင် သတ်နေတယ်ဆိုတော့ ဒါက အဲဒီလိုမျိုး ဖြစ်နေတယ်။ ဒီလိုအစိုးရကျောင်းတွေကို စိန်ခေါ်ပြီး နောင်မတက် ရဲအောင်လုပ်တာလို့ မြင်တယ်။ တော်တော်ကြီးတဲ့ ဘေးထွက်ဆိုးကျိုးပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ မြေပေါ် မြေအောက်ရတနာတွေ ဘယ်လောက် ထွက် ထွက် အကန့်အသတ်နဲ့ပဲ ထွက်တယ်။ စည်းကမ်းမဲ့ လုပ်ရင် အဲဒီရတနာတွေက ကုန်သွားတာပဲ။ ပညာ ရေးဆိုတာက ဘယ်တော့မှ မကုန်သွားနိုင်တဲ့ ရတနာ လေ။ ပါတီစုံဒီမိုကရေစီတို့ ဖက်ဒရယ်တို့ ပြောနေ တယ် အဲဒါကို သွားဖို့အတွက် ပညာရေးက စတာပဲ။ တို့တိုင်းပြည်ရဲ့ လူညွန့်ကို တုံးစေတဲ့ အလုပ်ပဲလေ။

zawgyi version
ကေလးတကၠသိုလ္ကို ဝင္စီးသည့္ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ႏိုင္ငံေရးေလာကမွ အျမင္မ်ား (အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - မတ္ ၇

ေဖေဖာ္ဝါရီလ ၂၆ ရက္ နံနက္ပိုင္းက ကေလးတကၠသိုလ္အတြင္းသို႔ ဏႌ မ်ား ဝင္ေရာက္ကာ စာသင္ေဆာင္မ်ားရွိ ဆရာ၊ ဆရာမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ႐ုံးဝန္ထမ္းမ်ားကို ဖမ္းဆီးမႈ ျဖစ္ပြားခဲ့သည္။ အဆိုပါ ျဖစ္စဥ္တြင္ တပ္မေတာ္ႏွင့္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ကယ္ဆယ္ရာ ၂၈၅ ဦးကို အခ်ိန္မီ ျပန္လည္ ကယ္ဆယ္ႏိုင္ခဲ့ေသာ္လည္း က်န္ရွိသူမ်ားကို ဆက္လက္စုံစမ္းေနဆဲ အေနအထားျဖစ္ရာ အဆိုပါ ဖမ္းဆီးသြားသည့္လုပ္ရပ္ႏွင့္ပတ္သက္၍ ႏိုင္ငံေရးနယ္ပယ္မွပုဂၢိဳလ္မ်ားအား ေမးျမန္းထားသည္မ်ားကိုး စုစည္းေကာက္ႏုတ္ ေဖာ္ျပအပ္ပါသည္။

ေဒါက္တာ ေအးေမာင္ (ဥကၠ႒)
ရခိုင့္ဦးေဆာင္ပါတီ
ပညာေရး၊ က်န္းမာေရးက အေရးႀကီးပါတယ္။ အနာဂတ္မ်ိဳးဆက္အတြက္ေရာ လူထုက်န္းမာေရး အတြက္ပါေပါ့။ ၿပီးရင္ ကမာၻကကို ေဘးမဲ့ေပးထား ရတဲ့ အလြန္လိုအပ္တဲ့ စြမ္းအားစုေတြပါ။ စစ္ရဲ႕ ဒဏ္ရာ ဒဏ္ခ်က္ကေန လြတ္ကင္းေစခ်င္တာေပါ့။ ၾကက္ေျခနီတို႔၊ ဘာတို႔ ဒါေတြက လူမႈေရးအဖြဲ႕ အစည္းေတြ စစ္ေဘးဒဏ္က ကင္းေစခ်င္တယ္။ ဒီလိုျဖစ္ေနေတာ့ အနာဂတ္အတြက္လည္း မေကာင္း ဘူးေပါ့ဗ်ာ။ လြိဳင္ေကာ္ကတည္းက ေျပာၾကဆိုၾက ကြၽန္ေတာ္တို႔လည္း အဲဒီလို သေဘာထားရွိတာ ေပါ့ဗ်ာ။ ဒီလို ထပ္ျဖစ္တယ္ဆိုေတာ့ စိတ္မေကာင္း ဘူးေပါ့။ အဲဒီေတာ့ အတတ္ႏိုင္ဆုံး ပညာေရးဝန္ ထမ္းေတြကို လႊတ္ေပးေစခ်င္တယ္။ အနာဂတ္မ်ိဳး ဆက္အားလုံးအတြက္ပါ။ ပညာေရးကို ဆုံးခန္းတိုင္ သင္ၾကားခြင့္ရေစခ်င္တယ္။ ဒါေလးကိုေတာ့ အားလုံး ဘက္က သေဘာထားႀကီးေစခ်င္တယ္ဆိုတာ ေျပာ ခ်င္ပါတယ္။ တစ္ႏိုင္ငံလုံးကို ၿခဳံၾကည့္ရင္ေတာ့ ႏိုင္ငံေတာ္ ေအးခ်မ္းေအာင္လုပ္ရမယ့္ တာဝန္က အစိုးရမွာ အလြန္တရာတာဝန္ႀကီးတာေပါ့။ တည္ၿငိမ္ ေအးခ်မ္းတဲ့ အခင္းအက်င္းျဖစ္ေအာင္ ေဆာင္႐ြက္ ေပးရမယ္ေလ။ အဲဒီလို မေဆာင္႐ြက္ႏိုင္တဲ့အခါက် ေတာ့ မတည္ၿငိမ္ရတဲ့ အေၾကာင္းတရားေတြေၾကာင့္ အက်ိဳးတရားအျဖစ္ကေတာ့ ခုနကလို က႑ေတြ ေပၚလာတာေပါ့။ ဒါေၾကာင့္မို႔လို႔ အနာဂတ္ကို ေတြးၿပီး စိတ္ပူၾကတာေပါ့။ ဒါက ျဖစ္စဥ္ကို ေျပာျပ တာပါ။ ဒီဟာမတိုင္ခင္ နဝတေခတ္ဘက္ကို ေနာက္ေၾကာင္းျပန္ၾကည့္ရင္ေလ တကၠသိုလ္ေတြ ဆိုတာ အထူးသျဖင့္ ၿမိဳ႕ျပနဲ႔နီးတဲ့ ေနရာဘက္မွာ တည္ထားခဲ့ၾကတာကိုး။ သြားလာရ ဆက္သြယ္ရ လြယ္တာေပါ့။ တစ္နည္းအား ျဖင့္ တကၠသိုလ္ ေက်ာင္း သားျဖစ္ျဖစ္ သြားရလာရလြယ္တဲ့ေနရာမွာပဲ ပညာရွာ ရေအာင္ လုပ္ၾကတယ္ေလ။ စာၾကည့္တိုက္က အစ ေပါ့။ ဒါေလးေတြက ၿမိဳ႕ျပရဲ႕ျပင္ပကို ထြက္လိုက္တဲ့ အခါက်ေတာ့အနာဂတ္ကို မတြက္လိုက္ဘူးလို႔ ေျပာ လို႔ရတာေပါ့။ ဒါေပမဲ့ ဒီေခတ္ကို ေရာက္တဲ့အခါ တည္ေဆာက္ခဲ့တဲ့ ၿမိဳ႕ျပရဲ႕ဇနပုဒ္ေတြက အခု ၿမိဳ႕ တြင္း ျပန္ျဖစ္လာတာေပါ့။ အဲဒါေၾကာင့္ အနာဂတ္ကို ႀကိဳေတြးၿပီးမ်ား ၿမိဳ႕ျပဖြံ႕ၿဖိဳးေအာင္ လုပ္ခဲ့သလားလို႔ ေတြးလို႔ရတာေပါ့။ ဘာပဲျဖစ္ျဖစ္ အဲဒီကာလက ကေတာ့ ဘတ္စကားမရွိ၊ လိုင္းကားမရွိတဲ့ ေတာ္ေတာ္ ဒုကၡေရာက္ပါတယ္။ အဲဒီလို ပညာေရး က႑ေတြမွာ ဒုကၡျဖစ္ေတာ့ လူငယ္ေတြဘက္က တုံ႔ျပန္မႈက မေကာင္းဘူးေပါ့ဗ်ာ။ အစိုးရဆီသြားၿပီး ေရာင္ျပန္ ဟပ္တာေပါ့။ သူပုန္ပဲ ျဖစ္ျဖစ္ေပါ့ဗ်ာ။ မည္သည့္ အဖြဲ႕အစည္းျဖစ္ျဖစ္ လက္နက္ကိုင္တယ္ဆိုတာ ႏိုင္ငံေရးအားျဖင့္မရလို႔ လက္နက္ကိုင္တယ္ ဆိုတာ က သူတို႔ကလည္းပဲ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးပါတီေတြ လိုေပါ့။
ႏိုင္ငံေရးအာဏာလိုခ်င္လို႔ ႏိုင္ငံေရး ပါတီ ေထာင္ၿပီး လူထုကို စည္း႐ုံးမယ္။ လက္နက္ကိုင္တဲ့ နည္းနဲ႔ အာဏာလိုခ်င္တယ္။ လူထုကို စည္း႐ုံးတယ္ ဆိုတဲ့ ဥစၥာေလးသြားၾကတာေပါ့။ အစိုးရ လုပ္ခ်င္ တယ္ေပါ့။ အစိုးလုပ္ခ်င္တဲ့သူတိုင္း လူထုကို အေျခခံ ရမယ္။ က်န္းမာေရးနဲ႔ပတ္သက္တဲ့ က႑ေတြက ကိုယ္ရဲ႕ အဓိကအင္အားစုေတြေပါ့။ ကိုယ့္အင္အား ျဖစ္ေအာင္ ဖန္တီးရမွာ။ အဲဒီကို သြားၿပီး ထိခိုက္တယ္ ဆိုရင္ ကိုယ့္ရဲ႕ဦးတည္ခ်က္ကမွားၿပီ။ ကိုယ့္ရဲ႕ လမ္း ေၾကာင္းက မွားၿပီဆိုတာ သိသင့္တာေပါ့။ ဆိုေတာ့ ေရွာင္ၾကဥ္ သင့္ပါတယ္။ ေနာက္ တျခားေက်ာင္းေတြ မျဖစ္ဖို႔ ကြၽန္ေတာ္တို႔ လိုလားတယ္။ ဖမ္းဆီးထားၿပီး သားပုဂၢိဳလ္ ေတြကိုလည္း ျပန္လႊတ္ေစခ်င္တယ္။ လူထု နဲ႔ ပညာေရး၊ က်န္းမာေရး ဝန္ထမ္းေတြကို လုပ္တယ္ဆိုတာ မည္သည့္အဖြဲ႕အစည္းကမွ မလုပ္သင့္တဲ့ လုပ္ငန္းျဖစ္ေတာ့ ဒါမ်ိဳးမလုပ္ဖို႔ တိုက္တြန္းပါတယ္။

ေဒၚစႏၵာမင္း
လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း
ဘယ္ဘက္ကိုမွလိုက္ၿပီးေျပာတာေတာ့မဟုတ္ပါဘူး။ အထူးသျဖင့္ စစ္ေရးပစ္မွတ္မဟုတ္တဲ့ အရပ္ သားေတြေပါ့။အဲဒီအရပ္သားပစ္မွတ္မွာအထူးသျဖင့္ပညာေရးအခန္းက႑ေပါ့။ ပညာေရးအခန္း က႑ကို လာထိတဲ့အခါမွာ ကြၽန္မဘယ္ေတာ့မွ Facebook ေပၚမွာတက္မေရးတဲ့လူေတာင္ ခံစားရတယ္။ ကြၽန္မက ပညာေရးအခန္းက႑နဲ႔ က်န္းမာေရး အခန္းက႑ေတြကို ထိလာရင္ စိတ္မေကာင္း အလြန္ျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္မတို႔ႏိုင္ငံ မွာ ပညာတတ္ေတြမရွိတာမဟုတ္ဘူး။ပညာတတ္ေတြ ရွားပါးတယ္လို႔ေျပာရမွာေပါ့။ ႏိုင္ငံက စိစိ ညက္ညက္ေၾကၿပီးေတာ့ ျပန္လည္ထူ‌ေထာင္ရမယ္ ဆိုတဲ့ကာလမွာ ပညာတတ္ေတြ ရွားပါးေနတဲ့ေခတ္မွာ ပညာသင္ဖို႔အခြင့္အေရးေလးေတာင္ မေပးႏိုင္ ဘူးလား။ ကေလးေတြစာေမးပြဲေျဖေနတဲ့ အခ်ိန္လည္း ျဖစ္တဲ့အတြက္ ကြၽန္မအလြန္စိတ္မေကာင္းျဖစ္မိ တယ္။ စစ္ေရးပစ္မွတ္မဟုတ္တဲ့ ပညာေရးအခန္း က႑မွာ ဒါကိုေတာ့လာေရာက္မထိဖို႔ကို ေမတၱာရပ္ခံ ခ်င္တယ္။ အခုႏိုင္ငံျခားကို ထြက္ေျပးသြားတဲ့သူေတြ ဆိုရင္ သူတို႔သားသမီးေတြအားလုံးကို ဘယ္ႏိုင္ငံ ေရာက္‌ေရာက္ စၿပီးေတာ့ ေက်ာင္းထားက်တာပဲေလ။ သူတို႔သားသမီးေတြကိုၾကေတာ့ ပညာတတ္ေတြ ျဖစ္ ေစခ်င္တယ္။ ေကာင္းတဲ့ပညာေတြကို သင္ေစခ်င္ရင္ ကြၽန္မတို႔ႏိုင္ငံက ကေလးေတြက ပညာသင္ ခြင့္မရွိဘူးလား။ ပညာသင္ခြင့္ေတာင္မရႏိုင္တဲ့ အေျခအေန ကို ဖန္တီးတာေတာ့ ေတာ္ေတာ္ လြန္လြန္းတယ္။ ေတာ္ေတာ္စိတ္မေကာင္းျဖစ္လို႔လည္း ေရးခဲ့တာျဖစ္တယ္။ ပညာေရးအခန္းက႑ကို လုပ္လိုက္တာကေတာ့ ေတာ္ေတာ္ဆိုးတယ္။ ဒါက သတင္းအမွန္ဆိုလို႔ရွိရင္ ကြၽန္မတို႔ဆက္သြယ္ထားသေလာက္သိသေလာက္ဆိုရင္ လူ(၁၀ဝ)ေက်ာ္က အရင္အဖမ္းခံရတာျဖစ္တယ္။ ၿပီးေတာ့ ႐ြာတစ္႐ြာ မွာထားထားတယ္။ ၿပီးရင္သူတို႔မွာရွိတဲ့ ဖုန္းေတြ ဘာေတြအကုန္လုံးကိုလည္း သိမ္းထားတယ္။ အဲဒီ ေတာ့ သူတို႔ဆက္သြယ္လို႔မရဘူး။ သူတို႔နဲ႔ ပတ္သက္တဲ့ မိသားစုေတြကလည္း ကြၽန္မတို႔ကို ဆက္သြယ္တယ္။ မိသားစုေတြကလည္း အရမ္းစိတ္ပူေနတယ္။ အထူးသျဖင့္ ကေလးတကၠသိုလ္ဆိုတာက အနီးပတ္ ဝန္းက်င္မွာရွိတဲ့ ၿမိဳ႕ေတြေပါ့ေနာ္။ အထူးသျဖင့္ ခႏၲီးတို႔၊ နာဂတို႔ကအစ ဒီကေလးတကၠသိုလ္မွာ လာ တက္ၾကရတာ။ အဲဒီေတာ့ ဒီတကၠသိုလ္ လာတက္ တယ္ဆိုတဲ့သူေတြက ေျပာပေလာက္ေအာင္ ခ်မ္းသာ တဲ့ သူေတြမဟုတ္ဘူး။ ေငြေတြေပါေနတဲ့သူေတြ မဟုတ္ဘူး။ ဒါေပမဲ့ အခုလို ေခတ္ပ်က္ကာလ စီးပြား ပ်က္ကာလမွာရွိတဲ့ ပိုက္ဆံကေလးနဲ႔ သားသမီး ေတြကို တကၠသိုလ္ထားရတာေလ။ ဒီလို အေျခအေနမွာ အဲဒီလို ျဖစ္သြားတယ္ဆိုတာ ကြၽန္မတို႔က ေတာ္ေတာ္ စိတ္မေကာင္းစရာျဖစ္တယ္။ ဟုတ္ၿပီ စစ္တိုက္ခ်င္တဲ့သူေတြနဲ႔ တိုက္ၾကပါ။ ဒါေပမဲ့ စစ္ေရး ပစ္မွတ္မဟုတ္တဲ့ ပညာေရးအခန္းက႑ နဲ႔ က်န္းမာေရး အခန္းက႑ကို မထိခိုက္ေစဖို႔ ေမတၱာရပ္ခံခ်င္တယ္။ ဒါဟာ ေတာ္ေတာ္ဆိုး႐ြားတဲ့အျပင္ ဂ်နီဗာ ကြန္ဗန္းရွင္းနဲ႔ၿငိတယ္ဆိုတာကိုလည္း ျငင္းလို႔မရဘူး။ ေျပာခ်င္တာက ဒီလူေတြကို ေဘးလြတ္ ရာကို ကယ္ သြားတယ္ဆိုတာက အမွန္တကယ္ျဖစ္ရင္ေတာ့ ဟုတ္တာေပါ့။ ဒီစကားေတြက မွန္လား၊ မမွန္ဘူး လားျပန္ၿပီး သိရမွာပဲေလ။ လူေပါင္း ၂၈၀ ေက်ာ္ရဲ႕ ပါးစပ္ေပါက္ေတြက ထြက္လာမွာ။ အခု လြတ္ သြားတဲ့ သူေတြဆီက ထြက္လာမွာပဲ။ အထူးသျဖင့္ ကြၽန္မ ေထာက္ျပခ်င္တာက ဂ်နီဗာ ကြန္ဗန္းရွင္း နဲ႔ ၿငိလား မၿငိလား ဆိုတာက အေျဖေပၚလာမွာပဲ။

ဦးေက်ာ္ေဇယ်
လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း
ကေလးတကၠသိုလ္ျဖစ္စဥ္ကေတာ့ ဒါႀကီးက တကၠသိုလ္ကို လုပ္တာ မေကာင္းဘူးေပါ့။ လုံၿခဳံေရး ကလည္း ေပါ့တယ္လို႔ ယူဆရမွာေပါ့။ တကၠသိုလ္ ေနာက္ကေန ဝင္တယ္ဆိုေတာ့ေလ။ အမွန္ေတာ့ ကေလးဆိုတာ က ဒကစ (ကေလး) ဆိုတာေတာင္ ရွိတာပဲေလ။ အဲဒါကေတာ့ ကြၽန္ေတာ္တို႔က ဒီေလာက္ တပ္မအဆင့္ရွိတဲ့ ဌာနခ်ဳပ္ႀကီး ရွိပါလ်က္နဲ႔ ဒီျဖစ္စဥ္ျဖစ္သြားတယ္ ဆိုတာကေတာ့ လြိဳင္ေကာ္ လည္း အတူတူပါပဲ။ ဒကစ ရွိတာပါပဲ။ လြိဳင္ေကာ္ ေရာ၊ ကေလးေရာ အမွန္က ကြၽန္ေတာ္ေျပာခ်င္တာ လြိဳင္ေကာ္ တကၠသိုလ္ျဖစ္ၿပီး ေနာက္ပိုင္းမွာ စီမံခ်က္ ကို မေရးဆြဲခဲ့တာ။ တကၠသိုလ္ စီမံခ်က္ဆိုတာက တကၠသိုလ္မ်ားရဲ႕ လုံၿခဳံေရးစီမံခ်က္ကို အေလးထား ၿပီးေတာ့ မလုပ္ခဲ့တာဟာ ပညာေရးဝန္ႀကီးဌာနေရာ၊ ကာကြယ္ေရး ဝန္ႀကီးဌာနေရာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ေရာ အလြန႔္ အလြန္ ညံ့တယ္လို႔ ကြၽန္ေတာ္ကေတာ့ မွတ္ခ်က္ေပးခ်င္တယ္။ လြိဳင္ေကာ္ကေတာ့ ျဖစ္သြား တယ္ကြာထားပါ။ ကေလးလိုေနရာမ်ိဳးမွာ ထပ္ျဖစ္တယ္ဆိုတာ က မေကာင္းဘူး။ ကြၽန္ေတာ္ ဒီေလာက္ပဲ ေျပာခ်င္တယ္။

ဦးတင္ေဆြ (ဒုတိယ ဥကၠ႒)
ဒီမိုကရက္တစ္ပါတီ (ျမန္မာ)
သူတို႔လုပ္တာေတာ့ ကြၽန္ေတာ္ကေတာ့ သူတို႔ ကို လူသိမ်ားေအာင္လုပ္တယ္လို႔ ျမင္တယ္ေလ။ ဘာလို႔ဆိုေတာ့ အေရွ႕အလယ္ပိုင္းမွာလည္း ဒီလိုပဲ အၾကမ္းဖက္အုပ္စုေတြက သူတို႔ကို လူသိမ်ားေအာင္၊ လူသတ္တာကို Video ႐ိုက္တယ္။ ႐ိုက္ၿပီးေတာ့ ကမာၻကိုလႊင့္တယ္။ သူတို႔ကို လူသိမ်ားလာတယ္။ အာ႐ုံစိုက္တယ္။အခုလည္း သူတို႔လုပ္နည္းက အၾကမ္းဖက္အဖြဲ႕လုပ္နည္းပဲ လုပ္သြားတယ္။ တကယ္ေတာ့ သူတို႔က မူဝါဒရွိတဲ့ လက္နက္ကိုင္ ဆိုရင္ ဒီလိုလုပ္မွာမဟုတ္ဘူးလို႔ ျမင္တယ္ေလ။ ဥပမာ EAOs နယ္ေတြမွာ တပ္မေတာ္က ကရင္ ျပည္နယ္မွာ သြားတိုက္ရင္ တပ္မေတာ္က ေဆးကုတဲ့ အဖြဲ႕ေတြပါတယ္။ အဲဒီမွာရွိတဲ့ ေက်း႐ြာအေျချပဳ ၿပီးေတာ့ အဲဒီမွာရွိတဲ့ တိုင္းရင္းသားေတြကို ေဆးကု ေပးရင္ တိုင္းရင္းသားေတြက ဘာလုပ္လဲဆိုေတာ့ အဲဒီတပ္ကိုမွတ္ထားၿပီးေတာ့ EAOs ေတြက သူတို႔ အမ်ိဳးေတြပဲေနာ္။ အဲဒီတပ္လာရင္ မလာနဲ႔မတိုက္နဲ႔ အဲဒီလိုေျပာတာ။ ေနာက္တစ္ခါ စာတတ္ေျမာက္မႈ အတြက္ကို ႏိုင္ငံေတာ္ကမွ မူလတန္းေက်ာင္းေတြ အမ်ားႀကီး လုပ္ထားတယ္။ EAOs ေတြရဲ႕ သားသမီး ေတြကို ျမန္မာစာတို႔ အဂၤလိပ္စာတို႔ အေျခခံပညာ တက္ဖို႔လုပ္ေပးတဲ့အတြက္ သူတို႔က ရန္မျပဳဘူး။ သူတို႔အဖြဲ႕အစည္းေတြက အဲဒီလို ခိုင္ခိုင္မာမာ မလုပ္တဲ့အတြက္ ႏိုင္ငံေတာ္ကလုပ္ေပးတဲ့ ေက်ာင္း ေတြ၊ ဆရာမေတြကို မလုပ္ဘူး။ ဒီလို လုပ္တယ္ဆို တာ စဥ္းစားၾကည့္ အၾကမ္းဖက္လုပ္ရပ္လို႔ ျမင္တယ္။ ပါတီ ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ရႈတ္ခ်တယ္။ က်န္းမာေရး ဝန္ထမ္းတို႔ ၊ ပညာေရးဝန္ထမ္းေတြကို လုပ္တယ္ဆိုတာက ကမာၻက အာ႐ုံစိုက္ေအာင္၊ လူေတြ အာ႐ုံစိုက္ေအာင္ လုပ္တယ္လို႔ ျမင္တယ္။ သူတို႔အဖြဲ႕ေတြက အစိုးရေက်ာင္းတက္တာကို ကန႔္ကြက္တယ္။ ဆရာမေတြလည္း ဆက္လုပ္ရင္ သတ္ေနတယ္ဆိုေတာ့ ဒါက အဲဒီလိုမ်ိဳး ျဖစ္ေနတယ္။ ဒီလိုအစိုးရေက်ာင္းေတြကို စိန္ေခၚၿပီး ေနာင္မတက္ ရဲေအာင္လုပ္တာလို႔ ျမင္တယ္။ ေတာ္ေတာ္ႀကီးတဲ့ ေဘးထြက္ဆိုးက်ိဳးပဲ။ ကြၽန္ေတာ္တို႔ တိုင္းျပည္မွာ ေျမေပၚ ေျမေအာက္ရတနာေတြ ဘယ္ေလာက္ ထြက္ ထြက္ အကန႔္အသတ္နဲ႔ပဲ ထြက္တယ္။ စည္းကမ္းမဲ့ လုပ္ရင္ အဲဒီရတနာေတြက ကုန္သြားတာပဲ။ ပညာ ေရးဆိုတာက ဘယ္ေတာ့မွ မကုန္သြားႏိုင္တဲ့ ရတနာ ေလ။ ပါတီစုံဒီမိုကေရစီတို႔ ဖက္ဒရယ္တို႔ ေျပာေန တယ္ အဲဒါကို သြားဖို႔အတြက္ ပညာေရးက စတာပဲ။ တို႔တိုင္းျပည္ရဲ႕ လူၫြန႔္ကို တုံးေစတဲ့ အလုပ္ပဲေလ။

Related news

© 2021. All rights reserved.