စည်ပင်မှ လိုင်စင်ရယူထားသည့် တည်းခိုခန်းများအားလုံးတွင် ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ်(GLMS) ကို အသုံးပြုမည်

 2379

ပုံစာ - ပြည်တွင်း၌ဖွင့်လှစ်ထားသည့် ဟိုတယ်နှင့် တည်းခိုခန်းအချို့ကို တွေ့ရစဉ်

NP News - မတ် ၁၈

သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီများမှ လိုင်စင်ရယူ လုပ်ငန်းဆောင်ရွက်နေသည့် တည်းခိုခန်းများအားလုံး၌ ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System– GLMS) ကို တပြေးညီအသုံးပြုနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ ကျင်းပပြုလုပ်သည့် အခမ်းအနား၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စနစ်သည် ပြည်တွင်းပြည်ပခရီးသည်များ တည်းခိုနေထိုင်မှုဆိုင်ရာ အချက်အလက်များကို တစုတစည်းတည်း သိရှိနိုင်သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

‘ဧည်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS) ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ လိုင်စင်ရယူထားတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေမှာ အသုံး ပြုနိုင်ဖို့ စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ စည်ပင်မှာ လိုင်စင်ရယူထားတဲ့ တည်ခိုခန်းတွေကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်’ဟု ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ပြောသည်။

ပြည်တွင်း၌ ပြန်လည်ဖွင့်လှစ်ထားသော ဟိုတယ်နှင့် တည်းခိုခန်းများသည် ကချင်ပြည်နယ်တွင် ၄၃ ခု၊ ကယားပြည်နယ်တွင် ၂၄ ခု၊ ကရင်ပြည်နယ်တွင် ၄၈ ခု၊ ချင်းပြည်နယ်တွင် ၉ ခု၊ မွန်ပြည်နယ်တွင် ၅ဝ ခု၊ ရခိုင်ပြည်နယ်တွင် ၈ ခု၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ၉၃ ခု၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် ၇၆ ခု၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ၁ဝ၇ ခု၊ နေပြည်တော်တွင် ၅၂ ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၇၂ ခု၊ မန္တလေးတိုင်းဒေသကြီးတွင် ၃၆၂ ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅ဝ ခု၊ မကွေးတိုင်းဒေသကြီးတွင် ၄၃ ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ၃ ခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄၁ ခုတို့ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရသိရသည်။

zawgyi version
စည္ပင္မွ လိုင္စင္ရယူထားသည့္ တည္းခိုခန္းမ်ားအားလုံးတြင္ ဧည့္သည္စာရင္းစီမံခန႔္ခြဲမႈစနစ္(GLMS) ကို အသုံးျပဳမည္
NP News - မတ္ ၁၈

သက္ဆိုင္ရာစည္ပင္သာယာေရးေကာ္မတီမ်ားမွ လိုင္စင္ရယူ လုပ္ငန္းေဆာင္႐ြက္ေနသည့္ တည္းခိုခန္းမ်ားအားလုံး၌ ဧည့္သည္စာရင္းစီမံခန႔္ခြဲမႈစနစ္ (Guest List Management System– GLMS) ကို တေျပးညီအသုံးျပဳႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးၿဖိဳးေဇာ္စိုးက ၿပီးခဲ့သည့္ ရက္ပိုင္းက ရန္ကုန္ၿမိဳ႕ရွိ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရးဗဟိုဌာန၌ က်င္းပျပဳလုပ္သည့္ အခမ္းအနား၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါ စနစ္သည္ ျပည္တြင္းျပည္ပခရီးသည္မ်ား တည္းခိုေနထိုင္မႈဆိုင္ရာ အခ်က္အလက္မ်ားကို တစုတစည္းတည္း သိရွိႏိုင္သည့္အတြက္ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ခရီးသည္မ်ား၏ ေဘးကင္းလုံၿခဳံေရးဆိုင္ရာ ကိစၥရပ္မ်ားအတြက္ အေထာက္အကူျဖစ္ေစမည္ျဖစ္ေၾကာင္း သိရသည္။

‘ဧည္သည္စာရင္းစီမံခန႔္ခြဲမႈစနစ္ (GLMS) ကို ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနမွ လိုင္စင္ရယူထားတဲ့ ဟိုတယ္နဲ႔ တည္းခိုရိပ္သာေတြမွာ အသုံး ျပဳႏိုင္ဖို႔ စတင္ေဆာင္႐ြက္ခဲ့ၿပီးျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ စည္ပင္မွာ လိုင္စင္ရယူထားတဲ့ တည္ခိုခန္းေတြကို ဆက္လက္လုပ္ေဆာင္မွာျဖစ္ပါတယ္’ဟု ဒုတိယဝန္ႀကီး ဦးၿဖိဳးေဇာ္စိုးက ေျပာသည္။

ျပည္တြင္း၌ ျပန္လည္ဖြင့္လွစ္ထားေသာ ဟိုတယ္ႏွင့္ တည္းခိုခန္းမ်ားသည္ ကခ်င္ျပည္နယ္တြင္ ၄၃ ခု၊ ကယားျပည္နယ္တြင္ ၂၄ ခု၊ ကရင္ျပည္နယ္တြင္ ၄၈ ခု၊ ခ်င္းျပည္နယ္တြင္ ၉ ခု၊ မြန္ျပည္နယ္တြင္ ၅ဝ ခု၊ ရခိုင္ျပည္နယ္တြင္ ၈ ခု၊ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)တြင္ ၉၃ ခု၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) တြင္ ၇၆ ခု၊ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)တြင္ ၁ဝ၇ ခု၊ ေနျပည္ေတာ္တြင္ ၅၂ ခု၊ ရန္ကုန္တိုင္းေဒသႀကီးတြင္ ၂၇၂ ခု၊ မႏၲေလးတိုင္းေဒသႀကီးတြင္ ၃၆၂ ခု၊ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ၅ဝ ခု၊ မေကြးတိုင္းေဒသႀကီးတြင္ ၄၃ ခု၊ ပဲခူးတိုင္းေဒသႀကီးတြင္ ၃ ခု၊ ဧရာဝတီတိုင္းေဒသႀကီးတြင္ ၄၁ ခုတို႔ရွိေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန၏ စာရင္းအခ်က္အလက္မ်ားအရသိရသည္။

Related news

© 2021. All rights reserved.