မတ္တရာမြို့နယ်တွင် စက်လှေ(၂)စီးပေါ်မှ ငွေကျပ် ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 1414

သန့်ဇင် (NP News) - မတ် ၁၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စက်လှေ(၂)စီးပေါ်မှ ငွေကျပ် ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ပြီးခဲ့သည့် မတ်လ ၆ ရက်၊ ညနေ ၆ နာရီအချိန်တွင် မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဆည်အတွင်း၌ အထက်ပါကဲ့သို့ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဆည်အတွင်း၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရာဇာမိုး၊ မလမင်းနွယ်၊ သိန်းဇော်(ခ) ချစ်မွှေး၊ အောင်ပိုင်၊ မဖြူဖြူထွေးနှင့် မယမင်းသူ(ခ)မင်းမင်းတို့ (၆)ဦး လိုက်ပါလာသည့် စက်လှေငယ် (၂)စီးကို စစ်ဆေးရှာဖွေခဲ့ရာ မီးသွေးအိတ်များအတွင်းမှ သိုဝှက်သယ်ဆောင်လာသော ငွေကျပ် ၇ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း(၅၀)ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးချက်အရ မတ်လ ၇ ရက်၊ နံနက် ၇ နာရီအချိန်တွင် မတ္တရာမြိုနယ်၊ ဆည်တော်ကျေးရွာတွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးများကို သယ်ဆောင်ခိုင်းသူ စိုင်းမင်းသူ နှင့် ပူးပေါင်းပါဝင်သူ ထွန်းသန်းတို့(၂)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ဆေးချက်များအရ အဆိုပါဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်သို့ ရေလမ်းကြောင်းမှ စက်တပ်လှေဖြင့် သယ်ဆောင်လာကာ ထိုမှတစ်ဆင့် မန္တလေးသို့ ဆက်လက်သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့အား သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရအမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
မတၱရာၿမိဳ႕နယ္တြင္ စက္ေလွ(၂)စီးေပၚမွ ေငြက်ပ္ ၇ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - မတ္ ၁၂

မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္တြင္ စက္ေလွ(၂)စီးေပၚမွ ေငြက်ပ္ ၇ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတာဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕က ၿပီးခဲ့သည့္ မတ္လ ၆ ရက္၊ ညေန ၆ နာရီအခ်ိန္တြင္ မတၱရာၿမိဳ႕နယ္၊ ဆည္ေတာ္ႀကီးဆည္အတြင္း၌ အထက္ပါကဲ့သို႔ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါဆည္အတြင္း၌ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ရာဇာမိုး၊ မလမင္းႏြယ္၊ သိန္းေဇာ္(ခ) ခ်စ္ေမႊး၊ ေအာင္ပိုင္၊ မျဖဴျဖဴေထြးႏွင့္ မယမင္းသူ(ခ)မင္းမင္းတို႔ (၆)ဦး လိုက္ပါလာသည့္ စက္ေလွငယ္ (၂)စီးကို စစ္ေဆးရွာေဖြခဲ့ရာ မီးေသြးအိတ္မ်ားအတြင္းမွ သိုဝွက္သယ္ေဆာင္လာေသာ ေငြက်ပ္ ၇ ဒသမ ၅ ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား သိန္း(၅၀)ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဆက္လက္စစ္ေဆးခ်က္အရ မတ္လ ၇ ရက္၊ နံနက္ ၇ နာရီအခ်ိန္တြင္ မတၱရာၿမိဳနယ္၊ ဆည္ေတာ္ေက်း႐ြာတြင္ အဆိုပါ စိတ္ႂကြ႐ူးသြပ္ေဆးမ်ားကို သယ္ေဆာင္ခိုင္းသူ စိုင္းမင္းသူ ႏွင့္ ပူးေပါင္းပါဝင္သူ ထြန္းသန္းတို႔(၂)ဦးကို ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ စစ္ေဆးခ်က္မ်ားအရ အဆိုပါဖမ္းဆီးရမိခဲ့သည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ေနာင္ခ်ိဳၿမိဳ႕နယ္မွ မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္သို႔ ေရလမ္းေၾကာင္းမွ စက္တပ္ေလွျဖင့္ သယ္ေဆာင္လာကာ ထိုမွတစ္ဆင့္ မႏၲေလးသို႔ ဆက္လက္သယ္ေဆာင္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔အား သက္ဆိုင္ရာၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား ဆိုင္ရာဥပေဒအရအမႈဖြင့္ အေရးယူထားၿပီး ကြင္းဆက္မ်ားအား စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.