စစ်မီးတွေကြားက မြို့ပျက်ကြီးသဖွယ်ဖြစ်သွားတဲ့ ကော့ကရိတ်မြို့ပေါ်က ရင်နင့်ဖွယ်ဖြစ်ရပ်တချို့

 3178

ကျော်နု၊ Pearl (NP News) - မတ် ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ တပ်မတော် လုံခြုံရေးစခန်းများကို KNU၊ PDF ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်ထန်နေခဲ့ပြီး မြို့ပေါ်ရှိလူနေအိမ်အများအပြားသည်လည်း မီးလောင်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် နေလျက်ရှိသည်။ ထို့ကြောင့် လက်ရှိကော့ကရိတ်မြို့အခြေ အနေများနှင့်ပတ်သက်၍ ကော့ကရိတ်ဒေသခံတစ်ဦးအား NP News က ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

မေး - ကော့ကရိတ်မြို့၊ ရပ်ကွက် (၆)မှာ မီးလောင်တယ်လို့ကြားတယ်။ ကော့ကရိတ်မြို့ရဲ့လက်ရှိအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ - လက်ရှိအနေအထားကတော့ ငြိမ်တယ်။ မနေ့ကထိတော့ မီးလောင်တယ်။ မီးလောင်တယ်ဆိုတဲ့ အနေအထားကိုမေးတော့ Drop Bomb လို့လည်း ကြားတယ်။ မနေ့က လောင်တာကတော့ အဲဒါလည်း PDF တွေ ကြီးစိုးတဲ့နေရာပဲ။ ကော့ကရိတ်ဖြစ်စဉ်က ဘာဖြစ်လဲဆိုတော့ တပ်ကုန်းကလူတွေက အောက်ကိုမဆင်းတော့ ဘူး။ မိသားစုတွေရော ဘာတွေရော မဆင်းတော့ဘူး။ မဆင်းတော့ဘဲနဲ့ အဲဒီအမှတ် (၃) ရပ်ကွက်ကတော့ လောလောဆယ် အေးချမ်းသေးတယ်။ မီးသတ်ကားကလည်း လောင်တဲ့အနေအထားကို မသွားရဲသေးဘူး။ သွားရင်တော့ ပြောလို့မရဘူး။ သူတို့နယ်မြေဖြစ်သွားတဲ့အတွက်ကြောင့် ပစ်တာပြုတာဖြစ်မှာစိုးလို့လေ။ မီး လောင်တဲ့ ကိစ္စကိုမီးသတ်က သွားလို့မရဘူး။ ဆင်းလို့မရဘူး။

မေး - ဒါဆို ကော့ကရိတ်မှာ မီးလောင်တာက Drop Bomb ကျတာပေါ့။ ဘယ်သူလုပ်မှန်းမသိဘူး။ အဲဒီလိုပေါ့။
ဖြေ - ဘယ်သူက ဘာမှန်းကို မသိဘူး။ မသိတာက လူမရှိကြဘူး။ လူမရှိတော့ ဘာကြောင့်လောင်လဲ ဆိုတာ ကို မသိဘူး။ သတင်းတွေက အတည်ပြုလို့ ဘယ်လိုမှမရဘူး ။အဲဒီမှာ တပ်လည်းမရှိဘူး။ ရဲလည်း မရှိဘူး။ မြို့ခံတွေလည်း မရှိဘူး။ တစ်ယောက်စ၊ နှစ် ယောက်စတွေကလည်း အင်တာနက်၊ ဖုန်းအဆက် အသွယ်က အကုန်လုံးဖြတ်ထားတာလေ။ အဲဒီတော့ သတင်းသည် မငြိမ်ဘူး။ အခု ကျွန်တော်လာတွေ့တဲ့ အဖွဲ့တွေဆိုရင် အနီအားပေးမိသားစုပေါ့။ သူတို့ဆို လည်း အခုပြောပြီ။ လုပ်ချင်လုပ်သွား သူငယ်ချင်းရာ တဲ့။ မြို့ပြင်မှာ (၂)မိုင်လောက်ပဲ ဝေးတယ်လေ။ အဲဒီမှာ ဗျူဟာရှိတယ်။ ခြေလျင်တပ်ရင်းက (၂)ခုရှိတယ်။ လှိုင်ဝတံတား အကျော်မှာလေ။ အဲဒီလွင်ထီးခေါင်ကြီးမှာ လမ်းဘေးမိန်းလမ်းမကြီးပဲမှာ ရှိတဲ့ ဟာကြီးကိုပဲ သူတို့မတိုက် ဘဲနဲ့။ မြို့ထဲကို ဝင်တိုက်တယ်ပေါ့။ ဝင်တိုက်တော့ မြို့ခံလူတွေကလည်း သိပ်အစာမကျေဖြစ်တာပေါ့။ အဲဒီလို အနေအထား။

မေး - ဟိုနေ့က သင်္ဃန်းညီနောင်မှာ တိုက်ပွဲဖြစ်ပြီးတော့ ကော့ကရိတ်ထဲမှာကော PDF တွေက ရှိနေသေးတဲ့ သဘောလား။
ဖြေ - သင်္ဃန်းညီနောင်မှာသွားပြီးတော့ သွားကူတဲ့ အဖွဲ့က သွားကူတယ်။ ဒီမှာက အနည်းငယ်ပဲ ကျန်တယ်။ ချောင်းသောင်ဆိုတာက အာရှလမ်းဘေးပေါ့။ အမှတ် (၁) ရပ်ကွက်လို့ခေါ်တာပေါ့။ အဲဒီမှာလည်းရှိတယ်။ အနည်းအကျဉ်း ကျန်တာပေါ့။ တပ်ကလည်း အောက်မဆင်းတာပေါ့။ တပ်ကုန်းကနေ အောက်မဆင်းတော့ ဘူး။ သင်္ဃန်းညီနောင်ကို သွားကူတဲ့အဖွဲ့ကလည်းသွားတယ်။ ဒီအာရှလမ်းကြီးက သူတို့ပဲ သွားလာလှုပ်ရှား လို့ ရတဲ့သဘောကိုဖြစ်နေတယ်။ တပ်က ကိုယ့်စခန်း၊ ကိုယ့်တပ်ကို မကျရေး ဦးစားပေးပြီး လုပ်တဲ့အတွက် ကြောင့်မို့ ဒီအာရှလမ်းက သူတို့ပဲ သွားနေကြတာ။ ဟိုရက်ကတောင် ရဲမင်း ဆိုတဲ့ကောင်သွားနေတာပဲ။ သတင်းအမှန်ကို ယူဖို့က ဖုန်းလိုင်းတွေရော၊ အင်တာနက်လိုင်းတွေရောပြတ်။ အဲဒီမှာ နောက်တစ်ခုက ကော့ကရိတ်မှာ ခါတိုင်း စာစစ်ဌာနက (၅) ခုရှိတယ်။ (၁၀)တန်း။ ဒီနှစ်မှာ တစ်ခုပဲလုပ်နိုင်တယ်။ စာစစ်ဌာနက နဘူးဆိုတဲ့ ကျောင်းကပဲ ကော့ကရိတ်တစ်မြို့နယ်တစ်ခုလုံးကို စာစစ်ဌာန တစ်ခုတည်း ကျင်းပရတယ်။ ကျောင်းသား အင်အားစုပေါင်းတော့ (၅၀ဝ)ပေါ့။ အဲဒီ နဘူးကတော့ ကော့ကရိတ်နဲ့ မဝေးဘူး။ အေးအေးချမ်းချမ်းစာမေးပွဲ ဖြေလို့ရသေးတယ်။ အဲဒီမှာလည်း အဖွဲ့စုံပဲရှိတယ်။ KNLA ရော၊ ဘာရော PC ရော အားလုံးအဲဒီမှာရှိတယ်။ နဘူးမှာတော့ စာစစ်ဌာနတစ်ခုရှိတယ်။ စာစစ်ဌာန (၅)ခုလုံးမှာ တစ်ခုပဲ စုပေါင်း ကျင်းပရတယ်။ ကျင်းပတော့ စစ်ရှောင်တဲ့ကလေးတွေက ဖောင်တင်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့ ကျောင်း ပြောင်းကိစ္စလေးတွေနဲ့ တချို့ကျောင်းမှာ ဖြေတာရှိတယ်။ ဥပမာ ဘားအံကနေဖြေတာရှိတယ်။ အဲဒီမှာ ပညာရေး ကိစ္စလေးမှာလည်း ဖြေတော့ဖြေကြတယ်။ တချို့ကလေးတွေက ကြောက်လန့်ပြီး မဖြေကြတော့ တစ်မြို့နယ်‌လုံးပေါင်းမှ (၅၀ဝ)လောက်ပဲရှိတယ်။ စာစစ်ဌာနကလည်း တစ်ခုပဲကျင်းပရတဲ့သဘောပေါ့။ ကျန်တဲ့အပိုင်းတော့ သတင်းဆက်သွယ်မှု ဖုန်းလိုင်းတွေ အကုန်ပြတ်သွားတော့ မရတော့ဘူး။ ဒါပေမဲ့ အဖြစ်မှန်ကို လူထု အမှန်သိရ‌အောင် နည်းနည်းလေး သွားလာဆက်သွယ်နေတာ။ စစ်ရှောင်တွေက မော်လမြိုင်၊ ဘားအံ၊ သာမည၊ မြဝတီဆိုတဲ့ ဒေသတွေကို အကုန်ပြောင်းရွှေ့ကြတာပေါ့။ (၂)လကျော်ပြီ။ ကော့ကရိတ်မှာက အားလုံး မြို့ပေါ်ရပ်ကွက်က (၇)ရပ်ကွက် ရှိတယ်။ အမှတ် (၃)ရယ်၊ အမှတ် (၅) ရယ် ၊ အမှတ် (၆)ရယ်ကတော့ လောလောဆယ်မှာ လွတ်ကင်းနေတယ်။

မေး - လွတ်ကင်းတယ်ဆိုတာ တိုက်ပွဲ မဖြစ်ဘူး။ PDF တွေ မရှိဘူး ။ အဲဒီလိုလား။
ဖြေ - အင်း ဟုတ်တယ်။ တိုက်ပွဲမဖြစ်ဘူး။ PDF တွေ မရှိဘူး။ (၉၇)က မြို့လယ်ကောင်လောက်ကျတယ်။ ၉၇ တပ်ကုန်းက။ ခုနက ဖြစ်စဉ်လေး ပြောတာက တံတားဦးဆိုတာက ကော့ကရိတ်- မြဝတီလမ်းဟောင်း ဝင်ပေါက်ပေါ့။ အဲဒီမှာက ခင်နှင်းမူတို့၊ သီးသန့်တို့၊ ရေနံဆီကုန်းတို့၊ တံတားဦးတို့ဆိုတာ အမှတ် (၇) ရပ်ကွက်ထဲမှာပါတယ်။ သူတို့ကဝင်လာခဲ့တယ်။ အဲဒီနေရာတွေကမြို့ရဲ့ဆင်ခြေဖုံးပုံစံလေး တွေရှိတယ်ပေါ့။ ကော့ကရိတ်မြို့ဆိုတာလည်း ဆီးရွက်လောက်ပဲရှိတယ်။ သိပ်အကြီးကြီး မဟုတ်ဘူး။ အဲဒီလို ပတ်လည် ဝိုင်းထားတော့ ကြာပန်းဝိုင်းဆိုတာက ကော့ကရိတ်ကို ဘားအံ၊ ရန်ကုန်ဘက်ကနေ ဝင်လာရင် ကြာပန်းအဝိုင်းကို အရင်ဆုံးတွေ့တယ်။ အဲဒီကြာပန်းအဝိုင်းကနေ ခွဲထွက်သွားမှ မြဝတီလမ်း အသစ် အာရှလမ်းကြီးကို ရောက်မှာပေါ့။ အာရှလမ်းရဲ့အစပေါ့။ ကော့ကရိတ်မြို့ဝင်ပေါ့။ အဲဒီဘက်ခြမ်းမှာ အထူးအားဖြင့် ပြောချင်တာကတော့ သီးသန့်ဆိုတဲ့ အမှတ် (၇)ရပ်ကွက်မှာက သီးသန့် အ.ထ.က ဆိုတဲ့ အမှတ် (၂) အ.ထ.ကပေါ့။ အဲဒါက ကျောင်းမီးလောင်သွားတယ်။ ပြီးခဲ့တဲ့လက။ စာသင်ကျောင်းကြီး မီးလောင်တယ်။ အဲဒီ တစ်ကျောမှာက လဝက ရုံးကို ဝင်စီးလိုက်၊ စရဖရုံးကို ဝင်ပစ်လိုက်နဲ့ ဆော်နေ ကြတယ်ပေါ့။ ဒီကောင်တွေက အဲဒီအထိပါ အခုလည်း အဲဒီမှာ ရှိနေသေးတယ်။ အဲဒါနဲ့ ၉၇ တပ်နဲ့က ဝေးလားဆိုရင် မဝေးဘူး၊ ကြည့်လိုက်ရင် မြင်နေရတယ်။ စရဖရုံးတို့၊ ရေနံဆီကုန်းတို့က အဲဒီသီးသန့် ဆိုတဲ့ ရပ်ကွက်ပေါ့။ အဲဒီကနေကြည့်ရင် ၉၇ တပ် ဆိုတာ မြင်နေရတယ်။ ကော့ကရိတ်ရဲ့ လက်ရှိအနေအထား သည် ဘယ်လိုဖြစ်နေလဲဆိုတော့ လူသူတွေ က မရှိတော့ဘူး။ လူသူတွေ မရှိတော့ဘဲနဲ့ စိတ်မနှံ့တဲ့ လူနည်းနည်း၊ ဂျလေဘီလေးတွေနဲ့ တချို့အိမ်စောင့်လေးတွေပေါ့နော်။ နည်းနည်း အားကောင်းမောင်းသန် အိမ်စောင့်လေးတွေ ကျန်ခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာရှိတဲ့ တိရစ္ဆာန်တွေက အဓိကအားဖြင့် ခွေးတွေပေါ့။ ခွေးတွေက အစာရေစာငတ်တယ်။ သခင်တွေလည်း မရှိဘူး၊ ကျွေးမွေးတဲ့လူလည်းမရှိတော့ အခုက ခွေးတွေက ဘာဖြစ်နေလဲဆိုတော့ တွေ့တဲ့အကောင်တွေကို ဆိတ်တွေ့ဆိတ်၊ လူသေအလောင်းတွေ့ အလောင်း အကုန်လုံးလိုက်ပြီးတော့ ကိုက်ဖြတ်ပြီးတော့ စားသောက်နေကြတာ။ အစာရေစာ သူတို့မှာ ငတ်သွားတာကို။ သီးသန့်ဆိုတဲ့ အမှတ် (၇) ရပ်ကွက် မှာက ရေတွင်းတွေမှာ အလောင်းတွေ ပစ်ချတာတွေ ရှိတယ်။ နောက် လောက်တွေတွယ်ပြီးတော့ ပုပ်ပွနေ တာတွေရှိတယ်။ သူတို့က ဘာလုပ်လဲဆိုတော့ တကယ့် KNU တွေဆိုတော့ မျိုးချစ်တွေ။ KNU တွေဆိုရင် အလောင်းကို မရမကကို သယ်သွားတာ။ ဗမာ PDF လေးတွေကိုဆိုရင် မသယ်တော့ဘဲနဲ့ အိမ်နည်းနည်း မကောင်းဘူးဆိုတဲ့ တဲအိမ်တို့ဘာအိမ်တို့ ဆိုတဲ့ပုံစံမျိုးဆို အဲဒီအလောင်းတင်ပြီးတော့ မီးရှို့သွားကြတာ။ မီးရှို့သွားတော့ အိမ်တွေကူးတာပေါ့။ အဲဒီလိုလေးတွေ ဖြစ်နေ တာ။ ကော့ကရိတ်မှာက အားလုံးမြို့ပေါ်ရပ်ကွက်က (၇) ရပ်ကွက်ရှိတယ်။ အမှတ် (၃)ရယ်၊ အမှတ် (၅) ရယ် ၊ (၆)ရယ်ပဲ ကောင်းကောင်း လွတ်ကင်းသေးတယ်။ မီးလောင်မှု က (၅) ရပ်ကွက် နည်းနည်း ဖြစ်သေး တယ်။ အဓိက လုံးဝရှင်းတာက အမှတ် (၃) ရပ်ကွက်။ ၉၇ နဲ့ပတ်ချာ လည်မှာ ရှိတယ်ပေါ့။ ၉၇ က လက်လှမ်းမှီတဲ့ နေရာမှာပေါ့။ နောက်ရပ်ကွက်ဆိုတာလည်း တခြားနယ်မြို့တွေက ရပ်ကွက်တွေလိုပေါ့။ ရပ်ကွက်တစ်ခုနဲ့ တစ်ခုက လမ်းပဲခြားတာလေ။ သီးခြားကြီး တစ်ရွာစီ ရှိတာမဟုတ်ဘူး။ ဆိုးတာတော့ (၂)ရယ် (၇)ရယ်။ (၂)ကတော့ ဝန်းကြီးဆိုတာက ကော့နွယ်တံတားဘက် ကိုသွားတာ (၂)ရပ်ကွက် ဝန်းကြီး ရပ်ကွက်လို့ ကျွန်တော်တို့ကခေါ်တယ်။ အရပ်ခေါ်တော့ ဝန်းကြီး အရပ်လို့ခေါ်တယ်။ ဝန်းကြီးအမှတ် (၁) ရပ်ကွက်ဆို တာ ချောင်းတောင်။ ချောင်းတောင်လည်း အာရှလမ်းပေါ်မှာရှိတယ်။ ဝင်လမ်းထွက်လမ်း သာတယ်ပေါ့။ အာရှလမ်းနဲ့ အနီးကပ်ဆုံးရှိတာက ဘာရပ်ကွက်လည်းဆိုတော့ (၆)ရပ်ကွက်ရယ်၊ (၅)ရပ်ကွက်ရယ်၊ (၁)ရပ် ကွက်ရယ်ရှိတယ်။ အာရှလမ်းပေါ်မှာ။ မြဝတီလမ်းဟောင်းအထွက်က အဲဒီ (၇) ရပ်ကွက်ပေါ့။ အဓိကက တစ်ခုပြောချင်တာက ကော့ကရိတ်အကြောင်းပြောကြမယ်၊ ကော့ကရိတ်သူ/သားများ တွေ့ဆုံကြမယ်ဆိုတဲ့ Group မှာ အားလုံးက အနီကြောင်တွေကြီးပဲ။ ကော့ကရိတ်ဆိုတာက ဘာသာခြားတွေများတယ်။ မွတ်ဆလင် တွေ အရမ်းများတဲ့မြို့။ တစ်ချို့ဆိုရင် ပို့စ်တွေကို အကောင့်တုတွေနဲ့ တင်တယ် လုံးဝသူတို့မချပေးဘူး။ လူထု တွေက အဖြစ်မှန်သိချင်လို့ ကော့ကရိတ်အခြေအနေလေး Group မှာမေးကြည့်လိုက်တယ် အားလုံးက ရယ်သလိုမောသလိုပြန်ဖြေကြတယ်။ လူတွေက သတင်းအမှန်တွေကို မရဖြစ်နေတယ်။ ကိုယ့်မြို့ကို ပြန်ချင် ကြတယ် သတင်းမှန်တွေကိုမရဖြစ်နေတာ။ သူများအိမ်မှာနေတာတစ်ပတ်၊ ဆယ်ရက်လောက်ပဲ ကောင်း တယ်။ ကြာကြာလာတော့ အလုပ် အကိုင်မရှိ ဘာမရှိနဲ့ အားလုံးက ဒုက္ခရောက်နေတဲ့အနေအထားတစ်ခုမှာ သူတို့က ပြန်ချင်ကြပြီ။ သတင်းမှန်ကို မရဘူးဖြစ်နေတယ်။ ဝါဒမှိုင်းကဘာလဲဆိုတော့ စစ်တပ်ကပဲ ပစ်သလို လိုဘာလိုလိုပုံစံဖြစ်နေတယ်။ နှစ်ဖက်မျှပြောရင်တော့လည်း မြို့ပြင်ဆိုတဲ့ အမှတ်(၆)ရပ်ကွက်၊ (၇)ရပ်ကွက် တို့မှာသည် PDF တွေက ကြီးစိုးနေတဲ့အတွက်ကြောင့် တပ်ကပစ်ရင်လည်းပစ်မယ်။ နောက်တစ်ခုက ချို့ယွင်း ချက်အနေနဲ့ဘာရှိလဲဆိုတော့ မီးသတ်ကားက ၉၇ တပ်ထဲမှာရှိတယ်။ မီးလောင်မှုတစ်ခုဖြစ်တယ်ဆိုရင် ခုနပြောတဲ့ (၇)ရပ်ကွက်တို့၊ (၁)ရပ်ကွက်တို့၊ (၂)ရပ်ကွက်တို့ကြတော့ မီးသတ်ကားထွက်လို့မရဘူး။ ဟိုကောင် တွေကြီးစိုးနေတာကို။ အဲဒီလိုအနေအထားဖြစ်နေတယ်။ ပြောရရင်တော့ ကော့ကရိတ်ရဲ့ တစ်ဝက်နီးပါး လောက်ကို ဟိုဘက်ကောင်တွေက ကြီးစိုးနေတဲ့သဘောပေါ့။ ၉၇ ကလည်း သူ့တပ်ကုန်းမှာပဲ။ ဒါပေမဲ့ ဖွဲ့စည်း ပုံက ပြောမယ်ဆိုရင် ၉၇ က မြို့ထဲမှာ ရှိတယ်။ သို့သော်ရန်ကုန်ကနေ၊ ဘားအံကနေလာပြီဆို ကော့ကရိတ် ဝင်တဲ့ အချိန်မှာ အဲဒီမှာဗျူဟာကုန်းတစ်ကုန်းရှိတယ်။ အာရှလမ်းဘေးမှာပဲ။ ဗျူဟာရှိတယ်။ ၂၃၀ ရှိတယ်။ ၂၃၁ ခြေလျင်တပ်ရင်း နှစ်ရင်းကလည်း ကော့ကရိတ်နဲ့ (၂)မိုင်သာသာလေးမှာပဲ အဲဒီတပ်က ဗျူဟာတစ်ခု ထိုင်တယ်။ ၂၃၀၊ ၂၃၁ ဆိုတဲ့ ခြေလျင်တပ်ရင်းနှစ်ခုနဲ့ ဗျူဟာတစ်ခု ကော့ကရိတ်မြို့ပြင်နဲ့ (၂)မိုင်လောက်ပဲ ဝေးတဲ့နေရာမှာ ကော့ကရိတ်-ဘားအံပေါ့ ၊ တံတားကျိုးဆိုတဲ့ရွာမှာ အဲဒီတပ်ကထိုင်တယ်။ အဲဒီတပ်သည် အိမ်ခြေနဲ့လည်းလှမ်းတယ်။ ကုန်းကလည်း ကုန်းမြင့်ကြီးမဟုတ်ဘူး။ အဲဒီနေရာမှာစခန်းထိုင်တယ်။ အဲဒီတပ် ကိုတော့ သူတို့ဘာမှမလုပ်ကြပဲနဲ့ ၉၇ ပဲလာပြီးတော့မဲတယ်။ ၉၇ ကိုမဲတော့ မြို့နာတာပေါ့။ အဲဒီလို အနေ အထားဖြစ်တာ။

မေး - အခု မြို့ထဲမှာတော့ PDF အဖွဲ့အစည်းတွေ အများအပြားရှိနေသေးတယ်ပေါ့။ သူတို့က ဘာနဲ့ရှင်သန် နေထိုင်လဲ။ စားနပ်ရိက္ခာတို့ ဘာတို့စသည်ဖြင့်ပေါ့လေ ဘာနဲ့ရှင်သန်နေထိုင်လဲ။
ဖြေ - မြို့ပေါ်မှာတော့ သူတို့တွေကျင်လည် ကျက်စားနေတာပေါ့။ ဘယ်လိုရှင်သန်လဲတော့ မသိဘူး။ ဒါပေမဲ့ မြေပုံကြည့်လိုက်တယ်ဆိုရင် အာရှလမ်း တစ်ခွင်မှာ သူတို့ကပဲကြီးစိုးနေတာ။ ကျုံဒိုး- ဘားအံ ဘက်က လာတယ်ဆိုလည်း ကျုံဒိုးရဲ့ဟိုဘက်ခြမ်းသည် ထီပိုးစံတို့ဘာတို့ရှိတယ်။ ထီပိုးစံကျတော့ DKBA ကြီးစိုးနေတာ။ အေး‌အေးချမ်းချမ်းပဲ အဲဒီရွာက ဘာမှမဖြစ်ဘူး။ ဖြစ်တာက ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ် အစပ်မှာ တောင်ကြာအင်းတို့၊ မြောက်ကြာအင်းတို့ တစ်လောတုန်းကဖြစ်ကြတယ်။ အဲဒီကောင်က ဘယ် ပေါက်လဲဆိုတော့ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး ခွင်ကို ဒဲ့ပေါက်တယ်။ အဲဒီတစ်ကြောကနေဝင်တယ်။ ပြီးရင် လမ်းဟောင်းကနေဝင်တယ်။ အာရှလမ်းကနေ ဝင်တယ်။ သုံးဖက်သုံးတန် ဝင်တဲ့သဘော။

မေး - အစ်ကိုရှေ့ကပြောတဲ့အထဲမှာ စိတ်ဝင်စားတာ တစ်ခုရှိတယ်။ အလောင်းတွေကို ရေကန်တွေထဲကို ချပစ်တယ်။ ရေတွင်းတွေထဲကို ချပစ်တယ်။ ကြုံရာနေရာမှာ အိမ်လေးတွေနဲ့ မီးရှို့ပစ်တယ်ဆိုတဲ့ ဖြစ်စဉ်ဟာ အခုထိဖြစ်နေတုန်းလား။ ကြာပြီလား။ အဲဒါကိုအသေအချာလေး အကျယ်ချဲ့ပြီး ပြောပြပေးလို့ရမလား။
ဖြေ - Confirmed ဖြစ်တယ်ပေါ့နော်။ အဓိက တံတားဦးရပ်ကွက်ဆိုတဲ့ (၇)ရပ်ကွက်မှာက အဖြစ်များတာက လူနေအိမ်ခြေလူတွေမရှိကြဘူး။ ပထမအကြိမ်စဖြစ်ကတည်းက လူတွေကတော်တော် ရွှေ့ကြပြီ။ ဒုတိယ အကြိမ်မှာတော့ လူတွေဘယ်သူမှမနေရဲကြတော့ဘူး။ အားလုံးရွှေ့ကြပြီ။ အဲဒီရပ်ကွက်မှာတွေ အားလုံး ဘယ် သူမှမရှိကြတော့ဘူး။ မီးလောင်တဲ့အိမ်တွေ၊ ကျောင်းဆရာမတွေဆို အဝတ်အထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေး ရတယ်။ ဆိုတော့ အဲဒီအိမ်တွေမှာ ကော့ကရိတ်မှာက အိမ်တိုင်းနီးပါးကို ရေတွင်းတွေနဲ့ သုံးကြတယ်။ စည်ပင် ရေပေးရေး မရှိဘူး။ရေတွင်းတွေနဲ့ပဲ သုံးကြတယ်။ တပ်ကနေပစ်တယ်ဆိုရင် သူတို့ထိတယ်။ ထိပြီဆိုရင် သူတို့သယ်တယ်။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ ရေတွင်းထဲကို၊ နီးစပ်ရာ ရေတွင်းတို့ ကြုံသလိုပစ်ချတယ်ပေါ့။ လမ်းဘေးမှာတင်။ လူသူမှမရှိတော့တဲ့ဟာကိုး။ မြို့ခံတွေ၊ လူထု တွေ၊ လူသူတွေက မရှိကြတော့ဘူးလေ။ မရှိကြတော့ သူတို့စိတ်ကြိုက်ကို ဖြစ်နေတယ်ပေါ့။ ရိက္ခာတွေဆိုလည်း ဒီအတိုင်းပဲ။ ဆန်၊ ဆီ ၊ ဆေး ၊ ဆား ဆိုတာက ရှိတယ်လေ။ လူတွေက ကိုယ်လွတ်ရုန်းထွက်ပြေးလာတဲ့အတွက်ကြောင့်မို့ အိမ်တိုင်းကိုမွှေတာတို့။ အိမ်တွေကို မွှေတာတို့။ ဆိုတော့ မီးလောင်တဲ့ရပ်‌ကွက်တွေ သူတို့မွှေသွားတဲ့ရပ်ကွက်တွေကို တပ် လုပ်တယ် ဆိုတဲ့ အနေအထားမျိုးပြောတယ်ဆိုတာ တပ်က အပြင်မထွက်ကြဘူး။ အပြင်မှာ သွားလာလှုပ်ရှားနေတာ သူတို့အုပ်စုပဲရှိတယ်။ ကောက်ချက်ချရင် မြို့ထဲကို တပ်ကမလာဘူး။ မီးသတ်တောင် သူနဲ့နီးစပ်ရာ ကွပ်ကဲလို့ ရတဲ့နေရာကိုပဲသွားတယ်။ ကျန်တဲ့နေရာတွေမှာ၊ မြို့ရဲ့ရပ်ကွက်တော်တော်များများမှာ ဒီကောင်တွေက ကြီး စိုးနေတယ်။ မြို့ခံတွေကလည်း မရှိတော့ဘူး။ မြို့ခံတွေမရှိတဲ့အိမ်တွေကို သူတို့စိတ်ကြိုက်ပဲလုပ်လို့ရတယ်။

မေး - ‌ကော့ကရိတ်မြို့ရဲ့ အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံးကပျက်စီးသွားပြီပေါ့။ လမ်းပေါ်မှာ KNLA၊ PDFအဖွဲ့တွေကပဲ ထင်တိုင်းကျဲသွားလာနေထိုင်တာပေါ့။
ဖြေ - ပျက်စီးသွားပြီ။ ဟုတ်တယ်။ သွားလာနေထိုင်နေတာ။ အဲဒီလိုဖြစ်နေတာ။

မေး - အဲဒီတော့ မြို့ခံတွေကကော အခြေအနေမှန်ကို သိလား။ ထွက်ပြေးသွားတဲ့ မြို့ခံတွေက အခြေအနေ မှန်ကိုသိလား။
ဖြေ - သိတယ်။ သိတယ်။ အခြေအနေမှန်ကို သိကြတယ်။ ဒါပေမဲ့ အားလုံးဟာ အနီကြောင်တွေ ဖြစ်တယ်။

မေး - ပြန်လာချင်တာကို လာလို့မရဘူး ဖြစ်နေတာကိုကော သိလား အခြေအနေကို။
ဖြေ - သူတို့ကတော့ Facebook Group မှာ ကော့ကရိတ်အကြောင်းပြောကြမယ်တို့၊ ကော့ကရိတ် သူ/သားများ ဆုံဆည်းရာတို့ Group ကိုပဲ အားကိုးရတယ်။ အားကိုးရတော့ အဲဒီမှာလည်း ဖြစ်စဉ်သတင်း မှန်တွေ ထည့် ရင်လည်း သူတို့က ဘောမဆိုတဲ့ ပုံစံမျိုးနဲ့ ဒါကို သူတို့က လုံးဝအကန်တွေလုပ်ပစ်တာ။ ဆိုတော့ သတင်းအမှန် တွေကို လူထုကမရဘူး။ ပြန်ချင်တယ် ကိုယ့်ဒေသမှာကိုယ်သေလည်း သေတော့ဆိုတဲ့ပုံစံမျိုးနဲ့ လူတွေ တော် တော်များများက နေချင်ကြတယ်။ ဒါပေမဲ့ သတင်းအမှန်ကိုမသိကြတဲ့အတွက်ကြောင့်မို့ အဝေးရောက်တွေက မြှောက်ထိုးပင့်ကော်တွေ နင်တို့သေချင်လည်းသွားကြ၊ ဘာညာဆိုတဲ့ ပုံစံမျိုးတွေဆိုတော့ လူတွေက သတင်း အမှန်ကို ပိတ်နေတာ။ ဒါကြောင့်မို့လို့ ကော့ကရိတ်မြို့ရဲ့ သတင်းအမှန်ကို နိုင်ငံတော် အဆင့်မဟုတ်ရင်တော့ ပြည်နယ်အဆင့်ကနေပြီးတော့ သတင်းအမှန်လေးတွေကို ထုတ်ပြန်မှလူထုတွေက မြဝတီရယ်၊ သင်္ဃန်း ညီနောင်ရယ်၊ ဘားအံရယ်၊ မော်လမြိုင်ရယ်၊ သာမည ရယ် အဲဒီ‌ဒေသ (၄)ခုမှ နေကြတယ်ဗျာ။ အဲဒါကြောင့် သတင်းအမှန်လေးတွေကို ဖြန့်ချိပေးရင် လူထုတွေက ကိုယ့်အိမ်ကိုယ့်ရွာမှာ သေရင်လည်းသေပါစေတော့ ပြန်တော့မယ်ဆိုတဲ့ ပုံစံမျိုးဖြစ်လာမယ်။ အခုက လူတွေက မျက်စိပိတ်နားပိတ်ဖြစ်နေတော့ သနားဖို့လည်း တော်တော်ကောင်းတယ်။

မေး - ဟုတ်ကဲ့။ အခု ကော့ကရိတ်တိုက်ပွဲစဖြစ် လာတဲ့ကာလကနေ စုစုပေါင်းထွက်ပြေးတိမ်းရှောင်ရတဲ့ လူဦးရေက ပျမ်းမျှဘယ်လောက်လောက်ရှိလဲ။ ရက်ပေါင်းက ဘယ်လောက်လောက် ကြာလာပြီလဲ။ စစ်ဘေးရှောင်နေရတာ။
ဖြေ - (၂)လကျော်ပြီ။ မြို့ပေါ်လူဦးရေက ကောက်သင်းကောက်ဖို့တော့ခက်တယ်။ ဘယ် လောက်လောက်ရှိလဲဆိုတာကို။

မေး - အရင်က မြို့မှာ လူဦးရေ ဘယ်လောက်ရှိခဲ့လဲ ခန့်မှန်းခြေ။
ဖြေ - တကယ်တော့ အဲဒါက မြို့ပေါ် (၇)ရပ်ကွက်ကဆိုတဲ့ အနေအထားမှာ သိန်းဂဏန်းတော့ ရှိတယ်။ မီဒီယာမှာကျတော့ စစ်ရှောင်တွေ (၂)သောင်းကျော် ဆိုတာ မကဘူး။

မေး - အဲဒီတော့ ကော့ကရိတ်က ၉၇ က ခုထိတော့ မကျဘူး အထဲမှာပဲရှိနေတာပေါ့။ မြို့နယ်ရဲစခန်းက ကော ရှိသေးလား။ ရဲစခန်းက ရဲစခန်းနေရာမှာရှိတာ လား။ ၉၇ ကို သွားပေါင်းတာလား။
ဖြေ - မကျဘူး။ ရဲစခန်းလည်းရှိသေးတယ်။ အမှတ် (၃)ရပ်ကွက်မှာဆိုတော့ အခြေအနေကောင်းသေးတယ်။

မေး - သူ့ကိုကျတော့ PDF တွေက ဘာမှမတိုက် ဘူးလား။
ဖြေ - PDF တွေ မတိုက်ဘူးဆိုတာက ပြောရင်တော့ ဝင်ရမဝင်ရ မလွယ်လားဆိုတာတော့မြို့ထဲမှာပဲ။ ဝင်ရ တာ လွယ်တယ်။ တပ်နဲ့လည်းလက်တစ်ကမ်းမှာ ရှိတယ်။ မြို့မစခန်းက ဘယ်နားရှိလဲဆိုတော့ ကော့ကရိတ် ဈေးကြီး ၊ အဲဒီဈေးကြီးဘေးမှာကပ်လျက်၊ မီးသတ်ရုံးရဲ့ဘေးမှာ ကပ်လျက်ရှိတယ်။ အဲဒီလိုအနေအထား။

မေး - အဓိက နားမလည်တာက ရဲစခန်းက ဒီအတိုင်းရှိသေးတယ်။ ရပ်ကွက်တချို့တွေလည်း အကောင်းအတိုင်းရှိသေးတယ်။ ဒီ KNLA ? PDF တွေ တိုက်ပွဲဖော်တဲ့ပုံစံက နည်းနည်းတော့ စဉ်းစားစရာတော့ ကောင်းတယ်။ ရဲစခန်းကျတော့ မတိုက်ဘူး။ နည်းနည်း စဉ်းစားစရာတော့ ဖြစ်တယ်ပေါ့နော်။
ဖြေ - Facebook သုံးတယ်ဆိုရင် ကော့ကရိတ်အကြောင်းပြောကြမယ်ဆိုတဲ့ Group ထဲဝင်ကြည့်လိုက်။ အဲဒီမှာ လူထုအသံတွေ ကောင်းကောင်းညံလာလိမ့်မယ်။ ဒါတောင်သူတို့က လုံးဝပိတ်ထားတယ်ဆိုတဲ့ အနေအထား မှာတောင် KNU ကို သူတို့တွေ ဆဲနေကြပြီ။ တိုက်မယ်ဆိုလည်းတိုက်တော့။ တို့ရှောင်ပေးလာတာ နှစ်လကျော်နေပြီ။ အခုချိန်ထိမတိုက်သေးဘူး။ ကောင်းကောင်းဆဲနေကြတယ်။ လူထုတွေက နည်းနည်း တင်း ပြီး တပ်ကိုလည်း ကြိုက်လို့တော့ မဟုတ်ဘူး။ နင်တို့သိမ်းမယ်ဆိုလည်းသိမ်း။ ငါတို့ ရှောင်ပေးလာခဲ့တယ်။ ကော့ကရိတ်မြို့ဟာ စီးပွားရေးအချက်အချာဟာလည်းမကျ။ မြဝတီလိုနေရာမျိုး၊ KK Park လိုနေရာမျိုး ကျတော့ မင်းတို့အခွန်တွေရနေလို့ မလုပ်တာလားဆိုတဲ့ ပုံစံမျိုးနဲ့ချနေကြပြီ။ တကယ်တော့ ကော့ကရိတ်က မဖွင့်ချင်ဘူး။

မေး - သဘောကတော့ ရင်ထဲမှာတော့ အဲဒီလို အသိတရားရှိနေပြီပေါ့။
ဖြေ - အသိတရားရှိနေပြီ။ တော်‌တော်များများရှိနေပြီ။ ရာခိုင်နှုန်းတော်‌တော်များများရှိနေကြပြီ။

မေး - တိုက်ပွဲဖော်တုန်းကတော့ ကော့ကရိတ်မြို့ခံတွေကအစ ရလိမ့်မယ်လို့ထင်လို့ သူတို့လည်း ရှောင် ပေးတာလား။
ဖြေ - ‌ရှောင်ပေးတာထက်စာရင် ထမင်းတွေကို ကျွေးမယ်။ ထမင်းဆိုင်ကိုလာခဲ့။ ဘာညာ အဲဒီလိုမျိုး ဖိတ်ခေါ်ကြတာ။ တကယ်လည်း တိုက်လည်းတိုက်ရော မဖြစ်လာတဲ့ အနေအထားတစ်ခုမှာ (၁)ပတ်၊ (၁၀)ရက်မဟုတ်ဘဲ၊ (၂)လ (၃)လဖြစ်လာတဲ့အတွက် ကြောင့်မို့ စီးပွားရေးအချက်အချာမကျတဲ့ ဒီနယ်မြို့ လေးကို ဘာကြောင့်မင်းတို့တွေမက်နေကြလဲ။ မြဝတီ လို နေရာမျိုးလုပ်ကြပါလား။ အဲဒီလို ချကြတာ။ တော် တော်များများ။ ဒါတောင် သူတို့ကန့်သတ်ပိတ်ဆို့တဲ့ ကြားကနေပြီးတော့ ကော့မန့်တွေမှာ မရမကကို ရေး ကြတာ။ ဒီကောင်တွေက ဖျက်ကြတယ်လေ။ ပြန်ဖျက် ကြတယ်။ အဲဒီလို အနေအထားတွေ ဖြစ်နေတာ။ ခုနကပြောတဲ့ အ‌လောင်းတွေကို လုပ်တယ်။ ကရင်ပ ဒက်၊ KNU တွေပဲ အဓိကမဖြစ်မနေသယ်ကြတယ်။ မြန်မာလူငယ်လေးတွေကျတော့ မသယ်ဘူး။ ဒါကတော့ Confirmed ဖြစ်တယ်။ လောက်တွေ၊ အနံ့တွေ တထောင်းထောင်းနဲ့ မြို့ပြင်တွေမှာဖြစ်တယ်။ တစ်ခါတလေကျရင် သူတို့ပြန်ရင်လည်း မသယ်နိုင်ဘူးဆိုရင် အိမ်တွေကို ရောကြိတ်ပြီးတော့ မီးရှို့သွားတယ်။ တပ်ကရှို့တယ်ဆိုတဲ့ ပုံစံဖြစ်အောင်လုပ်တယ်။ တပ်က လည်း သူ့တပ်ကို မကျရေးပဲလုပ်ပြီးတော့ ကျန်တဲ့ အနေအထားကို လျစ်လျူရှုထားတဲ့သဘောပေါ့။ ၉၇ ရဲ့ ဖွဲ့စည်းပုံသဏ္ဌာန်က ကောကရိတ်မြို့လယ်ကောင်မှာရှိပြီးတော့ သူကကုန်းမြင့်မှာရှိတာ။ ဗျူဟာအရ တော် တော်ကောင်းတဲ့နေရာပေါ့။ ကော့ကရိတ် တစ်မြို့လုံးကို စီးပြီးတော့မြင်ရတဲ့ အနေအထား။

ပြည့်ပြည့်စုံစုံကြိုးစားပြီး ပြောကြားပေးတာ ကျေးဇူးတင်ပါတယ်။

zawgyi version
စစ္မီးေတြၾကားက ၿမိဳ႕ပ်က္ႀကီးသဖြယ္ျဖစ္သြားတဲ့ ေကာ့ကရိတ္ၿမိဳ႕ေပၚက ရင္နင့္ဖြယ္ျဖစ္ရပ္တခ်ိဳ႕
ေက်ာ္ႏု၊ Pearl (NP News) - မတ္ ၂၃

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕တြင္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလမွစတင္ကာ တပ္မေတာ္ လုံၿခဳံေရးစခန္းမ်ားကို KNU၊ PDF ပူးေပါင္းအဖြဲ႕က အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့သျဖင့္ တိုက္ပြဲျပင္ထန္ေနခဲ့ၿပီး ၿမိဳ႕ေပၚရွိလူေနအိမ္အမ်ားအျပားသည္လည္း မီးေလာင္ပ်က္စီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚ ေနလ်က္ရွိသည္။ ထို႔ေၾကာင့္ လက္ရွိေကာ့ကရိတ္ၿမိဳ႕အေျခ အေနမ်ားႏွင့္ပတ္သက္၍ ေကာ့ကရိတ္ေဒသခံတစ္ဦးအား NP News က ဆက္သြယ္ေမးျမန္းထားမႈမ်ားကို ေဖာ္ျပလိုက္ပါသည္။

ေမး - ေကာ့ကရိတ္ၿမိဳ႕၊ ရပ္ကြက္ (၆)မွာ မီးေလာင္တယ္လို႔ၾကားတယ္။ ေကာ့ကရိတ္ၿမိဳ႕ရဲ႕လက္ရွိအေျခအေန ဘယ္လိုရွိလဲ။
ေျဖ - လက္ရွိအေနအထားကေတာ့ ၿငိမ္တယ္။ မေန႔ကထိေတာ့ မီးေလာင္တယ္။ မီးေလာင္တယ္ဆိုတဲ့ အေနအထားကိုေမးေတာ့ Drop Bomb လို႔လည္း ၾကားတယ္။ မေန႔က ေလာင္တာကေတာ့ အဲဒါလည္း PDF ေတြ ႀကီးစိုးတဲ့ေနရာပဲ။ ေကာ့ကရိတ္ျဖစ္စဥ္က ဘာျဖစ္လဲဆိုေတာ့ တပ္ကုန္းကလူေတြက ေအာက္ကိုမဆင္းေတာ့ ဘူး။ မိသားစုေတြေရာ ဘာေတြေရာ မဆင္းေတာ့ဘူး။ မဆင္းေတာ့ဘဲနဲ႔ အဲဒီအမွတ္ (၃) ရပ္ကြက္ကေတာ့ ေလာေလာဆယ္ ေအးခ်မ္းေသးတယ္။ မီးသတ္ကားကလည္း ေလာင္တဲ့အေနအထားကို မသြားရဲေသးဘူး။ သြားရင္ေတာ့ ေျပာလို႔မရဘူး။ သူတို႔နယ္ေျမျဖစ္သြားတဲ့အတြက္ေၾကာင့္ ပစ္တာျပဳတာျဖစ္မွာစိုးလို႔ေလ။ မီး ေလာင္တဲ့ ကိစၥကိုမီးသတ္က သြားလို႔မရဘူး။ ဆင္းလို႔မရဘူး။

ေမး - ဒါဆို ေကာ့ကရိတ္မွာ မီးေလာင္တာက Drop Bomb က်တာေပါ့။ ဘယ္သူလုပ္မွန္းမသိဘူး။ အဲဒီလိုေပါ့။
ေျဖ - ဘယ္သူက ဘာမွန္းကို မသိဘူး။ မသိတာက လူမရွိၾကဘူး။ လူမရွိေတာ့ ဘာေၾကာင့္ေလာင္လဲ ဆိုတာ ကို မသိဘူး။ သတင္းေတြက အတည္ျပဳလို႔ ဘယ္လိုမွမရဘူး ။အဲဒီမွာ တပ္လည္းမရွိဘူး။ ရဲလည္း မရွိဘူး။ ၿမိဳ႕ခံေတြလည္း မရွိဘူး။ တစ္ေယာက္စ၊ ႏွစ္ ေယာက္စေတြကလည္း အင္တာနက္၊ ဖုန္းအဆက္ အသြယ္က အကုန္လုံးျဖတ္ထားတာေလ။ အဲဒီေတာ့ သတင္းသည္ မၿငိမ္ဘူး။ အခု ကြၽန္ေတာ္လာေတြ႕တဲ့ အဖြဲ႕ေတြဆိုရင္ အနီအားေပးမိသားစုေပါ့။ သူတို႔ဆို လည္း အခုေျပာၿပီ။ လုပ္ခ်င္လုပ္သြား သူငယ္ခ်င္းရာ တဲ့။ ၿမိဳ႕ျပင္မွာ (၂)မိုင္ေလာက္ပဲ ေဝးတယ္ေလ။ အဲဒီမွာ ဗ်ဴဟာရွိတယ္။ ေျခလ်င္တပ္ရင္းက (၂)ခုရွိတယ္။ လႈိင္ဝတံတား အေက်ာ္မွာေလ။ အဲဒီလြင္ထီးေခါင္ႀကီးမွာ လမ္းေဘးမိန္းလမ္းမႀကီးပဲမွာ ရွိတဲ့ ဟာႀကီးကိုပဲ သူတို႔မတိုက္ ဘဲနဲ႔။ ၿမိဳ႕ထဲကို ဝင္တိုက္တယ္ေပါ့။ ဝင္တိုက္ေတာ့ ၿမိဳ႕ခံလူေတြကလည္း သိပ္အစာမေက်ျဖစ္တာေပါ့။ အဲဒီလို အေနအထား။

ေမး - ဟိုေန႔က သဃၤန္းညီေနာင္မွာ တိုက္ပြဲျဖစ္ၿပီးေတာ့ ေကာ့ကရိတ္ထဲမွာေကာ PDF ေတြက ရွိေနေသးတဲ့ သေဘာလား။
ေျဖ - သဃၤန္းညီေနာင္မွာသြားၿပီးေတာ့ သြားကူတဲ့ အဖြဲ႕က သြားကူတယ္။ ဒီမွာက အနည္းငယ္ပဲ က်န္တယ္။ ေခ်ာင္းေသာင္ဆိုတာက အာရွလမ္းေဘးေပါ့။ အမွတ္ (၁) ရပ္ကြက္လို႔ေခၚတာေပါ့။ အဲဒီမွာလည္းရွိတယ္။ အနည္းအက်ဥ္း က်န္တာေပါ့။ တပ္ကလည္း ေအာက္မဆင္းတာေပါ့။ တပ္ကုန္းကေန ေအာက္မဆင္းေတာ့ ဘူး။ သဃၤန္းညီေနာင္ကို သြားကူတဲ့အဖြဲ႕ကလည္းသြားတယ္။ ဒီအာရွလမ္းႀကီးက သူတို႔ပဲ သြားလာလႈပ္ရွား လို႔ ရတဲ့သေဘာကိုျဖစ္ေနတယ္။ တပ္က ကိုယ့္စခန္း၊ ကိုယ့္တပ္ကို မက်ေရး ဦးစားေပးၿပီး လုပ္တဲ့အတြက္ ေၾကာင့္မို႔ ဒီအာရွလမ္းက သူတို႔ပဲ သြားေနၾကတာ။ ဟိုရက္ကေတာင္ ရဲမင္း ဆိုတဲ့ေကာင္သြားေနတာပဲ။ သတင္းအမွန္ကို ယူဖို႔က ဖုန္းလိုင္းေတြေရာ၊ အင္တာနက္လိုင္းေတြေရာျပတ္။ အဲဒီမွာ ေနာက္တစ္ခုက ေကာ့ကရိတ္မွာ ခါတိုင္း စာစစ္ဌာနက (၅) ခုရွိတယ္။ (၁၀)တန္း။ ဒီႏွစ္မွာ တစ္ခုပဲလုပ္ႏိုင္တယ္။ စာစစ္ဌာနက နဘူးဆိုတဲ့ ေက်ာင္းကပဲ ေကာ့ကရိတ္တစ္ၿမိဳ႕နယ္တစ္ခုလုံးကို စာစစ္ဌာန တစ္ခုတည္း က်င္းပရတယ္။ ေက်ာင္းသား အင္အားစုေပါင္းေတာ့ (၅၀ဝ)ေပါ့။ အဲဒီ နဘူးကေတာ့ ေကာ့ကရိတ္နဲ႔ မေဝးဘူး။ ေအးေအးခ်မ္းခ်မ္းစာေမးပြဲ ေျဖလို႔ရေသးတယ္။ အဲဒီမွာလည္း အဖြဲ႕စုံပဲရွိတယ္။ KNLA ေရာ၊ ဘာေရာ PC ေရာ အားလုံးအဲဒီမွာရွိတယ္။ နဘူးမွာေတာ့ စာစစ္ဌာနတစ္ခုရွိတယ္။ စာစစ္ဌာန (၅)ခုလုံးမွာ တစ္ခုပဲ စုေပါင္း က်င္းပရတယ္။ က်င္းပေတာ့ စစ္ေရွာင္တဲ့ကေလးေတြက ေဖာင္တင္ၿပီးျဖစ္တဲ့အတြက္ေၾကာင့္မို႔ ေက်ာင္း ေျပာင္းကိစၥေလးေတြနဲ႔ တခ်ိဳ႕ေက်ာင္းမွာ ေျဖတာရွိတယ္။ ဥပမာ ဘားအံကေနေျဖတာရွိတယ္။ အဲဒီမွာ ပညာေရး ကိစၥေလးမွာလည္း ေျဖေတာ့ေျဖၾကတယ္။ တခ်ိဳ႕ကေလးေတြက ေၾကာက္လန႔္ၿပီး မေျဖၾကေတာ့ တစ္ၿမိဳ႕နယ္‌လုံးေပါင္းမွ (၅၀ဝ)ေလာက္ပဲရွိတယ္။ စာစစ္ဌာနကလည္း တစ္ခုပဲက်င္းပရတဲ့သေဘာေပါ့။ က်န္တဲ့အပိုင္းေတာ့ သတင္းဆက္သြယ္မႈ ဖုန္းလိုင္းေတြ အကုန္ျပတ္သြားေတာ့ မရေတာ့ဘူး။ ဒါေပမဲ့ အျဖစ္မွန္ကို လူထု အမွန္သိရ‌ေအာင္ နည္းနည္းေလး သြားလာဆက္သြယ္ေနတာ။ စစ္ေရွာင္ေတြက ေမာ္လၿမိဳင္၊ ဘားအံ၊ သာမည၊ ျမဝတီဆိုတဲ့ ေဒသေတြကို အကုန္ေျပာင္းေ႐ႊ႕ၾကတာေပါ့။ (၂)လေက်ာ္ၿပီ။ ေကာ့ကရိတ္မွာက အားလုံး ၿမိဳ႕ေပၚရပ္ကြက္က (၇)ရပ္ကြက္ ရွိတယ္။ အမွတ္ (၃)ရယ္၊ အမွတ္ (၅) ရယ္ ၊ အမွတ္ (၆)ရယ္ကေတာ့ ေလာေလာဆယ္မွာ လြတ္ကင္းေနတယ္။

ေမး - လြတ္ကင္းတယ္ဆိုတာ တိုက္ပြဲ မျဖစ္ဘူး။ PDF ေတြ မရွိဘူး ။ အဲဒီလိုလား။
ေျဖ - အင္း ဟုတ္တယ္။ တိုက္ပြဲမျဖစ္ဘူး။ PDF ေတြ မရွိဘူး။ (၉၇)က ၿမိဳ႕လယ္ေကာင္ေလာက္က်တယ္။ ၉၇ တပ္ကုန္းက။ ခုနက ျဖစ္စဥ္ေလး ေျပာတာက တံတားဦးဆိုတာက ေကာ့ကရိတ္- ျမဝတီလမ္းေဟာင္း ဝင္ေပါက္ေပါ့။ အဲဒီမွာက ခင္ႏွင္းမူတို႔၊ သီးသန႔္တို႔၊ ေရနံဆီကုန္းတို႔၊ တံတားဦးတို႔ဆိုတာ အမွတ္ (၇) ရပ္ကြက္ထဲမွာပါတယ္။ သူတို႔ကဝင္လာခဲ့တယ္။ အဲဒီေနရာေတြကၿမိဳ႕ရဲ႕ဆင္ေျခဖုံးပုံစံေလး ေတြရွိတယ္ေပါ့။ ေကာ့ကရိတ္ၿမိဳ႕ဆိုတာလည္း ဆီး႐ြက္ေလာက္ပဲရွိတယ္။ သိပ္အႀကီးႀကီး မဟုတ္ဘူး။ အဲဒီလို ပတ္လည္ ဝိုင္းထားေတာ့ ၾကာပန္းဝိုင္းဆိုတာက ေကာ့ကရိတ္ကို ဘားအံ၊ ရန္ကုန္ဘက္ကေန ဝင္လာရင္ ၾကာပန္းအဝိုင္းကို အရင္ဆုံးေတြ႕တယ္။ အဲဒီၾကာပန္းအဝိုင္းကေန ခြဲထြက္သြားမွ ျမဝတီလမ္း အသစ္ အာရွလမ္းႀကီးကို ေရာက္မွာေပါ့။ အာရွလမ္းရဲ႕အစေပါ့။ ေကာ့ကရိတ္ၿမိဳ႕ဝင္ေပါ့။ အဲဒီဘက္ျခမ္းမွာ အထူးအားျဖင့္ ေျပာခ်င္တာကေတာ့ သီးသန႔္ဆိုတဲ့ အမွတ္ (၇)ရပ္ကြက္မွာက သီးသန႔္ အ.ထ.က ဆိုတဲ့ အမွတ္ (၂) အ.ထ.ကေပါ့။ အဲဒါက ေက်ာင္းမီးေလာင္သြားတယ္။ ၿပီးခဲ့တဲ့လက။ စာသင္ေက်ာင္းႀကီး မီးေလာင္တယ္။ အဲဒီ တစ္ေက်ာမွာက လဝက ႐ုံးကို ဝင္စီးလိုက္၊ စရဖ႐ုံးကို ဝင္ပစ္လိုက္နဲ႔ ေဆာ္ေန ၾကတယ္ေပါ့။ ဒီေကာင္ေတြက အဲဒီအထိပါ အခုလည္း အဲဒီမွာ ရွိေနေသးတယ္။ အဲဒါနဲ႔ ၉၇ တပ္နဲ႔က ေဝးလားဆိုရင္ မေဝးဘူး၊ ၾကည့္လိုက္ရင္ ျမင္ေနရတယ္။ စရဖ႐ုံးတို႔၊ ေရနံဆီကုန္းတို႔က အဲဒီသီးသန႔္ ဆိုတဲ့ ရပ္ကြက္ေပါ့။ အဲဒီကေနၾကည့္ရင္ ၉၇ တပ္ ဆိုတာ ျမင္ေနရတယ္။ ေကာ့ကရိတ္ရဲ႕ လက္ရွိအေနအထား သည္ ဘယ္လိုျဖစ္ေနလဲဆိုေတာ့ လူသူေတြ က မရွိေတာ့ဘူး။ လူသူေတြ မရွိေတာ့ဘဲနဲ႔ စိတ္မႏွံ႔တဲ့ လူနည္းနည္း၊ ဂ်ေလဘီေလးေတြနဲ႔ တခ်ိဳ႕အိမ္ေစာင့္ေလးေတြေပါ့ေနာ္။ နည္းနည္း အားေကာင္းေမာင္းသန္ အိမ္ေစာင့္ေလးေတြ က်န္ခဲ့တယ္။ ဒါေပမဲ့ အဲဒီမွာရွိတဲ့ တိရစာၦန္ေတြက အဓိကအားျဖင့္ ေခြးေတြေပါ့။ ေခြးေတြက အစာေရစာငတ္တယ္။ သခင္ေတြလည္း မရွိဘူး၊ ေကြၽးေမြးတဲ့လူလည္းမရွိေတာ့ အခုက ေခြးေတြက ဘာျဖစ္ေနလဲဆိုေတာ့ ေတြ႕တဲ့အေကာင္ေတြကို ဆိတ္ေတြ႕ဆိတ္၊ လူေသအေလာင္းေတြ႕ အေလာင္း အကုန္လုံးလိုက္ၿပီးေတာ့ ကိုက္ျဖတ္ၿပီးေတာ့ စားေသာက္ေနၾကတာ။ အစာေရစာ သူတို႔မွာ ငတ္သြားတာကို။ သီးသန႔္ဆိုတဲ့ အမွတ္ (၇) ရပ္ကြက္ မွာက ေရတြင္းေတြမွာ အေလာင္းေတြ ပစ္ခ်တာေတြ ရွိတယ္။ ေနာက္ ေလာက္ေတြတြယ္ၿပီးေတာ့ ပုပ္ပြေန တာေတြရွိတယ္။ သူတို႔က ဘာလုပ္လဲဆိုေတာ့ တကယ့္ KNU ေတြဆိုေတာ့ မ်ိဳးခ်စ္ေတြ။ KNU ေတြဆိုရင္ အေလာင္းကို မရမကကို သယ္သြားတာ။ ဗမာ PDF ေလးေတြကိုဆိုရင္ မသယ္ေတာ့ဘဲနဲ႔ အိမ္နည္းနည္း မေကာင္းဘူးဆိုတဲ့ တဲအိမ္တို႔ဘာအိမ္တို႔ ဆိုတဲ့ပုံစံမ်ိဳးဆို အဲဒီအေလာင္းတင္ၿပီးေတာ့ မီးရႈိ႕သြားၾကတာ။ မီးရႈိ႕သြားေတာ့ အိမ္ေတြကူးတာေပါ့။ အဲဒီလိုေလးေတြ ျဖစ္ေန တာ။ ေကာ့ကရိတ္မွာက အားလုံးၿမိဳ႕ေပၚရပ္ကြက္က (၇) ရပ္ကြက္ရွိတယ္။ အမွတ္ (၃)ရယ္၊ အမွတ္ (၅) ရယ္ ၊ (၆)ရယ္ပဲ ေကာင္းေကာင္း လြတ္ကင္းေသးတယ္။ မီးေလာင္မႈ က (၅) ရပ္ကြက္ နည္းနည္း ျဖစ္ေသး တယ္။ အဓိက လုံးဝရွင္းတာက အမွတ္ (၃) ရပ္ကြက္။ ၉၇ နဲ႔ပတ္ခ်ာ လည္မွာ ရွိတယ္ေပါ့။ ၉၇ က လက္လွမ္းမွီတဲ့ ေနရာမွာေပါ့။ ေနာက္ရပ္ကြက္ဆိုတာလည္း တျခားနယ္ၿမိဳ႕ေတြက ရပ္ကြက္ေတြလိုေပါ့။ ရပ္ကြက္တစ္ခုနဲ႔ တစ္ခုက လမ္းပဲျခားတာေလ။ သီးျခားႀကီး တစ္႐ြာစီ ရွိတာမဟုတ္ဘူး။ ဆိုးတာေတာ့ (၂)ရယ္ (၇)ရယ္။ (၂)ကေတာ့ ဝန္းႀကီးဆိုတာက ေကာ့ႏြယ္တံတားဘက္ ကိုသြားတာ (၂)ရပ္ကြက္ ဝန္းႀကီး ရပ္ကြက္လို႔ ကြၽန္ေတာ္တို႔ကေခၚတယ္။ အရပ္ေခၚေတာ့ ဝန္းႀကီး အရပ္လို႔ေခၚတယ္။ ဝန္းႀကီးအမွတ္ (၁) ရပ္ကြက္ဆို တာ ေခ်ာင္းေတာင္။ ေခ်ာင္းေတာင္လည္း အာရွလမ္းေပၚမွာရွိတယ္။ ဝင္လမ္းထြက္လမ္း သာတယ္ေပါ့။ အာရွလမ္းနဲ႔ အနီးကပ္ဆုံးရွိတာက ဘာရပ္ကြက္လည္းဆိုေတာ့ (၆)ရပ္ကြက္ရယ္၊ (၅)ရပ္ကြက္ရယ္၊ (၁)ရပ္ ကြက္ရယ္ရွိတယ္။ အာရွလမ္းေပၚမွာ။ ျမဝတီလမ္းေဟာင္းအထြက္က အဲဒီ (၇) ရပ္ကြက္ေပါ့။ အဓိကက တစ္ခုေျပာခ်င္တာက ေကာ့ကရိတ္အေၾကာင္းေျပာၾကမယ္၊ ေကာ့ကရိတ္သူ/သားမ်ား ေတြ႕ဆုံၾကမယ္ဆိုတဲ့ Group မွာ အားလုံးက အနီေၾကာင္ေတြႀကီးပဲ။ ေကာ့ကရိတ္ဆိုတာက ဘာသာျခားေတြမ်ားတယ္။ မြတ္ဆလင္ ေတြ အရမ္းမ်ားတဲ့ၿမိဳ႕။ တစ္ခ်ိဳ႕ဆိုရင္ ပို႔စ္ေတြကို အေကာင့္တုေတြနဲ႔ တင္တယ္ လုံးဝသူတို႔မခ်ေပးဘူး။ လူထု ေတြက အျဖစ္မွန္သိခ်င္လို႔ ေကာ့ကရိတ္အေျခအေနေလး Group မွာေမးၾကည့္လိုက္တယ္ အားလုံးက ရယ္သလိုေမာသလိုျပန္ေျဖၾကတယ္။ လူေတြက သတင္းအမွန္ေတြကို မရျဖစ္ေနတယ္။ ကိုယ့္ၿမိဳ႕ကို ျပန္ခ်င္ ၾကတယ္ သတင္းမွန္ေတြကိုမရျဖစ္ေနတာ။ သူမ်ားအိမ္မွာေနတာတစ္ပတ္၊ ဆယ္ရက္ေလာက္ပဲ ေကာင္း တယ္။ ၾကာၾကာလာေတာ့ အလုပ္ အကိုင္မရွိ ဘာမရွိနဲ႔ အားလုံးက ဒုကၡေရာက္ေနတဲ့အေနအထားတစ္ခုမွာ သူတို႔က ျပန္ခ်င္ၾကၿပီ။ သတင္းမွန္ကို မရဘူးျဖစ္ေနတယ္။ ဝါဒမႈိင္းကဘာလဲဆိုေတာ့ စစ္တပ္ကပဲ ပစ္သလို လိုဘာလိုလိုပုံစံျဖစ္ေနတယ္။ ႏွစ္ဖက္မွ်ေျပာရင္ေတာ့လည္း ၿမိဳ႕ျပင္ဆိုတဲ့ အမွတ္(၆)ရပ္ကြက္၊ (၇)ရပ္ကြက္ တို႔မွာသည္ PDF ေတြက ႀကီးစိုးေနတဲ့အတြက္ေၾကာင့္ တပ္ကပစ္ရင္လည္းပစ္မယ္။ ေနာက္တစ္ခုက ခ်ိဳ႕ယြင္း ခ်က္အေနနဲ႔ဘာရွိလဲဆိုေတာ့ မီးသတ္ကားက ၉၇ တပ္ထဲမွာရွိတယ္။ မီးေလာင္မႈတစ္ခုျဖစ္တယ္ဆိုရင္ ခုနေျပာတဲ့ (၇)ရပ္ကြက္တို႔၊ (၁)ရပ္ကြက္တို႔၊ (၂)ရပ္ကြက္တို႔ၾကေတာ့ မီးသတ္ကားထြက္လို႔မရဘူး။ ဟိုေကာင္ ေတြႀကီးစိုးေနတာကို။ အဲဒီလိုအေနအထားျဖစ္ေနတယ္။ ေျပာရရင္ေတာ့ ေကာ့ကရိတ္ရဲ႕ တစ္ဝက္နီးပါး ေလာက္ကို ဟိုဘက္ေကာင္ေတြက ႀကီးစိုးေနတဲ့သေဘာေပါ့။ ၉၇ ကလည္း သူ႔တပ္ကုန္းမွာပဲ။ ဒါေပမဲ့ ဖြဲ႕စည္း ပုံက ေျပာမယ္ဆိုရင္ ၉၇ က ၿမိဳ႕ထဲမွာ ရွိတယ္။ သို႔ေသာ္ရန္ကုန္ကေန၊ ဘားအံကေနလာၿပီဆို ေကာ့ကရိတ္ ဝင္တဲ့ အခ်ိန္မွာ အဲဒီမွာဗ်ဴဟာကုန္းတစ္ကုန္းရွိတယ္။ အာရွလမ္းေဘးမွာပဲ။ ဗ်ဴဟာရွိတယ္။ ၂၃၀ ရွိတယ္။ ၂၃၁ ေျခလ်င္တပ္ရင္း ႏွစ္ရင္းကလည္း ေကာ့ကရိတ္နဲ႔ (၂)မိုင္သာသာေလးမွာပဲ အဲဒီတပ္က ဗ်ဴဟာတစ္ခု ထိုင္တယ္။ ၂၃၀၊ ၂၃၁ ဆိုတဲ့ ေျခလ်င္တပ္ရင္းႏွစ္ခုနဲ႔ ဗ်ဴဟာတစ္ခု ေကာ့ကရိတ္ၿမိဳ႕ျပင္နဲ႔ (၂)မိုင္ေလာက္ပဲ ေဝးတဲ့ေနရာမွာ ေကာ့ကရိတ္-ဘားအံေပါ့ ၊ တံတားက်ိဳးဆိုတဲ့႐ြာမွာ အဲဒီတပ္ကထိုင္တယ္။ အဲဒီတပ္သည္ အိမ္ေျခနဲ႔လည္းလွမ္းတယ္။ ကုန္းကလည္း ကုန္းျမင့္ႀကီးမဟုတ္ဘူး။ အဲဒီေနရာမွာစခန္းထိုင္တယ္။ အဲဒီတပ္ ကိုေတာ့ သူတို႔ဘာမွမလုပ္ၾကပဲနဲ႔ ၉၇ ပဲလာၿပီးေတာ့မဲတယ္။ ၉၇ ကိုမဲေတာ့ ၿမိဳ႕နာတာေပါ့။ အဲဒီလို အေန အထားျဖစ္တာ။

ေမး - အခု ၿမိဳ႕ထဲမွာေတာ့ PDF အဖြဲ႕အစည္းေတြ အမ်ားအျပားရွိေနေသးတယ္ေပါ့။ သူတို႔က ဘာနဲ႔ရွင္သန္ ေနထိုင္လဲ။ စားနပ္ရိကၡာတို႔ ဘာတို႔စသည္ျဖင့္ေပါ့ေလ ဘာနဲ႔ရွင္သန္ေနထိုင္လဲ။
ေျဖ - ၿမိဳ႕ေပၚမွာေတာ့ သူတို႔ေတြက်င္လည္ က်က္စားေနတာေပါ့။ ဘယ္လိုရွင္သန္လဲေတာ့ မသိဘူး။ ဒါေပမဲ့ ေျမပုံၾကည့္လိုက္တယ္ဆိုရင္ အာရွလမ္း တစ္ခြင္မွာ သူတို႔ကပဲႀကီးစိုးေနတာ။ က်ဳံဒိုး- ဘားအံ ဘက္က လာတယ္ဆိုလည္း က်ဳံဒိုးရဲ႕ဟိုဘက္ျခမ္းသည္ ထီပိုးစံတို႔ဘာတို႔ရွိတယ္။ ထီပိုးစံက်ေတာ့ DKBA ႀကီးစိုးေနတာ။ ေအး‌ေအးခ်မ္းခ်မ္းပဲ အဲဒီ႐ြာက ဘာမွမျဖစ္ဘူး။ ျဖစ္တာက ၾကာအင္းဆိပ္ႀကီးနဲ႔ ေကာ့ကရိတ္ အစပ္မွာ ေတာင္ၾကာအင္းတို႔၊ ေျမာက္ၾကာအင္းတို႔ တစ္ေလာတုန္းကျဖစ္ၾကတယ္။ အဲဒီေကာင္က ဘယ္ ေပါက္လဲဆိုေတာ့ ဘုရားသုံးဆူ-ၾကာအင္းဆိပ္ႀကီး ခြင္ကို ဒဲ့ေပါက္တယ္။ အဲဒီတစ္ေၾကာကေနဝင္တယ္။ ၿပီးရင္ လမ္းေဟာင္းကေနဝင္တယ္။ အာရွလမ္းကေန ဝင္တယ္။ သုံးဖက္သုံးတန္ ဝင္တဲ့သေဘာ။

ေမး - အစ္ကိုေရွ႕ကေျပာတဲ့အထဲမွာ စိတ္ဝင္စားတာ တစ္ခုရွိတယ္။ အေလာင္းေတြကို ေရကန္ေတြထဲကို ခ်ပစ္တယ္။ ေရတြင္းေတြထဲကို ခ်ပစ္တယ္။ ႀကဳံရာေနရာမွာ အိမ္ေလးေတြနဲ႔ မီးရႈိ႕ပစ္တယ္ဆိုတဲ့ ျဖစ္စဥ္ဟာ အခုထိျဖစ္ေနတုန္းလား။ ၾကာၿပီလား။ အဲဒါကိုအေသအခ်ာေလး အက်ယ္ခ်ဲ႕ၿပီး ေျပာျပေပးလို႔ရမလား။
ေျဖ - Confirmed ျဖစ္တယ္ေပါ့ေနာ္။ အဓိက တံတားဦးရပ္ကြက္ဆိုတဲ့ (၇)ရပ္ကြက္မွာက အျဖစ္မ်ားတာက လူေနအိမ္ေျခလူေတြမရွိၾကဘူး။ ပထမအႀကိမ္စျဖစ္ကတည္းက လူေတြကေတာ္ေတာ္ ေ႐ႊ႕ၾကၿပီ။ ဒုတိယ အႀကိမ္မွာေတာ့ လူေတြဘယ္သူမွမေနရဲၾကေတာ့ဘူး။ အားလုံးေ႐ႊ႕ၾကၿပီ။ အဲဒီရပ္ကြက္မွာေတြ အားလုံး ဘယ္ သူမွမရွိၾကေတာ့ဘူး။ မီးေလာင္တဲ့အိမ္ေတြ၊ ေက်ာင္းဆရာမေတြဆို အဝတ္အထည္ ကိုယ္တစ္ခုနဲ႔ ထြက္ေျပး ရတယ္။ ဆိုေတာ့ အဲဒီအိမ္ေတြမွာ ေကာ့ကရိတ္မွာက အိမ္တိုင္းနီးပါးကို ေရတြင္းေတြနဲ႔ သုံးၾကတယ္။ စည္ပင္ ေရေပးေရး မရွိဘူး။ေရတြင္းေတြနဲ႔ပဲ သုံးၾကတယ္။ တပ္ကေနပစ္တယ္ဆိုရင္ သူတို႔ထိတယ္။ ထိၿပီဆိုရင္ သူတို႔သယ္တယ္။ ဒါေပမဲ့ ဘာျဖစ္လဲဆိုေတာ့ ေရတြင္းထဲကို၊ နီးစပ္ရာ ေရတြင္းတို႔ ႀကဳံသလိုပစ္ခ်တယ္ေပါ့။ လမ္းေဘးမွာတင္။ လူသူမွမရွိေတာ့တဲ့ဟာကိုး။ ၿမိဳ႕ခံေတြ၊ လူထု ေတြ၊ လူသူေတြက မရွိၾကေတာ့ဘူးေလ။ မရွိၾကေတာ့ သူတို႔စိတ္ႀကိဳက္ကို ျဖစ္ေနတယ္ေပါ့။ ရိကၡာေတြဆိုလည္း ဒီအတိုင္းပဲ။ ဆန္၊ ဆီ ၊ ေဆး ၊ ဆား ဆိုတာက ရွိတယ္ေလ။ လူေတြက ကိုယ္လြတ္႐ုန္းထြက္ေျပးလာတဲ့အတြက္ေၾကာင့္မို႔ အိမ္တိုင္းကိုေမႊတာတို႔။ အိမ္ေတြကို ေမႊတာတို႔။ ဆိုေတာ့ မီးေလာင္တဲ့ရပ္‌ကြက္ေတြ သူတို႔ေမႊသြားတဲ့ရပ္ကြက္ေတြကို တပ္ လုပ္တယ္ ဆိုတဲ့ အေနအထားမ်ိဳးေျပာတယ္ဆိုတာ တပ္က အျပင္မထြက္ၾကဘူး။ အျပင္မွာ သြားလာလႈပ္ရွားေနတာ သူတို႔အုပ္စုပဲရွိတယ္။ ေကာက္ခ်က္ခ်ရင္ ၿမိဳ႕ထဲကို တပ္ကမလာဘူး။ မီးသတ္ေတာင္ သူနဲ႔နီးစပ္ရာ ကြပ္ကဲလို႔ ရတဲ့ေနရာကိုပဲသြားတယ္။ က်န္တဲ့ေနရာေတြမွာ၊ ၿမိဳ႕ရဲ႕ရပ္ကြက္ေတာ္ေတာ္မ်ားမ်ားမွာ ဒီေကာင္ေတြက ႀကီး စိုးေနတယ္။ ၿမိဳ႕ခံေတြကလည္း မရွိေတာ့ဘူး။ ၿမိဳ႕ခံေတြမရွိတဲ့အိမ္ေတြကို သူတို႔စိတ္ႀကိဳက္ပဲလုပ္လို႔ရတယ္။

ေမး - ‌ေကာ့ကရိတ္ၿမိဳ႕ရဲ႕ အုပ္ခ်ဳပ္ေရး ယႏၲရားႀကီး တစ္ခုလုံးကပ်က္စီးသြားၿပီေပါ့။ လမ္းေပၚမွာ KNLA၊ PDFအဖြဲ႕ေတြကပဲ ထင္တိုင္းက်ဲသြားလာေနထိုင္တာေပါ့။
ေျဖ - ပ်က္စီးသြားၿပီ။ ဟုတ္တယ္။ သြားလာေနထိုင္ေနတာ။ အဲဒီလိုျဖစ္ေနတာ။

ေမး - အဲဒီေတာ့ ၿမိဳ႕ခံေတြကေကာ အေျခအေနမွန္ကို သိလား။ ထြက္ေျပးသြားတဲ့ ၿမိဳ႕ခံေတြက အေျခအေန မွန္ကိုသိလား။
ေျဖ - သိတယ္။ သိတယ္။ အေျခအေနမွန္ကို သိၾကတယ္။ ဒါေပမဲ့ အားလုံးဟာ အနီေၾကာင္ေတြ ျဖစ္တယ္။

ေမး - ျပန္လာခ်င္တာကို လာလို႔မရဘူး ျဖစ္ေနတာကိုေကာ သိလား အေျခအေနကို။
ေျဖ - သူတို႔ကေတာ့ Facebook Group မွာ ေကာ့ကရိတ္အေၾကာင္းေျပာၾကမယ္တို႔၊ ေကာ့ကရိတ္ သူ/သားမ်ား ဆုံဆည္းရာတို႔ Group ကိုပဲ အားကိုးရတယ္။ အားကိုးရေတာ့ အဲဒီမွာလည္း ျဖစ္စဥ္သတင္း မွန္ေတြ ထည့္ ရင္လည္း သူတို႔က ေဘာမဆိုတဲ့ ပုံစံမ်ိဳးနဲ႔ ဒါကို သူတို႔က လုံးဝအကန္ေတြလုပ္ပစ္တာ။ ဆိုေတာ့ သတင္းအမွန္ ေတြကို လူထုကမရဘူး။ ျပန္ခ်င္တယ္ ကိုယ့္ေဒသမွာကိုယ္ေသလည္း ေသေတာ့ဆိုတဲ့ပုံစံမ်ိဳးနဲ႔ လူေတြ ေတာ္ ေတာ္မ်ားမ်ားက ေနခ်င္ၾကတယ္။ ဒါေပမဲ့ သတင္းအမွန္ကိုမသိၾကတဲ့အတြက္ေၾကာင့္မို႔ အေဝးေရာက္ေတြက ေျမႇာက္ထိုးပင့္ေကာ္ေတြ နင္တို႔ေသခ်င္လည္းသြားၾက၊ ဘာညာဆိုတဲ့ ပုံစံမ်ိဳးေတြဆိုေတာ့ လူေတြက သတင္း အမွန္ကို ပိတ္ေနတာ။ ဒါေၾကာင့္မို႔လို႔ ေကာ့ကရိတ္ၿမိဳ႕ရဲ႕ သတင္းအမွန္ကို ႏိုင္ငံေတာ္ အဆင့္မဟုတ္ရင္ေတာ့ ျပည္နယ္အဆင့္ကေနၿပီးေတာ့ သတင္းအမွန္ေလးေတြကို ထုတ္ျပန္မွလူထုေတြက ျမဝတီရယ္၊ သဃၤန္း ညီေနာင္ရယ္၊ ဘားအံရယ္၊ ေမာ္လၿမိဳင္ရယ္၊ သာမည ရယ္ အဲဒီ‌ေဒသ (၄)ခုမွ ေနၾကတယ္ဗ်ာ။ အဲဒါေၾကာင့္ သတင္းအမွန္ေလးေတြကို ျဖန႔္ခ်ိေပးရင္ လူထုေတြက ကိုယ့္အိမ္ကိုယ့္႐ြာမွာ ေသရင္လည္းေသပါေစေတာ့ ျပန္ေတာ့မယ္ဆိုတဲ့ ပုံစံမ်ိဳးျဖစ္လာမယ္။ အခုက လူေတြက မ်က္စိပိတ္နားပိတ္ျဖစ္ေနေတာ့ သနားဖို႔လည္း ေတာ္ေတာ္ေကာင္းတယ္။

ေမး - ဟုတ္ကဲ့။ အခု ေကာ့ကရိတ္တိုက္ပြဲစျဖစ္ လာတဲ့ကာလကေန စုစုေပါင္းထြက္ေျပးတိမ္းေရွာင္ရတဲ့ လူဦးေရက ပ်မ္းမွ်ဘယ္ေလာက္ေလာက္ရွိလဲ။ ရက္ေပါင္းက ဘယ္ေလာက္ေလာက္ ၾကာလာၿပီလဲ။ စစ္ေဘးေရွာင္ေနရတာ။
ေျဖ - (၂)လေက်ာ္ၿပီ။ ၿမိဳ႕ေပၚလူဦးေရက ေကာက္သင္းေကာက္ဖို႔ေတာ့ခက္တယ္။ ဘယ္ ေလာက္ေလာက္ရွိလဲဆိုတာကို။

ေမး - အရင္က ၿမိဳ႕မွာ လူဦးေရ ဘယ္ေလာက္ရွိခဲ့လဲ ခန႔္မွန္းေျခ။
ေျဖ - တကယ္ေတာ့ အဲဒါက ၿမိဳ႕ေပၚ (၇)ရပ္ကြက္ကဆိုတဲ့ အေနအထားမွာ သိန္းဂဏန္းေတာ့ ရွိတယ္။ မီဒီယာမွာက်ေတာ့ စစ္ေရွာင္ေတြ (၂)ေသာင္းေက်ာ္ ဆိုတာ မကဘူး။

ေမး - အဲဒီေတာ့ ေကာ့ကရိတ္က ၉၇ က ခုထိေတာ့ မက်ဘူး အထဲမွာပဲရွိေနတာေပါ့။ ၿမိဳ႕နယ္ရဲစခန္းက ေကာ ရွိေသးလား။ ရဲစခန္းက ရဲစခန္းေနရာမွာရွိတာ လား။ ၉၇ ကို သြားေပါင္းတာလား။
ေျဖ - မက်ဘူး။ ရဲစခန္းလည္းရွိေသးတယ္။ အမွတ္ (၃)ရပ္ကြက္မွာဆိုေတာ့ အေျခအေနေကာင္းေသးတယ္။

ေမး - သူ႔ကိုက်ေတာ့ PDF ေတြက ဘာမွမတိုက္ ဘူးလား။
ေျဖ - PDF ေတြ မတိုက္ဘူးဆိုတာက ေျပာရင္ေတာ့ ဝင္ရမဝင္ရ မလြယ္လားဆိုတာေတာ့ၿမိဳ႕ထဲမွာပဲ။ ဝင္ရ တာ လြယ္တယ္။ တပ္နဲ႔လည္းလက္တစ္ကမ္းမွာ ရွိတယ္။ ၿမိဳ႕မစခန္းက ဘယ္နားရွိလဲဆိုေတာ့ ေကာ့ကရိတ္ ေဈးႀကီး ၊ အဲဒီေဈးႀကီးေဘးမွာကပ္လ်က္၊ မီးသတ္႐ုံးရဲ႕ေဘးမွာ ကပ္လ်က္ရွိတယ္။ အဲဒီလိုအေနအထား။

ေမး - အဓိက နားမလည္တာက ရဲစခန္းက ဒီအတိုင္းရွိေသးတယ္။ ရပ္ကြက္တခ်ိဳ႕ေတြလည္း အေကာင္းအတိုင္းရွိေသးတယ္။ ဒီ KNLA ? PDF ေတြ တိုက္ပြဲေဖာ္တဲ့ပုံစံက နည္းနည္းေတာ့ စဥ္းစားစရာေတာ့ ေကာင္းတယ္။ ရဲစခန္းက်ေတာ့ မတိုက္ဘူး။ နည္းနည္း စဥ္းစားစရာေတာ့ ျဖစ္တယ္ေပါ့ေနာ္။
ေျဖ - Facebook သုံးတယ္ဆိုရင္ ေကာ့ကရိတ္အေၾကာင္းေျပာၾကမယ္ဆိုတဲ့ Group ထဲဝင္ၾကည့္လိုက္။ အဲဒီမွာ လူထုအသံေတြ ေကာင္းေကာင္းညံလာလိမ့္မယ္။ ဒါေတာင္သူတို႔က လုံးဝပိတ္ထားတယ္ဆိုတဲ့ အေနအထား မွာေတာင္ KNU ကို သူတို႔ေတြ ဆဲေနၾကၿပီ။ တိုက္မယ္ဆိုလည္းတိုက္ေတာ့။ တို႔ေရွာင္ေပးလာတာ ႏွစ္လေက်ာ္ေနၿပီ။ အခုခ်ိန္ထိမတိုက္ေသးဘူး။ ေကာင္းေကာင္းဆဲေနၾကတယ္။ လူထုေတြက နည္းနည္း တင္း ၿပီး တပ္ကိုလည္း ႀကိဳက္လို႔ေတာ့ မဟုတ္ဘူး။ နင္တို႔သိမ္းမယ္ဆိုလည္းသိမ္း။ ငါတို႔ ေရွာင္ေပးလာခဲ့တယ္။ ေကာ့ကရိတ္ၿမိဳ႕ဟာ စီးပြားေရးအခ်က္အခ်ာဟာလည္းမက်။ ျမဝတီလိုေနရာမ်ိဳး၊ KK Park လိုေနရာမ်ိဳး က်ေတာ့ မင္းတို႔အခြန္ေတြရေနလို႔ မလုပ္တာလားဆိုတဲ့ ပုံစံမ်ိဳးနဲ႔ခ်ေနၾကၿပီ။ တကယ္ေတာ့ ေကာ့ကရိတ္က မဖြင့္ခ်င္ဘူး။

ေမး - သေဘာကေတာ့ ရင္ထဲမွာေတာ့ အဲဒီလို အသိတရားရွိေနၿပီေပါ့။
ေျဖ - အသိတရားရွိေနၿပီ။ ေတာ္‌ေတာ္မ်ားမ်ားရွိေနၿပီ။ ရာခိုင္ႏႈန္းေတာ္‌ေတာ္မ်ားမ်ားရွိေနၾကၿပီ။

ေမး - တိုက္ပြဲေဖာ္တုန္းကေတာ့ ေကာ့ကရိတ္ၿမိဳ႕ခံေတြကအစ ရလိမ့္မယ္လို႔ထင္လို႔ သူတို႔လည္း ေရွာင္ ေပးတာလား။
ေျဖ - ‌ေရွာင္ေပးတာထက္စာရင္ ထမင္းေတြကို ေကြၽးမယ္။ ထမင္းဆိုင္ကိုလာခဲ့။ ဘာညာ အဲဒီလိုမ်ိဳး ဖိတ္ေခၚၾကတာ။ တကယ္လည္း တိုက္လည္းတိုက္ေရာ မျဖစ္လာတဲ့ အေနအထားတစ္ခုမွာ (၁)ပတ္၊ (၁၀)ရက္မဟုတ္ဘဲ၊ (၂)လ (၃)လျဖစ္လာတဲ့အတြက္ ေၾကာင့္မို႔ စီးပြားေရးအခ်က္အခ်ာမက်တဲ့ ဒီနယ္ၿမိဳ႕ ေလးကို ဘာေၾကာင့္မင္းတို႔ေတြမက္ေနၾကလဲ။ ျမဝတီ လို ေနရာမ်ိဳးလုပ္ၾကပါလား။ အဲဒီလို ခ်ၾကတာ။ ေတာ္ ေတာ္မ်ားမ်ား။ ဒါေတာင္ သူတို႔ကန႔္သတ္ပိတ္ဆို႔တဲ့ ၾကားကေနၿပီးေတာ့ ေကာ့မန႔္ေတြမွာ မရမကကို ေရး ၾကတာ။ ဒီေကာင္ေတြက ဖ်က္ၾကတယ္ေလ။ ျပန္ဖ်က္ ၾကတယ္။ အဲဒီလို အေနအထားေတြ ျဖစ္ေနတာ။ ခုနကေျပာတဲ့ အ‌ေလာင္းေတြကို လုပ္တယ္။ ကရင္ပ ဒက္၊ KNU ေတြပဲ အဓိကမျဖစ္မေနသယ္ၾကတယ္။ ျမန္မာလူငယ္ေလးေတြက်ေတာ့ မသယ္ဘူး။ ဒါကေတာ့ Confirmed ျဖစ္တယ္။ ေလာက္ေတြ၊ အနံ႔ေတြ တေထာင္းေထာင္းနဲ႔ ၿမိဳ႕ျပင္ေတြမွာျဖစ္တယ္။ တစ္ခါတေလက်ရင္ သူတို႔ျပန္ရင္လည္း မသယ္ႏိုင္ဘူးဆိုရင္ အိမ္ေတြကို ေရာႀကိတ္ၿပီးေတာ့ မီးရႈိ႕သြားတယ္။ တပ္ကရႈိ႕တယ္ဆိုတဲ့ ပုံစံျဖစ္ေအာင္လုပ္တယ္။ တပ္က လည္း သူ႔တပ္ကို မက်ေရးပဲလုပ္ၿပီးေတာ့ က်န္တဲ့ အေနအထားကို လ်စ္လ်ဴရႈထားတဲ့သေဘာေပါ့။ ၉၇ ရဲ႕ ဖြဲ႕စည္းပုံသဏၭာန္က ေကာကရိတ္ၿမိဳ႕လယ္ေကာင္မွာရွိၿပီးေတာ့ သူကကုန္းျမင့္မွာရွိတာ။ ဗ်ဴဟာအရ ေတာ္ ေတာ္ေကာင္းတဲ့ေနရာေပါ့။ ေကာ့ကရိတ္ တစ္ၿမိဳ႕လုံးကို စီးၿပီးေတာ့ျမင္ရတဲ့ အေနအထား။

ျပည့္ျပည့္စုံစုံႀကိဳးစားၿပီး ေျပာၾကားေပးတာ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.