မလေးရှားမှာ နိုင်ငံခြားသားအမျိုးသားတစ်ဦးက လိမ္မော်ရည်သောက်ရင်း လုပ်ဖော်ကိုင်ဖက်ကို ဓားနဲ့ထိုးသတ်

 395

ရောင်နီ (NP News) - မတ် ၂၁

မလေးရှားနိုင်ငံရှိ နိုင်ငံခြားသား ပါက္ကစ္စတန် အလုပ်သမားတစ်ဦးဟာ ၎င်းရဲ့လုပ်ဖော်ကိုင်ဖက် နဲ့ လိမ္မော်ရည် အတူသောက်ရင်း စကားများကာ ဓားနဲ့ထိုးသတ်မှုဖြစ်ပွားခဲ့ပါတယ်။

အမှုဟာ မတ်လ ၁၉ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်က Shah Alam စက်ရုံ၊ အလုပ်သမား ဘော်ဒါဆောင်မှာ ဖြစ်ပွား ခဲ့တာဖြစ်ပါတယ်။ အသက် ၄၉ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်အမျိုးသားတစ်ဦး အခင်းဖြစ်ရာနေရာမှာတင် သေဆုံးသွား ခဲ့ပြီး ပါက္ကစတန်အမျိုးသား ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ စစ်ဆေးမှုများအရ သေဆုံးသူဟာ အလုပ်သမား တည်းခိုဆောင်အဖြစ် ပြောင်းလဲထားတဲ့ သင်္ဘောကွန်တိန်နာတစ်ခုမှာ အသက် ၅၁ နှစ်အရွယ် ပါကစ္စတန် အမျိုးသားတစ်ဦးနဲ့ အတူနေထိုင်ခြင်းဖြစ်ပြီး၊ စုံစမ်းစစ်ဆေးမှုတွေအရ သေဆုံးသူဟာ ပါကစ္စတန်အမျိုးသားနဲ့ အတူ လိမ္မော်ရည်သောက်ခဲ့တယ်လို့ သိရပါတယ်။ အတူလိမ္မော်ရည်သောက်ရင်း စကားများခဲ့ရာမှ ပါကစ္စတန် အမျိုးသားက ဒေါသထွက်ပြီး မီးဖိုချောင်သုံးဓားနဲ့ အကြိမ်ပေါင်းများစွာ ဓားနဲ့ထိုးခဲ့တာဖြစ်ပါတယ်။ တရားခံ ပါကစ္စတန်အမျိုးသားကို အခင်းနေရာမှာတင် ဖမ်းဆီးနိုင်ခဲ့ပါတယ်။
အခု တရားခံအမျိုးသားကို လူသတ်မှုနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
မေလးရွားမွာ ႏိုင္ငံျခားသားအမ်ိဳးသားတစ္ဦးက လိေမၼာ္ရည္ေသာက္ရင္း လုပ္ေဖာ္ကိုင္ဖက္ကို ဓားနဲ႔ထိုးသတ္
ေရာင္နီ (NP News) - မတ္ ၂၁

မေလးရွားႏိုင္ငံရွိ ႏိုင္ငံျခားသား ပါကၠစၥတန္ အလုပ္သမားတစ္ဦးဟာ ၎ရဲ႕လုပ္ေဖာ္ကိုင္ဖက္ နဲ႔ လိေမၼာ္ရည္ အတူေသာက္ရင္း စကားမ်ားကာ ဓားနဲ႔ထိုးသတ္မႈျဖစ္ပြားခဲ့ပါတယ္။

အမႈဟာ မတ္လ ၁၉ ရက္ ည ၇ နာရီ ၂၀ မိနစ္ခန္႔က Shah Alam စက္႐ုံ၊ အလုပ္သမား ေဘာ္ဒါေဆာင္မွာ ျဖစ္ပြား ခဲ့တာျဖစ္ပါတယ္။ အသက္ ၄၉ ႏွစ္အ႐ြယ္ ဘဂၤလားေဒ့ရွ္အမ်ိဳးသားတစ္ဦး အခင္းျဖစ္ရာေနရာမွာတင္ ေသဆုံးသြား ခဲ့ၿပီး ပါကၠစတန္အမ်ိဳးသား ဖမ္းဆီးခံရတယ္လို႔ သိရပါတယ္။ စစ္ေဆးမႈမ်ားအရ ေသဆုံးသူဟာ အလုပ္သမား တည္းခိုေဆာင္အျဖစ္ ေျပာင္းလဲထားတဲ့ သေဘၤာကြန္တိန္နာတစ္ခုမွာ အသက္ ၅၁ ႏွစ္အ႐ြယ္ ပါကစၥတန္ အမ်ိဳးသားတစ္ဦးနဲ႔ အတူေနထိုင္ျခင္းျဖစ္ၿပီး၊ စုံစမ္းစစ္ေဆးမႈေတြအရ ေသဆုံးသူဟာ ပါကစၥတန္အမ်ိဳးသားနဲ႔ အတူ လိေမၼာ္ရည္ေသာက္ခဲ့တယ္လို႔ သိရပါတယ္။ အတူလိေမၼာ္ရည္ေသာက္ရင္း စကားမ်ားခဲ့ရာမွ ပါကစၥတန္ အမ်ိဳးသားက ေဒါသထြက္ၿပီး မီးဖိုေခ်ာင္သုံးဓားနဲ႔ အႀကိမ္ေပါင္းမ်ားစြာ ဓားနဲ႔ထိုးခဲ့တာျဖစ္ပါတယ္။ တရားခံ ပါကစၥတန္အမ်ိဳးသားကို အခင္းေနရာမွာတင္ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။
အခု တရားခံအမ်ိဳးသားကို လူသတ္မႈနဲ႔ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.