ပုဏ္ဏားကျွန်းမြို့မှာ ၈ဝ ရာခိုင်နှုန်းအထိ ပျက်စီးသွားခဲ့သည့်အပြင် အဆိုပါမြို့နယ်တွင် စစ်ဘေးရှောင် ၇ဝဝဝ ကျော် အကူအညီ လိုအပ်နေ

 4437

သုတကျော် (NP News) - မတ် ၁၃

ပုဏ္ဏားကျွန်းမြို့မှာ ၈၀ ရာခိုင်နှုန်းအထိ ပျက်စီးသွားခဲ့သည့်အပြင် အဆိုပါမြို့နယ်တွင် စစ်ဘေးရှောင် ၇ဝဝဝ ကျော် အကူအညီလိုအပ်နေကြောင်း ဒုက္ခသည်များ အရေးနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသူ ဒေသခံတစ်ဦးက The Statesman ဂျာနယ်သို့ အတည်ပြု ပြောကြားသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက် တွင် ပုဏ္ဏားကျွန်းမြို့ကို AA က ထိန်းချုပ်ထားကြောင်း အဆိုပါအဖွဲ့ ၏ ကြေငြာချက်အရ သိရကာ လက်နက်ကြီး ကျရောက်သည့်အတွက် ပုဏ္ဏားကျွန်းမြို့တွင် အထက်ပါအတိုင်း အပျက်အစီးများ များပြား နေခြင်းဖြစ်ပြီး ၈ဝ ရာခိုင်နှုန်းခန့် ပျက်စီးသွားကြောင်းကိုမျက်မြင်အခြေအနေအရ အတည်ပြုနိုင်ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လောလောဆယ်တော့ မြို့ပြန်လည်ထူထောင်ရေးထက် စစ်ဘေးရှောင်အရေးပေါ့။ အခုအနေအထားမှာ မြို့ထဲကို ပြန်ဝင်လို့ မရသေးဘူး။ စစ်ဘေးရှောင်ကူညီရေးကိုပဲ ဦးစားပေးပြီး လုပ်နေတာပေါ့။ ကျွန်တော်တို့မြို့နယ်မှာ အကူအညီတွေ အများကြီး လိုအပ်နေပါတယ်။ လူဦးရေကတော့ ၇၂၀၀ လောက် အရေးပေါ်အကူအညီလိုအပ်နေ ဆဲပါ” ဟု အထက်ပါဒေသခံ က ဆိုသည်။
အဆိုပါ လူပေါင်း ၇ဝဝဝ ကျော်အတွင်းတွင် ပုဏ္ဏားကျွန်းမြို့ တစ်မြို့တည်းမှ မဟုတ်ဘဲ မြို့နယ်အတွင်းမှလည်း ပါဝင်ကာ အဆက်အသွယ်မရသေးသည့် ရွာအချို့လည်း ရှိနေသေးကြောင်း သိရသည်။
“မြို့ပေါ် အခြေအနေက ရစရာ မရှိဖြစ်သွားတယ်။ ရွာတွေလောက်ပဲ ကျန်တာပေါ့။ ၇၀၀၀ ကျော် ဆိုတာက ပုဏ္ဏားကျွန်းမြို့နယ်မှာ သူ့အစုနဲ့သူ တိမ်းရှောင်နေတဲ့အရေအတွက်ကို စုပြီး ပြောတာပါ။ ဒုက္ခသည်တွေ လိုတာက စားနပ်ရိက္ခာပါ။ ခြင်ထောင်တို့၊ ဖျာတို့လည်း လိုပါတယ်။ တောထဲမှာ နေရတော့ ခြင်လည်း ကိုက်တယ်လေ။ မြေပြင်ပေါ် လှဲအိပ်လို့ မရတော့ ဒါတွေ လိုတာပါ။ အဓိကတော့ စားနပ်ရိက္ခာလိုနေတာပါ” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် က မင်းပြားမြို့၊ ပေါက်တောမြို့၊ ပုဏ္ဏားကျွန်းမြို့ နှင့် ကျောက်တော်မြို့ အပါအဝင် ရခိုင်ပြည်နယ် က မြို့အချို့ကို AA က ထိန်းချုပ်ထားကာ ၂၀၂၃ခုနှစ် နိုဝင်ဘာလက စတင်ကာ တကျော့ပြန်ပဋိပက္ခများ ဖြစ်ပွားချိန်မှ စတင်ပြီး စားနပ်ရိက္ခာရှားပါးမှုနှင့် အခြားသောကုန်စည်ပစ္စည်းပြတ်လပ်မှုများဖြစ်ပွားနေကာ မရှိမဖြစ်ကုန်ပစ္စည်း များမှာလည်း ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။

Zawgyi Version;
ပုဏၰားကြၽန္းၿမိဳ႕မွာ ၈ဝ ရာခိုင္ႏႈန္းအထိ ပ်က္စီးသြားခဲ့သည့္အျပင္ အဆိုပါၿမိဳ႕နယ္တြင္ စစ္ေဘးေရွာင္ ၇ဝဝဝ ေက်ာ္ အကူအညီ လိုအပ္ေန
သုတေက်ာ္ (NP News) - မတ္ ၁၃

ပုဏၰားကြၽန္းၿမိဳ႕မွာ ၈၀ ရာခိုင္ႏႈန္းအထိ ပ်က္စီးသြားခဲ့သည့္အျပင္ အဆိုပါၿမိဳ႕နယ္တြင္ စစ္ေဘးေရွာင္ ၇ဝဝဝ ေက်ာ္ အကူအညီလိုအပ္ေနေၾကာင္း ဒုကၡသည္မ်ား အေရးႏွင့္ပတ္သက္၍ ကူညီေဆာင္႐ြက္ေပးေနသူ ေဒသခံတစ္ဦးက The Statesman ဂ်ာနယ္သို႔ အတည္ျပဳ ေျပာၾကားသည္။
ၿပီးခဲ့သည့္ မတ္လ ၄ ရက္ တြင္ ပုဏၰားကြၽန္းၿမိဳ႕ကို AA က ထိန္းခ်ဳပ္ထားေၾကာင္း အဆိုပါအဖြဲ႕ ၏ ေၾကျငာခ်က္အရ သိရကာ လက္နက္ႀကီး က်ေရာက္သည့္အတြက္ ပုဏၰားကြၽန္းၿမိဳ႕တြင္ အထက္ပါအတိုင္း အပ်က္အစီးမ်ား မ်ားျပား ေနျခင္းျဖစ္ၿပီး ၈ဝ ရာခိုင္ႏႈန္းခန႔္ ပ်က္စီးသြားေၾကာင္းကိုမ်က္ျမင္အေျခအေနအရ အတည္ျပဳႏိုင္ၿပီျဖစ္ေၾကာင္း ၎က ဆိုသည္။

“ေလာေလာဆယ္ေတာ့ ၿမိဳ႕ျပန္လည္ထူေထာင္ေရးထက္ စစ္ေဘးေရွာင္အေရးေပါ့။ အခုအေနအထားမွာ ၿမိဳ႕ထဲကို ျပန္ဝင္လို႔ မရေသးဘူး။ စစ္ေဘးေရွာင္ကူညီေရးကိုပဲ ဦးစားေပးၿပီး လုပ္ေနတာေပါ့။ ကြၽန္ေတာ္တို႔ၿမိဳ႕နယ္မွာ အကူအညီေတြ အမ်ားႀကီး လိုအပ္ေနပါတယ္။ လူဦးေရကေတာ့ ၇၂၀၀ ေလာက္ အေရးေပၚအကူအညီလိုအပ္ေန ဆဲပါ” ဟု အထက္ပါေဒသခံ က ဆိုသည္။
အဆိုပါ လူေပါင္း ၇ဝဝဝ ေက်ာ္အတြင္းတြင္ ပုဏၰားကြၽန္းၿမိဳ႕ တစ္ၿမိဳ႕တည္းမွ မဟုတ္ဘဲ ၿမိဳ႕နယ္အတြင္းမွလည္း ပါဝင္ကာ အဆက္အသြယ္မရေသးသည့္ ႐ြာအခ်ိဳ႕လည္း ရွိေနေသးေၾကာင္း သိရသည္။
“ၿမိဳ႕ေပၚ အေျခအေနက ရစရာ မရွိျဖစ္သြားတယ္။ ႐ြာေတြေလာက္ပဲ က်န္တာေပါ့။ ၇၀၀၀ ေက်ာ္ ဆိုတာက ပုဏၰားကြၽန္းၿမိဳ႕နယ္မွာ သူ႔အစုနဲ႔သူ တိမ္းေရွာင္ေနတဲ့အေရအတြက္ကို စုၿပီး ေျပာတာပါ။ ဒုကၡသည္ေတြ လိုတာက စားနပ္ရိကၡာပါ။ ျခင္ေထာင္တို႔၊ ဖ်ာတို႔လည္း လိုပါတယ္။ ေတာထဲမွာ ေနရေတာ့ ျခင္လည္း ကိုက္တယ္ေလ။ ေျမျပင္ေပၚ လွဲအိပ္လို႔ မရေတာ့ ဒါေတြ လိုတာပါ။ အဓိကေတာ့ စားနပ္ရိကၡာလိုေနတာပါ” ဟု ၎က ဆိုသည္။

ရခိုင္ျပည္နယ္ က မင္းျပားၿမိဳ႕၊ ေပါက္ေတာၿမိဳ႕၊ ပုဏၰားကြၽန္းၿမိဳ႕ ႏွင့္ ေက်ာက္ေတာ္ၿမိဳ႕ အပါအဝင္ ရခိုင္ျပည္နယ္ က ၿမိဳ႕အခ်ိဳ႕ကို AA က ထိန္းခ်ဳပ္ထားကာ ၂၀၂၃ခုႏွစ္ ႏိုဝင္ဘာလက စတင္ကာ တေက်ာ့ျပန္ပဋိပကၡမ်ား ျဖစ္ပြားခ်ိန္မွ စတင္ၿပီး စားနပ္ရိကၡာရွားပါးမႈႏွင့္ အျခားေသာကုန္စည္ပစၥည္းျပတ္လပ္မႈမ်ားျဖစ္ပြားေနကာ မရွိမျဖစ္ကုန္ပစၥည္း မ်ားမွာလည္း ေဈးႏႈန္းမ်ား ျမင့္တက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.