လိုင်စင်မရှိဘဲ ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ရုပ်သံမျိုးစုံပြသနေသူများ ရှေ့လလယ်မှစ၍ အရေးယူခံရတော့မည်

 2457

ယွန်း(NP News) - မတ် ၂၃

မှတ်ပုံတင်လက်မှတ်လိုင်စင်မရှိဘဲ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းကို ဆောင်ရွက်ပါက ရှေ့လလယ်မှစ၍ ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ ဆက်သွယ်‌ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင် ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်ကြောင်း မတ်လ ဒုတိယပတ်က အမိန့်ကြေညာစာ ထုတ်ပြန်ထားသည်။

“ထုတ်ဖို့ပြင်နေတာတော့ကြာပြီ။ ခုမှထုတ်လိုက်တာပေါ့။ အဓိက ရည်ရွယ်ချက်ကတော့ အပလီကေး ရှင်းတွေကို စနစ်တကျ ဖြစ်စေချင်တာပေါ့။ တရားဝင် လုပ်ကိုင်ချင်တဲ့လုပ်ငန်းရှင်တွေကို စနစ်တကျ မှတ်ပုံတင်ခွင့်ရှိအောင် လုပ်ပေးတာပေါ့။ ဥပမာ- မဟာမို ဘိုင်းအပလီကေးရှင်းတို့၊ Pyone Play လိုဟာမျိုး တွေပေါ့ နောက်မှာဘယ်လောက်ပဲ channel ရှိနေရှိနေ အွန်လိုင်းမှာ အပလီကေးရှင်းလုပ်တဲ့အခါမှာ မှတ် ပုံတင်ပြီးတော့ တရားဝင်လုပ်ပိုင်ခွင့်မရှိဘူးဖြစ်နေတာပေါ့။ ဒါကြောင့် ဆက်သွယ်ရေးကွန်ရက်ကို သုံးပြီးတော့ အင်တာနက်မှာ အများပြည်သူကိုပြသတဲ့ စနစ်ကိုထူထောင်ထားတဲ့လူတွေကို စနစ်တကျ ဖြစ်အောင် မှတ်ပုံ တင်ဖို့လုပ်ပေးထားတာပေါ့။ နောက်တစ်ခုက အွန်လိုင်းပေါ်မှာ စည်းမဲ့ကမ်းမဲ့ဖြစ်နေတာတွေကိုလည်း ထိန်း ချုပ်ဖို့လည်း ပါတယ် ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီပြန်ကြားရေးမှူး ဦးချမ်းသာကြည်စိုးက NP News ကိုပြောသည်။

အဆိုပါထုတ်ပြန်ချက်အရ မည်သူမဆို ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ် လွှင့်ပြသခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ဝန်ကြီး ဌာနက ဆိုထားသည်။ ထို့ကြောင့် အမိန့် ကြေညာစာထုတ်ပြန်ပြီး (၁)လပြည့်မြောက်သည့် နေ့မှစ၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ ဆက်သွယ်ရေး ကွန်ရက်ကိုသုံး၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်း လုပ်ငန်းကို လုပ်ကိုင်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါအမိန့်အရ ဆက်သွယ်ရေးကွန်ရက် အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်လိုသူများသည် လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှတစ်ဆင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ လျှောက် ထားရာတွင် မှတ်ပုံတင်ကြေးငွေကျပ် (၂၀ဝဝဝ၀)ကို ဦးစီးဌာန၏ သတ်မှတ်ငွေစာရင်းသို့ ပေးသွင်းရမည် ဖြစ်ပြီး မှတ်ပုံတင်လက်မှတ်၏ သက်တမ်းကာလ သည် စတင်ခွင့်ပြုသည့်နေ့မှစ၍ တစ်နှစ်ခွင့်ပြုထား ကြောင်း သိရသည်။ ထို့ပြင် လျှောက်ထားချက်အပေါ် စိစစ်ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ပြင်ဆင် လိုသည့် အချက်များရှိလျှင် တစ်ချက်လျှင် အခကြေးငွေ (၁၀ဝဝဝ) ကျပ်ပေးသွင်းပြီး မှတ်ပုံတင်လက်မှတ် အသစ်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
လိုင္စင္မရွိဘဲ ဆက္သြယ္ေရးကြန္ရက္မွတစ္ဆင့္ ႐ုပ္သံမ်ိဳးစုံျပသေနသူမ်ား ေရွ႕လလယ္မွစ၍ အေရးယူခံရေတာ့မည္
ယြန္း(NP News) - မတ္ ၂၃

မွတ္ပုံတင္လက္မွတ္လိုင္စင္မရွိဘဲ ဆက္သြယ္ေရးကြန္ရက္ကို အသုံးျပဳၿပီး ႐ုပ္ရွင္ကားထုတ္လႊင့္ ျပသျခင္းကို ေဆာင္႐ြက္ပါက ေရွ႕လလယ္မွစ၍ ဥပေဒႏွင့္အညီ အေရးယူမည္ျဖစ္ေၾကာင္း သိရသည္။

ျပန္ၾကားေရးဝန္ႀကီးဌာနအေနျဖင့္ အေရးႀကီး ကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒ ပုဒ္မ ၄ ပုဒ္မခြဲ(ဂ)အရ ဆက္သြယ္‌ေရးကြန္ရက္ကို အသုံးျပဳ၍ ႐ုပ္ရွင္ ကားထုတ္လႊင့္ျပသျခင္းလုပ္ငန္းကို အေရးႀကီး ဝန္ေဆာင္မႈအျဖစ္ သတ္မွတ္လိုက္ေၾကာင္း မတ္လ ဒုတိယပတ္က အမိန႔္ေၾကညာစာ ထုတ္ျပန္ထားသည္။

“ထုတ္ဖို႔ျပင္ေနတာေတာ့ၾကာၿပီ။ ခုမွထုတ္လိုက္တာေပါ့။ အဓိက ရည္႐ြယ္ခ်က္ကေတာ့ အပလီေကး ရွင္းေတြကို စနစ္တက် ျဖစ္ေစခ်င္တာေပါ့။ တရားဝင္ လုပ္ကိုင္ခ်င္တဲ့လုပ္ငန္းရွင္ေတြကို စနစ္တက် မွတ္ပုံတင္ခြင့္ရွိေအာင္ လုပ္ေပးတာေပါ့။ ဥပမာ- မဟာမို ဘိုင္းအပလီေကးရွင္းတို႔၊ Pyone Play လိုဟာမ်ိဳး ေတြေပါ့ ေနာက္မွာဘယ္ေလာက္ပဲ channel ရွိေနရွိေန အြန္လိုင္းမွာ အပလီေကးရွင္းလုပ္တဲ့အခါမွာ မွတ္ ပုံတင္ၿပီးေတာ့ တရားဝင္လုပ္ပိုင္ခြင့္မရွိဘူးျဖစ္ေနတာေပါ့။ ဒါေၾကာင့္ ဆက္သြယ္ေရးကြန္ရက္ကို သုံးၿပီးေတာ့ အင္တာနက္မွာ အမ်ားျပည္သူကိုျပသတဲ့ စနစ္ကိုထူေထာင္ထားတဲ့လူေတြကို စနစ္တက် ျဖစ္ေအာင္ မွတ္ပုံ တင္ဖို႔လုပ္ေပးထားတာေပါ့။ ေနာက္တစ္ခုက အြန္လိုင္းေပၚမွာ စည္းမဲ့ကမ္းမဲ့ျဖစ္ေနတာေတြကိုလည္း ထိန္း ခ်ဳပ္ဖို႔လည္း ပါတယ္ ” ဟု ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၊ ႏိုင္ငံတကာဆက္ဆံေရး ေကာ္မတီျပန္ၾကားေရးမႉး ဦးခ်မ္းသာၾကည္စိုးက NP News ကိုေျပာသည္။

အဆိုပါထုတ္ျပန္ခ်က္အရ မည္သူမဆို ဆက္သြယ္ေရးကြန္ရက္ကိုအသုံးျပဳ၍ ႐ုပ္ရွင္ကားထုတ္ လႊင့္ျပသျခင္းလုပ္ငန္းကို မွတ္ပုံတင္လက္မွတ္ ေလွ်ာက္ထားရရွိၿပီးမွ လုပ္ကိုင္ရမည္ျဖစ္ေၾကာင္း ဝန္ႀကီး ဌာနက ဆိုထားသည္။ ထို႔ေၾကာင့္ အမိန႔္ ေၾကညာစာထုတ္ျပန္ၿပီး (၁)လျပည့္ေျမာက္သည့္ ေန႔မွစ၍ မွတ္ပုံတင္လက္မွတ္မရွိဘဲ ဆက္သြယ္ေရး ကြန္ရက္ကိုသုံး၍ ႐ုပ္ရွင္ကား ထုတ္လႊင့္ျပသျခင္း လုပ္ငန္းကို လုပ္ကိုင္ေၾကာင္းေတြ႕ရွိပါက အေရးႀကီးကုန္စည္ႏွင့္ဝန္ေဆာင္မႈ ဥပေဒပုဒ္မ ၅ အရ အေရးယူသြားမည္ ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

အဆိုပါအမိန႔္အရ ဆက္သြယ္ေရးကြန္ရက္ အသုံးျပဳ၍ ႐ုပ္ရွင္ကားထုတ္လႊင့္ျပသျခင္းလုပ္ငန္း လုပ္ကိုင္လိုသူမ်ားသည္ လုပ္ငန္းလုပ္ကိုင္ခြင့္ မွတ္ပုံတင္လက္မွတ္ကို သက္ဆိုင္ရာတိုင္းေဒသႀကီး သို႔မ ဟုတ္ ျပည္နယ္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာန႐ုံးမွတစ္ဆင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနသို႔ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။ ေလွ်ာက္ ထားရာတြင္ မွတ္ပုံတင္ေၾကးေငြက်ပ္ (၂၀ဝဝဝ၀)ကို ဦးစီးဌာန၏ သတ္မွတ္ေငြစာရင္းသို႔ ေပးသြင္းရမည္ ျဖစ္ၿပီး မွတ္ပုံတင္လက္မွတ္၏ သက္တမ္းကာလ သည္ စတင္ခြင့္ျပဳသည့္ေန႔မွစ၍ တစ္ႏွစ္ခြင့္ျပဳထား ေၾကာင္း သိရသည္။ ထို႔ျပင္ ေလွ်ာက္ထားခ်က္အေပၚ စိစစ္ၿပီး သတ္မွတ္ခ်က္မ်ားႏွင့္ကိုက္ညီပါက ျပင္ဆင္ လိုသည့္ အခ်က္မ်ားရွိလွ်င္ တစ္ခ်က္လွ်င္ အခေၾကးေငြ (၁၀ဝဝဝ) က်ပ္ေပးသြင္းၿပီး မွတ္ပုံတင္လက္မွတ္ အသစ္ ထုတ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.