ရှားပါးမျိုးစိတ် ကြောင်လိမ်ကျွမ်းထိုးလင်းပိုင် (၁၅)ကောင်ကို မော်တင်စွန်းကမ်းခြေအနီး၌ တွေ့ရှိ

 1599

ယွန်း (NP News) - မတ် ၁၃

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ရှိ မော်တင်စွန်းကမ်းခြေအနီးတွင် ရှားပါးမျိုးစိတ် ကြောင်လိမ်ကျွမ်းထိုးလင်းပိုင်(၁၅)ကောင်ကို တွေ့ရှိခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ လင်းပိုင်(၁၅)ကောင်သည် ပြီးခဲ့သည့် မတ်လ(၁၂)ရက် နေ့လည်(၂)နာရီအချိန်ခန့်တွင် မော်တင်စွမ်းကမ်းခြေအနီးရှိ ရေလုပ်သားများ၏ ကမ်းဆွဲပိုက်ဖြင့် ငြိပါလာခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ဧရာဝတီလင်းပိုင်များမဟုတ်ဘဲ ရှားပါးမျိုးစိတ်စာရင်းဝင် ကြောင်လိမ်ကျွမ်းထိုးလင်းပိုင်များဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောထားသည်။

“‌ရေလုပ်သားရဲ့ကမ်းဆွဲပိုက်မှာ ငြိလာခဲ့တာ။ တမင်ဖမ်းတာ မဟုတ်ပါဘူး။ ၁၅ ကောင် ပါလာတယ်။ ၁၅ မိနစ်လောက်ပဲကြာတယ်။ ပြန်လွှတ်ပေးလိုက်တယ်။ ဘုရားပွဲအချိန်လည်းဖြစ်တော့ ဘုရားဖူးတွေနဲ့ ရေလုပ်သားတွေနဲ့ပေါင်းပြီးတော့ ပင်လယ်ထဲကို အရှင်ပြန်လွှတ်လိုက်တယ်။ သေတာမရှိဘူး။ ဧရာဝတီလင်းပိုင် မဟုတ်ပါဘူး။ လင်းပိုင်မျိုးစိတ်ထဲကပဲ ကြောင်လိမ်ကျွမ်းထိုးလင်းပိုင် အမျိုးအစားပါ” ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ကြောင်လိမ်ကျွမ်းထိုးလင်းပိုင်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ လိပ်ကျွန်းနှင့် မော်တင်စွန်းကြားရေပြင်တွင် အုပ်စုလိုက် ကျက်စားလေ့ရှိပြီး ၎င်းတို့သည်လည်း ရှားပါးမျိုးစိတ်စာရင်းဝင် လင်းပိုင်များဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရှားပါးမျိုးစိတ်ဖြစ်သည့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးကို အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်စီစဉ်လျက်ရှိပြီး ကြောင်လိမ်ကျွမ်းထိုးလင်းပိုင်များကိုလည်း ထိန်းသိမ်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

Zawgyi Version;
ရွားပါးမ်ိဳးစိတ္ ေၾကာင္လိမ္ကြၽမ္းထိုးလင္းပိုင္ (၁၅)ေကာင္ကို ေမာ္တင္စြန္းကမ္းေျခအနီး၌ ေတြ႕ရွိ
ယြန္း (NP News) - မတ္ ၁၃

ဧရာဝတီတိုင္း၊ ငပုေတာၿမိဳ႕နယ္ရွိ ေမာ္တင္စြန္းကမ္းေျခအနီးတြင္ ရွားပါးမ်ိဳးစိတ္ ေၾကာင္လိမ္ကြၽမ္းထိုးလင္းပိုင္(၁၅)ေကာင္ကို ေတြ႕ရွိခဲ့ေၾကာင္း ငါးလုပ္ငန္း ဦးစီးဌာနထံမွ သိရသည္။

အဆိုပါ လင္းပိုင္(၁၅)ေကာင္သည္ ၿပီးခဲ့သည့္ မတ္လ(၁၂)ရက္ ေန႔လည္(၂)နာရီအခ်ိန္ခန႔္တြင္ ေမာ္တင္စြမ္းကမ္းေျခအနီးရွိ ေရလုပ္သားမ်ား၏ ကမ္းဆြဲပိုက္ျဖင့္ ၿငိပါလာျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔သည္ ဧရာဝတီလင္းပိုင္မ်ားမဟုတ္ဘဲ ရွားပါးမ်ိဳးစိတ္စာရင္းဝင္ ေၾကာင္လိမ္ကြၽမ္းထိုးလင္းပိုင္မ်ားျဖစ္ေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာထားသည္။

“‌ေရလုပ္သားရဲ႕ကမ္းဆြဲပိုက္မွာ ၿငိလာခဲ့တာ။ တမင္ဖမ္းတာ မဟုတ္ပါဘူး။ ၁၅ ေကာင္ ပါလာတယ္။ ၁၅ မိနစ္ေလာက္ပဲၾကာတယ္။ ျပန္လႊတ္ေပးလိုက္တယ္။ ဘုရားပြဲအခ်ိန္လည္းျဖစ္ေတာ့ ဘုရားဖူးေတြနဲ႔ ေရလုပ္သားေတြနဲ႔ေပါင္းၿပီးေတာ့ ပင္လယ္ထဲကို အရွင္ျပန္လႊတ္လိုက္တယ္။ ေသတာမရွိဘူး။ ဧရာဝတီလင္းပိုင္ မဟုတ္ပါဘူး။ လင္းပိုင္မ်ိဳးစိတ္ထဲကပဲ ေၾကာင္လိမ္ကြၽမ္းထိုးလင္းပိုင္ အမ်ိဳးအစားပါ” ဟု ငါးလုပ္ငန္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။

အဆိုပါ ေၾကာင္လိမ္ကြၽမ္းထိုးလင္းပိုင္မ်ားသည္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလကုန္ပိုင္းမွစ၍ လိပ္ကြၽန္းႏွင့္ ေမာ္တင္စြန္းၾကားေရျပင္တြင္ အုပ္စုလိုက္ က်က္စားေလ့ရွိၿပီး ၎တို႔သည္လည္း ရွားပါးမ်ိဳးစိတ္စာရင္းဝင္ လင္းပိုင္မ်ားျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ငါးလုပ္ငန္းဦးစီးဌာနအေနျဖင့္ ရွားပါးမ်ိဳးစိတ္ျဖစ္သည့္ ဧရာဝတီလင္းပိုင္ထိန္းသိမ္းေရးကို အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္စီစဥ္လ်က္ရွိၿပီး ေၾကာင္လိမ္ကြၽမ္းထိုးလင္းပိုင္မ်ားကိုလည္း ထိန္းသိမ္းႏိုင္ေရးအတြက္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.