ရုရှားတို့ မဟာဗျူဟာမြောက်နျူကလီးယားလက်နက်တွေ ထုတ်သုံးတော့မှာလား

 794

သန်းထိုက်စိုး (NP News) - မတ် ၂၂

နျူကလီးယားလက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းကြသည့်နိုင်ငံများသည် နျူကလီးယားလက်နက်အား အမှန်တကယ်အသုံးပြုရန်ထက် ခြိမ်းခြောက်ရန်အတွက် အဓိကဖြစ်သည်ဟု ပညာရှင်တစ်ဦးက မှတ်ချက် ပေးဖူးသည်။ နျူကလီးယားလက်နက်ဟု ကြားလိုက်လျှင် ပထမဆုံး မြင်ယောင်သည်မှာ ဂျပန်နိုင်ငံ ဟာရို ရှီးမားနှင့်နဂါဆာကီ မြို့ကြီးနှစ်မြို့ဖြစ်သည်။ ယခုရက်ပိုင်းတွင်လည်း ပြင်သစ်သမ္မတ မက်ခရွန် ပြောလိုက် သည့်စကားနှင့် သမ္မတပူတင်၏ တုံ့ ပြန်ချက်တို့ကြောင့် နျူကလီးယား လက်နက်နှင့် ပတ်သက်၍ တကျော့ပြန် အနည်ထလာပြန်သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံအတွင်းသို့ ၎င်းတို့၏ တပ်ဖွဲ့ဝင်များ စေလွှတ်မည် ဆိုပါက နျူကလီးယားလက်နက် အသုံးပြုမည်ဟု မကြာသေးမီ ရက်ပိုင်းအတွင်းကပင် သမ္မတ ပူတင်က သတိပေးပြောဆိုခဲ့သည်။ နှစ်နာရီကျော်ကြာသည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် သမ္မတပူတင်က ထည့် သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ပြင်သစ်သမ္မတ မက်ခရွန်က နေတိုးတပ်ဖွဲ့များ ယူကရိန်းသို့စေလွှတ်မည် ဟု ပြောဆိုခဲ့ခြင်းအပေါ် သမ္မတပူတင်က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုလာခြင်း ဖြစ်သည်။

ဂျာမနီ ဝန်ကြီးချုပ် အိုလက်စခိုးလ်နှင့် အမေရိကန်အဆင့်မြင့်အရာရှိများက သမ္မတ မက်ခရွန် ၏ ပြောဆိုချက်နှင့်ပတ်သက် ဖြစ်နိုင်ခြေမရှိကြောင်း ပြောဆိုကာ ချက်ချင်းပယ်ချခဲ့ကြသည်။ ထို့ပြင် ရုရှားနိုင်ငံ က အခြားဥရောပနိုင်ငံများထိပါ ပဋိပက္ခပြန့်ပွားလာစေရန် ဖန်တီးနေသည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက် ၍ အဓိပ္ပါယ်မဲ့ပြောဆိုချက်ဖြစ်ကြောင်း သမ္မတပူတင်က ပယ်ချခဲ့သည်။ ယူကရိန်းစစ်ပွဲတွင် နိုင်ငံခြားတပ်ဖွဲ့ များ ပါဝင်လာပါက ကြေကွဲစရာအကျိုးဆက်များ ကြုံတွေ့ရမည်ဖြစ်ကြောင်းလည်း သမ္မတပူတင်က ထပ်လောင်းပြောဆိုခဲ့သည်။

ရုရှားအနေဖြင့် နျူကလီးယားလက်နက်များအသုံးပြုရန် ပြင်ဆင်နေသည့် အရိပ်လက္ခဏာများ မမြင် တွေ့ရသော်လည်း သမ္မတပူတင်၏ မှတ်ချက်စကားမှာ တာဝန်မဲ့ရာကျကြောင်း၊ ဂရုတစိုက်ဖြင့် ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ပေါက်ကြားလာသည့် လျှို့ဝှက်စာများအရ ရုရှားတို့တွင်ရှိသည့် နည်းဗျူဟာ နျူကလီးယားလက် နက်မှာ လူသိရှင်ကြားထုတ်ပြန်ထားသည်ထက် နည်းသည်ဟု Financial Times တွင် ဖော်ပြသည်။ ရုရှားတို့၏ နည်းဗျူဟာနျူကလီးယားလက်နက်များသည် စစ်မြေပြင်တွင်အသုံးပြုရန်ရည်ရွယ်ထုတ်လုပ် ထားခြင်းဖြစ်ပြီး တိုက်ချင်းပစ်ဒုံးကျည်များတွင် တပ်ဆင်ပစ်နိုင်သည့်ထိပ်ဖူးများစသည့် မဟာဗျူဟာနျူကလီးယား လက်နက် များထက်အရွယ်အစားငယ်သည်။ မည်သို့ဖြစ်စေ နည်းဗျူဟာနျူကလီးယား လက်နက်များသည် ဂျပန်မြိုကြီး များဖြစ်သည့် ဟာရိုရှီးမားနှင့်နဂါဆာကီတို့အပေါ်တွင် အမေရိကန်တို့ကျချခဲ့သည့် လက်နက်များထက် စွမ်းဆောင်ရည် မြင့်မားမည်မှာ သေချာသည်။

ယူကရိန်းနှင့် စစ်ပွဲဖြစ်ပွားချိန်မှစ၍ ရုရှား နှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးမှာ တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာခဲ့သည်။ ၁၉၆၂ ခုနှစ်ကျူ ဘားမစ်ဆိုင်းအကျပ်အတည်း နောက်ပိုင်းတွင် အဆိုးဆုံး အခြေအနေ တစ်ခုပင် ဖြစ်သည်။ သမ္မတပူတင်သည် ယခင်ကလည်း နေတိုးနှင့် ရုရှားကြားတိုက်ရိုက်ထိပ်တိုက်တွေ့ဆုံမှု အန္တရာယ်နှင့်ပတ်သက်၍ နျူကလီးယားလက်နက် အသုံးပြုမည်ဟု ထုတ်ဖော် ပြောဆိုခဲ့ဘူးသည်။ ရုရှားတွင် အနောက်နိုင်ငံများရှိ ပစ်မှတ်များအား တိုက်ခိုက်နိုင်သည့်လက်နက်များရှိကြောင်း၊ ခြိမ်းခြောက်ရုံမဟုတ်ဘဲ အားလုံးပျက်သုန်းသွားနိုင်သည်ကို အနောက်နိုင်ငံများ နားလည်ရန်လိုကြောင်း သမ္မတပူတင်က ပြောဆိုခဲ့ ဖူးသည်။ ရုရှားသမ္မတ ရွေးကောက်ပွဲမှာ ၂၀၂၄ ခု နှစ်၊ မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပ မည်ဖြစ်ရာ ရွေးကောက်ပွဲမတိုင်မီတွင် သမ္မတပူတင်က နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားခဲ့သည်။ သမ္မတပူတင်သည် သမ္မတအဖြစ် ပြန်လည်ရွေး ကောက်ခံရရန် သေချာသလောက်ဖြစ်နေပြီး နောက်ထပ် ခြောက်နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ရုရှားနိုင်ငံအနေဖြင့် ကမ္ဘာတွင်အကြီးဆုံး ဖြစ်သည့် နျူကလီးယား လက်နက်တိုက်အား ခေတ်မီအောင် ဆောင်ရွက်သွားမည်ဟု သမ္မတ ပူတင်က ကြွေးကြော်ခဲ့သည်။ မဟာဗျူဟာ နျူကလီးယားတပ်ဖွဲ့များအနေဖြင့် အသင့်အနေအထားတွင် ရှိကြောင်း လည်း ပြောဆိုခဲ့သည်။ မျိုးဆက်သစ် ဟိုက်ပါဆိုးနစ် နျူကလီးယားလက်နက်များရှိနေပြီဆိုသည်ကိုမူ ၂၀၁၈ ခုနှစ်ကတည်းက ထုတ်ပြထားပြီး ဖြစ်သည်။ အနောက်နိုင်ငံမှ နိုင်ငံရေးသမားများအနေဖြင့် နာဇီဂျာမနီ အဒေါ့ဟစ်တလာနှင့် ပြင်သစ်စစ်ဘုရင် ဟုဆိုသည့် နပိုလီယံတို့ ရုရှားအားနိုင်အောင် မတိုက်နိုင်ခဲ့သည့် အတိတ်ကာလကို ပြန်ပြီးသတိပြုမိစေကြောင်းလည်း သမ္မတပူတင်က အကြံပြုပြောဆိုခဲ့သည်။

ယခုအချိန်ဆိုလျင် ဖြစ်လာမည့် အကျိုးဆက်များမှာ များစွာကြေကွဲစရာ ဖြစ်လာမည်ဖြစ်ကြောင်း၊ စစ်ပွဲသည် ကာတွန်းတစ်ကွက်ဟု ထင်နေကြကြောင်း၊ အနောက်နိုင်ငံရေးသမားများသည် အမှန်တကယ် စစ်ပွဲအား မေ့နေကြကြောင်း၊ ၎င်းတို့သည် လွန်ခဲ့သည့် ဆယ်စုနှစ်သုံးစုခန့်က ရုရှားတို့ကြုံခဲ့ရသည့် လုံခြုံရေး စိန်ခေါ်မှုမျိုးအား ကြုံတွေ့ဖူးခြင်းမရှိကြကြောင်းလည်း သမ္မတပူတင်က ပြောဆိုခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် နျူကလီးယား မဟာဗျူဟာတည်ငြိမ်ရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် ဆွေးနွေးရန် လမ်းဖွင့်ခဲ့ကြောင်း၊ သို့သော် အမေရိကန်ဘက်က စိတ်ဝင်စားခြင်းမရှိဘဲ ရုရှားအပေါ်မှားယွင်း သည့် စွပ်စွဲချက်များဖြင့်သာ တုံ့ပြန်ခဲ့ကြောင်း ရုရှားနိုင်ငံက အာကာသတွင် နျူကလီးယား လက်နက်များ တပ်ဆင်နေသည့် သံသယဖြစ်ဖွယ်ရာများတွေ့ရှိရကြောင်း ပြောဆိုချက်အား ရည်ညွန်းပြီး ပြောဆိုခဲ့သည်။ အာကာသတွင် နျူကလီးယား လက်နက်များတပ်ဆင်ရန် ရည်ရွယ်ချက်မရှိကြောင်း၊ ရုရှားအနေဖြင့် အာကာသ နည်းပညာတွင် အမေရိကန်နှင့် တန်းတူ ဖွံ့ဖြိုးတိုးတက်ကြောင်းလည်း သမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုထားသည်။

နည်းဗျူဟာ နျူကလီးယားလက်နက်
နည်းဗျူဟာ နျူကလီးယားလက်နက်ဆိုသည်မှာ တာတိုသာပစ်ခတ်နိုင်ပြီး ပြင်းထန်မှုအား လျှော့ချ ထားသည့် နျူကလီးယားလက်နက်အမျိုးအစားဟု ဆိုသည်။ တစ်နည်းအားဖြင့် တာဝေးပစ် သဘောထက် စစ်မြေပြင်တစ်ခု အကျယ်အဝန်းအတွင်းမှာပင် သုံးနိုင်သည့် အသေးစားဗုံး၊ လက်နက်ကြီး ကျည်၊ ဒုံးကျည် စသည့်လက်နက်များတွင် နျူကလီးယား ထည့်သွင်းပစ်ခတ်နိုင်ခြင်းအား ဆိုလိုခြင်း ဖြစ်သည်။ ရုရှားတွင် နည်းဗျူဟာ နျူကလီးယားလက်နက်ထိပ်ဖူး ၂၀ဝ၀ ခန့်ရှိမည်ဟု နျူကလီးယားသိပ္ပံပညာရှင်များ၏ လေ့လာမှုတစ်ခုကဆိုသည်။ ရုရှား တို့တွင် နည်းဗျူဟာ နျူကလီးယားလက်နက်အမျိုးအစား နှစ်မျိုး ရှိသည်ဟု သိရသည်။ ပထမတစ်မျိုးမှာ ကာလီဘာ ဒုံးကျည် SS-N- 30 လက်နက်ဖြစ်ပြီး အဆိုပါစနစ်သည် ရေငုပ်သင်္ဘောများနှင့် ရေပေါ်သွား သင်္ဘောများက လှမ်းပစ်နိုင်သည့်လက်နက်ဖြစ်ပြီး အသေးစား နျူကလီးယားလက်နက်ထိပ်ဖူးများထည့်သွင်းပစ်ခတ်နိုင်သည့် လက်နက်လည်းဖြစ်သည်။ ကလီဘာ ဒုံးကျည်စနစ်သည် အဝေးထိန်းခရုစ်ဒုံးကျည် အမျိုးအစားဖြစ်ပြီး ကုန်းပြင်နှင့်ရေပြင်ပစ် လက်နက်လည်းဖြစ်သည်။ ရုရှားအနေဖြင့် ယူကရိန်းစစ်ပွဲတွင် ကလီဘာဒုံးကျည်စနစ်အား ထည့်သွင်း အသုံးပြုပစ်ခတ်နေသော်လည်း နျူကလီးယား ထိပ်ဖူးတပ်ဆင်ပစ်ခတ်ခြင်းမျိုး မရှိသေးပါ။ အသေးစား နျူကလီးယားထိပ်ဖူး ထည့်သွင်းပစ်ခတ်နိုင်သည့်အခြားလက်နက်အမျိုးအစားတစ်ခုမှာ Iskander M(SS-26) ဒုံးကျည်လက်နက်ဖြစ်သည်။

အဆိုပါ ဒုံးကျည်သည် မြေပြင်ပစ်မှတ်ကို သာ ပစ်ခတ်နိုင်ပြီး ကီလိုမီတာ ၄၀ဝ မှ ၅၀ဝ အထိ ရောက်ရှိ ပစ်ခတ်နိုင်သည့်လက်နက်ဖြစ်သည်။ အီရန် နျူကလီးယားပြဿနာ နျူကလီးယားလက်နက်များ အကြောင်းပြောကြမည်ဆိုပါက အီရန်နှင့်မြောက် ကို ရီးယား နိုင်ငံတို့အကြောင်းလည်း ချန်ထား၍မရနိုင်ပါ။ အီရန်နှင့် ကမ္ဘာ့အင်အားကြီး ငါးနိုင်ငံတို့ရဲ့ ဆွေးနွေးပွဲ များသည် ရပ်နားလိုက် ပြန်စလိုက်နှင့် ယနေ့အထိ အတောမသတ်နိုင်သေးပါ။

အီရန်နှင့် အမေရိကန်တို့သည် ၂၀၁၅ ခုနှစ်က နျူကလီးယားအရေးနှင့်ပတ်သက်၍ သဘောတူညီ ချက်တစ်ရပ် ရရှိခဲ့ကြသည်။ အဆိုပါသဘောတူညီချက်တွင် အီရန်ဘက်က နျူကလီးယားအစီအစဉ်များ ရပ်တန့် ရမည်ဖြစ်သကဲ့သို့ အမေရိကန်ဘက်ကလည်း ပိတ်ဆို့အရေးယူထားမှုများအား ဖယ်ရှားပေးရမည် ဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့် တက်လာချိန်တွင် ၂၀၁၅ ခုနှစ် သဘောတူညီချက်ကနေ နုတ်ထွက်ခဲ့ပြီး အီရန်အပေါ်တွင်လည်း ရေနံရောင်းဝယ်မှု အပါအဝင် စီးပွားရေးပိတ်ဆို့မှုများ ပြန်လည် ချမှတ်ခဲ့သည်။ အီရန်ဘက်ကလည်း နျူကလီးယား လုပ်ငန်းစဉ်များဆက်လက်လုပ်ဆောင်ခဲ့ပြီး ယူရေနီယံသန့်စင်မှု ၆၀ ရာခိုင်နှုန်းလောက်အထိ ရောက်ရှိကာ လက်နက်ထုတ်လုပ်နိုင်သည့် အဆင့်နားထိ ပိုမိုနီးစပ်လာခဲ့သည်။ အီရန်သမ္မတ အီဗရာ ဟမ်ရာစီကမူ နျူကလီးယားအစီအစဉ်များမရပ်ဆိုင်းမီ စီးပွားရေးပိတ်ဆို့ထားမှုများ အားလုံးဖယ်ရှားပေးရန် တောင်းဆိုထားသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကမူ ၂၀၁၅ ခုနှစ် သဘောတူ ညီချက်ပြန်လည်အသင်းဝင်စေလိုပုံရသည်။ သို့သော် အစ္စရေးနိုင်ငံ၏ရပ်တည်ချက်မှာ ၂၀၁၅ ခုနှစ် သဘော တူညီချက်အား လက်မခံဘဲ လိုအပ်ပါက ကိုယ့်အစီအစဉ်နှင့်ကိုယ်လုပ်ဆောင် သွားမည်ဟု ထုတ်ပြော ထားသည်။ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်ကနေ နှုတ်ထွက်ပြီး နောက်ပိုင်းတွင် အမေရိကန်အစိုးရက အီရန်နိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် အရေးကြီးသည့် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းများ အပေါ်တင်းကျပ်သည့်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ နောက်ဆုံးထွက်ပေါ်လာသည့်သတင်းများအရ အီရန်နိုင်ငံ ၏ နျူကလီးယားအစီအစဉ်သည် ပွင့်လင်းမြင်သာမှု မရှိဟု နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ အကြီး အကဲက ထုတ်ပြောထားသည်။

နျူကလီးယားလက်နက် အများဆုံးပိုင်ဆိုင်ထားသည့် ရုရှား
ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နှင့် ချုပ်ဆိုထားသည့်မဟာဗျူဟာ နျူကလီးယား လက်နက်များ ကန့်သတ်ရေးစာချုပ်(New START)အား ဆိုင်းငံ့ကြောင်း သမ္မတပူတင်က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း က ထုတ်ပြန်ကြေညာခဲ့သည်။ ရုရှားအနေဖြင့် စာချုပ်မှနှုတ်ထွက်ခြင်းမဟုတ်ကြောင်း၊ သို့သော် အမေရိကန် နှင့်ရုရှားကြား သဘောတူထားသည့်လက်နက် ထိန်းချုပ်ရေး ကိစ္စများအား ဆိုင်းငံ့ကြောင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ရုရှားနှင့် အမေရိကန်တို့သည် ကမ္ဘာ့နျူကလီးယားလက်နက် အားလုံး၏ ၉၀ ရာခိုင်နှုန်းအား ပိုင်ဆိုင်ထားကြသည့်နိုင်ငံများဖြစ်သည်။ ရုရှားနျူကလီးယားစွမ်းအင်ကုမ္ပဏီ Rosatom အနေဖြင့် လိုအပ်ပါက နျူကလီးယားလက်နက် စမ်းသပ်ရန် အဆင်သင့် ပြင်ထားရမည်ဟု သမ္မတပူတင်ကပြောဆိုခဲ့သည်။ New START စာချုပ်အား ၂၀၁၀ ခုနှစ်တွင် ချက်ပြည်သူ့သမ္မတနိုင်ငံ Prague(ပရပ်ဂ်) မြို့တွင်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး သမ္မတဂျိုးဘိုင်ဒန် တက်လာပြီးနောက်ပိုင်းတွင် ၅ နှစ်သက်တမ်း ထပ်မံတိုးခဲ့ခြင်းဖြစ်သည်။

ရုရှားသည် ကမ္ဘာပေါ်တွင် နျူကလီးယား လက်နက်အများဆုံးရှိသည့်နိုင်ငံဖြစ်ကြောင်း ပညာ ရှင်များက ခန့်မှန်းပြောဆိုထားသည်။ Stockholm Institute Peace Research Institute or SIPRI ၏ ၂၀၂၃ ခုနှစ် အစောပိုင်း ထုတ်ပြန်ချက်အရ နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံ (၉)နိုင်ငံရှိပြီး နျူကလီးယား လက် နက်ပိုင်ဆိုင်မှုမှာ ရုရှားနိုင်ငံတွင် ၅၈၈၉၊ အမေရိကန်တွင် ၅၂၄၄၊ တရုတ်တွင် ၄၁၀၊ ပြင်သစ်တွင် ၂၉၀၊ ဗြိတိန်တွင် ၂၂၅၊ ပါကစ္စတန်တွင် ၁၇၀၊ အိန္ဒိယတွင် ၁၆၄၊ အစ္စရေးနိုင်ငံတွင် ၉၀ နှင့် မြောက်ကိုရီးယားတွင် ၃၀ အသီးသီးပိုင်ဆိုင်ထားကြသည်။

နေတိုးအဖွဲ့ဝင်များဖြစ်ကြသည့် ပြင်သစ် နှင့် ဗြိတိန် နှစ်နိုင်ငံ ပေါင်းလျင်ပင် ရုရှား၏ တစ်ဝက်ပင် မရှိသည်ကို တွေ့နိုင်မည်ဖြစ်သည်။ နေတိုးအဖွဲ့ ဝင်နိုင်ငံများသည် နျူကလီးယားလက်နက် လျှော့ချရေးနှင့် ပတ်သက်ပြီး ရုရှားနိုင်ငံအား စေ့စပ်ညှိနှိုင်းလာခြင်းနှင့် ပတ်သက်၍ “ ကျွန်တော်တို့မှာ နေတိုး အဖွဲ့ဝင်နိုင်ငံ တွေထက် လက်နက်တွေပိုရှိတာ သူတို့သိတယ်လေ၊ ဒါကြောင့် သူတို့က စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းကို ခေါ် နေကြတာ၊ သူတို့နဲ့အတူ ငရဲသွားရအောင်လို့လေ ”၂၀၂၃ ခုနှစ်က St Petersburg
တွင် ကျင်းပခဲ့သည့် International Economic Forum တစ်ခု တွင် သတင်းထောက်များအား ပြောဆိုခဲ့ဖူးသည်။

ရုရှားသည် ယူကရိန်းနှင့် စစ်တိုက်နေ သည်ဟု ဆိုသော်လည်း အမှန်စင်စစ်မှာ အမေရိကန် ဦးဆောင်သည့် နေတိုးစစ်မဟာမိတ်အုပ်စုနှင့် စစ်တိုက်နေရခြင်းဖြစ်သည်။ ယူကရိန်းစစ်ပွဲမှာ ၂ နှစ် ပြည့် မြောက်ခဲ့ပြီဖြစ်ရာ သမားရိုးကျစစ်ပွဲအပေါ် ရုရှား တို့၏ စစ်တိုက်နိုင်စွမ်းအပေါ် သက်သေပြခဲ့ပြီးဖြစ်သည်။ သို့သော် နေတိုးတပ်ဖွဲ့ဝင်များ ယူကရိန်းသို့ စေလွှတ်မည်ဆိုပါက နျူကလီးယား လက်နက်အသုံးပြုမည်ဟု တုံ့ပြန်လိုက်ခြင်းသည် ရုရှားအနေဖြင့် နည်းဗျူဟာလက်နက်များဖြင့် တုံ့ပြန်တိုက်ခိုက်နေရုံဖြင့် မလုံလောက် သည့်အတွက် မဟာဗျူဟာလက်နက်များပါ ထုတ်သုံးတော့မည်ဟု ဆိုလိုက်ခြင်းဖြစ်သည်။

သို့သော် နျူကလီးယားစစ်ပွဲ ဖြစ်လာပါက အနိုင်ရရှိသူ ရှိမည်မဟုတ်ကြောင်း၊ အဆိုပါ စစ်ပွဲမျိုးကို စလည်းမစတင် သင့်ကြောင်း သမ္မတပူတင်က ထုတ်ပြောထားဖူးသည်။ နိုင်သူမရှိသည့် စစ်ပွဲမျိုးကို ရုရှား လည်း တိုက်လိုမည်မဟုတ်ပါ။ သို့သော်လည်း ရွေးချယ်စရာမရှိသည့် အခြေအနေတစ်ခုရောက်လာလျင်မူ မသုံးဟုလည်း မဆိုနိုင်ပါ။

Ref ; EuroNews, Armscontrol, ForeignPolicy,Reuters

zawgyi version
႐ုရွားတို႔ မဟာဗ်ဴဟာေျမာက္န်ဴကလီးယားလက္နက္ေတြ ထုတ္သုံးေတာ့မွာလား
သန္းထိုက္စိုး (NP News) - မတ္ ၂၂

န်ဴကလီးယားလက္နက္ပိုင္ဆိုင္ရန္ ႀကိဳးပမ္းၾကသည့္ႏိုင္ငံမ်ားသည္ န်ဴကလီးယားလက္နက္အား အမွန္တကယ္အသုံးျပဳရန္ထက္ ၿခိမ္းေျခာက္ရန္အတြက္ အဓိကျဖစ္သည္ဟု ပညာရွင္တစ္ဦးက မွတ္ခ်က္ ေပးဖူးသည္။ န်ဴကလီးယားလက္နက္ဟု ၾကားလိုက္လွ်င္ ပထမဆုံး ျမင္ေယာင္သည္မွာ ဂ်ပန္ႏိုင္ငံ ဟာ႐ို ရွီးမားႏွင့္နဂါဆာကီ ၿမိဳ႕ႀကီးႏွစ္ၿမိဳ႕ျဖစ္သည္။ ယခုရက္ပိုင္းတြင္လည္း ျပင္သစ္သမၼတ မက္ခ႐ြန္ ေျပာလိုက္ သည့္စကားႏွင့္ သမၼတပူတင္၏ တုံ႔ ျပန္ခ်က္တို႔ေၾကာင့္ န်ဴကလီးယား လက္နက္ႏွင့္ ပတ္သက္၍ တေက်ာ့ ျပန္ အနည္ထလာျပန္သည္။

ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ယူကရိန္းႏိုင္ငံအတြင္းသို႔ ၎တို႔၏ တပ္ဖြဲ႕ဝင္မ်ား ေစလႊတ္မည္ ဆိုပါက န်ဴကလီးယားလက္နက္ အသုံးျပဳမည္ဟု မၾကာေသးမီ ရက္ပိုင္းအတြင္းကပင္ သမၼတ ပူတင္က သတိေပးေျပာဆိုခဲ့သည္။ ႏွစ္နာရီေက်ာ္ၾကာသည့္ ႏိုင္ငံေတာ္အေျချပမိန႔္ခြန္းတြင္ သမၼတပူတင္က ထည့္ သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။ ျပင္သစ္သမၼတ မက္ခ႐ြန္က ေနတိုးတပ္ဖြဲ႕မ်ား ယူကရိန္းသို႔ေစလႊတ္မည္ ဟု ေျပာဆိုခဲ့ျခင္းအေပၚ သမၼတပူတင္က ယခုကဲ့သို႔ တုံ႔ျပန္ေျပာဆိုလာျခင္း ျဖစ္သည္။

ဂ်ာမနီ ဝန္ႀကီးခ်ဳပ္ အိုလက္စခိုးလ္ႏွင့္ အေမရိကန္အဆင့္ျမင့္အရာရွိမ်ားက သမၼတ မက္ခ႐ြန္ ၏ ေျပာဆိုခ်က္ႏွင့္ပတ္သက္ ျဖစ္ႏိုင္ေျခမရွိေၾကာင္း ေျပာဆိုကာ ခ်က္ခ်င္းပယ္ခ်ခဲ့ၾကသည္။ ထို႔ျပင္ ႐ုရွားႏိုင္ငံ က အျခားဥေရာပႏိုင္ငံမ်ားထိပါ ပဋိပကၡျပန႔္ပြားလာေစရန္ ဖန္တီးေနသည္ဟူေသာ စြပ္စြဲခ်က္ႏွင့္ ပတ္သက္ ၍ အဓိပၸါယ္မဲ့ေျပာဆိုခ်က္ျဖစ္ေၾကာင္း သမၼတပူတင္က ပယ္ခ်ခဲ့သည္။ ယူကရိန္းစစ္ပြဲတြင္ ႏိုင္ငံျခားတပ္ဖြဲ႕ မ်ား ပါဝင္လာပါက ေၾကကြဲစရာအက်ိဳးဆက္မ်ား ႀကဳံေတြ႕ရမည္ျဖစ္ေၾကာင္းလည္း သမၼတပူတင္က ထပ္ေလာင္းေျပာဆိုခဲ့သည္။

႐ုရွားအေနျဖင့္ န်ဴကလီးယားလက္နက္မ်ားအသုံးျပဳရန္ ျပင္ဆင္ေနသည့္ အရိပ္လကၡဏာမ်ား မျမင္ ေတြ႕ရေသာ္လည္း သမၼတပူတင္၏ မွတ္ခ်က္စကားမွာ တာဝန္မဲ့ရာက်ေၾကာင္း၊ ဂ႐ုတစိုက္ျဖင့္ ဆက္လက္ ေစာင့္ၾကည့္သြားမည္ျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။

ေပါက္ၾကားလာသည့္ လွ်ိဳ႕ဝွက္စာမ်ားအရ ႐ုရွားတို႔တြင္ရွိသည့္ နည္းဗ်ဴဟာ န်ဴကလီးယားလက္ နက္မွာ လူသိရွင္ၾကားထုတ္ျပန္ထားသည္ထက္ နည္းသည္ဟု Financial Times တြင္ ေဖာ္ျပသည္။ ႐ုရွားတို႔၏ နည္းဗ်ဴဟာန်ဴကလီးယားလက္နက္မ်ားသည္ စစ္ေျမျပင္တြင္အသုံးျပဳရန္ရည္႐ြယ္ထုတ္လုပ္ ထားျခင္းျဖစ္ၿပီး တိုက္ခ်င္းပစ္ဒုံးက်ည္မ်ားတြင္ တပ္ဆင္ပစ္ႏိုင္သည့္ထိပ္ဖူးမ်ားစသည့္ မဟာဗ်ဴဟာန်ဴကလီးယား လက္နက္ မ်ားထက္အ႐ြယ္အစားငယ္သည္။ မည္သို႔ျဖစ္ေစ နည္းဗ်ဴဟာန်ဴကလီးယား လက္နက္မ်ားသည္ ဂ်ပန္ၿမိဳႀကီး မ်ားျဖစ္သည့္ ဟာ႐ိုရွီးမားႏွင့္နဂါဆာကီတို႔အေပၚတြင္ အေမရိကန္တို႔က်ခ်ခဲ့သည့္ လက္နက္မ်ားထက္ စြမ္းေဆာင္ရည္ ျမင့္မားမည္မွာ ေသခ်ာသည္။

ယူကရိန္းႏွင့္ စစ္ပြဲျဖစ္ပြားခ်ိန္မွစ၍ ႐ုရွား ႏွင့္ အေနာက္ႏိုင္ငံမ်ား၏ ဆက္ဆံေရးမွာ တစ္ေန႔တစ္ျခား ပိုမိုဆိုး႐ြားလာခဲ့သည္။ ၁၉၆၂ ခုႏွစ္က်ဴ ဘားမစ္ဆိုင္းအက်ပ္အတည္း ေနာက္ပိုင္းတြင္ အဆိုးဆုံး အေျခအေန တစ္ခုပင္ ျဖစ္သည္။ သမၼတပူတင္သည္ ယခင္ကလည္း ေနတိုးႏွင့္ ႐ုရွားၾကားတိုက္႐ိုက္ထိပ္တိုက္ေတြ႕ဆုံမႈ အႏၲရာယ္ႏွင့္ပတ္သက္၍ န်ဴကလီးယားလက္နက္ အသုံးျပဳမည္ဟု ထုတ္ေဖာ္ ေျပာဆိုခဲ့ဘူးသည္။ ႐ုရွားတြင္ အေနာက္ႏိုင္ငံမ်ားရွိ ပစ္မွတ္မ်ားအား တိုက္ခိုက္ႏိုင္သည့္လက္နက္မ်ားရွိေၾကာင္း၊ ၿခိမ္းေျခာက္႐ုံမဟုတ္ဘဲ အားလုံးပ်က္သုန္းသြားႏိုင္သည္ကို အေနာက္ႏိုင္ငံမ်ား နားလည္ရန္လိုေၾကာင္း သမၼတပူတင္က ေျပာဆိုခဲ့ ဖူးသည္။ ႐ုရွားသမၼတ ေ႐ြးေကာက္ပြဲမွာ ၂၀၂၄ ခု ႏွစ္၊ မတ္လ ၁၅ ရက္ေန႔မွ ၁၇ ရက္ေန႔အထိ က်င္းပ မည္ျဖစ္ရာ ေ႐ြးေကာက္ပြဲမတိုင္မီတြင္ သမၼတပူတင္က ႏိုင္ငံေတာ္အေျချပမိန႔္ခြန္း ေျပာၾကားခဲ့သည္။ သမၼတပူတင္သည္ သမၼတအျဖစ္ ျပန္လည္ေ႐ြး ေကာက္ခံရရန္ ေသခ်ာသေလာက္ျဖစ္ေနၿပီး ေနာက္ထပ္ ေျခာက္ႏွစ္သက္တမ္း တာဝန္ထမ္းေဆာင္ရမည္ ျဖစ္သည္။ ႐ုရွားႏိုင္ငံအေနျဖင့္ ကမာၻတြင္အႀကီးဆုံး ျဖစ္သည့္ န်ဴကလီးယား လက္နက္တိုက္အား ေခတ္မီေအာင္ ေဆာင္႐ြက္သြားမည္ဟု သမၼတ ပူတင္က ေႂကြးေၾကာ္ခဲ့သည္။ မဟာဗ်ဴဟာ န်ဴကလီးယားတပ္ဖြဲ႕မ်ားအေနျဖင့္ အသင့္အေနအထားတြင္ ရွိေၾကာင္း လည္း ေျပာဆိုခဲ့သည္။ မ်ိဳးဆက္သစ္ ဟိုက္ပါဆိုးနစ္ န်ဴကလီးယားလက္နက္မ်ားရွိေနၿပီဆိုသည္ကိုမူ ၂၀၁၈ ခုႏွစ္ကတည္းက ထုတ္ျပထားၿပီး ျဖစ္သည္။ အေနာက္ႏိုင္ငံမွ ႏိုင္ငံေရးသမားမ်ားအေနျဖင့္ နာဇီဂ်ာမနီ အေဒါ့ဟစ္တလာႏွင့္ ျပင္သစ္စစ္ဘုရင္ ဟုဆိုသည့္ နပိုလီယံတို႔ ႐ုရွားအားႏိုင္ေအာင္ မတိုက္ႏိုင္ခဲ့သည့္ အတိတ္ကာလကို ျပန္ၿပီးသတိျပဳမိေစေၾကာင္းလည္း သမၼတပူတင္က အႀကံျပဳေျပာဆိုခဲ့သည္။

ယခုအခ်ိန္ဆိုလ်င္ ျဖစ္လာမည့္ အက်ိဳးဆက္မ်ားမွာ မ်ားစြာေၾကကြဲစရာ ျဖစ္လာမည္ျဖစ္ေၾကာင္း၊ စစ္ပြဲသည္ ကာတြန္းတစ္ကြက္ဟု ထင္ေနၾကေၾကာင္း၊ အေနာက္ႏိုင္ငံေရးသမားမ်ားသည္ အမွန္တကယ္ စစ္ပြဲအား ေမ့ေနၾကေၾကာင္း၊ ၎တို႔သည္ လြန္ခဲ့သည့္ ဆယ္စုႏွစ္သုံးစုခန႔္က ႐ုရွားတို႔ႀကဳံခဲ့ရသည့္ လုံၿခဳံေရး စိန္ေခၚမႈမ်ိဳးအား ႀကဳံေတြ႕ဖူးျခင္းမရွိၾကေၾကာင္းလည္း သမၼတပူတင္က ေျပာဆိုခဲ့သည္။

ထို႔ျပင္ ႐ုရွားႏိုင္ငံအေနျဖင့္ န်ဴကလီးယား မဟာဗ်ဴဟာတည္ၿငိမ္ေရးႏွင့္ပတ္သက္၍ အေမရိကန္ႏွင့္ ေဆြးေႏြးရန္ လမ္းဖြင့္ခဲ့ေၾကာင္း၊ သို႔ေသာ္ အေမရိကန္ဘက္က စိတ္ဝင္စားျခင္းမရွိဘဲ ႐ုရွားအေပၚမွားယြင္း သည့္ စြပ္စြဲခ်က္မ်ားျဖင့္သာ တုံ႔ျပန္ခဲ့ေၾကာင္း ႐ုရွားႏိုင္ငံက အာကာသတြင္ န်ဴကလီးယား လက္နက္မ်ား တပ္ဆင္ေနသည့္ သံသယျဖစ္ဖြယ္ရာမ်ားေတြ႕ရွိရေၾကာင္း ေျပာဆိုခ်က္အား ရည္ၫြန္းၿပီး ေျပာဆိုခဲ့သည္။ အာကာသတြင္ န်ဴကလီးယား လက္နက္မ်ားတပ္ဆင္ရန္ ရည္႐ြယ္ခ်က္မရွိေၾကာင္း၊ ႐ုရွားအေနျဖင့္ အာကာသ နည္းပညာတြင္ အေမရိကန္ႏွင့္ တန္းတူ ဖြံ႕ၿဖိဳးတိုးတက္ေၾကာင္းလည္း သမၼတ ပူတင္က ထုတ္ေဖာ္ေျပာဆိုထားသည္။

နည္းဗ်ဴဟာ န်ဴကလီးယားလက္နက္
နည္းဗ်ဴဟာ န်ဴကလီးယားလက္နက္ဆိုသည္မွာ တာတိုသာပစ္ခတ္ႏိုင္ၿပီး ျပင္းထန္မႈအား ေလွ်ာ့ခ် ထားသည့္ န်ဴကလီးယားလက္နက္အမ်ိဳးအစားဟု ဆိုသည္။ တစ္နည္းအားျဖင့္ တာေဝးပစ္ သေဘာထက္ စစ္ေျမျပင္တစ္ခု အက်ယ္အဝန္းအတြင္းမွာပင္ သုံးႏိုင္သည့္ အေသးစားဗုံး၊ လက္နက္ႀကီး က်ည္၊ ဒုံးက်ည္ စသည့္လက္နက္မ်ားတြင္ န်ဴကလီးယား ထည့္သြင္းပစ္ခတ္ႏိုင္ျခင္းအား ဆိုလိုျခင္း ျဖစ္သည္။ ႐ုရွားတြင္ နည္းဗ်ဴဟာ န်ဴကလီးယားလက္နက္ထိပ္ဖူး ၂၀ဝ၀ ခန႔္ရွိမည္ဟု န်ဴကလီးယားသိပၸံပညာရွင္မ်ား၏ ေလ့လာမႈတစ္ခုကဆိုသည္။ ႐ုရွား တို႔တြင္ နည္းဗ်ဴဟာ န်ဴကလီးယားလက္နက္အမ်ိဳးအစား ႏွစ္မ်ိဳး ရွိသည္ဟု သိရသည္။ ပထမတစ္မ်ိဳးမွာ ကာလီဘာ ဒုံးက်ည္ SS-N- 30 လက္နက္ျဖစ္ၿပီး အဆိုပါစနစ္သည္ ေရငုပ္သေဘၤာမ်ားႏွင့္ ေရေပၚသြား သေဘၤာမ်ားက လွမ္းပစ္ႏိုင္သည့္လက္နက္ျဖစ္ၿပီး အေသးစား န်ဴကလီးယားလက္နက္ထိပ္ဖူးမ်ားထည့္သြင္းပစ္ခတ္ႏိုင္သည့္ လက္နက္လည္းျဖစ္သည္။ ကလီဘာ ဒုံးက်ည္စနစ္သည္ အေဝးထိန္းခ႐ုစ္ဒုံးက်ည္ အမ်ိဳးအစားျဖစ္ၿပီး ကုန္းျပင္ႏွင့္ေရျပင္ပစ္ လက္နက္လည္းျဖစ္သည္။ ႐ုရွားအေနျဖင့္ ယူကရိန္းစစ္ပြဲတြင္ ကလီဘာဒုံးက်ည္စနစ္အား ထည့္သြင္း အသုံးျပဳပစ္ခတ္ေနေသာ္လည္း န်ဴကလီးယား ထိပ္ဖူးတပ္ဆင္ပစ္ခတ္ျခင္းမ်ိဳး မရွိေသးပါ။ အေသးစား န်ဴကလီးယားထိပ္ဖူး ထည့္သြင္းပစ္ခတ္ႏိုင္သည့္အျခားလက္နက္အမ်ိဳးအစားတစ္ခုမွာ Iskander M(SS-26) ဒုံးက်ည္လက္နက္ျဖစ္သည္။

အဆိုပါ ဒုံးက်ည္သည္ ေျမျပင္ပစ္မွတ္ကို သာ ပစ္ခတ္ႏိုင္ၿပီး ကီလိုမီတာ ၄၀ဝ မွ ၅၀ဝ အထိ ေရာက္ရွိ ပစ္ခတ္ႏိုင္သည့္လက္နက္ျဖစ္သည္။ အီရန္ န်ဴကလီးယားျပႆနာ န်ဴကလီးယားလက္နက္မ်ား အေၾကာင္းေျပာၾကမည္ဆိုပါက အီရန္ႏွင့္ေျမာက္ ကို ရီးယား ႏိုင္ငံတို႔အေၾကာင္းလည္း ခ်န္ထား၍မရႏိုင္ပါ။ အီရန္ႏွင့္ ကမာၻ႔အင္အားႀကီး ငါးႏိုင္ငံတို႔ရဲ႕ ေဆြးေႏြးပြဲ မ်ားသည္ ရပ္နားလိုက္ ျပန္စလိုက္ႏွင့္ ယေန႔အထိ အေတာမသတ္ႏိုင္ေသးပါ။

အီရန္ႏွင့္ အေမရိကန္တို႔သည္ ၂၀၁၅ ခုႏွစ္က န်ဴကလီးယားအေရးႏွင့္ပတ္သက္၍ သေဘာတူညီ ခ်က္တစ္ရပ္ ရရွိခဲ့ၾကသည္။ အဆိုပါသေဘာတူညီခ်က္တြင္ အီရန္ဘက္က န်ဴကလီးယားအစီအစဥ္မ်ား ရပ္တန႔္ ရမည္ျဖစ္သကဲ့သို႔ အေမရိကန္ဘက္ကလည္း ပိတ္ဆို႔အေရးယူထားမႈမ်ားအား ဖယ္ရွားေပးရမည္ ျဖစ္သည္။ သမၼတေဒၚနယ္ထရမ့္ တက္လာခ်ိန္တြင္ ၂၀၁၅ ခုႏွစ္ သေဘာတူညီခ်က္ကေန ႏုတ္ထြက္ခဲ့ၿပီး အီရန္အေပၚတြင္လည္း ေရနံေရာင္းဝယ္မႈ အပါအဝင္ စီးပြားေရးပိတ္ဆို႔မႈမ်ား ျပန္လည္ ခ်မွတ္ခဲ့သည္။ အီရန္ဘက္ကလည္း န်ဴကလီးယား လုပ္ငန္းစဥ္မ်ားဆက္လက္လုပ္ေဆာင္ခဲ့ၿပီး ယူေရနီယံသန႔္စင္မႈ ၆၀ ရာခိုင္ႏႈန္းေလာက္အထိ ေရာက္ရွိကာ လက္နက္ထုတ္လုပ္ႏိုင္သည့္ အဆင့္နားထိ ပိုမိုနီးစပ္လာခဲ့သည္။ အီရန္သမၼတ အီဗရာ ဟမ္ရာစီကမူ န်ဴကလီးယားအစီအစဥ္မ်ားမရပ္ဆိုင္းမီ စီးပြားေရးပိတ္ဆို႔ထားမႈမ်ား အားလုံးဖယ္ရွားေပးရန္ ေတာင္းဆိုထားသည္။ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ ကမူ ၂၀၁၅ ခုႏွစ္ သေဘာတူ ညီခ်က္ျပန္လည္အသင္းဝင္ေစလိုပုံရသည္။ သို႔ေသာ္ အစၥေရးႏိုင္ငံ၏ရပ္တည္ခ်က္မွာ ၂၀၁၅ ခုႏွစ္ သေဘာ တူညီခ်က္အား လက္မခံဘဲ လိုအပ္ပါက ကိုယ့္အစီအစဥ္ႏွင့္ကိုယ္လုပ္ေဆာင္ သြားမည္ဟု ထုတ္ေျပာ ထားသည္။ ၂၀၁၅ ခုႏွစ္ အီရန္န်ဴကလီးယား သေဘာတူညီခ်က္ကေန ႏႈတ္ထြက္ၿပီး ေနာက္ပိုင္းတြင္ အေမရိကန္အစိုးရက အီရန္ႏိုင္ငံ၏ ဘဏ္လုပ္ငန္းႏွင့္ အေရးႀကီးသည့္ ေရနံႏွင့္ ဓာတ္ေငြ႕လုပ္ငန္းမ်ား အေပၚတင္းက်ပ္သည့္ပိတ္ဆို႔မႈမ်ား ခ်မွတ္ခဲ့သည္။ ေနာက္ဆုံးထြက္ေပၚလာသည့္သတင္းမ်ားအရ အီရန္ႏိုင္ငံ ၏ န်ဴကလီးယားအစီအစဥ္သည္ ပြင့္လင္းျမင္သာမႈ မရွိဟု ႏိုင္ငံတကာအႏုျမဴစြမ္းအင္ေအဂ်င္စီ အႀကီး အကဲက ထုတ္ေျပာထားသည္။

န်ဴကလီးယားလက္နက္ အမ်ားဆုံးပိုင္ဆိုင္ထားသည့္ ႐ုရွား
႐ုရွားႏိုင္ငံအေနျဖင့္ အေမရိကန္ႏွင့္ ခ်ဳပ္ဆိုထားသည့္မဟာဗ်ဴဟာ န်ဴကလီးယား လက္နက္မ်ား ကန႔္သတ္ေရးစာခ်ဳပ္(New START)အား ဆိုင္းငံ့ေၾကာင္း သမၼတပူတင္က ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလ အတြင္း က ထုတ္ျပန္ေၾကညာခဲ့သည္။ ႐ုရွားအေနျဖင့္ စာခ်ဳပ္မွႏႈတ္ထြက္ျခင္းမဟုတ္ေၾကာင္း၊ သို႔ေသာ္ အေမရိကန္ ႏွင့္႐ုရွားၾကား သေဘာတူထားသည့္လက္နက္ ထိန္းခ်ဳပ္ေရး ကိစၥမ်ားအား ဆိုင္းငံ့ေၾကာင္းထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။ ႐ုရွားႏွင့္ အေမရိကန္တို႔သည္ ကမာၻ႔န်ဴကလီးယားလက္နက္ အားလုံး၏ ၉၀ ရာခိုင္ႏႈန္းအား ပိုင္ဆိုင္ထားၾကသည့္ႏိုင္ငံမ်ားျဖစ္သည္။ ႐ုရွားန်ဴကလီးယားစြမ္းအင္ကုမၸဏီ Rosatom အေနျဖင့္ လိုအပ္ပါက န်ဴကလီးယားလက္နက္ စမ္းသပ္ရန္ အဆင္သင့္ ျပင္ထားရမည္ဟု သမၼတပူတင္ကေျပာဆိုခဲ့သည္။ New START စာခ်ဳပ္အား ၂၀၁၀ ခုႏွစ္တြင္ ခ်က္ျပည္သူ႔သမၼတႏိုင္ငံ Prague(ပရပ္ဂ္) ၿမိဳ႕တြင္ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္ၿပီး သမၼတဂ်ိဳးဘိုင္ဒန္ တက္လာၿပီးေနာက္ပိုင္းတြင္ ၅ ႏွစ္သက္တမ္း ထပ္မံတိုးခဲ့ျခင္းျဖစ္သည္။

႐ုရွားသည္ ကမာၻေပၚတြင္ န်ဴကလီးယား လက္နက္အမ်ားဆုံးရွိသည့္ႏိုင္ငံျဖစ္ေၾကာင္း ပညာ ရွင္မ်ားက ခန႔္မွန္းေျပာဆိုထားသည္။ Stockholm Institute Peace Research Institute or SIPRI ၏ ၂၀၂၃ ခုႏွစ္ အေစာပိုင္း ထုတ္ျပန္ခ်က္အရ န်ဴကလီးယားလက္နက္ပိုင္ဆိုင္သည့္ႏိုင္ငံ (၉)ႏိုင္ငံရွိၿပီး န်ဴကလီးယား လက္ နက္ပိုင္ဆိုင္မႈမွာ ႐ုရွားႏိုင္ငံတြင္ ၅၈၈၉၊ အေမရိကန္တြင္ ၅၂၄၄၊ တ႐ုတ္တြင္ ၄၁၀၊ ျပင္သစ္တြင္ ၂၉၀၊ ၿဗိတိန္တြင္ ၂၂၅၊ ပါကစၥတန္တြင္ ၁၇၀၊ အိႏၵိယတြင္ ၁၆၄၊ အစၥေရးႏိုင္ငံတြင္ ၉၀ ႏွင့္ ေျမာက္ကိုရီးယားတြင္ ၃၀ အသီးသီးပိုင္ဆိုင္ထားၾကသည္။

ေနတိုးအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ျပင္သစ္ ႏွင့္ ၿဗိတိန္ ႏွစ္ႏိုင္ငံ ေပါင္းလ်င္ပင္ ႐ုရွား၏ တစ္ဝက္ပင္ မရွိသည္ကို ေတြ႕ႏိုင္မည္ျဖစ္သည္။ ေနတိုးအဖြဲ႕ ဝင္ႏိုင္ငံမ်ားသည္ န်ဴကလီးယားလက္နက္ ေလွ်ာ့ခ်ေရးႏွင့္ ပတ္သက္ၿပီး ႐ုရွားႏိုင္ငံအား ေစ့စပ္ညႇိႏႈိင္းလာျခင္းႏွင့္ ပတ္သက္၍ “ ကြၽန္ေတာ္တို႔မွာ ေနတိုး အဖြဲ႕ဝင္ႏိုင္ငံ ေတြထက္ လက္နက္ေတြပိုရွိတာ သူတို႔သိတယ္ေလ၊ ဒါေၾကာင့္ သူတို႔က ေစ့စပ္ညႇိႏႈိင္းေရး စားပြဲဝိုင္းကို ေခၚ ေနၾကတာ၊ သူတို႔နဲ႔အတူ ငရဲသြားရေအာင္လို႔ေလ ”၂၀၂၃ ခုႏွစ္က St Petersburg
တြင္ က်င္းပခဲ့သည့္ International Economic Forum တစ္ခု တြင္ သတင္းေထာက္မ်ားအား ေျပာဆိုခဲ့ဖူးသည္။

႐ုရွားသည္ ယူကရိန္းႏွင့္ စစ္တိုက္ေန သည္ဟု ဆိုေသာ္လည္း အမွန္စင္စစ္မွာ အေမရိကန္ ဦးေဆာင္သည့္ ေနတိုးစစ္မဟာမိတ္အုပ္စုႏွင့္ စစ္တိုက္ေနရျခင္းျဖစ္သည္။ ယူကရိန္းစစ္ပြဲမွာ ၂ ႏွစ္ ျပည့္ ေျမာက္ခဲ့ၿပီျဖစ္ရာ သမား႐ိုးက်စစ္ပြဲအေပၚ ႐ုရွား တို႔၏ စစ္တိုက္ႏိုင္စြမ္းအေပၚ သက္ေသျပခဲ့ၿပီးျဖစ္သည္။ သို႔ေသာ္ ေနတိုးတပ္ဖြဲ႕ဝင္မ်ား ယူကရိန္းသို႔ ေစလႊတ္မည္ဆိုပါက န်ဴကလီးယား လက္နက္အသုံးျပဳမည္ဟု တုံ႔ျပန္လိုက္ျခင္းသည္ ႐ုရွားအေနျဖင့္ နည္းဗ်ဴဟာလက္နက္မ်ားျဖင့္ တုံ႔ျပန္တိုက္ခိုက္ေန႐ုံျဖင့္ မလုံေလာက္ သည့္အတြက္ မဟာဗ်ဴဟာလက္နက္မ်ားပါ ထုတ္သုံးေတာ့မည္ဟု ဆိုလိုက္ျခင္းျဖစ္သည္။

သို႔ေသာ္ န်ဴကလီးယားစစ္ပြဲ ျဖစ္လာပါက အႏိုင္ရရွိသူ ရွိမည္မဟုတ္ေၾကာင္း၊ အဆိုပါ စစ္ပြဲမ်ိဳးကို စလည္းမစတင္ သင့္ေၾကာင္း သမၼတပူတင္က ထုတ္ေျပာထားဖူးသည္။ ႏိုင္သူမရွိသည့္ စစ္ပြဲမ်ိဳးကို ႐ုရွား လည္း တိုက္လိုမည္မဟုတ္ပါ။ သို႔ေသာ္လည္း ေ႐ြးခ်ယ္စရာမရွိသည့္ အေျခအေနတစ္ခုေရာက္လာလ်င္မူ မသုံးဟုလည္း မဆိုႏိုင္ပါ။

Ref ; EuroNews, Armscontrol, ForeignPolicy,Reuters

Related news

© 2021. All rights reserved.