လောက်ကိုင်မြို့ ဗမာတန်းရှိ အိမ်ခြေအဆောက်အအုံများကို ဖျက်သိမ်းရန် MNDAA ဖိအားပေး

 1967

မြူနစ် (NP News) - မတ် ၁၁
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ ဗမာတန်းရှိ အိမ်ခြေများကို ဖျက်သိမ်းရန် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)က အသိပေးထားကြောင်း သတင်းရရှိသည်။

လောက်ကိုင်မြို့ကို လက်နက်ဖြင့် တိုက်ခိုက်ကာ သိမ်းပိုက်ထိန်းချုပ်ထားသည့် MNDAA သည် (၂)ရပ်ကွက်၊ ဗမာတန်းရှိ အိမ်ခြေအဆောက်အအုံများကို (၃)ရက်အတွင်း ဖျက်သိမ်းရန် အသိပေးထားကြောင်း မြို့ခံများထံမှ သိရသည်။

“ဗမာတန်းမှာရှိတဲ့ ဆိုင်တွေ အိမ်တွေကို ဖယ်ခိုင်းတာပေါ့။ အဲဒီမှာက ဆေးဆိုင်ရှိမယ်။ ရွှေဆိုင်ရှိမယ်။ ငွေလဲတဲ့ အိမ်ရှိမယ်။ စားသောက်ဆိုင်တွေ ရှိမယ်။ အဝတ်အစားတွေ၊ စာရေးကိရိယာ ဆိုင်တွေ ရှိတယ်။ ဆိုင်တွေက များပါတယ်။ လမ်းကလည်း ရှည်ပါတယ်။ အဲဒီနေရာက အစုံလည်း ရပါတယ်။ ဗမာတန်း လမ်းလို့လည်း ခေါ်တာပေါ့” ဟု လောက်ကိုင်မြို့ခံက NP News ကို ပြောသည်။

ဗမာတန်းရှိ တစ်ချို့သော ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ ပစ္စည်းဥစ္စာများကို စတင်သယ်ဆောင်ကာ ပြောင်းရွေ့နေကြပြီ ဖြစ်ကြောင်း သိရသည်။

“အမှန်က အဲဒါက မြေပုံအရ၊ သမိုင်းအရဆိုရင်တော့ လမ်းနယ်လို့တော့ သိရတယ်။ အခုဟာက MNDAA အားကောင်းနေတော့ သူ့ရဲ့ အစီအစဉ်ပေါ့။ အဲဒီမှာက တရုတ်တွေလည်း ဝယ်ထားတာရှိတယ်။ တရုတ်တွေလည်း လိုင်းပေါ်မှာ အော်နေကြတယ်” ဟု လောက်ကိုင်မြို့ခံက ဆက်လက်ပြောသည်။

အဆိုပါဗမာတန်းတွင် အိမ်ခြေအဆောက်အအုံပေါင်း (၆၀)ကျော်ရှိပြီး ရွှေဆိုင်၊ ဆေးဆိုင်၊ စားသောက်ဆိုင်နှင့် အခြားဆိုင်ပေါင်းများစွာရှိကြောင်း သိရသည်။

ထိုသို့ MNDAA အဖွဲ့က ဗမာတန်းရှိ ဆိုင်များကို ပြောင်းရွေ့ရန် ဖိအားပေးလာသည့်အတွက် ပြည်သူလူထုအနေဖြင့် အခက်အခဲများစွာရှိကြောင်းလည်း လောက်ကိုင်မြို့ခံက ဆိုသည်။

MNDAA အဖွဲ့သည် ၎င်း၏ မဟာမိတ်ဖြစ်သော TNLA၊ AA အဖွဲ့တို့နှင့်အတူ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစတင် ကာ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီး ချင်းရွှေဟော်၊ ကြူကုတ်၊ လောက်ကိုင်အပါအဝင် ကိုးကန့်ဒေသတစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားသည်။

Zawgyi Version

ေလာက္ကိုင္ၿမိဳ႕ ဗမာတန္းရွိ အိမ္ေျခအေဆာက္အအုံမ်ားကို ဖ်က္သိမ္းရန္ MNDAA ဖိအားေပး

ျမဴနစ္ (NP News) - မတ္ ၁၁
ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလာက္ကိုင္ၿမိဳ႕၊ ဗမာတန္းရွိ အိမ္ေျခမ်ားကို ဖ်က္သိမ္းရန္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕(MNDAA)က အသိေပးထားေၾကာင္း သတင္းရရွိသည္။

ေလာက္ကိုင္ၿမိဳ႕ကို လက္နက္ျဖင့္ တိုက္ခိုက္ကာ သိမ္းပိုက္ထိန္းခ်ဳပ္ထားသည့္ MNDAA သည္ (၂)ရပ္ကြက္၊ ဗမာတန္းရွိ အိမ္ေျခအေဆာက္အအုံမ်ားကို (၃)ရက္အတြင္း ဖ်က္သိမ္းရန္ အသိေပးထားေၾကာင္း ၿမိဳ႕ခံမ်ားထံမွ သိရသည္။

“ဗမာတန္းမွာရွိတဲ့ ဆိုင္ေတြ အိမ္ေတြကို ဖယ္ခိုင္းတာေပါ့။ အဲဒီမွာက ေဆးဆိုင္ရွိမယ္။ ေ႐ႊဆိုင္ရွိမယ္။ ေငြလဲတဲ့ အိမ္ရွိမယ္။ စားေသာက္ဆိုင္ေတြ ရွိမယ္။ အဝတ္အစားေတြ၊ စာေရးကိရိယာ ဆိုင္ေတြ ရွိတယ္။ ဆိုင္ေတြက မ်ားပါတယ္။ လမ္းကလည္း ရွည္ပါတယ္။ အဲဒီေနရာက အစုံလည္း ရပါတယ္။ ဗမာတန္း လမ္းလို႔လည္း ေခၚတာေပါ့” ဟု ေလာက္ကိုင္ၿမိဳ႕ခံက NP News ကို ေျပာသည္။

ဗမာတန္းရွိ တစ္ခ်ိဳ႕ေသာ ျပည္သူလူထုအေနျဖင့္ ၎တို႔၏ ပစၥည္းဥစၥာမ်ားကို စတင္သယ္ေဆာင္ကာ ေျပာင္းေ႐ြ႕ေနၾကၿပီ ျဖစ္ေၾကာင္း သိရသည္။

“အမွန္က အဲဒါက ေျမပုံအရ၊ သမိုင္းအရဆိုရင္ေတာ့ လမ္းနယ္လို႔ေတာ့ သိရတယ္။ အခုဟာက MNDAA အားေကာင္းေနေတာ့ သူ႔ရဲ႕ အစီအစဥ္ေပါ့။ အဲဒီမွာက တ႐ုတ္ေတြလည္း ဝယ္ထားတာရွိတယ္။ တ႐ုတ္ေတြလည္း လိုင္းေပၚမွာ ေအာ္ေနၾကတယ္” ဟု ေလာက္ကိုင္ၿမိဳ႕ခံက ဆက္လက္ေျပာသည္။

အဆိုပါဗမာတန္းတြင္ အိမ္ေျခအေဆာက္အအုံေပါင္း (၆၀)ေက်ာ္ရွိၿပီး ေ႐ႊဆိုင္၊ ေဆးဆိုင္၊ စားေသာက္ဆိုင္ႏွင့္ အျခားဆိုင္ေပါင္းမ်ားစြာရွိေၾကာင္း သိရသည္။

ထိုသို႔ MNDAA အဖြဲ႕က ဗမာတန္းရွိ ဆိုင္မ်ားကို ေျပာင္းေ႐ြ႕ရန္ ဖိအားေပးလာသည့္အတြက္ ျပည္သူလူထုအေနျဖင့္ အခက္အခဲမ်ားစြာရွိေၾကာင္းလည္း ေလာက္ကိုင္ၿမိဳ႕ခံက ဆိုသည္။

MNDAA အဖြဲ႕သည္ ၎၏ မဟာမိတ္ျဖစ္ေသာ TNLA၊ AA အဖြဲ႕တို႔ႏွင့္အတူ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၂၇ ရက္မွစတင္ ကာ ၁၀၂၇ စစ္ဆင္ေရးအမည္ျဖင့္ တိုက္ပြဲမ်ား ေဖာ္ေဆာင္ခဲ့ၿပီး ခ်င္းေ႐ႊေဟာ္၊ ၾကဴကုတ္၊ ေလာက္ကိုင္အပါအဝင္ ကိုးကန႔္ေဒသတစ္ခုလုံးနီးပါးကို ထိန္းခ်ဳပ္ထားသည္။

Related news

© 2021. All rights reserved.